ကို႐ိုနာဗိုင္းရပ္စ္ ကပ္ေရာဂါလြတ္ေျမာက္ေရး လယ္တီဆရာေတာ္ဘုရားႀကီး၏အစီအရင္ေတာ္
- By : Kaung Khant
- Category : Uncategorized

ကို႐ိုနာဗိုင္းရပ္စ္ ကပ္ေရာဂါလြတ္ေျမာက္ေရး လယ္တီဆရာေတာ္ဘုရားႀကီး၏အစီအရင္ေတာ္
ျမန္မာႏိုင္ငံတြင္ “ဝူဟမ္ဗိုင္းရပ္စ္ ”ဟု လူသိမ်ားသည့္ ကို႐ိုနာCovid 19 ေရာဂါသည္ ကမာၻ႔ကပ္ေရာဂါအျဖစ္ေရာက္ရွိလာ၏။လူအေသအေပ်ာက္လည္းအလြန္ မ်ား၍လာၿပီျဖစ္၏။ကြၽန္ေတာ္တို႔ျမန္မာႏိုင္ငံတြင္ က်န္းမာေရး၀န္ႀကီးဌာန၏ သတင္းထုတ္ျပန္ခ်က္အရ ေရာဂါပိုးရွိသူႏွစ္ဦးေတြ႕ရွိၿပီျဖစ္သည့္အတြက္ တစ္ႏိုင္ငံ လုံး စိုးရိမ္ေသာကျဖစ္ကာ ေၾကာက္႐ြံ႕ေနၾကၿပီျဖစ္၏။
ေကာလာဟလမ်ိဳးစုံလည္းထြက္ေပၚ၍ေနေသာေၾကာင့္ လူအမ်ားမွာပိုမို၍စိုးရိမ္ေၾကာက္လန္႔ေနၾကရ ေလ၏။လယ္တီဆရာေတာ္ဘုရားႀကီး၏မိန္႔ဆိုခ်က္အရ ကမာၻတြင္လြန္ခဲ့ေသာ ႏွစ္ေပါင္းႏွစ္ေထာင္ေက်ာ္ကာလကတည္းက ဥေရာပတိုက္မွစတင္ကာ ကပ္ ေရာဂါမ်ားျဖစ္ပြား၍လာသည္ဟု မိန္႔ဆို၏။ကမာၻတြင္ကပ္ေရာဂါမ်ား မၾကာခဏက်ေရာက္သကဲ့သို႔ ကြၽန္ေတာ္တို႔ျမန္မာႏိုင္ငံတြင္လည္း ကပ္ေရာဂါအႀကိမ္ ႀကိမ္ျဖစ္ခဲ့ဖူး၏။မင္းတုန္းမင္းႀကီးလက္ထက္တြင္ ျဖစ္ခဲ့သည့္ပလိပ္ကပ္ေရာဂါေၾကာင့္ မင္းေနျပည္ေတာ္တြင္ လူအေသအေပ်ာက္အလြန္မ်ားျပားခဲ့၏။ကြၽန္ ေတာ္တို႔ျမန္မာႏိုင္ငံတြင္ -၁၀၉၅၊ ၁၉၀၆၊ ၁၉၀၇ ခုႏွစ္မ်ားတြင္ ပလိပ္(Plague)ကပ္ေရာဂါေဘးႀကီးဆိုက္ခဲ့ေလ၏။
ကပ္ႀကီးသုံးပါးျဖစ္ရျခင္းအေၾကာင္း
တစ္ေန႔မွာ ျဗဟ္ၼဏတစ္ဦးဟာ ဗုဒၶျမတ္စြာဘုရားရွင္ထံကိုေရာက္ရွိလာၿပီး ဤသို႔ေလွ်ာက္ထားေလ၏။“ဤဇမၺဴဒီပါကြၽန္းသည္ ၿမိဳ႕၊႐ြာ၊နိဂုံး၊မင္းေနျပည္ေတာ္ တို႔သည္ လူတို႔ျဖင့္စည္ကားလွ်က္ ၾကက္ပ်ံမက်စည္ကားလွသည္ဟု ေရွးေရွးလူႀကီးသူမမ်ားအစဥ္အဆက္ေျပာဆိုလာၾကသည္ကို မွတ္သားဖူးပါသည္။ယခု အခါတြင္ ဤဇမၺဴတြင္လူတို႔သည္ အလြန္ကိုနည္းပါးေပ်ာက္ကြယ္ကုန္ေနၾကပါၿပီ အဘယ္အေၾကာင္းေၾကာင့္ လူတို႔ေပ်ာက္ကြယ္နည္းပါးကုန္ရပါသနည္း ဟူ ေသာအေၾကာင္းကို ေဟာၾကားေတာ္မူပါ အရွင္ဘုရား…”ဟု ေလွ်ာက္ထားလိုက္ေလ၏။ထိုအခါ ဗုဒၶျမတ္စြာဘုရားရွင္က ကပ္ႀကီးသုံးပါးအေၾကာင္းကို ေဟာ ၾကားေတာ္မူ၏။
