ကိုယ်လက်လှုတ်ရှားပြီးရင် ရေများများသောက် ရှုးများများပေါက်
ကိုယ်လက်လှုတ်ရှားပြီးရင် ရေများများသောက် ရှုးများများပေါက်
International-news
ကိုယ်လက်လှုတ်ရှားပြီးရင် ရေများများသောက် ရှုးများများပေါက်
မောင်ယဿ ( စက်တင်ဘာ ၂၁ )
မနေ့က ထွက်တဲ့ Heart ဂျာနယ်က ဆောင်းပါးတစ်ပုဒ်မှာ ကိုယ်လက်လှုတ်ရှား လုပ်တာက နလုံးကို ကျန်းမာစေတာမှန်ပေမဲ့ နလုံးပေါ်က သွေးကြောတွေဖြစ်တဲ့ ကော်ရိုနရီ သွေးလွှတ်ကြောမှာ ကယ်လ်စီယံတွေ အနည်ကျပြီး ကျန်တတ်တယ်လို့ သိပ္ပံလက်တွေ့ စမ်းသက်ချက်တစ်ခုအရ သိရပါတယ်လို့ ဖော်ပြပါရှိပါတယ်။
ကယ်လ်စီယံ ကခန္တာကိုယ်မှာ လိုတာထက် အများကြီးပိုလာပြီ ဆိုရင်တော့ ခံတွင်းပျက်မယ် ၊ မူးဝေအော့အန် မယ် ၊ ဝမ်းချုပ်မယ်၊ ဗိုက်ကြွက်သားတွေနာမယ် ၊ မောမယ် ၊ နှုံးနေမယ် ၊ ကြွက်သားတွေနာမယ်၊ စိတ်ရှုတ်ထွေးနေတတ်တယ်၊ ပြန်စဉ်းစားရတာခက်တယ်၊ ခေါင်းကိုက်မယ် ၊ စိတ်ကျရောဂါဖြစ်မယ်။
အဲ့ဒါတွေက ကယ်လ်စီယံတွေ အများကြီးပိုနေရင် ခန္တာကိုယ်မှာ ပြတဲ့ လက္ခဏါတွေပါ။ ကျောက်ကပ်မှာ အနည်ကျရင် ကျောက်တည်မယ်။ ကင်ဆာဖြစ်နိုင်တယ်။ ဆေးမတိုးတာတွေ ဖြစ်တတ်တယ်။
ဒါမျိုးဖြစ်စဉ်တွေ က ဖြစ်ခဲတယ်လို့ ဆိုပေမယ့် ဖြစ်နေတာတွေလည်းအများကြီးရှိနေတယ်။ အဲ့တော့ ကယ်လ်စီယံတွေ လျှော့ချင်ရင် ရေများများသောက်ပြီး ဆီးများများ သွားရင် လျှော့ကျသွားမှာပါ။
ကိုယ်လက်လှုတ်ရှား လုပ်ပြီးတဲ့ အချိန်တိုင်း ကော်ရိုနရီ သွေးလွှတ်ကြောတွေမှာ ကယ်လ်စီယံတွေ စုပုံလာပါတယ်။ သိပ္ပံပညာရှင်တွေက ပုံမှန် ကိုယ်လက်လှုတ်ရှား လုပ်တဲ့သူတွေ နဲ့ နလုံးကျန်းမာရေးကို လေ့လာရင် မထင်မှတ်ပဲ အဲ့ဒိအချက်ကိုတွေ့ခဲ့တာပါ။
သူတို့တွေတာက အဲ့လို စုပုံလာနေပေမဲ့လည်း ကိုယ်လက်လှုတ်ရှား လုပ်နေလို့ နလုံးကျန်းမာရေးကောင်းတယ်၊ ကိုယ်အလေးချိန်ထိန်းနိုင်တယ် အဆုတ်အားပိုကောင်းလာတယ်လို့ ဆိုပါတယ်။
“ ဒီလိုသိလိုက်လို့ လေ့ကျင့်ခန်းမလုပ်ရဘူးလို့ ပြောတာမဟုတ်ဘူး ၊ ဒါက သတင်းဆိုး မဟုတ်ပါဘူး ၊ လေ့ကျင့်ခန်းလုပ်တာက ကျန်းမာတဲ့ ဘဝကိုရရှိစေတယ်။
အဲ့ဒိသွေကြောမှာကယ်လ်စီယံတွေ စုပုံလာတာက ပြဿနာအကြီးကြီးမဟုတ်ပါဘူး ၊ အဲ့ဒိသွေးကြောတွေက အောက်စီဂျင် အများဆုံး ယူတဲ့သွေးကြောတွေပါ ၊ ကြောက်စရာမရှိပါဘူး။ ဒီအချက်အလက်ရှိတယ်ဆိုတာကို တင်ပြတာပါ” လို့ ဆောင်းပါရှင် ဒေါက်တာအယ်လစ်ဆီယို ဂယ်လာက ဆိုပါတယ်။
