ကုလသမဂၢ အေထြေထြ အတြင္းေရးမႉးႀကီး ေဒါသထြက္ေနၿပီ

ကုလသမဂၢ အေထြေထြ အတြင္းေရးမႉးႀကီး ေဒါသထြက္ေနၿပီ
Entertainment

ကုလသမဂၢ အေထြေထြ အတြင္းေရးမႉးႀကီး ေဒါသထြက္ေနၿပီ

လစ္ဗ်ားမွာ အပစ္အခတ္ ရပ္ဆဲေရးနဲ႔ ပတ္သက္ၿပီး အစည္းအေဝးေတြ လုပ္ေပမယ့္ စစ္မွန္တဲ့ စိတ္ဆႏၵ မရွိလို႔ အပစ္ မရပ္တဲ့အျပင္ တိုက္ပြဲေတြက တိုးလာတဲ့အတြက္ လစ္ဗ်ားအေျခအေနက ရွက္စရာေတာင္ ေကာင္းလာၿပီလို႔ အဂၤါေန႔က လုပ္တဲ့ အစည္းအေဝးမွာ ကုလသမဂၢ အေထြေထြ အတြင္းေရးမႉး အန္တိုနီယို ဂူတာေရ႕စ္က ေဒါသတႀကီး နဲ႔ ဆိုလာပါတယ္။ “လစ္ဗ်ားမွာ ျဖစ္ေနတာေတြ ကို ၾကည့္ၿပီး ေတာ္ေတာ္ ေဒါသ ထြက္တယ္ဗ်ာ” လို႔ သတင္းစာ ရွင္းလင္းပြဲမွာလည္း ဆိုပါတယ္။ ၿပီးခဲ့တဲ့ လ က ဘာလင္ၿမိဳ႕က လစ္ဗ်ား ၿငိမ္းခ်မ္းေရး စကားဝိုင္းမွာ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ တိုးတက္ေရး အတြက္ အဖက္ဖက္က အဖြဲ႕အစည္းေတြကို ညႇိႏႈိင္းခဲ့ပါတယ္။ ။

“လစ္ဗ်ားအေရးမွာ ဝင္ မပါၾကဖို႔အတြက္ လုံၿခဳံေရး ေကာင္စီမွာ ေျပာဆိုမႈေတြ လုပ္ၾကတယ္။ လစ္ဗ်ားကို လက္နက္ေတြ မပို႔ၾကဖို႔ တိုက္ပြဲေတြထဲကို ဝင္ မပါၾကဖို႔ လုံၿခဳံေရး ေကာင္စီမွာ ေျပာၾက ဆိုၾကၿပီးမွ အခုေတာ့ လက္နက္ေတြ ပို႔ေနၾကေတာ့ ဟိုမွာ ၿငိမ္းခ်မ္းေရး လုပ္ေနတဲ့ လုံၿခဳံေရး အဖြဲ႕ဝင္ေတြ အကုန္ ဒုကၡေရာက္ကုန္တာေပါ့” လို႔ သူက ေျပာပါတယ္။ ။

လတ္တေလာမွာ လစ္ဗ်ား ၊ ဆီးရီးယား ၊ ယီမင္ အေရးကိစၥေတြမွာ ျပည္တြင္း အဖြဲ႕ေတြထက္ ႏိုင္ငံတကာက ဝင္ေရာက္ စြပ္ဖက္မႈေတြက မ်ားေနပါတယ္။ ႐ု႐ုား ၊ တူရကီအျပင္ ယူေအအီး ၊ ေဂ်ာ္ဒန္ ၊ အီဂ်စ္ နဲ႔ အေရွ႕ အလယ္ပိုင္းက ႏိုင္ငံေတြကပါ ပါဝင္ေနၾကပါတယ္။ အခုဆိုရင္ ကုလသမဂၢ လုံၿခဳံေရးတပ္ဖြဲ႕ ဝင္ေတြပါ အတိုက္ခိုက္ ခံေနရပါတယ္။ ။

လစ္ဗ်ားအေရးမွာ ႏွစ္ႏိုင္ငံ စစ္တပ္ေတြ နယ္ေျမ မက်ဴးေက်ာ္ဘဲ ေနၾကဖို႔ ကတိျပဳထားတာကို ကတိမတည္လို႔ ျပင္သစ္သမၼတ မာခြန္က တူရကီသမၼတ အာဒိုဂန္ကို ေဒါသေတြ ထြက္ေနပါတယ္။ ျပင္သစ္ေလေၾကာင္း ေထာက္လွမ္းေရးက ေထာက္လွမ္းမႈအရ လစ္ဗ်ားရဲ႕ ဆိပ္ကမ္းေတြမွာ လက္နက္ေတြ အတင္အခ် လုပ္ေနတဲ့ ဓာတ္ပုံေတြရ ရွိခဲ့ပါတယ္။ အနည္းဆုံး လက္နက္ အစိတ္အပိုင္း သန္း၂၀ ေလာက္ရွိတဲ့ ပမာဏေတြလို႔ သိရွိရပါတယ္။