(၁) သတ္ထန္တရရကပ်
(၂)ဒုဗၻိကၡႏၲရကပ္
(၃)ေရာဂႏၲရကပ္
လူတို႔သည္ အဓမၼရာဂ၊ဝိသမေလာဘ၊မိစာဓမၼဟူေသာ ကာမဂုဏ္ကိုေဖာက္လြဲေဖာက္ျပန္လိုက္စားမႈ၊မတရားေသာနည္းလမ္းျဖင့္ စီးပြားဥစၥာရွာေဖြမႈ၊သတ္ ျဖတ္၊ခိုးဝွက္၊ေသာက္စားယစ္မူးစသည့္ မေကာင္းမႈျပဳလုပ္လွ်င္ အျပစ္မရွိဟုမိစာအယူကိုယုံၾကည္လက္ခံျပဳက်င့္မႈတို႔ေၾကာင့္ တစ္ျပည္ႏွင့္တစ္ျပည္၊တစ္ၿမိဳ႕ ႏွင့္တစ္ၿမိဳ႕၊လူတစ္ဦးႏွင့္တစ္ဦး သတ္ျဖတ္မႈစသည့္ စစ္ပြဲမ်ားျဖစ္ေပၚကာ လူတို႔ေသဆုံးပ်က္စီးရျခင္းဟူေသာ သတၳႏၲရကပ္ျဖစ္ျခင္း။မိုးေခါင္ေရရွား၍အစာေရ စာငတ္မြတ္ကာ လူသားတို႔ေသဆုံးပ်က္ဆီးရျခင္းဟူေသာ “ဒုဗၻိကၡႏၲရကပ္”ျဖစ္ျခင္း။ေလာက၌ရွိေသာ ဘီလူး၊သဘက္တို႔ထႂကြေသာင္းက်န္းမႈေၾကာင့္ (ေရာ ဂါအမ်ိဳးမ်ိဳး၊ပိုးအမ်ိဳးမ်ိဳးေၾကာင့္)ေရာဂါမ်ားျဖစ္ေပၚကာ လူတို႔ေသေၾကပ်က္ဆီးရျခင္းဟူေသာ “ေရာဂႏၲရကပ္”ျဖစ္ေပၚလာရျခင္းျဖစ္၏။
ထိုကပ္သုံးပါးတုိ႔သည္ ကမာၻေပၚတြင္မၾကာခဏျဖစ္လာသျဖင့္ လူသတၱဝါမ်ားစြာတို႔ ေသဆုံးျပဳန္းတီးၾကကုန္သည္ျဖစ္၍ၿမိဳ႕ျပ၊ျပည္႐ြာတို႔ ဆုတ္ ယုတ္ပ်က္ျပားၾကကုန္၏။
တိုင္းသုဥ္း၊ျပည္သုဥ္း၊ၿမိဳ႕သုဥ္း၊႐ြာသုဥ္း၊ေျမျပင္အတိ၊ေတာအတိျဖစ္ကုန္ၾကေသာေၾကာင့္ ဤဇမ္ၺဴေပၚတြင္လူသတ္ၱဝါတို႔ လြန္စြာ နည္းပါးရျခင္းျဖစ္ကုန္၏ဟု အဂၤုတၱိဳရ္ပါ႒ိေတာ္တြင္ ဗုဒၶျမတ္စြာဘုရားရွင္ေဟာၾကားေတာ္မူခဲ့ေလ၏။ထို႔ေနာက္ကပ္ေရာဂါျဖစ္ရျခင္းအေၾကာင္းကိုဆက္၍ ေဟာၾကားသည္မွာ လူတို႔၏သက္တမ္းသည္(၅၀၀)ေအာက္သို႔ေရာက္ေသာအခါတြင္ အဓမၼရာဂ၊ဝိသမေလာဘ၊မိစာဓမၼဟူေသာ အယုတ္တရားသုံးမ်ိဳးကို လူတုိ႔က်င့္သုံးလာၾကေသာေၾကာင့္ သိၾကား၊နတ္၊ျဗဟၼာတို႔သည္ လူတုိ႔ကိုမႏွစ္ၿမိဳ႕ၾကေသာေၾကာင့္ ေစာင့္ေရွာက္ၾကည့္ရႈၾကျခင္းမရွိေတာ့ဘဲ လစ္လွ်ဴရႈထား ၾကသည္ျဖစ္၍ နတ္ဆိုး၊နတ္ဝါးတို႔ေသာင္းက်န္းကာ ကပ္ေရာဂါအမ်ိဳးမ်ိဳးတို႔ျဖစ္ေပၚကာ လူတို႔ေသေၾကပ်က္ဆီးၾကရျခင္းျဖစ္၏ဟု ေဟာေတာ္မူ၏။
