ကိုရီးယားဆယ္လီ၂ဦး လန္ဒန္ဖက္ရွင္ရႈိးပြဲ တက္ဖို႔ အပိတ္ပင္ခံလိုက္ရ
- By : Kaung Khant
- Category : Cele News

ကိုရီးယားဆယ္လီ၂ဦး လန္ဒန္ဖက္ရွင္ရႈိးပြဲ တက္ဖို႔ အပိတ္ပင္ခံလိုက္ရ
ေတာင္ကိုရီးယားက ဆယ္လီ၂ဦး ျဖစ္တဲ့ six flying dragon ထဲက မင္းသား ယိုအာအင္ နဲ႔ it’s OK that’s love ထဲက မင္းသမီး ေဂါင္ယိုဂ်င္ တို႔ကို လန္ဒန္ၿမိဳ႕မွာ က်င္းပမယ့္ နာမည္ႀကီးဖက္ရွင္ရႈိးပြဲမွာ ပါဝင္ဖို႔ ဖိတ္ေခၚခံရၿပီးမွ ကိုဗစ္-၁၉ ေရာဂါ ျပန႔္ႏွံ႔ကူးစက္မွာစိုးလို႔ တားျမစ္ခံလိုက္ရပါတယ္ ။
ကိုရီးယားဘိုး သတင္းဌာနအဆိုအရ ကိုးရီးယား ဆယ္လီလည္းျဖစ္ ဖက္ရွင္အိုင္ကြန္ေတြလည္းျဖစ္တဲ့ ယိုအာအင္ နဲ႔ ေဂါင္ယိုဂ်င္တို႔က အဲ့ဒီကိစၥနဲ႔ ပတ္သက္ၿပီး ဖက္ရွင္ပြဲစီစဥ္သူေတြကို တရားစြဲဆိုမယ္ဆိုၿပီး သတင္းအမ်ိဳးမ်ိဳးေတြ ထြက္ေနတယ္လို႔ဆိုတယ္ ။
လန္ဒန္ပြဲ ဘားဘယ္ရီ ဇိမ္ခံပစၥည္းဖက္ရွင္ပြဲ စီစဥ္သူေတြက သူတို႔၂ဦး အျပင္ ဖိတ္ေခၚထားတဲ့ ေတာင္ကိုရီးယားက နာမည္ႀကီး အခ်ိဳ႕ နဲ႔ မီဒီယာေတြကိုပါ ပြဲတက္ေရာက္ျခင္းကို ျငင္းပယ္လိုက္ပါတယ္ ။
အဲ့ဒီအျပင္ကို တ႐ုတ္ ေဟာင္ေကာင္ ထိုင္ဝမ္ နဲ႔ ဂ်ပန္ ကဖိတ္ထားတဲ့ နာမည္ႀကီးေတြ အားလုံးကို ပြဲတက္ခြင့္ ျငင္းပယ္လိုက္တဲ့ အတြက္ ျပႆနာက ေတာ္ေတာ္ႀကီးၿပီး တရားစြဲ ဆိုမယ္ ဆိုတဲ့အထိ ျဖစ္လာခဲ့ပါတယ္ ။ ဒါေပမဲ့ မားဘယ္ရီ ၊ ဟိုင္းမက္ခ်္ နဲ႔ ဗီဗီယန္နီ ဝက္စ္ဝု တို႔ရဲ႕ ကုန္အမွတ္တံဆိပ္ ေတြကလြဲလို႔ က်န္တဲ့အာရွ ဆယ္လီေတြရဲ႕ ကုန္အမွတ္တံဆိပ္ေတြနဲ႔ စာနယ္ဇင္းေတြ ကို ပုံမွန္ပါဝင္ေနတဲ့ ေနရာကေန တားျမစ္လိုက္တဲ့ အတြက္ ေပါက္ကြဲကုန္ တာပါ ။
မင္းသားယိုရဲ႕ ယူႏိုက္တက္ အားတစ္စ္ေအဂ်င္စီ ကေတာ့ “ ဘားဘယ္ရီ ပြဲစီစဥ္သူေတြက က်ေနာ္တို႔ကို တားတယ္လို႔ေတာ့ မေျပာပါဘူး ။ သူတို႔ဆီက ကိုယ္စားလွယ္ေတြက လာၿပီးေတာ့ ပြဲကိစၥမွာ ကူးစပ္ေရာဂါ ျပႆနာရွိေနတယ္ ။
ခင္ဗ်ားတို႔ မတက္ခ်င္ မတက္လို႔ ရတယ္လို႔ လာေဆြးေႏြးတယ္ ။ က်ေနာ္တို႔ကလည္း သူတို႔ကို မတက္ေတာ့ပါဘူးလို႔ ျပန္ေျပာလိုက္တာပါ ။ ခင္ဗ်ားတို႔ပဲ စဥ္းစားၾကည့္ၾကပါ ။ ဘယ္ကုန္ပစၥည္း အမွတ္တံဆိပ္မဆို သူတို႔ရဲ႕သံတမန္ေတြကို ပြဲလာမတက္နဲ႔ ေျပာမလားဗ်ာ ။
႐ိုး႐ိုးေလး ေတြးၾကည့္ပါ ” ဆိုၿပီးေတာ့ ခ်က္ျခင္းကို ထုတ္ျပန္မႈ လုပ္ခဲ့ပါတယ္ ။ အဲ့ဒီလို သ႑န္တူ ေၾကညာခ်က္မ်ိဳးကိုလည္း မင္းသမီး ေဂါင္ရဲ႕ မန္ေနဂ်ာကလည္း ထုတ္ျပန္ခဲ့ပါတယ္ ။ သူတို႔က ဖက္ရွင္ရႈိးပြဲကို လာတဲ့သူေတြ ေဘးကင္း လုံၿခဳံေရး အတြက္ အဲ့လို စီစဥ္တာပါလို႔ ဆိုတယ္ ။
ေမာင္ယႆ REF: Msn .com
