ကိုလက်စထရောချဆေး တွေက ကိုဗစ်ကုသတဲ့နေရာမှာ အများကြီး အထောက်အကူပြုတယ်လို့ အစ္စရေးဆရာဝန်တွေ တွေ့ရှိ

ကိုလက်စထရောချဆေး တွေက ကိုဗစ်ကုသတဲ့နေရာမှာ အများကြီး အထောက်အကူပြုတယ်လို့ အစ္စရေးဆရာဝန်တွေ တွေ့ရှိ
International-news

ကိုလက်စထရောချဆေး တွေက ကိုဗစ်ကုသတဲ့နေရာမှာ အများကြီး အထောက်အကူပြုတယ်လို့ အစ္စရေးဆရာဝန်တွေ တွေ့ရှိ

မောင်ယဿ ( သြဂုတ် ၂၈ )

ဂျေရုဆလင် ဟီဘရူးတက္ကသိုလ်က အစ္စရေးသုတေသန ပညာရှင်အချို့ က ဆေးရုံတင် ကုသနေရတဲ့ ဆိုးဆိုးဝါးဝါး ကိုဗစ်ရောဂါသည် ၁၅ ယောက်ကို သွေးတွင်း ကိုလက်စထရော ချဆေးတွေအား ကုသဆေး တွေနဲ့ ရောပြီးတိုက်ကျွေးတဲ့အခါမှာ ရလဒ်ကောင်းတွေရခဲ့တယ်လို့ ဆိုပါတယ်။

သူတို့က ကိုဗစ်ရောဂါသည်တွေ ကို ကုသနေရင်း ကိုဗစ်ပိုးတွေက ကိုယ်တွင်းမှာ ဆဲလ်တွေ ကိုယောင်ယမ်းစေတဲ့ ကိုလက်စထရော တည်ဆောက်မှုတွေကို အားပေးနေတာကို တွေ့ခဲ့ပါတယ်။

ဓာတ်ခွဲစမ်းသက်မှုတွေ လုပ်ပြီးနောက်မှာတော့ ဖီနိုဖိုက်ဘရိတ် ( ဈေးကွက်ထဲမှာ TriCor ) တွေက အဆုတ် ပျက်စီးမှု ကောင်းစွာ လျှော့ချပေးနိုင်တယ်၊ ကိုဗစ်ပိုးတွေ ပွားများလာမှာကို တားပေးနိုင် တယ် ဆိုတာကို တွေ့ရှိသွားပါတယ်။

သုတေသနကတော့ လူနာ ၁၅ ဦးကိုပဲ လုပ်နိုင်လို့ သေးသေးလေးလို့တော့ ပြောလို့ရပါတယ်။ ဒါပေမဲ့ ဆက်ပြီး လုပ်နေပါတယ်။

အလမ်ရစ်ချက်ဆန် ဆိုတဲ့ သုတေသနခေါင်းဆောင်က “ ဆေးရုံတင်ပြီး အရေးပေါ်ကုသနေရတဲ့ လူနာ တစ်ယောက်ကို စပြီး ဖီနိုဖိုက်ဘရိတ်တွေ ကို ပေးကြည့်ပါတယ်။

သူကတော်တော် သက်သာလာတာကို တွေ့လို့ နောက်ထပ် ၁၄ ယောက်ထပ်ခေါ်ပြီး စမ်းသက်ကြည့်တာပါ။ အားလုံး အခြေအနေ ကောင်းသွားပါတယ် ။ ကျနော်တို့ ကျယ်ကျယ်ပြန့်ပြန့် မစမ်းသက်ရသေးပါဘူး။ သူတို့တွေကို အောက်စီဂျင်ပေးရတာ နည်းလာပါတယ်။ အခုဆေးရုံမှာ အသေအပျောက်တော့ နည်းသွားပါတယ်။ ကျနော်ကတော့ အဲ့ဒါကို အပြုသဘော ဆောင်တယ်လို့ ပဲမြင်ပါတယ်” လို့ ဆိုပါတယ်။

လက်ရှိစမ်းသက်ချက်မှာ တိုက်ကျွေးတဲ့ ဖီနိုဖိုက်ဘရိတ်တွေ က ထရိုင်ကားကုမ္ပဏီထုတ်ဆေးတွေဖြစ်ပြီး ကုသတဲ့နေရာမှာ သုံးတာဖြစ်လို့ ကာကွယ်ဆေး အနေနဲ့ သုံးလို့မရလောက်ဘူးလို့ ဆိုထားပါတယ်။

