- By : Phoe Linn
- Category : beauty-tip
သုတေသနအရ
ကိုလာဂျင်သောက်ဆေး
ကိုလာဂျင်သောက်ဆေးကို အမှူန့်ပုံစံ အရည်ပုံစံ စသဖြင့်အမျိုးမျိုးထုတ်လုပ်ပါတယ်။
ကိုလာဂျင်ထိုးဆေး
ကိုလာဂျင်လိမ်းဆေး
ကိုလာဂျင် အပြည့်အဝရစေမဲ့ အစား အစာများကိုရွေးချယ်စားသုံးခြင်းဖြင့် သင့်အသားအရေ ပြည့်တင်းမှူကိုအရယူပါ……။
စန္ဒီမြင့်မိုရ်#
Unicode
ကိုလာဂျင်နဲ့ကိုလာဂျင်ဆိုတာ ( အမျိုးသမီးများအကြားမှာ ရေပန်းစား နေတဲ့ကိုလာဂျင်ဆိုတာ ဘာလည်း )
ဒီနေ့ အမျိုးသမီးများအကြားမှာ ရေပန်းစား နေတဲ့ကိုလာဂျင်ဆိုတာ ဘာလည်း ဆိုတာကို အရင်ဆုံးပြောမှရလိမ့်မယ်ထင်ပါတယ်။
ကိုလာဂျင်ဆိုတာဘာလည်း….
ခန္ဓာကိုယ်ကိုကြည့်မယ်ဆိုရင် အရိုး၊ ကြွက်သား ၊ အဆီဓာတ် ရေဓာတ်တွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်။
ခန္ဓာကိုယ်တစ်ခုလုံးမှာရှိနေတဲ့ တွယ်ဆက်တစ်ရှုး တွေရဲ့ အဓိက ပရိုတင်းက ကိုလာဂျင် ဖြစ်ပြီး ကိုလာဂျင်ကို အမိုင်နိုအက်စစ်တွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။
အသက်အရွယ်ကြီးလာတာနဲ့အမျှ ခန္ဓာကိုယ်တွင်း ကိုလာဂျင်ထုတ်လုပ်မှု ကျဆင်းလာပါတယ်။ ဒါ့ကြောင့်မို့ ဆုံးရူံှးသွားတဲ့ကိုလာဂျင် ပရိုတင်း ပရို တင်းတွေရဲ့ နေရာကို အစားပြန်ထိုးနိုင်စွမ်းကျလာတယ်။
ဒီအခါမှာပဲ အရေပြားပျော့တွဲခင်းများ အရေးအကြောင်းဖြစ်ပေါ်မှုများစတင်လာတာပဲဖြစ်ပါတယ်။
သုတေသနအရ
၂၀၁၈ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ သုတေသန အရ ပြောရရင် ကိုလာဂျင်ဟာ အရေပြားအတွက် အလွန်ကောင်းကျိုးပေးနိုင်တယ်။ အရိုးအဆစ် ကျန်းမာရေးအတွက် ကောင်းစေတယ်။
အနာကိုအကျက်မြန်စေတယ်။ ကြွက်သားဆုံးရူံှးမူှကို ကာကွယ်နိုင်တယ်။
ဆိုတာတွေကို တွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။ ကိုလာဂျင်နဲ့ပတ်သက်ပြီး ဆက်လက် လို့သုတေသနများပြုလုပ်နေဆဲဖစ်ပါတယ်။
ကိုလာဂျင်သောက်ဆေး
ကိုလာဂျင်သောက်ဆေးကို အမူှန့်ပုံစံ အရည်ပုံစံ စသဖြင့်အမျိုးမျိုးထုတ်လုပ်ပါတယ်။
