
က်ည္ဆံ လူသား အူစိန္ဘို႔ ထက္ပိုျမန္တဲ့လူသား
အူစိန္ဘို႔ဆို တာ ဂ်ေမကာႏိုင္ငံ တာတိုအေျပသမား ပါ။ သူက မီတာ၁၀၀ မီတာ၂၀၀ နဲ႔ ၁၀၀x၄ လက္ဆင့္ကမ္း ၿပိဳင္ပြဲေတြမွာ ကမာၻ႔စံခ်ိန္ခ်ိဳးထားတဲ့သူပါ။ ဒီကေန႔ အထိ သူ႔စံခ်ိန္ကို ခ်ိဳးႏိုင္တဲ့သူမရွိေသးပါဘူး။ ဒါေၾကာင့္ သူ႔ကိုက်ည္ဆံလူသားလို႔ ေခၚပါ တယ္။သူက မီတာ၁၀၀ ကို ၉.၅၈ စကၠန႔္နဲ႔ စံခ်ိန္တင္ထားတာပါ။ အခုေတာ့ အူစိန္ဘို႔ ထက္ပိုျမန္ တဲ့ လူသားတစ္ေယာက္က အိႏၵိယမွာေပၚေပါက္ေနတယ္တဲ့။ သီရိဝိသနေဂါဒ ဆိုသူ ကာနာတာကာ ျပည္နယ္ မိုဒါဘီဒရီၿမိဳ႕က ေဆာက္လုပ္ေရး အလုပ္သမား တစ္ဦးပါပဲ။ ။
အိႏၵိယအေနာက္ေတာင္ပိုင္းက ႐ိုးရာႏြားၿပိဳင္ပြဲတစ္ခုျဖစ္တဲ့ ကမ္ဘလာၿပိဳင္ပြဲမွာ ေဂါဒ က ဝင္ၿပိဳင္ၿပီး ၿပိဳင္ပြဲ စံခ်ိန္သစ္ တစ္ခုကိုတင္လိုက္ပါတယ္။ လယ္ကြင္းထဲမွာ ႏြားေတြကိုေမာင္းရင္း ေျပးရတာပါ။ အရင္ၿပိဳင္ပြဲ ဝင္ေတြထက္ အမ်ားႀကီး စံခ်ိန္ခ်ိဳး ေနလို႔ အားလုံးက အံ့အားသင့္ေနၾကတယ္။ ဟုတ္ေရာဟုတ္ရဲ႕လားေတာင္ ထင္မွတ္မွားခဲ့ၾကတယ္။ မီတာ၁၀၀ ေက်ာ္ရွိရွိတဲ့ လယ္ကြင္းကို ႏြားေတြနဲ႔ အတူ ျဖတ္ေျပးတာ ၉.၅၅စကၠန႔္ပဲ ၾကာတယ္။ တကယ့္စံခ်ိန္သစ္ပါပဲ။ ေနာက္ၿပီး ၁၄၂.၄ မီတာ ရွည္တဲ့ ကြင္းကို ၁၃.၆၂ စကၠန႔္ နဲ႔ျဖတ္ေျပးျပပါတယ္။ အဲ့ဒိစံခ်ိန္ေတြက တကယ့္စံခ်ိန္သစ္ေတြပါပဲ။ ေဒသခံေတြရဲ႕ မွတ္တမ္း အရသာ ဒီလိုမွတ္တမ္းေတြကို သိရတာပါ။ ။
အိႏၵိယအားကစားဝန္ႀကီးဌာနကေတာ့ အဲ့ဒိမွတ္တမ္းကို မွတ္တမ္းမယူထားပါဘူး။ ကမ္ဘလာ ၿပိဳင္ပြဲဆိုတာ အိႏၵိယ အေနာက္ေတာင္ပိုင္းက ပိုက္ဆံခ်မ္းသာတဲ့ သူေဌးေတြ ေဒသဆိုင္ရာအာဏါပိုင္ေတြ ဦးေဆာင္က်င္းပတဲ့ပြဲျဖစ္လို႔ သူ႔ရဲ႕မွတ္တမ္းက တရားဝင္ ျဖစ္ေနပါတယ္။ အားကစားနဲ႔ လူငယ့္ေရးရာ ျပည္နယ္ဝန္ႀကီးျဖစ္သူ ရီဂ်ီဂ်ဴးက “ေဒသခံေတြက ဗဟုသုတနည္းေတာ့ သူတို႔ရဲ႕ ၿပိဳင္ပြဲဝင္က ကမာၻ႔စံခ်ိန္ခ်ိဳးေနတာကို မသိဘူးျဖစ္ေနတယ္။ က်ေနာ္က သီရိဝိသနေဂါဒ ကို စစ္ေဆးမႈ လုပ္ပါေတာ့မယ္။ ။
လူသားေတြရဲ႕ ခြန္အားနဲ႔ ခံႏိုင္ရည္ရွိမႈကို ထုတ္ေဖာ္ဖို႔အတြက္ က်ေနာ္ႀကိဳးစားၾကည့္သြား မယ္”လို႔ဆိုပါ တယ္။ သီရိဝိသနကေတာ့ ေဒသဆိုင္ရာမီဒီယာေတြကို “လူေတြက က်ေနာ့္ ကို အူစိန္ဘို႔နဲ႔ႏႈိင္းၿပီးေျပာၾကတယ္။ သူက ကမာၻ႔ခ်ိန္ပီယံပါ။က်ေနာ္ကေတာ့ ႐ြံ႕ဗြက္ေတြထဲမွာေျပးေနတဲ့ ေတာသား အေျပးသမားတစ္ေယာက္ပါဗ်ာ”လို႔ ေျပာတယ္။က်ေနာ္တို႔ ကမာၻ႔ အျမန္ဆုံးလူသားေနာက္တစ္ေယာက္ျမင္ခြင့္ရေတာ့မယ္နဲ႔ တူပါတယ္။ ။
ေမာင္ယႆ REF: world of buzz photo:daily mail
Unicode