ဘုရားရွင္လက္ထက္ေတာ္တြင္လည္း အမ်ားသိၿပီးၾကသည့္အတိုင္း ေဝသာလီျပည္တြင္ ဘီလူးမ်ားဖမ္းစားေသာေၾကာင့္ ကပ္ေရာဂါျဖစ္ကာ ေဝ သာလီျပည္တစ္ျပည္လုံးနီးပါး ေသဆုံးပ်က္ဆီးမည့္အေရးကို ဘုရားရွင္ကိုယ္ေတာ္တိုင္မေနသာေတာ့သည့္အတြက္ ရွင္အာနႏ္ၵာကိုေနာက္ပါထား၍ ေဝသာ လီျပည္သို႔ႂကြကာ ကပ္ေရာဂါမွလြတ္ေျမာက္ပယ္ရွားေစရန္အတြက္ ရွင္အာနႏၵာကို နည္းလမ္းေပးကာ “ရတနသုတ္ပရိတ္ေတာ္”ကို ေဝသာလီျပည္အႏွံ႔ည လုံးေပါက္႐ြတ္ေစ၍ ေဝသာလီျပည္ႀကီးအား ဘီလူးမ်ားဖမ္းစားသည့္ ကပ္ေရာဂါေဘးမွ လြတ္ေျမာက္ေစခဲ့ဖူး၏။
ထို႔ျပင္ ကြၽန္ေတာ္တို႔ျမန္မာႏိုင္ငံတြင္လည္း ပလိပ္ကပ္ေရာဂါအႀကီးအက်ယ္ျဖစ္ေနခ်ိန္(၁၉၂၂)ခုႏွစ္တြင္ လယ္တီဆရာေတာ္ဘုရားႀကီးသည္ ကပ္ေရာဂါဆိုးကိုကာကြယ္ႏွိမ္နင္းႏိုင္သည့္နည္းလမ္းကို အမိန္႔ျပန္တမ္းတစ္ေစာင္ေရးသားကာ (၁၉၂၂)ခုႏွစ္(ဇူလိုင္လ)တြင္ထုတ္ေဝသည့္ ပညာ့အလင္းမဂ္ၢဇင္းတြင္ တစ္ႏိုင္ငံလုံးသိေစရန္အတြက္ထည့္သြင္း ေဖာ္ျပခဲ့ဖူးေလ၏။ထိုအခါလယ္တီဆရာေတာ္ႀကီး၏ အမိန္႔ျပန္တမ္းအစီအရင္အတိုင္းလိုက္နာက်င့္သုံးၾက၍ ပလိပ္ကပ္ေရာဂါေဘးမွ ကြၽန္ေတာ္တို႔ျမန္မာ ႏိုင္ငံသည္ လြတ္ေျမာက္ခဲ့ဖူးေလ၏။ယခုေခတ္ေဆးပညာအလိုအရ ဗိုင္းရပ္စ္ပိုးျဖစ္၏။ကြၽန္ေတာ္တို႔ ဗုဒၶဘာသာအလိုအရ ကပ္ေဘးျဖစ္၏။ကပ္ေရာဂါျဖစ္ လွ်င္ ေခတ္သစ္ေဆးသိပၸံပညာသည္ ေရာဂါေပ်ာက္ကင္းေအာင္ ကာကြယ္ကုသႏိုင္သည့္ေဆးကို အေတာ္ႏွင့္ရွာမေတြ႕ဘဲျဖစ္ေလ့ရွိ၏။
ကြၽန္ေတာ္တို႔ ဗုဒၶ ဘာသာတြင္ ထိုကပ္ေရာဂါဆိုးမွလြတ္ေျမာက္ေစရန္အတြက္ ဘာသာေရးနည္းလမ္းအရ ေန႔ျခင္းညျခင္းထူးသည့္ နည္းလမ္းမ်ားရွိေလ၏။ေဝသာလီျပည္ ႀကီးသည္ ကပ္ေဘးမွတစ္ညတည္းႏွင့္လြတ္ေျမာက္ခဲ့သည္မွာ အထင္ရွားဆုံးသက္ေသျဖစ္ေလ၏။အဘယ့္ေၾကာင့္ဆိုေသာ္…ကပ္ေရာဂါအားလုံးတို႔သည္ ဘီလူး၊သဘက္တို႔ဖမ္းစား၍ျဖစ္ရေၾကာင္းကို ဘုရားေဟာပါ႒ိေတာ္အေထာက္အထားျဖင့္ အထက္မွာကြၽန္ေတာ္ေဖာ္ျပေပးခဲ့ၿပီျဖစ္၏။
