International-news
Unicode
ကိုလက်စထရောချတဲ့ ဆေးက သားအိမ်ကင်ဆာသမားတွေ အတွက် အကျိုးရှိဟုဆို
ကိုလက်စထရော မြင့်နေတဲ့ သူတွေကို ကိုလက်စထရော ချဖို့အတွက် ဆယ်စုနှစ် များစွာ အသုံးပြုခဲ့တဲ့ စတာတင် ဆိုတဲ့ ဆေးက သားအိမ် ကင်ဆာကြောင့် သေဆုံးရသူ အမျိုးသမီး ဦးရေကို လျှော့ချပေးနိုင်တယ်လို့ လေ့လာမှု အသစ်တစ်ရပ်က ဆိုပါတယ် ။
“အဲ့ဒိ ဆေးက ဈေးချိုတယ် ။ လူနာတွေ အတွက် နာကျင်ကိုက်ခဲမှုကို သက်သာစေတယ် ။ ဒါကြောင့် အဲ့ဒိဆေးကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့ ကြပါတယ် ။ သေချာတာကတော့ သားအိမ် ကင်ဆာကြောင့် သေဆုံးရတဲ့ ဦးရေ နှုန်းကို လျှော့ချပေးနိုင်တာ ကတော့ အမှန်ပါပဲ”လို့ဂျွန်ဟော့ကင်း တက္ကသိုလ်က သုတေသန အဖွဲ့ခေါင်းဆောင် ဒေါက်တာ ကာလာ ဗစ်ဗနန်သမ်က ဆိုတယ် ။ တိတ်တဆိတ် လူသတ်သမားလို့ နာမည်ကြီးတဲ့ သားအိမ်ကင်ဆာ ကို တိုက်ဖျက်ဖို့ဆိုရင် စတာတင်ဆေးက မရှိမဖြစ်လိုအပ်ပါတယ်လို့ သူမက လမ်းညွှန်ခဲ့ပါတယ် ။
အကြောင်းကတော့ သားအိမ်ကင်ဆာရဲ့ပထမပိုင်း အဆင့်တွေက ဘာနာကျင်မှုကိုမှ မပြ ရောဂါလက္ခဏါ မပြတဲ့အတွက် ရောဂါဖြစ်ပြီ လို့ သိလိုက်ရတဲ့အချိန်က ရောဂါရင့်နေပြီး ခွဲစိတ်ရတဲ့အဆင့် ဖြစ်နေပါတယ် ။
သုတေသနကို ဖင်လန်နိုင်ငံ ကင်ဆာမှတ်ပုံတင် ဌာနမှာ မှတ်ပုံတင်ထားတဲ့ သားအိမ်ကင်ဆာ ရောဂါသည် အမျိုးသမီး ၁၀၀၀၀ နဲ့ ပြုလုပ်ခဲ့တာပါ ။ အဲ့ဒိအမျိုးသမီး တွေထဲက ၂၆၀၀ ကို ဆင်ဗာစတာတင် လို လိုဗာ စတာတင်လို ဆေးမျိုးဖြစ်တဲ့ လစ်ပိုဖီလစ် စတာတင်တွေ သုံးပြီး ကိုယ်ခန္တာထဲက အဆီတွေကို ဆေး ၈၀% သုံးပြီး ပျော်စေပါတယ် ။ ဆေးသုံးတဲ့ အမျိုးသမီး အုပ်စုထဲက ၄၀ % ကို အသေအပျောက် လျှော့ချနိုင်ခဲ့ပါတယ် ။ စတာတင် ဆေးမသုံးတဲ့ သားအိမ်ကင်ဆာ အမျိုးသမီတွေထက် တစ်ဝက်လောက် နီးပါး ပိုပြီး အသက်ရှင်ခွင့် ရခဲ့ပါတယ် ။ လစ်ပိုဖိလစ် စတာတင် တွေက ရောဂါသည် အမျိုးသမီးတွေရဲ့ အဆီကို လျှော့ချပေးနိုင်လို့ ရောဂါသက်သာတဲ့ အပြင် ၄၃ % လောက်ကို အသက်ဆက်ခွင့် ရခဲ့ပါတယ် ။
ကင်ဆာအဆင့်မြင့်တဲ့အမျိုးသမီးတွေ ကို ၄၀%လောက် အသက်ရှင်ခွင့်ပေးသလို ကင်ဆာအဆင့်နိမ့်ရင် နှစ်ယောက် မှာတစ်ယောက် အသက်ရှင်ခွင့် ရပါတယ် ။ ဇွန်လ ၂၂ ရက်နေ့က ကျင်းပခဲ့တဲ့ အမေရိကန် ကင်ဆာ သုတေသန အဖွဲ့များ အွန်လိုင်းပေါ်က အစည်းအဝေးမှာ သုတေသနအဖွဲ့ က အဲ့ဒိအချက်ကို တင်ပြခဲ့ပါတယ် ။
“ကျမတို့ရဲ့ တွေ့ရှိမှုက ကင်ဆာရောဂါသည်တွေကို ကုသဖို့အတွက် အထောက်အကူ ရမှာပါ လစ်ပိုဖိလစ် စတာတင် ဆေးက အလွယ်တကူ ရနိုင်တဲ့အတွက် အကျိုးကျေးဇူး အများကြီးရှိပါတယ်”လို့ဒေါက်တာ ကာလာကဆိုပါတယ် ။ လက်ရှိ အနေအထားကတော့ ဆေးရုံတွေမှာ လက်တွေ့ စမ်းသပ် ကုသဖို့အတွက်ပဲ လိုပါတယ် ။ စံနှုန်းတစ်ခုကို သိရှိဖို့အတွက် လက်တွေ့ ကုသမှု ကုထုံးတွေရဲ့ ရလဒ် လိုနေပါသေးတယ် ။ အခြား သုတေသီ တစ်ဦးဖြစ်တဲ့ ဒေါက်တာဗီနာဂျွန်က အဲ့ဒိ သုတေသန ရလဒ်ကို ကောင်းဆုံး သုတေသနလို့ ချီးကျူးခဲ့ပါတယ် ။