ကျည်ဆံ လူသား အူစိန်ဘို့ ထက်ပိုမြန်တဲ့လူသား
အူစိန်ဘို့ဆို တာ ဂျမေကာနိုင်ငံ တာတိုအပြေသမား ပါ။ သူက မီတာ၁၀၀ မီတာ၂၀၀ နဲ့ ၁၀၀x၄ လက်ဆင့်ကမ်း ပြိုင်ပွဲတွေမှာ ကမ္ဘာ့စံချိန်ချိုးထားတဲ့သူပါ။ ဒီကနေ့ အထိ သူ့စံချိန်ကို ချိုးနိုင်တဲ့သူမရှိသေးပါဘူး။ ဒါကြောင့် သူ့ကိုကျည်ဆံလူသားလို့ ခေါ်ပါ တယ်။သူက မီတာ၁၀၀ ကို ၉.၅၈ စက္ကန့်နဲ့ စံချိန်တင်ထားတာပါ။ အခုတော့ အူစိန်ဘို့ ထက်ပိုမြန် တဲ့ လူသားတစ်ယောက်က အိန္ဒိယမှာပေါ်ပေါက်နေတယ်တဲ့။ သီရိဝိသနဂေါဒ ဆိုသူ ကာနာတာကာ ပြည်နယ် မိုဒါဘီဒရီမြို့က ဆောက်လုပ်ရေး အလုပ်သမား တစ်ဦးပါပဲ။ ။
အိန္ဒိယအနောက်တောင်ပိုင်းက ရိုးရာနွားပြိုင်ပွဲတစ်ခုဖြစ်တဲ့ ကမ်ဘလာပြိုင်ပွဲမှာ ဂေါဒ က ဝင်ပြိုင်ပြီး ပြိုင်ပွဲ စံချိန်သစ် တစ်ခုကိုတင်လိုက်ပါတယ်။ လယ်ကွင်းထဲမှာ နွားတွေကိုမောင်းရင်း ပြေးရတာပါ။ အရင်ပြိုင်ပွဲ ဝင်တွေထက် အများကြီး စံချိန်ချိုး နေလို့ အားလုံးက အံ့အားသင့်နေကြတယ်။ ဟုတ်ရောဟုတ်ရဲ့လားတောင် ထင်မှတ်မှားခဲ့ကြတယ်။ မီတာ၁၀၀ ကျော်ရှိရှိတဲ့ လယ်ကွင်းကို နွားတွေနဲ့ အတူ ဖြတ်ပြေးတာ ၉.၅၅စက္ကန့်ပဲ ကြာတယ်။ တကယ့်စံချိန်သစ်ပါပဲ။ နောက်ပြီး ၁၄၂.၄ မီတာ ရှည်တဲ့ ကွင်းကို ၁၃.၆၂ စက္ကန့် နဲ့ဖြတ်ပြေးပြပါတယ်။ အဲ့ဒိစံချိန်တွေက တကယ့်စံချိန်သစ်တွေပါပဲ။ ဒေသခံတွေရဲ့ မှတ်တမ်း အရသာ ဒီလိုမှတ်တမ်းတွေကို သိရတာပါ။ ။
အိန္ဒိယအားကစားဝန်ကြီးဌာနကတော့ အဲ့ဒိမှတ်တမ်းကို မှတ်တမ်းမယူထားပါဘူး။ ကမ်ဘလာ ပြိုင်ပွဲဆိုတာ အိန္ဒိယ အနောက်တောင်ပိုင်းက ပိုက်ဆံချမ်းသာတဲ့ သူဌေးတွေ ဒေသဆိုင်ရာအာဏါပိုင်တွေ ဦးဆောင်ကျင်းပတဲ့ပွဲဖြစ်လို့ သူ့ရဲ့မှတ်တမ်းက တရားဝင် ဖြစ်နေပါတယ်။ အားကစားနဲ့ လူငယ့်ရေးရာ ပြည်နယ်ဝန်ကြီးဖြစ်သူ ရီဂျီဂျူးက “ဒေသခံတွေက ဗဟုသုတနည်းတော့ သူတို့ရဲ့ ပြိုင်ပွဲဝင်က ကမ္ဘာ့စံချိန်ချိုးနေတာကို မသိဘူးဖြစ်နေတယ်။ ကျနော်က သီရိဝိသနဂေါဒ ကို စစ်ဆေးမှု လုပ်ပါတော့မယ်။ ။
လူသားတွေရဲ့ ခွန်အားနဲ့ ခံနိုင်ရည်ရှိမှုကို ထုတ်ဖော်ဖို့အတွက် ကျနော်ကြိုးစားကြည့်သွား မယ်”လို့ဆိုပါ တယ်။ သီရိဝိသနကတော့ ဒေသဆိုင်ရာမီဒီယာတွေကို “လူတွေက ကျနော့် ကို အူစိန်ဘို့နဲ့နှိုင်းပြီးပြောကြတယ်။ သူက ကမ္ဘာ့ချိန်ပီယံပါ။ကျနော်ကတော့ ရွံ့ဗွက်တွေထဲမှာပြေးနေတဲ့ တောသား အပြေးသမားတစ်ယောက်ပါဗျာ”လို့ ပြောတယ်။ကျနော်တို့ ကမ္ဘာ့ အမြန်ဆုံးလူသားနောက်တစ်ယောက်မြင်ခွင့်ရတော့မယ်နဲ့ တူပါတယ်။ ။
မောင်ယဿ REF: world of buzz photo:daily mail
No Comments