ထို႔ေၾကာင့္ (၁၉၂၂)ခု ႏွစ္က ပညာ့အလင္းမဂၢဇင္းတြင္ထည့္သြင္းေဖာ္ျပခဲ့သည့္ ေက်းဇူးရွင္လယ္တီဆရာေတာ္ဘုရားႀကီး၏ ကပ္ႀကီးသုံးပါးေဘးမွ ေက်ာ္လႊားႏိုင္ေသာ အမိန္႔ ေတာ္ျပန္တမ္းပါ အစီအရင္နည္းလမ္းမ်ားႏွင့္ယခုတစ္ကမာၻလုံးတြင္အျပင္းအထန္ျဖစ္ေပၚေနသည့္ “ေရာဂႏၲရကပ္”ဟုေခၚေသာ ကပ္ေရာဂါဆိုးအမ်ိဳးမ်ိဳးတို႔ မွ ကင္းလြတ္ေစရန္အတြက္ သီးသန္႔စီရင္ေရးသားျပဳစုေတာ္မူခဲ့ေသာ “ေရာဂႏၲရဒီပနီက်မ္း”မွ အစီအရင္နည္းလမ္းမ်ားကို ခြဲျခားစိတ္ျဖာပူးေပါင္း၍ ေဖာ္ျပ ေပးမည္ျဖစ္ပါသည္။
ထိုနည္းလမ္းတြင္ လူတစ္ဦးျခင္းလိုက္နာရမည့္နည္းလမ္းႏွင့္ရပ္ကြပ္၊ၿမိဳ႕႐ြာ၊တိုင္း၊ျပည္နယ္အလိုက္ လိုက္နာက်င့္သုံးရမည့္ အစီအရင္ နည္းလမ္းႏွစ္မ်ိဳးကိုေဖာ္ျပေပးမည္ျဖစ္၏။
Unicdoe
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါလွတ်မြောက်ရေး လယ်တီဆရာတော်ဘုရားကြီး၏အစီအရင်တော်
မြန်မာနိုင်ငံတွင် “ဝူဟမ်ဗိုင်းရပ်စ် ”ဟု လူသိများသည့် ကိုရိုနာCovid 19 ရောဂါသည် ကမ္ဘာ့ကပ်ရောဂါအဖြစ်ရောက်ရှိလာ၏။လူအသေအပျောက်လည်းအလွန် များ၍လာပြီဖြစ်၏။ကျွန်တော်တို့မြန်မာနိုင်ငံတွင် ကျန်းမာရေး၀န်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ ရောဂါပိုးရှိသူနှစ်ဦးတွေ့ရှိပြီဖြစ်သည့်အတွက် တစ်နိုင်ငံ လုံး စိုးရိမ်သောကဖြစ်ကာ ကြောက်ရွံ့နေကြပြီဖြစ်၏။
ကောလာဟလမျိုးစုံလည်းထွက်ပေါ်၍နေသောကြောင့် လူအများမှာပိုမို၍စိုးရိမ်ကြောက်လန့်နေကြရ လေ၏။လယ်တီဆရာတော်ဘုရားကြီး၏မိန့်ဆိုချက်အရ ကမ္ဘာတွင်လွန်ခဲ့သော နှစ်ပေါင်းနှစ်ထောင်ကျော်ကာလကတည်းက ဥရောပတိုက်မှစတင်ကာ ကပ် ရောဂါများဖြစ်ပွား၍လာသည်ဟု မိန့်ဆို၏။ကမ္ဘာတွင်ကပ်ရောဂါများ မကြာခဏကျရောက်သကဲ့သို့ ကျွန်တော်တို့မြန်မာနိုင်ငံတွင်လည်း ကပ်ရောဂါအကြိမ် ကြိမ်ဖြစ်ခဲ့ဖူး၏။မင်းတုန်းမင်းကြီးလက်ထက်တွင် ဖြစ်ခဲ့သည့်ပလိပ်ကပ်ရောဂါကြောင့် မင်းနေပြည်တော်တွင် လူအသေအပျောက်အလွန်များပြားခဲ့၏။ကျွန် တော်တို့မြန်မာနိုင်ငံတွင် -၁၀၉၅၊ ၁၉၀၆၊ ၁၉၀၇ ခုနှစ်များတွင် ပလိပ်(Plague)ကပ်ရောဂါဘေးကြီးဆိုက်ခဲ့လေ၏။
ကပ်ကြီးသုံးပါးဖြစ်ရခြင်းအကြောင်း
တစ်နေ့မှာ ဗြဟ်္မဏတစ်ဦးဟာ ဗုဒ္ဓမြတ်စွာဘုရားရှင်ထံကိုရောက်ရှိလာပြီး ဤသို့လျှောက်ထားလေ၏။“ဤဇမ္ဗူဒီပါကျွန်းသည် မြို့၊ရွာ၊နိဂုံး၊မင်းနေပြည်တော် တို့သည် လူတို့ဖြင့်စည်ကားလျှက် ကြက်ပျံမကျစည်ကားလှသည်ဟု ရှေးရှေးလူကြီးသူမများအစဉ်အဆက်ပြောဆိုလာကြသည်ကို မှတ်သားဖူးပါသည်။ယခု အခါတွင် ဤဇမ္ဗူတွင်လူတို့သည် အလွန်ကိုနည်းပါးပျောက်ကွယ်ကုန်နေကြပါပြီ အဘယ်အကြောင်းကြောင့် လူတို့ပျောက်ကွယ်နည်းပါးကုန်ရပါသနည်း ဟူ သောအကြောင်းကို ဟောကြားတော်မူပါ အရှင်ဘုရား…”ဟု လျှောက်ထားလိုက်လေ၏။ထိုအခါ ဗုဒ္ဓမြတ်စွာဘုရားရှင်က ကပ်ကြီးသုံးပါးအကြောင်းကို ဟော ကြားတော်မူ၏။
(၁) သတ်ထန်တရရကပျ
(၂)ဒုဗ္ဘိက္ခန္တရကပ်
(၃)ရောဂန္တရကပ်
လူတို့သည် အဓမ္မရာဂ၊ဝိသမလောဘ၊မိစာဓမ္မဟူသော ကာမဂုဏ်ကိုဖောက်လွဲဖောက်ပြန်လိုက်စားမှု၊မတရားသောနည်းလမ်းဖြင့် စီးပွားဥစ္စာရှာဖွေမှု၊သတ် ဖြတ်၊ခိုးဝှက်၊သောက်စားယစ်မူးစသည့် မကောင်းမှုပြုလုပ်လျှင် အပြစ်မရှိဟုမိစာအယူကိုယုံကြည်လက်ခံပြုကျင့်မှုတို့ကြောင့် တစ်ပြည်နှင့်တစ်ပြည်၊တစ်မြို့ နှင့်တစ်မြို့၊လူတစ်ဦးနှင့်တစ်ဦး သတ်ဖြတ်မှုစသည့် စစ်ပွဲများဖြစ်ပေါ်ကာ လူတို့သေဆုံးပျက်စီးရခြင်းဟူသော သတ္ထန္တရကပ်ဖြစ်ခြင်း။မိုးခေါင်ရေရှား၍အစာရေ စာငတ်မွတ်ကာ လူသားတို့သေဆုံးပျက်ဆီးရခြင်းဟူသော “ဒုဗ္ဘိက္ခန္တရကပ်”ဖြစ်ခြင်း။လောက၌ရှိသော ဘီလူး၊သဘက်တို့ထကြွသောင်းကျန်းမှုကြောင့် (ရော ဂါအမျိုးမျိုး၊ပိုးအမျိုးမျိုးကြောင့်)ရောဂါများဖြစ်ပေါ်ကာ လူတို့သေကြေပျက်ဆီးရခြင်းဟူသော “ရောဂန္တရကပ်”ဖြစ်ပေါ်လာရခြင်းဖြစ်၏။
