“ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဘေးမှကင်းလွတ်စေရန်အတွက်လူတစ်ဦးခြင်း ကြိုတင်ကာကွယ်ရမည့်နည်းလမ်း”
- By : Kaung Khant
- Category : Knowledge
“ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဘေးမှကင်းလွတ်စေရန်အတွက်လူတစ်ဦးခြင်း ကြိုတင်ကာကွယ်ရမည့်နည်းလမ်း”
Unicode
“ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဘေးမှကင်းလွတ်စေရန်အတွက််လူတစ်ဦးခြင်း ကြိုတင်ကာကွယ်ရမည့်နည်းလမ်း”
(၂) သူတစ်ပါးအသက်ကိုသတ်ဖြတ်ခြင်းမှရှောင်ကြဉ်ရမည်။
(၁) အရက်သေစာ၊မူးယစ်ဆေးဝါး သုံးစွဲခြ င်းမှရှောင်ကြဉ်ရမည်။
(၃) ခိုးဆိုး၊လုယက်စသည့် မတရားသောအမှုကိုပြုလုပ်ခြင်းမှရှောင်ကြဉ်ရမည်။
(၃) ခိုးဆိုး၊လုယက်စသည့် မတရားမှုပြုလုပ်ခြင်းမှရှောင်ကြဉ်ရမည်။
(၄) သူတစ်ပါးသားမယားကိုပြစ်မှားခြင်းမှရှောင်ကြဉ်ရမည်။
(၅) မဟုတ်မမှန်သောမုသားစကားပြောဆိုခြင်းမှရှောင်ကြဉ်ရမည်။
(၆) ကပ်ရောဂါပိုဆိုးလာလျှင်(သို့မဟုတ်)ယခုအချိန်မှစတင်၍ သက်သတ်လွတ်ကိုသာစားလျှင်ပို၍ကောင်းပါသည်။
(၇) ရတနသုတ်ပရိတ်တော်ကြီးနှင့်ဘုရားခုနှစ်ဆူ စက်ပရိတ်တော်ကြီးကို နေ့၊ညမှန်မှန်ရွတ်ဖတ်ပူဇော်ရမည်။(အခေါက်ရေများများရွတ်နိုင်လေပိုကောင်း လေဖြစ်၏)
(၈) ပရိတ်ချည်၊ပရိတ်ကြိုးများကို ကိုယ်မှာဆောင်ထားရမည်။ဆောင်ထားရမည်ဆိုသည်မှာ လယ်တီဆရာတော်ဘုရားကြီးက အတိအကျလမ်းညွှန်ထား သည်မှာ လည်ပင်းတွင်လည်းဆွဲထားရမည်။ထို့အတူလက်ကောင်၀တ်နှစ်ဘက်တွင်လည်းချည်ထားရမည်ဟု ညွှန်ကြားထားသည့်အတွက်ထိုအတိုင်း ဆောင်ထားရမည်ဟု ဆိုလိုခြင်းဖြစ်ပါသည်။
(၉) တုတ်၊ဓားလက်နက်၊လေးခွတို့ကိုဆောင်ထားပါ။ဘီလူးသားဘက်တို့သည် ၎င်းင်းတို့၏တန်ခိုးဖြင့်ကိုယ်ယောင်ဖျောက်ထားနိုင်သော်လည်း တုတ်၊ဓား လက်နက်၊ဆူးချွန်၊လေးခွတို့ကို မကာကွယ်နိုင်သဖြင့်အလွန်ကြောက်ကြ၏။ထို့ကြောင့်လက်နက်တို့နှင့်ဝေးရာသို့ ရှောင်ရှားထွက်ပြေးကြ၏။မိမိတို့ကိုအန္တရာယ်ပေးခြင်း၊ဖမ်းစားခြင်းမပြုနိုင်ဟု ကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီးက ကိုယ်တွေ့နှိမ်နင်းနိုင်ခဲ့သည့်နည်းလမ်းဖြစ်ကြောင်းကိုမိန့်ဆိုထားလေ၏။
ထို့ကြောင့် ထို့ကြောင့်လမ်းသွားလမ်းလာပြုသောအခါတွင် တုတ်၊ဓားလက်နက်ဆောင်၍ရသောနယ်များတွင်၊တုတ်၊ဓားလက်နက်များကိုဆောင်သွားပါ။အ နည်းဆုံး ဆူးချွန်၊ဆူးခက်တို့ကိုဆောင်၍သွားပါ။လိုအပ်လျှင် မိမိတို့ဆောင်ထားသည့် တုတ်၊ဓားလက်နက်များကို အခြားသောလူ၊တိရစာန်သတ်္တဝါတို့အား ထိခိုက်မိခြင်းမရှိစေဘဲ ဝှေ့ရမ်း၍သွားပါ။တုတ်၊ဓားလက်နက်ဆောင်လျှင်ဥပဒေအရ အရေးယူခြင်းခံရနိုင်သည့် မြို့ကြီးပြကြီးများတွင် ခဲတံချွန်၊ဘော့ပင်၊ ဖောင်တိန်ချွန်၊စသည်တို့ကို အဖုံးဖွင့်ထားပြီးဆောင်ပါ၊ခဲတံချွန်သည့်ဓားငယ်ကိုလည်းဆောင်ထားနိုင်ပါသည်။ညအခါအိမ်အပြင်သို့သွားလာလျှင် ထိုလက် နက်များကို မမေ့မလျှော့အထူးဆောင်သွားပါ။အလင်းရောင်ရဖို့လည်းလွန်စွာအရေးကြီးသည့်အတွက် ဓာတ်မီး၊မီးအုပ်ဆောင်းစသည့်အလင်းရောင်ရစေ သည့်အရာများကိုလည်း ညအခါတွင်တစ်ပါတည်းယူဆောင်သွားရန်လိုအပ်ပါသည်။