ေမာင္ယႆ REF: ueronews Photo; middle east news

Unicode

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးကြီး ဒေါသထွက်နေပြီ

လစ်ဗျားမှာ အပစ်အခတ် ရပ်ဆဲရေးနဲ့ ပတ်သက်ပြီး အစည်းအဝေးတွေ လုပ်ပေမယ့် စစ်မှန်တဲ့ စိတ်ဆန္ဒ မရှိလို့ အပစ် မရပ်တဲ့အပြင် တိုက်ပွဲတွေက တိုးလာတဲ့အတွက် လစ်ဗျားအခြေအနေက ရှက်စရာတောင် ကောင်းလာပြီလို့ အင်္ဂါနေ့က လုပ်တဲ့ အစည်းအဝေးမှာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး အန်တိုနီယို ဂူတာရေ့စ်က ဒေါသတကြီး နဲ့ ဆိုလာပါတယ်။ “လစ်ဗျားမှာ ဖြစ်နေတာတွေ ကို ကြည့်ပြီး တော်တော် ဒေါသ ထွက်တယ်ဗျာ” လို့ သတင်းစာ ရှင်းလင်းပွဲမှာလည်း ဆိုပါတယ်။ ပြီးခဲ့တဲ့ လ က ဘာလင်မြို့က လစ်ဗျား ငြိမ်းချမ်းရေး စကားဝိုင်းမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုးတက်ရေး အတွက် အဖက်ဖက်က အဖွဲ့အစည်းတွေကို ညှိနှိုင်းခဲ့ပါတယ်။ ။

“လစ်ဗျားအရေးမှာ ဝင် မပါကြဖို့အတွက် လုံခြုံရေး ကောင်စီမှာ ပြောဆိုမှုတွေ လုပ်ကြတယ်။ လစ်ဗျားကို လက်နက်တွေ မပို့ကြဖို့ တိုက်ပွဲတွေထဲကို ဝင် မပါကြဖို့ လုံခြုံရေး ကောင်စီမှာ ပြောကြ ဆိုကြပြီးမှ အခုတော့ လက်နက်တွေ ပို့နေကြတော့ ဟိုမှာ ငြိမ်းချမ်းရေး လုပ်နေတဲ့ လုံခြုံရေး အဖွဲ့ဝင်တွေ အကုန် ဒုက္ခရောက်ကုန်တာပေါ့” လို့ သူက ပြောပါတယ်။ ။

လတ်တလောမှာ လစ်ဗျား ၊ ဆီးရီးယား ၊ ယီမင် အရေးကိစ္စတွေမှာ ပြည်တွင်း အဖွဲ့တွေထက် နိုင်ငံတကာက ဝင်ရောက် စွပ်ဖက်မှုတွေက များနေပါတယ်။ ရုရုား ၊ တူရကီအပြင် ယူအေအီး ၊ ဂျော်ဒန် ၊ အီဂျစ် နဲ့ အရှေ့ အလယ်ပိုင်းက နိုင်ငံတွေကပါ ပါဝင်နေကြပါတယ်။ အခုဆိုရင် ကုလသမဂ္ဂ လုံခြုံရေးတပ်ဖွဲ့ ဝင်တွေပါ အတိုက်ခိုက် ခံနေရပါတယ်။ ။

လစ်ဗျားအရေးမှာ နှစ်နိုင်ငံ စစ်တပ်တွေ နယ်မြေ မကျူးကျော်ဘဲ နေကြဖို့ ကတိပြုထားတာကို ကတိမတည်လို့ ပြင်သစ်သမ္မတ မာခွန်က တူရကီသမ္မတ အာဒိုဂန်ကို ဒေါသတွေ ထွက်နေပါတယ်။ ပြင်သစ်လေကြောင်း ထောက်လှမ်းရေးက ထောက်လှမ်းမှုအရ လစ်ဗျားရဲ့ ဆိပ်ကမ်းတွေမှာ လက်နက်တွေ အတင်အချ လုပ်နေတဲ့ ဓာတ်ပုံတွေရ ရှိခဲ့ပါတယ်။ အနည်းဆုံး လက်နက် အစိတ်အပိုင်း သန်း၂၀ လောက်ရှိတဲ့ ပမာဏတွေလို့ သိရှိရပါတယ်။