ထိုကပ်သုံးပါးတုိ့သည် ကမ္ဘာပေါ်တွင်မကြာခဏဖြစ်လာသဖြင့် လူသတ္တဝါများစွာတို့ သေဆုံးပြုန်းတီးကြကုန်သည်ဖြစ်၍မြို့ပြ၊ပြည်ရွာတို့ ဆုတ် ယုတ်ပျက်ပြားကြကုန်၏။
တိုင်းသုဉ်း၊ပြည်သုဉ်း၊မြို့သုဉ်း၊ရွာသုဉ်း၊မြေပြင်အတိ၊တောအတိဖြစ်ကုန်ကြသောကြောင့် ဤဇမ်္ဗူပေါ်တွင်လူသတ်္တဝါတို့ လွန်စွာ နည်းပါးရခြင်းဖြစ်ကုန်၏ဟု အင်္ဂုတ္တိုရ်ပါဋ္ဌိတော်တွင် ဗုဒ္ဓမြတ်စွာဘုရားရှင်ဟောကြားတော်မူခဲ့လေ၏။ထို့နောက်ကပ်ရောဂါဖြစ်ရခြင်းအကြောင်းကိုဆက်၍ ဟောကြားသည်မှာ လူတို့၏သက်တမ်းသည်(၅၀၀)အောက်သို့ရောက်သောအခါတွင် အဓမ္မရာဂ၊ဝိသမလောဘ၊မိစာဓမ္မဟူသော အယုတ်တရားသုံးမျိုးကို လူတုိ့ကျင့်သုံးလာကြသောကြောင့် သိကြား၊နတ်၊ဗြဟ္မာတို့သည် လူတုိ့ကိုမနှစ်မြို့ကြသောကြောင့် စောင့်ရှောက်ကြည့်ရှုကြခြင်းမရှိတော့ဘဲ လစ်လျှူရှုထား ကြသည်ဖြစ်၍ နတ်ဆိုး၊နတ်ဝါးတို့သောင်းကျန်းကာ ကပ်ရောဂါအမျိုးမျိုးတို့ဖြစ်ပေါ်ကာ လူတို့သေကြေပျက်ဆီးကြရခြင်းဖြစ်၏ဟု ဟောတော်မူ၏။
ဘုရားရှင်လက်ထက်တော်တွင်လည်း အများသိပြီးကြသည့်အတိုင်း ဝေသာလီပြည်တွင် ဘီလူးများဖမ်းစားသောကြောင့် ကပ်ရောဂါဖြစ်ကာ ဝေ သာလီပြည်တစ်ပြည်လုံးနီးပါး သေဆုံးပျက်ဆီးမည့်အရေးကို ဘုရားရှင်ကိုယ်တော်တိုင်မနေသာတော့သည့်အတွက် ရှင်အာနန်္ဒာကိုနောက်ပါထား၍ ဝေသာ လီပြည်သို့ကြွကာ ကပ်ရောဂါမှလွတ်မြောက်ပယ်ရှားစေရန်အတွက် ရှင်အာနန္ဒာကို နည်းလမ်းပေးကာ “ရတနသုတ်ပရိတ်တော်”ကို ဝေသာလီပြည်အနှံ့ည လုံးပေါက်ရွတ်စေ၍ ဝေသာလီပြည်ကြီးအား ဘီလူးများဖမ်းစားသည့် ကပ်ရောဂါဘေးမှ လွတ်မြောက်စေခဲ့ဖူး၏။