photo: korea boo
Unicode Version
ကိုရီးယားဆယ်လီ၂ဦး လန်ဒန်ဖက်ရှင်ရှိုးပွဲ တက်ဖို့ အပိတ်ပင်ခံလိုက်ရ
တောင်ကိုရီးယားက ဆယ်လီ၂ဦး ဖြစ်တဲ့ six flying dragon ထဲက မင်းသား ယိုအာအင် နဲ့ it’s OK that’s love ထဲက မင်းသမီး ဂေါင်ယိုဂျင် တို့ကို လန်ဒန်မြို့မှာ ကျင်းပမယ့် နာမည်ကြီးဖက်ရှင်ရှိုးပွဲမှာ ပါဝင်ဖို့ ဖိတ်ခေါ်ခံရပြီးမှ ကိုဗစ်-၁၉ ရောဂါ ပြန့်နှံ့ကူးစက်မှာစိုးလို့ တားမြစ်ခံလိုက်ရပါတယ် ။
ကိုရီးယားဘိုး သတင်းဌာနအဆိုအရ ကိုးရီးယား ဆယ်လီလည်းဖြစ် ဖက်ရှင်အိုင်ကွန်တွေလည်းဖြစ်တဲ့ ယိုအာအင် နဲ့ ဂေါင်ယိုဂျင်တို့က အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး ဖက်ရှင်ပွဲစီစဉ်သူတွေကို တရားစွဲဆိုမယ်ဆိုပြီး သတင်းအမျိုးမျိုးတွေ ထွက်နေတယ်လို့ဆိုတယ် ။
လန်ဒန်ပွဲ ဘားဘယ်ရီ ဇိမ်ခံပစ္စည်းဖက်ရှင်ပွဲ စီစဉ်သူတွေက သူတို့၂ဦး အပြင် ဖိတ်ခေါ်ထားတဲ့ တောင်ကိုရီးယားက နာမည်ကြီး အချို့ နဲ့ မီဒီယာတွေကိုပါ ပွဲတက်ရောက်ခြင်းကို ငြင်းပယ်လိုက်ပါတယ် ။
အဲ့ဒီအပြင်ကို တရုတ် ဟောင်ကောင် ထိုင်ဝမ် နဲ့ ဂျပန် ကဖိတ်ထားတဲ့ နာမည်ကြီးတွေ အားလုံးကို ပွဲတက်ခွင့် ငြင်းပယ်လိုက်တဲ့ အတွက် ပြဿနာက တော်တော်ကြီးပြီး တရားစွဲ ဆိုမယ် ဆိုတဲ့အထိ ဖြစ်လာခဲ့ပါတယ် ။
ဒါပေမဲ့ မားဘယ်ရီ ၊ ဟိုင်းမက်ချ် နဲ့ ဗီဗီယန်နီ ဝက်စ်ဝု တို့ရဲ့ ကုန်အမှတ်တံဆိပ် တွေကလွဲလို့ ကျန်တဲ့အာရှ ဆယ်လီတွေရဲ့ ကုန်အမှတ်တံဆိပ်တွေနဲ့ စာနယ်ဇင်းတွေ ကို ပုံမှန်ပါဝင်နေတဲ့ နေရာကနေ တားမြစ်လိုက်တဲ့ အတွက် ပေါက်ကွဲကုန် တာပါ ။
မင်းသားယိုရဲ့ ယူနိုက်တက် အားတစ်စ်အေဂျင်စီ ကတော့ “ ဘားဘယ်ရီ ပွဲစီစဉ်သူတွေက ကျနော်တို့ကို တားတယ်လို့တော့ မပြောပါဘူး ။ သူတို့ဆီက ကိုယ်စားလှယ်တွေက လာပြီးတော့ ပွဲကိစ္စမှာ ကူးစပ်ရောဂါ ပြဿနာရှိနေတယ် ။
ခင်ဗျားတို့ မတက်ချင် မတက်လို့ ရတယ်လို့ လာဆွေးနွေးတယ် ။ ကျနော်တို့ကလည်း သူတို့ကို မတက်တော့ပါဘူးလို့ ပြန်ပြောလိုက်တာပါ ။ ခင်ဗျားတို့ပဲ စဉ်းစားကြည့်ကြပါ ။
ဘယ်ကုန်ပစ္စည်း အမှတ်တံဆိပ်မဆို သူတို့ရဲ့သံတမန်တွေကို ပွဲလာမတက်နဲ့ ပြောမလားဗျာ ။ ရိုးရိုးလေး တွေးကြည့်ပါ ” ဆိုပြီးတော့ ချက်ခြင်းကို ထုတ်ပြန်မှု လုပ်ခဲ့ပါတယ် ။
အဲ့ဒီလို သဏ္ဍန်တူ ကြေညာချက်မျိုးကိုလည်း မင်းသမီး ဂေါင်ရဲ့ မန်နေဂျာကလည်း ထုတ်ပြန်ခဲ့ပါတယ် ။ သူတို့က ဖက်ရှင်ရှိုးပွဲကို လာတဲ့သူတွေ ဘေးကင်း လုံခြုံရေး အတွက် အဲ့လို စီစဉ်တာပါလို့ ဆိုတယ် ။
မောင်ယဿ REF: Msn .com
photo: korea boo
No Comments