International-news
မောင်ယဿ
REF: upi / Photo; upi
Unicode
ကုလသမဂ္ဂက အလုပ် ကောင်းကောင်း မလုပ်ဘူးလို့ အမေရိကန် အများစု ထင်နေ
နိုင်ငံ ခေါင်းဆောင်တွေနဲ့ စီးပွားရေး သမားတွေ အသင်း အဖွဲ့တွေကို သတင်း အချက်အလက် ရစေဖို့အလို့ငှာ အများ ပြည်သူရဲ့ ထင်မြင် ချက်ကို ကောက်ခံတဲ့ တိုင်းတာမှု တစ်ခုအရ အမေရိကန်ပြည်သူ ၅၄ ရာခိုင်နှုန်း က ကုလသမဂ္ဂ ရဲ့လုပ်ငန်း ဆောင်ရွက်မှုတွေက အရင်က ထက်တိုးတက်မှု ရှိပေမဲ့ ကမ္ဘာ ပြဿနာတွေကို ဖြေရှင်းတဲ့ နေရာမှာ ကောင်းကောင်း အလုပ် မလုပ်ဘူးလို့ ထင်မြင် ယူဆနေကြ တယ်လို့ သိရတယ် ။
တိုင်းတာမှုရဲ့ ရလဒ်မှာ အမေရိကန် ပြည်သူတွေက ကုလသမဂ္ဂပေါ် အမြင် မကြည်လင် ပေမဲ့ ၆၄ % က ကုလသမဂ္ဂ အနေနဲ့ ကမ္ဘာအရေး တွေမှာ ထိရောက်စွာ ဝင်ရောက် စွတ်ဖက်ခွင့် ရှိရမယ်လို့ ထင်မြင် ယူဆ နေပါတယ် ။ ၄၃ % ကတော့ ကုလသမဂ္ဂက ၂၀၁၉ ကနေစပြီး စွမ်းဆောင်ရည် ကျဆင်းလာပေမဲ့ လုပ်ဆောင်ချက်တွေ ကောင်းပါတယ်လို့ ဆိုတယ် ။ ၂၀၀၈ ခုနှစ် ကနေ ကမ္ဘာ့ အရေးအခင်းတွေမှာ ဝင်ရောက် စွတ်ဖက်မှု ကတော့ တိုးတက် လာတာ မှန်ပေမဲ့ ကုလကို လူကြိုက်နည်း လာတယ်လို့ ဆိုတယ် ။
အမေရိကန်က ဒီမိုကရက်တစ် ပါတီဝင်တွေက ရီပါ့ပလင်ကင် ပါတီဝင် တွေထက် ကုလကို ပိုမိုကြိုက်နှစ်သက် ကြပါတယ် ။ ၅၅ % နဲ့ ၃၀ % ကွာခြားချက် ရှိပါတယ် ။ ကမ္ဘာ့ အရေးအခင်းတွေမှာ ကုလသမဂ္ဂ ပါဝင် သင့်မှုနဲ့ပတ်သက်တဲ့ အခန်းဏ္ဍကို ၄၀ % က အရေးကြီးတဲ့ အပိုင်းမှာ ပါဝင် သင့်တယ်လို့ ထင်မြင် ယူဆပြီး ၃၃ % က အနည်းငယ်ပဲ ပတ်သက် သင့်တယ်လို့ ထင်တယ် ။
၂၄ % ကတော့ ဦးဆောင်တဲ့ အခန်း ကဏ္ဍမှာပါသင့်တယ်လို့ ထင်မြင် ယူဆပါတယ် ။ ဒီမိုကရက် တွေကတော့ ကုသမဂ္ဂကို ဦးဆောင်တဲ့ အခန်းမှာ ပါသင့်တယ်လို့ ၈၅ % က လက်ခံပါတယ် ။ တိုင်းတာမှု တွေကို လုပ်တဲ့ကုမ္ပဏီ ဂဲလပ်က အရွယ်ရောက်ပြီး ၁၀၂၈ ဦးကိုလုပ်ခဲ့ပြီး အမှား၄ % နှုန်းပဲရှိပြီး ၉၅ % အမှန်ရှိပါတယ် ။
မောင်ယဿ
REF: upi / Photo; upi
No Comments
Leave a Reply
Your email address will not be published. Required fields are marked *
အမေရိကန် သေနတ်ဆိုင်ကို ဝင်လုလို့ ဆိုင်ရှင်က ပစ်သတ်
International-news
အမေရိကန် သေနတ်ဆိုင်ကို ဝင်လုလို့ ဆိုင်ရှင်က ပစ်သတ်
