
International-news







မောင်ယဿ


Unicode

ကူးစက်မှုမြန် H5N6 ငှက်တုပ်ကွေး ဖိလစ်ပိုင်မှာ စဖြစ် နေ

ကမ္ဘာကြီးက ကိုဗစ်-၁၉ကို စိုးရိမ်တကြီး အာရုံစိုက် နေချိန်မှာ အခြားတုပ်ကွေးပိုးတွေကလည်း ကမ္ဘာကြီးရဲ့ အချို့ အချို့ နေရာတွေမှာ ဆက်လက် ဖြစ်ပေါ် နေပါတယ် ။ သည်စထရိတ်တိုင်းမ် နဲ့ သည်စတား သတင်းစာ တွေရဲ့ ဖော်ပြချက် အရ ဖိလစ်ပိုင်ရဲ့ နီဗာ အီဂျာ ဒေသမှာ ကူးစက်မြန် ငှက်တုပ်ကွေး ပြန့်နှံ့ နေတယ်လို့ ဖော်ပြပါ ရှိပါတယ် ။

ကူးစက်မြန်H5N6 ငှက်တုပ်ကွေး ကြောင့် ငုံးခြံတွေမှာ ငုံး ကောင်ရေ ၁၅၀၀၀ လောက်ကို ရှင်းပစ်လိုက် ရပါတယ်လို့ ငုံးခြံပိုင်ရှင် ဝီလျှံဒါးစ် ကဆိုတယ် ။ ဖိလစ်ပိုင် စိုက်ပျိုးရေး ဝန်ကြီးဌာနကို အကူအညီ တောင်းပြီး ရောဂါပိုး ပြန့်နှံ့မှု မရှိအောင် နဲ့ ထိန်းချုပ် နိုင်အောင်တော့ လုပ်ခဲ့ပါတယ် ။ ရောဂါ လက္ခဏါရှိတဲ့ ငုံး တွေကို မြေမြုပ် လိုက်ပါတယ် ။ ပြီးတာနဲ့ ငုံးခြံရဲ့ ၇ ကီလိုမီတာ အကွာအဝေး အတွင်း သန့်ရှင်းရေး လုပ်ငန်း တွေကို အချိန်မီတော့ လုပ်နိုင် ထားတယ် ။

ရောဂါဖြစ်တယ် ဆိုတာကို သိသိချင်း လုပ်တယ် ဆိုပေမဲ့ အဝန်းအဝိုင်း တစ်ခုကို ကျော်မသွားဘူး လို့တော့မျှော်လင့် ရတာပဲလို့ စိုက်ပျိုးရေး ဝန်ကြီး ဌာန အတွင်းဝန်က ဆိုတယ် ။ လတ်တလော ကတော့ ဖိလစ်ပိုင် က ငုံးခြံ တစ်ခြံမှာ ပဲ ဖြစ်သေးတယ်လို့ သတင်းပေးချက် အရ သိရလို့ ရှင်းလင်းရေးတွေ လုပ်နိုင် ထားခဲ့ပါ တယ် ။

ငုံးတွေရဲ့ အညစ်အကြေး တွေကြောင့် လူတွေဆီကို ကူးစက် နိုင်ဖို့ အခွင့်အလမ်းကတော့ အလွန့် အလွန် နည်းပါတယ် ။ ကူးစက် ရောဂါ ပိုးကို စမ်းသပ် ကြည့်တော့ ဗီဇကြောင့် ဖြစ်တာ မဟုတ်ပါဘူး ။ စိုက်ပျိုးရေး ဝန်ကြီးဌာနနဲ့ ဒေသခံ အာဏါပိုင်တွေ ပေါင်းပြီး ကူးစက် ရောဂါပိုးရဲ့ မူလအစ ရင်းမြစ်ကို ဖော်ထုတ်ဖို့ ကြိုးစား နေပါတယ် ။

ငုံးခြံရဲ့ ပတ်ဝန်းကျင် တစ်ခုလုံးကို ပိုက်စိပ်တိုက် ရှာဖွေ နေပါတယ် ။ ဘာတွေ ဆက်ဖြစ်ဦးမလဲ ဘယ်သူမှ မထိခိုက်သေးပေမဲ့ ကြပ်ကြပ်မတ်မတ် လုပ်ရမယ့် အခြေအနေ ဖြစ်နေတဲ့ အတွက်ကြောင့် ဒေသခံ တွေနဲ့ ဝန်ကြီးဌာန ပူးပေါင်းပြီး လုပ်နေ ပါတယ် ။

မောင်ယဿ

REF: world of buzz / Photo; punto central

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

အမေရိကန် သေနတ်ဆိုင်ကို ဝင်လုလို့ ဆိုင်ရှင်က ပစ်သတ်
International-news
အမေရိကန် သေနတ်ဆိုင်ကို ဝင်လုလို့ ဆိုင်ရှင်က ပစ်သတ်