ဆရာဝန်ညွှန်ကြားချက်မပါဘဲနဲ့ မသုံးကြပါနဲ့လို့ တင်းတင်းကြပ်ကြပ် သတိပေးထားပါတယ်လို့လည်း ဖော်ပြထားပါတယ်။

လက်ရှိစမ်းသက်ချက်မှာ လူနာ ၁၅ ဦးလုံး အောက်စီဂျင် မပေးရတော့ပဲ ၁၀ ရက်အတွက် သက်သာသွားတယ်လို့လည်း ဆိုထားပါတယ်။

REF: UPI,Photo :Credit  MPR

Zawgyi

ကိုလက္စထေရာခ်ေဆး ေတြက ကိုဗစ္ကုသတဲ့ေနရာမွာ အမ်ားႀကီး အေထာက္အကူျပဳတယ္လို႔ အစၥေရးဆရာဝန္ေတြ ေတြ႕ရွိ

ကိုလက်စထရောချဆေး တွေက ကိုဗစ်ကုသတဲ့နေရာမှာ အများကြီး အထောက်အကူပြုတယ်လို့ အစ္စရေးဆရာဝန်တွေ တွေ့ရှိ
ကိုလက်စထရောချဆေး တွေက ကိုဗစ်ကုသတဲ့နေရာမှာ အများကြီး အထောက်အကူပြုတယ်လို့ အစ္စရေးဆရာဝန်တွေ တွေ့ရှိ

ေမာင္ယႆ ( ၾသဂုတ္ ၂၈ )

ေဂ်႐ုဆလင္ ဟီဘ႐ူးတကၠသိုလ္က အစၥေရးသုေတသန ပညာရွင္အခ်ိဳ႕ က ေဆး႐ုံတင္ ကုသေနရတဲ့ ဆိုးဆိုးဝါးဝါး ကိုဗစ္ေရာဂါသည္ ၁၅ ေယာက္ကို ေသြးတြင္း ကိုလက္စထေရာ ခ်ေဆးေတြအား ကုသေဆး ေတြနဲ႔ ေရာၿပီးတိုက္ေကြၽးတဲ့အခါမွာ ရလဒ္ေကာင္းေတြရခဲ့တယ္လို႔ ဆိုပါတယ္။

သူတို႔က ကိုဗစ္ေရာဂါသည္ေတြ ကို ကုသေနရင္း ကိုဗစ္ပိုးေတြက ကိုယ္တြင္းမွာ ဆဲလ္ေတြ ကိုေယာင္ယမ္းေစတဲ့ ကိုလက္စထေရာ တည္ေဆာက္မႈေတြကို အားေပးေနတာကို ေတြ႕ခဲ့ပါတယ္။

ဓာတ္ခြဲစမ္းသက္မႈေတြ လုပ္ၿပီးေနာက္မွာေတာ့ ဖီႏိုဖိုက္ဘရိတ္ ( ေဈးကြက္ထဲမွာ TriCor ) ေတြက အဆုတ္ ပ်က္စီးမႈ ေကာင္းစြာ ေလွ်ာ့ခ်ေပးႏိုင္တယ္၊ ကိုဗစ္ပိုးေတြ ပြားမ်ားလာမွာကို တားေပးႏိုင္ တယ္ ဆိုတာကို ေတြ႕ရွိသြားပါတယ္။

သုေတသနကေတာ့ လူနာ ၁၅ ဦးကိုပဲ လုပ္ႏိုင္လို႔ ေသးေသးေလးလို႔ေတာ့ ေျပာလို႔ရပါတယ္။ ဒါေပမဲ့ ဆက္ၿပီး လုပ္ေနပါတယ္။

အလမ္ရစ္ခ်က္ဆန္ ဆိုတဲ့ သုေတသနေခါင္းေဆာင္က “ ေဆး႐ုံတင္ၿပီး အေရးေပၚကုသေနရတဲ့ လူနာ တစ္ေယာက္ကို စၿပီး ဖီႏိုဖိုက္ဘရိတ္ေတြ ကို ေပးၾကည့္ပါတယ္။