အမေရိကန် သေနတ်ဆိုင်ကို ဝင်လုလို့ ဆိုင်ရှင်က ပစ်သတ် ပြီးခဲ့တဲ့ သီတင်းပတ်က အမေရိကန် နိုင်ငံမှာ လူမဲ တစ်ဦးကို ရဲတွေက သတ်လိုက်တဲ့ ကိစ္စ နဲ့ ပတ်သက်ပြီး ဆန္ဒပြမှုတွေ ဆက်တိုက် ဖြစ်ပေါ်လာပြီးနောက် ညပိုင်းတွေမှာ ဆိုင်တွေ စတိုးတွေကို ဖျက်စီး လုယက်မှုတွေ ညတိုင်းလိုလို ဆက်တိုက်ဖြစ်ပေါ်နေရာ သေနတ်ဆိုင်ပိုင်ရှင်တွေက သူတို့ရဲ့ ဆိုင်တွေကို အထူးသတိထားပြီး စောင့်ရှောက်နေရပါတယ် ။ မနေ့က ( အင်္ဂါနေ့ ) မနက်စောစောပိုင်းမှာ ဖီလာဒယ်ဖီးယားက သေနတ်ဆိုင် တစ်ဆိုင်ကို လုယက်သူတစ်ဦးက လာရောက်ဖျက်ဆီးလုယူဖို့ ကြိုးစားလို့ ဆိုင်ရှင်က သေနတ်နဲ့ ပစ်သတ်လိုက် ရပါတယ် ။ ဖီလာဒယ်ဖီယား တောင်ပိုင်းက …
လက်ထပ်ချင်လွန်းလို့ ခေါင်မိုးပေါ် တက်အော်ရတဲ့ မင်းသမီး မူနီရိုင်း
International-news
လက်ထပ်ချင်လွန်းလို့ ခေါင်မိုးပေါ် တက်အော်ရတဲ့ မင်းသမီး မူနီရိုင်း
လက်ထပ်ချင်လွန်းလို့ ခေါင်မိုးပေါ် တက်အော်ရတဲ့ မင်းသမီး မူနီရိုင်း ဘောလီးဝုဒ်မှာ နာမည်တစ်ခုကို တည်ထောင်ပြီးသား ဖြစ်တဲ့ မူနီရိုင်းက မင်းသမီး အဆိုတော် ကချေသည် မော်ဒယ် အဖြစ်နဲ့ အသက်မွေးဝမ်းကျောင်းမှု လုပ်ငန်းတွေမှာ ထူးချွန်တဲ့သူ ဖြစ်ပါတယ် ။ လှပတဲ့ ကောက်ကြောင်း ရုပ်ရည်နဲ့ ကြွယ်ဝမှုတွေ ရှိတာတောင် ဘဝမှာ တစ်ခြမ်း ပဲ့နေတဲ့ အဖြစ်ကို သူမကိုယ် သူမလည်း နားမလည်နိုင်အောင် ဖြစ်နေပါတယ် ။ ဒီ အရွယ်ရောက်မှ အမြီးမပေါက်ရင် ဘာမျောက် လဲလို့ မေးရင် မူနီမျောက် ၃၄ နှစ်ပါ လို့ ဖြေရ မလိုအောင် ရည်းစား မရသေးတဲ့ ဘောလီးဝုဒ် မင်းသမီးပါ …
BTS ရဲ့သီချင်းစာသားတွေမှာ ဘာသာရေး အစွန်းရောက် စာသားတွေ ပါနေလို့ တောင်းပန်ခိုင်း
International-news
BTS ရဲ့သီချင်းစာသားတွေမှာ ဘာသာရေး အစွန်းရောက် စာသားတွေ ပါနေလို့ တောင်းပန်ခိုင်း
BTS ရဲ့သီချင်းစာသားတွေမှာ ဘာသာရေး အစွန်းရောက် စာသားတွေ ပါနေလို့ တောင်းပန်ခိုင်း တောင်ကိုရီးယား ကေပေါ့ က နာမည်ကြီး လူငယ်ဝိုင်း တစ်ဝိုင်းဖြစ်တဲ့ BTSရဲ့ သီချင်း တစ်ပုဒ်မှာ လူတွေကို ရာနဲ့ချီပြီး သေဆုံးစေခဲ့တဲ့ အမေရိကန် ဘာသာရေး အစွန်းရောက်ခေါင်းဆောင် ဂျင်မ်ဂျုံးရဲ့ တရားဟော စာသားတွေ ပါနေလို့ အတင်းတောင်းပန်ခိုင်းနေပါတယ် ။ လူငယ်၇ဦးနဲ့ ဖွဲ့ ထားတဲ့ BTS ဝိုင်းက ပြီးခဲ့တဲ့တနင်္ဂနွေနေ့က သူတို့ရဲ့ ကုမ္ပဏီကနေတစ်ဆင့် ထုတ်ပြန် ကြေညာချက် တစ်ခုလုပ်ခဲ့ပါတယ် ။ အခု လိုင်းပေါ်မှာ ပြစ်တင်ပြောဆိုနေတဲ့ what do you think သီချင်းကို ရေးတဲ့သူက သူတို့ဝိုင်းထဲက …