မောင်ယဿ REF: ueronews Photo; middle east news

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ
International-news
အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ ထိုင်းနိုင်ငံက နန်သာဘူရီ ခရိုင်မှာ ဖြစ်သွားတဲ့ အဖြစ်အပျက်ပါ။ ၁၈နှစ်အရွယ် ဆီရာပေါ့ လို့ ခေါ်တဲ့ တက္ကသိုလ် ကျောင်းသားလေးက ဗိုက်နာလွန်းလို့ ရေအိမ်ထဲ ပြေးထိုင်ပြီး အိမ်သာတက်တာ သူ့ရဲ့ ငယ်ပါကို အကောင်တစ်ကောင် ကိုက်တယ်ထင်လို့ အော်ပြီး ထလိုက်တဲ့ အချိန်မှာတော့ သူ့ရဲ့ ငယ်ပါကို စပါးကြီးတစ်ကောင်က ကိုက်ခဲထားတာကို တွေ့ လိုက်ရပါတယ်။ သူက အလန်တကြားအော်ပြီး မြွေကို ခါချနေတဲ့ အချိန်မှာ မိသားစုက အပြေးအလွှား ရောက်လာပြီး မြွေကို ဖြုတ်ချပြီး သူ့ကို ဆေးရုံ အမြန်ပို့လိုက်ရပါတယ်။ ဖြစ်စဉ်က ဒီဖက်ခေတ်လူငယ်တွေရဲ့ ဖြစ်စဉ်အတိုင်းပါပဲ။ ဆီရာပေါ့က …

အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ
International-news
အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ

အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ လွန်ခဲ့ တဲ့ ၆ရက်က အက်စထရာဇန်နီကာ ဆေးကုမ္ပဏီက စေတနာ့ဝန်ထမ်း ကာကွယ်ဆေး စမ်းသပ်ခံ ၅ သောင်းကို ဆေးထိုးပေးနေရာ တစ်ယောက် ဖျားသွားတဲ့အတွက် သူတို့ရဲ့ စမ်းသပ်ဆေး ထိုးမှုကို ရပ်တန့်လိုက်ပြီး ကာကွယ်ဆေးကို ပြန်လည် စစ်ဆေးမှု လုပ်ပြီးနောက်မှာတော့ ဒီကနေ့ မှာ သူတို့ရဲ့ စမ်းသပ်ဆေး ထိုးမှုကို ပြန်လည် စတင်လိုက်ပြီလို့ သိရပါတယ်။ အင်္ဂလန် အောက်စဖို့ဒ် တက္ကသိုလ် ဆေးကျောင်းနဲ့ ဆွီဒင်ဆေးထုတ်လုပ်ရေး ကုမ္ပဏီ အက်စထရာဇန်နီကာ တို့ ပူးပေါင်းပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး ထုတ်လုပ်တဲ့ နေရာမှာ နောက်ဆုံး အဆင့်ဖြစ်တဲ့ လူအစုအဖွဲ့ …

ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ်
International-news
ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ်

ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ် ပြီးခဲ့တဲ့လက လက်ဘနွန်နိုင်ငံ ဘေရွတ် ဆိပ်ကမ်းမှာ ဓာတုဗေဒ ဂိုထောင်တစ်လုံးရဲ့ ကြောက်စရာကောင်းတဲ့ ပေါက်ကွဲ မှုကြီးကြောင့် လူရာနဲ့ချီပြီ သေဆုံးခဲ့တဲ့ ဖြစ်စဉ်ကြောင့် တစ်ကမ္ဘာ့ လုံး ထိတ်လန့် တုန်လှုပ်ခဲ့ ရပါတယ်။ ပေါက်ကွဲမှု ဗီဒီယိုဖိုင် ကို ကြည့်ရတာကလည်း တကယ်တုန်လှုပ်စရာ ကောင်းပါတယ်။ နျူကလိယ ဗုံး မှားပေါက်ကွဲ သလားအောက်မေ့ ရပါတယ်။ အခုလည်း ဂျော်ဒန်နိုင်ငံက စစ်လက်နက်တိုက် တစ်ခုပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။ သောကြာနေ့ကပါ။ အဲ့ဒိ ပေါက်ကွဲမှုကြောင့်ဖြစ်လာတဲ့ မီးလုံးကြီးက မိုင်ပေါင်း များစွာကတောင် မြင်တွေ့ ရပါတယ်။ သောကြာနေ့ မနက်စောစောပိုင်း အချိန်မှာ ကြီးမားတဲ့ ပေါက်ကွဲသံကြီး က …