ဖြည့်စွက်ဆေးအဖြစ်ထုတ်လုပ်ထားတဲ့ ကိုလာဂျင်သောက်ဆေးတွေရဲ့ ဆေးပမာဏက ဘယ်လောက်ထိပါဝင်သလည်း၊
ဘယ်ကဲ့သို့သောက်ရမလည်း၊ဘာတွေနဲ့မတည့်သလည်း၊ ဘယ်လောက်ကြာကြာစွဲပြီး သောက်ရမှာလည်း၊ ဘာတွေရှောင်ရမှာလည်းဆိုတာတွေကို သေချာသိအောင်လုပ်ရပါမယ်။
ကိုလာဂျင်ထိုးဆေး
ထိုးဆေးဆိုရင် ပိုပြီးသတိထားဖို့လိုပါတယ်။ အဓိကကတော့ဝယ်ယူသည့်နေရာ အာမခံချက် FDA အသိအမှတ်ပြုမူှရှိရဲ့လား ပစ္စည်းစစ်မစစ် စတာတွေကိုအရင်ဆုံးစစ်ဆေးရမှာဖြစ်ပါတယ်။ နောက်ပြီးဒီထိုးဆေးကို ထိုးပေးသူက ဆရာဝန်ဖြစ်ဖို့လိုပြီး သူ့ရဲ့ကျွမ်းကျင်မူှကလည်း အဓိကကျပါတယ်။
ကိုလာဂျင်ဆေးနဲ့သင်နဲ့ဓာတ်တည့်မတည့်လည်းအရင်စစ်ဖို့လိုပါတယ်။
ကိုလာဂျင်ထိုးဆေးကို မျက်နှာပြင်ပေါ်က Smile linesတွေ အရေးအကြောင်းတွေ ဝက်ခြံအမာရွတ်တွေ ပျောက်ကင်းဖို့ ထိုနိုင်ပါတယ် ။အရေပြားအဆီဓာတ်ပြန်လည်ဖြည့်တင်းဖို့ နူှတ်ခမ်းပြည့်ဖူးဖို့ လက်ဖမိုးအရေပြားပြည့်တင်းဘို့လည်းထိုးနိုင်ပါတယ်။
ကိုလာဂျင်လိမ်းဆေး
ကိုလာဂျင်ကို ခရင်မ်တွေ လိုးရှင်းတွေထဲမှာလည်း ထည့်သွင်းထုတ်လုပ်ကြပါတယ်။
သို့သော် ကိုလာဂျင် မော်လီကျုးတွေက အရေပြားထဲကို ထိုးဖောက်နိုင်စွမ်းမရှိတဲ့အတွက် ကိုလာဂျင် ပရိုတင်းရဲ့အာနိသင်ကိုအပြည့်အဝမရနိုင်ပါ။
ကိုလာဂျင်ရရှိဘို့ဘာတွေစားမလည်း
ဖြည့်စွက်ဆေးသောက်ဆေးထိုဆေးများ အပြင် ကိုလာဂျင်ပါဝင်တဲ့အစားအစာများကို စားသုံးပေးနိုင်ပါတယ်။ ကိုလာဂျင်ပညဝင်တဲ့အစားစအစာတွေကလည်း ပိုမိုထိရောက်ပါတယ်။
ကီဝီသီး ထောပတ်သီး ဘယ်ရီသီး လိမ္မော်သီး မုန်လာဥ ပန်းမုန်လာ အစိမ်းရင့်ရောင်ဟင်းသီးဟင်းရွက် ငရုပ်ကောင်း သခွားမွှေး ကြက်သွန် ဖရုံစေ့ အယ်လ်မွန်စေ့ ခရမ်းချဉ်သီး ငါး ချိစ် နို့ ဥအမျိုးမျိုး လိငုင်စင်းနဲ့ပရိုတင်း ဓာတ်တွေပါဝင်တဲ့ အသား ပဲသီးတောင့် ကြက်ဥအကာ ဂျုံစပါး စတာတွေပဲဖြစ်ပါတယ်။
ကိုလာဂျင် အပြည့်အဝရစေမဲ့ အစား အစာများကိုရွေးချယ်စားသုံးခြင်းဖြင့် သင့်အသားအရေ ပြည့်တင်းမူှကိုအရယူပါ……။
စန္ဒီမြင့်မိုရ်#
No Comments