(၁၀) အိမ်ထောင်ဦးစီးမှစ၍ အိမ်ရှိလူအကုန်ရွတ်နိုင်ဖတ်နိုင်အရွယ်၊ရွတ်နိုင်ဖတ်နိုင်သူအားလုံးသည် မနက်ညမှန်မှန် ဘုရားရှိခိုး၀တ်တက်၊၀တ်ပြု၍ ပရိတ် တော်များကို ရွတ်ဖတ်ပူဇော်ပြီး မိရိုးဖလာနတ်မှစ၍ မြို့တော်ရှင်၊နယ်တော်ရှင်၊တောပိုင်၊တောင်ပိုင်များနှင့်တကွ အိမ်စောင့်နတ်၊ခြံစောင့်နတ်ပါမကျန် နတ်အ ပေါင်းတို့အား အထူးမေတ်္တာပို့သပေးရမည်ဖြစ်၏။
(၁၁) အိမ်မှာနေသည်ဖြစ်စေ၊အပြင်သွားသည်ဖြစ်စေ၊အလုပ်မှာရှိနေသည်ဖြစ်စေ ပရိတ်တော်ကြီးများကိုရွတ်ဖတ်ပူဇော်နေရပါမည်။ပရိတ်တော်ကိုအလွတ် မရသေးသူများ ရတနသုတ်ပရိတ်တော်ကို အလွတ်ရအောင်ကျက်မှတ်ထားရပါမည်။ပရိတ်ဂါထာများကိုအလွတ်မရမီအချိန်တွင် အနည်းဆုံး ဗုဒ္ဓံသရဏံ ဂစ္ဆာမိ ဓမ္မံသရဏံ ဂစ္ဆာမိ သံဃံသရဏံ ဂစ္ဆာမိ ဟူသော ရတနာသုံးပါးကို ရွတ်ဆိုပူဇော်နေနိုင်မှ ဘီလူး၊သားဘက်တို့၏ဖမ်းစားခံရခြင်း၊ကပ်ရောဂါဖြစ်ပွားခြင်း ဘေးမှ ကင်းလွတ်ပါလိမ့်မည်။
(၁၂) မိမိတို့၏နေအိမ်၊တိုက်ခန်း၊အိမ်ခြံ၀င်းတံခါးပေါက်တို့တွင် ပရိတ်ပန်းများကိုချိတ်ဆွဲထားရမည်၊ပရိတ်သဲ၊ပရိတ်ရည်၊ပရိဆန်များကိုလည်း သုံးလေးရက် တစ်ခါ ကြဲပက်ပေးရမည်၊ပရိတ်ချည်များကိုလည်းထိုနည်းအတိုင်း အသစ်လဲလှယ်ပေးရမည်။နေအိမ်၊တိုက်ခန်းတစ်ခုလုံးကိုလည်း ပရိတ်ကြိုးဖြင့်ပတ်၍အရံ အတားလုပ်ထားရမည်၊ခြံစည်းရိုးတစ်ခုလုံးကိုလည်း ပရိတ်ချည်ပတ်ရံထားရမည်၊အိမ်ခြံ၀န်း၊အိမ်ရှေ့၊အိမ်အနီးအနားတွင် သစ်ပင်ကြီးကြီးများရှိပါကလည်း ထိုသစ်ပင်တို့၏ ပင်စည်တွင်ပရိတ်ကြိုးချည်ပေးထားရမည်ဖြစ်၏။
မှတ်ချက် ။ ။ ဤကဲ့သို့ကပ်ရောဂါဘေးမှလွတ်မြောက်စေရန်အတွက် ပရိတ်ရွတ်ဖတ်ရာတွင် သားသတ်လွတ်စားသူနှင့်မစားသူတို့တွင် သားသတ်လွတ်စား သူတို့ရွတ်ဖတ်ပါက ပို၍အစွမ်းထက်မြက်သည်ဟု ကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီးက အထူးမိန့်မှာခဲ့ပါသည်။ယခုဖော်ပြခဲ့သောနည်းတို့သည် လူ တစ်ဦးခြင်း၊မိသားတစ်စုခြင်း ကပ်ရောဂါဘေးမှကာကွယ်ရမည့်နည်းလမ်းများဖြစ်၏။ဆရာတော်ဘုရားကြီးသည် အင်း၊စမ၊လက်ဖွဲ့စသည့်လောကီပညာအစီ အရင်အဆောင်များကိုလည်း ဆောင်ထားရန်အတွက်မိန့်မှာခဲ့ပါသည်။ကပ်ရောဂါဘေးမှ လွတ်မြောက်စေသည့် အင်းစမလက်ဖွဲ့များကိုလည်း ဆရာတော် ကြီး၏ကျမ်းတွင်ဖော်ပြပေးထားပါသည်။ထိုအကြောင်းကို သီးသန့်ဆောင်းပါးတစ်ပုဒ်အဖြစ်ကျွန်တော်ရေးသားပေးပါမည်။
No Comments