သူကေတာ္ေတာ္ သက္သာလာတာကို ေတြ႕လို႔ ေနာက္ထပ္ ၁၄ ေယာက္ထပ္ေခၚၿပီး စမ္းသက္ၾကည့္တာပါ။ အားလုံး အေျခအေန ေကာင္းသြားပါတယ္ ။ က်ေနာ္တို႔ က်ယ္က်ယ္ျပန႔္ျပန႔္ မစမ္းသက္ရေသးပါဘူး။ သူတို႔ေတြကို ေအာက္စီဂ်င္ေပးရတာ နည္းလာပါတယ္။ အခုေဆး႐ုံမွာ အေသအေပ်ာက္ေတာ့ နည္းသြားပါတယ္။ က်ေနာ္ကေတာ့ အဲ့ဒါကို အျပဳသေဘာ ေဆာင္တယ္လို႔ ပဲျမင္ပါတယ္” လို႔ ဆိုပါတယ္။

လက္ရွိစမ္းသက္ခ်က္မွာ တိုက္ေကြၽးတဲ့ ဖီႏိုဖိုက္ဘရိတ္ေတြ က ထ႐ိုင္ကားကုမၸဏီထုတ္ေဆးေတြျဖစ္ၿပီး ကုသတဲ့ေနရာမွာ သုံးတာျဖစ္လို႔ ကာကြယ္ေဆး အေနနဲ႔ သုံးလို႔မရေလာက္ဘူးလို႔ ဆိုထားပါတယ္။

ဆရာဝန္ၫႊန္ၾကားခ်က္မပါဘဲနဲ႔ မသုံးၾကပါနဲ႔လို႔ တင္းတင္းၾကပ္ၾကပ္ သတိေပးထားပါတယ္လို႔လည္း ေဖာ္ျပထားပါတယ္။

လက္ရွိစမ္းသက္ခ်က္မွာ လူနာ ၁၅ ဦးလုံး ေအာက္စီဂ်င္ မေပးရေတာ့ပဲ ၁၀ ရက္အတြက္ သက္သာသြားတယ္လို႔လည္း ဆိုထားပါတယ္။

REF: UPI
Photo : MPR

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

ေလထဲက ကာဗြန္ေတြကိုစုပ္ဖို့ အစၥေရးက နည္းပညာျမင့္ မိုးပ်ံပူေဖာင္းႀကီးေတြ လႊတ္တင္ဖို့ စီစဥ္ေန
International-news
ေလထဲက ကာဗြန္ေတြကိုစုပ္ဖို့ အစၥေရးက နည္းပညာျမင့္ မိုးပ်ံပူေဖာင္းႀကီးေတြ လႊတ္တင္ဖို့ စီစဥ္ေန

ေလထဲက ကာဗြန္ေတြကိုစုပ္ဖို့ အစၥေရးက နည္းပညာျမင့္ မိုးပ်ံပူေဖာင္းႀကီးေတြ လႊတ္တင္ဖို့ စီစဥ္ေန ေမာင္ယႆ ( နိုဝင္ဘာ ၅ ) ကမၻာႀကီး ပူေႏြးလာေစရန္ လုပ္ေနတဲ့ ကမၻာ့ေလထုအေပၚလြာမွာ ရွိတဲ့ ကာဗြန္ေတြကို စုပ္ယူဖို့အတြက္ နည္းပညာ ျမင့္မိုးပ်ံပူေဖာင္း ႀကီးေတြကို လႊတ္တင္ဖို့ အစၥေရးက စမ္းသက္မွုေတြလုပ္ေနပါတယ္။ ကမၻာ့ေလထုထဲကို ကာဗြန္ေတြကို စုတ္ယူၿပီး ျပန္လည္ အသုံးျပဳလို့ရတဲ့ နည္းပညာတစ္ရပ္ကို တီထြင္နိုင္ၿပီ ျဖစ္ေပမဲ့ စမ္းသက္မွုေတြ လုပ္ရဦးမွာပါ။ ေလာေလာဆယ္ ပထမဦးဆုံး တစ္လုံးကို စမ္းသက္လႊတ္ တင္ထားပါတယ္။ ကမၻာ့ေလထုထဲက ကာဗြန္ဒိုင္ေအာက္ဆိုက္ကို စိုက္ပ်ိဳးေရး စက္မွုလုပ္ငန္းေတြနဲ႔ ႐ုပ္ႂကြင္းေလာင္စာ အသုံးျပဳမွုကေန ထုတ္လႊတ္ေပးလိုက္တာပါ။ လက္ရွိ ကမၻာမွာျဖစ္ေပၚေနတဲ့ ပူေႏြးလာမွုရဲ့ …