အမေရိကန် သေနတ်ဆိုင်ကို ဝင်လုလို့ ဆိုင်ရှင်က ပစ်သတ် ပြီးခဲ့တဲ့ သီတင်းပတ်က အမေရိကန် နိုင်ငံမှာ လူမဲ တစ်ဦးကို ရဲတွေက သတ်လိုက်တဲ့ ကိစ္စ နဲ့ ပတ်သက်ပြီး ဆန္ဒပြမှုတွေ ဆက်တိုက် ဖြစ်ပေါ်လာပြီးနောက် ညပိုင်းတွေမှာ ဆိုင်တွေ စတိုးတွေကို ဖျက်စီး လုယက်မှုတွေ ညတိုင်းလိုလို ဆက်တိုက်ဖြစ်ပေါ်နေရာ သေနတ်ဆိုင်ပိုင်ရှင်တွေက သူတို့ရဲ့ ဆိုင်တွေကို အထူးသတိထားပြီး စောင့်ရှောက်နေရပါတယ် ။ မနေ့က ( အင်္ဂါနေ့ ) မနက်စောစောပိုင်းမှာ ဖီလာဒယ်ဖီးယားက သေနတ်ဆိုင် တစ်ဆိုင်ကို လုယက်သူတစ်ဦးက လာရောက်ဖျက်ဆီးလုယူဖို့ ကြိုးစားလို့ ဆိုင်ရှင်က သေနတ်နဲ့ ပစ်သတ်လိုက် ရပါတယ် ။ ဖီလာဒယ်ဖီယား တောင်ပိုင်းက …

လက်ထပ်ချင်လွန်းလို့ ခေါင်မိုးပေါ် တက်အော်ရတဲ့ မင်းသမီး မူနီရိုင်း
International-news
လက်ထပ်ချင်လွန်းလို့ ခေါင်မိုးပေါ် တက်အော်ရတဲ့ မင်းသမီး မူနီရိုင်း

လက်ထပ်ချင်လွန်းလို့ ခေါင်မိုးပေါ် တက်အော်ရတဲ့ မင်းသမီး မူနီရိုင်း ဘောလီးဝုဒ်မှာ နာမည်တစ်ခုကို တည်ထောင်ပြီးသား ဖြစ်တဲ့ မူနီရိုင်းက မင်းသမီး အဆိုတော် ကချေသည် မော်ဒယ် အဖြစ်နဲ့ အသက်မွေးဝမ်းကျောင်းမှု လုပ်ငန်းတွေမှာ ထူးချွန်တဲ့သူ ဖြစ်ပါတယ် ။ လှပတဲ့ ကောက်ကြောင်း ရုပ်ရည်နဲ့ ကြွယ်ဝမှုတွေ ရှိတာတောင် ဘဝမှာ တစ်ခြမ်း ပဲ့နေတဲ့ အဖြစ်ကို သူမကိုယ် သူမလည်း နားမလည်နိုင်အောင် ဖြစ်နေပါတယ် ။ ဒီ အရွယ်ရောက်မှ အမြီးမပေါက်ရင် ဘာမျောက် လဲလို့ မေးရင် မူနီမျောက် ၃၄ နှစ်ပါ လို့ ဖြေရ မလိုအောင် ရည်းစား မရသေးတဲ့ ဘောလီးဝုဒ် မင်းသမီးပါ …

BTS ရဲ့သီချင်းစာသားတွေမှာ ဘာသာရေး အစွန်းရောက် စာသားတွေ ပါနေလို့ တောင်းပန်ခိုင်း
International-news
BTS ရဲ့သီချင်းစာသားတွေမှာ ဘာသာရေး အစွန်းရောက် စာသားတွေ ပါနေလို့ တောင်းပန်ခိုင်း

BTS ရဲ့သီချင်းစာသားတွေမှာ ဘာသာရေး အစွန်းရောက် စာသားတွေ ပါနေလို့ တောင်းပန်ခိုင်း တောင်ကိုရီးယား ကေပေါ့ က နာမည်ကြီး လူငယ်ဝိုင်း တစ်ဝိုင်းဖြစ်တဲ့ BTSရဲ့ သီချင်း တစ်ပုဒ်မှာ လူတွေကို ရာနဲ့ချီပြီး သေဆုံးစေခဲ့တဲ့ အမေရိကန် ဘာသာရေး အစွန်းရောက်ခေါင်းဆောင် ဂျင်မ်ဂျုံးရဲ့ တရားဟော စာသားတွေ ပါနေလို့ အတင်းတောင်းပန်ခိုင်းနေပါတယ် ။ လူငယ်၇ဦးနဲ့ ဖွဲ့ ထားတဲ့ BTS ဝိုင်းက ပြီးခဲ့တဲ့တနင်္ဂနွေနေ့က သူတို့ရဲ့ ကုမ္ပဏီကနေတစ်ဆင့် ထုတ်ပြန် ကြေညာချက် တစ်ခုလုပ်ခဲ့ပါတယ် ။ အခု လိုင်းပေါ်မှာ ပြစ်တင်ပြောဆိုနေတဲ့ what do you think သီချင်းကို ရေးတဲ့သူက သူတို့ဝိုင်းထဲက …