မောင်ယဿ REF: upi Photo: UPi
No Comments
Leave a Reply
Your email address will not be published. Required fields are marked *
မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ
International-news
မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ
မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ မလေးရှားနိုင်ငံမှာ ၂၀၁၈ ခုနှစ် နောက်ပိုင်းကနေ စပြီးတော့ စာသင်ကျောင်းတွေမှာ ကျောင်းသား အချင်းချင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်မှုတွေက တဖြည်းဖြည်း တိုးတက်လာပါတယ် ။ အရင်က ကလေးအချင်ချင်းပဲဆို တဲ့စိတ် နဲ့ ဖြေသာကြပေမဲ့ နောက်ပိုင်းမှာ နှိပ်စက်ခံရတဲ့ကလေးတွေက ကျောင်းသွားဖို့ အတွက် ငြင်းဆန် လာကြတဲ့ အခါမှာတော့ ကျောင်းသားမိဘတွေက အဲ့ဒိကိစ္စပေါ်ကို အာရုံစိုက်လာကြပါတယ် ။ ကျောင်းသားအချင်းချင်း ညှင်းပန်းနှိပ်စက်မှုတွေက အမျိုးမျိုးရှိပါတယ် ။ အချို့ သေသွားတဲ့ဖခင်ရဲ့ နာမည်နဲ့ နာမည်ပြောင်ကို လူကြားထဲမှာ ဝိုင်းအော်ခေါ်ပြီး အရှက်ခွဲ တဲ့ ကိစ္စမျိုးကစပြီး အတန်းထဲမှာ ကိုယ်ထိ …
ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား
International-news
ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား
ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား အခြေခံ ဥပဒေကို အပြောင်းအလဲ လုပ်မယ်ဆိုပြီး ရုရှားသမ္မတ ပူတင်က မဲဆန္ဒ ခံယူပွဲလုပ်တဲ့အပေါ်ကို အတိုက်အခံ သမားတွေက ဟာသတစ်ခု လုပ်နေတာလို့ ဝိုင်းပြီး ရှုံ့ ချနေကြပါတယ် ။ မော်စကို စာအုပ်ဆိုင်တွေ စာအုပ်ရောင်းကောင်းအောင်လို့ မူရင်း ဥပဒေစာအုပ်ကို ဟိုနားနည်းပြင် ဒီနားနည်းနည်းပြင်လုပ် အခြေခံ ဥပဒေပြင်ပါတယ်ဆိုပြီး လူကြားကောင်းအောင် လုပ်နေပါတယ်လို့ ဆိုကြတယ် ။ ကွန်မြူနစ်လစ်ဘရာယ် ပြုပြင်ပြောင်းလဲရေး သမားတွေက ကရင်းမလင်း အစိုးရက အသက် ၆၇ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ပူတင်ကို သမ္မတ သက်တမ်းရှည်အောင် လုပ်ဖို့ ကြိုးစားနေတာပါလို့လည်း ဝေဖန် နေကြပါတယ် ။ …
ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ
International-news
ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ
ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ ဂျပန်နိုင်ငံ က ဂျေလိဂ် တတိယတန်းမှာ ကစားနေတဲ့ ဖူကူရှီမား ဘောလုံး အသင်းက ကော်ရိုနာဗိုင်ဗိုင်းရက် ပြန့်နှံ့စဉ် ကာလအတွင်းမှာ ကလပ်အသင်း ပိုင်ရှင်အနေနဲ့ သူတို့ကို ငွေကြေး မပေး နိုင်တော့လို့ အသင်းသားတွေက အသင်း ဆက်လက် တည်မြဲအောင် သီးပင်စားပင်တွေ စိုက်ပျိုးပြီး ဝင်ငွေရှာခဲ့ကြပါတယ် ။ ဂျပန်မှာ ကော်ရိုနာဗိုင်းရက်တွေ စပြန့်လို့ ဖေဖော်ဝါရီလမှာ ကလပ်အသင်း ပြိုင်ပွဲ တွေ ရပ်လိုက် ကတည်းက သူတို့က နယ်ဖက်က သူတိုရဲ့ လေ့ကျင့်ရေး ကွင်းတစ်ဝိုက်မှာ သီးပင်စားပင်တွေနဲ့ အဓိကကတော့ ဟင်းသီးဟင်းရွက် တွေကို …