သူပုန္ေတြ ခ်ီတက္လာလို့ အီသီယိုပီးယားမွာ အေရးေပၚအေျခအေနေၾကညာ
International-news
သူပုန္ေတြ ခ်ီတက္လာလို့ အီသီယိုပီးယားမွာ အေရးေပၚအေျခအေနေၾကညာ

သူပုန္ေတြ ခ်ီတက္လာလို့ အီသီယိုပီးယားမွာ အေရးေပၚအေျခအေနေၾကညာ ေမာင္ယႆ ( နိုဝင္ဘာ ၃ ) တိုက္ဂေရးေဒသ ေျမာက္ပိုင္းမွာေနတဲ့ သူပုန္ေတြတပ္က ၿမိဳ့ ေတာ္နားအထိ ခ်ီတက္လာတဲ့ အတြက္ တိုင္ျပည္အေရးေပၚအေျခအေန ေၾကညာေၾကာင္း အီသီယိုပီးယား အစိုးရက မေန႔က ေၾကညာလိုက္ပါတယ္။ တိုက္ဂေရးျပည္သူ႔လြတ္ေျမာက္ေရး တပ္ဦး (TPLF) ရဲ့ တပ္ေတြက ၿမိဳ့ေတာ္ အက္ဒစ္အာဘာဒါ ကို သြားတဲ့ လမ္းေၾကာင္းေပၚမွာရွိတဲ့ ဒက္ဆီနဲ႔ ကြန္ေဘာ္ခ်ာၿမိဳ့ေတြကို သိမ္ပိုက္ထားလိုက္ပါၿပီ။ သူပုန္တပ္ေတြ ခ်ီတက္လာၿပီျဖစ္လို့ ၿမိဳ့ေတာ္အနီးတဝိုက္ နဲ႔ ၿမိဳကေတာ္ေန ျပညသူမ်ား ရရာလက္နက္စြဲကိုင္ၿပီး သူပုန္ေတြ ကို ျပန္လည္တိုက္ခိုက္ဖို့ ျပင္ဆင္ၾကပါဆိုၿပီး ဝန္ႀကီးခ်ဳပ္ အာဘီယီအာမက္ က သတိေပးႏွိုးေဆာ္ထားပါတယ္။ …

ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ
International-news
ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ

ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ ရင်ငြိမ်းနွေ ( အောက်တိုဘာ ၂၆ ) အချစ်ဆိုတဲ့အရာဟာ တော်တော်ထူးဆန်းတဲ့အရာပါ။ အသက်အရွယ် ရုပ်ရည် အဆင့်အတန်းတွေကို ကျော်ဖြတ်ပြီး သူချစ်ချင်တဲ့ အရာကိုချစ်အောင် လုပ်ပစ်လိုက်တာချည်းပါပဲ။ ဒီကနေ့ ဂျပန်တော်ဝင်မင်းသမီးမာကို ( ၃၀ နှစ်) က သူမရဲ့ချစ်သူ သာမန်အရပ်သား ကိုင်းကိုမူရိုနဲ့ စည်ပင်ရုံးမှာ လက်ထပ်လိုက်ပါပြီ။ ကိုမူရိုက နယူးယောက်ခ်ဥပဒေကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်တဲ့ဝန်ထမ်းတစ်ယောက်ပါ။ တော်ဝင်မိသားစုဝင် တစ်ဦးဖြစ်တဲ့ မာကိုက အရပ်သားကိုမူရိုကို လက်ထပ်လိုက်တဲ့အတွက်ကြောင့် သူမရဲ့ တော်ဝင်နန်းမွေကို စွန့်လွှတ်လိုက်ရပါတယ်။ ဂျပန်ဘုရင် နာရူဟီတို ရဲ့တူမဖြစ်သူ မင်းသမီးမာကိုက အကြီးဆုံးနန်းမွေခံမင်းသမီး ဖြစ်ပါတယ်။ သူမက နန်းတော်အဆောင်မှူးတွေအကူအညီနဲ့ စည်ပင်ရုံးမှာ လက်ထပ်ခဲ့တာပါ။ …