ထို့ပြင် ကျွန်တော်တို့မြန်မာနိုင်ငံတွင်လည်း ပလိပ်ကပ်ရောဂါအကြီးအကျယ်ဖြစ်နေချိန်(၁၉၂၂)ခုနှစ်တွင် လယ်တီဆရာတော်ဘုရားကြီးသည် ကပ်ရောဂါဆိုးကိုကာကွယ်နှိမ်နင်းနိုင်သည့်နည်းလမ်းကို အမိန့်ပြန်တမ်းတစ်စောင်ရေးသားကာ (၁၉၂၂)ခုနှစ်(ဇူလိုင်လ)တွင်ထုတ်ဝေသည့် ပညာ့အလင်းမဂ်္ဂဇင်းတွင် တစ်နိုင်ငံလုံးသိစေရန်အတွက်ထည့်သွင်း ဖော်ပြခဲ့ဖူးလေ၏။ထိုအခါလယ်တီဆရာတော်ကြီး၏ အမိန့်ပြန်တမ်းအစီအရင်အတိုင်းလိုက်နာကျင့်သုံးကြ၍ ပလိပ်ကပ်ရောဂါဘေးမှ ကျွန်တော်တို့မြန်မာ နိုင်ငံသည် လွတ်မြောက်ခဲ့ဖူးလေ၏။ယခုခေတ်ဆေးပညာအလိုအရ ဗိုင်းရပ်စ်ပိုးဖြစ်၏။ကျွန်တော်တို့ ဗုဒ္ဓဘာသာအလိုအရ ကပ်ဘေးဖြစ်၏။ကပ်ရောဂါဖြစ် လျှင် ခေတ်သစ်ဆေးသိပ္ပံပညာသည် ရောဂါပျောက်ကင်းအောင် ကာကွယ်ကုသနိုင်သည့်ဆေးကို အတော်နှင့်ရှာမတွေ့ဘဲဖြစ်လေ့ရှိ၏။
ကျွန်တော်တို့ ဗုဒ္ဓ ဘာသာတွင် ထိုကပ်ရောဂါဆိုးမှလွတ်မြောက်စေရန်အတွက် ဘာသာရေးနည်းလမ်းအရ နေ့ခြင်းညခြင်းထူးသည့် နည်းလမ်းများရှိလေ၏။ဝေသာလီပြည် ကြီးသည် ကပ်ဘေးမှတစ်ညတည်းနှင့်လွတ်မြောက်ခဲ့သည်မှာ အထင်ရှားဆုံးသက်သေဖြစ်လေ၏။အဘယ့်ကြောင့်ဆိုသော်…ကပ်ရောဂါအားလုံးတို့သည် ဘီလူး၊သဘက်တို့ဖမ်းစား၍ဖြစ်ရကြောင်းကို ဘုရားဟောပါဋ္ဌိတော်အထောက်အထားဖြင့် အထက်မှာကျွန်တော်ဖော်ပြပေးခဲ့ပြီဖြစ်၏။
ထို့ကြောင့် (၁၉၂၂)ခု နှစ်က ပညာ့အလင်းမဂ္ဂဇင်းတွင်ထည့်သွင်းဖော်ပြခဲ့သည့် ကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီး၏ ကပ်ကြီးသုံးပါးဘေးမှ ကျော်လွှားနိုင်သော အမိန့် တော်ပြန်တမ်းပါ အစီအရင်နည်းလမ်းများနှင့်ယခုတစ်ကမ္ဘာလုံးတွင်အပြင်းအထန်ဖြစ်ပေါ်နေသည့် “ရောဂန္တရကပ်”ဟုခေါ်သော ကပ်ရောဂါဆိုးအမျိုးမျိုးတို့ မှ ကင်းလွတ်စေရန်အတွက် သီးသန့်စီရင်ရေးသားပြုစုတော်မူခဲ့သော “ရောဂန္တရဒီပနီကျမ်း”မှ အစီအရင်နည်းလမ်းများကို ခွဲခြားစိတ်ဖြာပူးပေါင်း၍ ဖော်ပြ ပေးမည်ဖြစ်ပါသည်။
ထိုနည်းလမ်းတွင် လူတစ်ဦးခြင်းလိုက်နာရမည့်နည်းလမ်းနှင့်ရပ်ကွပ်၊မြို့ရွာ၊တိုင်း၊ပြည်နယ်အလိုက် လိုက်နာကျင့်သုံးရမည့် အစီအရင် နည်းလမ်းနှစ်မျိုးကိုဖော်ပြပေးမည်ဖြစ်၏။
No Comments