တတ်နိုင်ရင် လေ့ကျင့်ခန်းမလုပ်ခင် ကယ်လ်စီယံပမာဏကိုတိုင်းပြီးလုပ်တာက ပိုကောင်းတယ်လို့ လည်း ဆိုပါတယ်။
REF; Upi,Photo:Credit  upi
Zawgyi
မောင်ယဿ ( စက်တင်ဘာ ၂၁ )
REF; Upi
Photo: upi
No Comments
Leave a Reply
Your email address will not be published. Required fields are marked *
ထိုင်ဝမ်လေပိုင်နက်ထဲကို တရုတ်ဗုံကျဲလေယာဉ်အစင်း ၂၀ကျော် ဝင်လာလို့ မောင်းထုတ်လိုက်ရ
International-news
ထိုင်ဝမ်လေပိုင်နက်ထဲကို တရုတ်ဗုံကျဲလေယာဉ်အစင်း ၂၀ကျော် ဝင်လာလို့ မောင်းထုတ်လိုက်ရ
ထိုင်ဝမ်လေပိုင်နက်ထဲကို တရုတ်ဗုံကျဲလေယာဉ်အစင်း ၂၀ကျော် ဝင်လာလို့ မောင်းထုတ်လိုက်ရ မောင်ယဿ ( အောက်တိုဘာ၂ ) ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ သောကြာနေ့က ထုတ်ပြန်ချက်အရ တရုတ်ဗုံးကျဲလေယာဉ်အစင်း ၂၀ ကျော်က ထိုင်ဝမ်လေပိုင်နက်ထဲကို ကျူးကျော်ဝင်ရောက်လာလို့ အမြန်ဆုံးထွက်ခွာပေးဖို့ သတိပေးလိုက် ရတယ်လို့ သိရပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးရဲ့ အဆို အရ တရုတ်ဗုံးကျဲလေယာဉ်တွေ က အသုတ် ၂ သုတ်ခွဲပြီး ထိုင်ဝမ်လေပိုင်နက်ထဲကို ဝင်လာခဲ့တယ်လို့ သိရပါတယ်။ ပထမအသုတ်က ဗုံးကျဲလေယာဉ် ၂၅ စင်းပါပြီး အဲ့ ဒိလေယာဉ်တွေထဲမှာ နျူကလိယဗုံးတွေတင်တဲ့ လေယာဉ်တွေလည်း ပါပါတယ်။ ဒုတိယအသုတ် လေယာဉ် ၁၃ စင်းပါပြီး ညဖက်မှာဝင်ရောက်လာခဲ့တာလို့ လည်း ဆိုပါတယ်။ အဲ့ဒိလေယာဉ် …
ကယ်လီဖိုးနီးယားက အစိုးရကျောင်းတွေမှာ ကိုဗစ်ကာကွယ်ဆေး လိုနေတယ်လို့ ပြောပြီ
International-news
ကယ်လီဖိုးနီးယားက အစိုးရကျောင်းတွေမှာ ကိုဗစ်ကာကွယ်ဆေး လိုနေတယ်လို့ ပြောပြီ
ကယ်လီဖိုးနီးယားက အစိုးရကျောင်းတွေမှာ ကိုဗစ်ကာကွယ်ဆေး လိုနေတယ်လို့ ပြောပြီ မောင်ယဿ ( အောက်တိုဘာ ၂ ) ကယ်လီဖိုးနီးယား ပြည်နယ်အုပ်ချုပ်ရေးမှူ ဂါဗင်နယူးဆမ်က ပြည်နယ်အတွင်း ရှိ အစိုးရ ကျောင်းတွေမှာ ကျောင်းတက်နေတဲ့ ကျောင်းသူ ၊ကျောင်းသားတွေမှာ ကိုဗစ်ကာကွယ်ဆေးထိုးခွင့်မရဘဲဖြစ်နေတဲ့အတွက် ကာကွယ်ဆေး ထိုးပေးဖို့လိုအပ်နေတဲ့အကြောင်း ဒီကနေ့ လူထုနဲ့ တွေ့ဆုံပွဲမှာ ပြောသွားပါတယ်။ သူက ကလေးတွေကို ကာကွယ်ဆေးထိုးဖို့အတွက် အမေရိကန် အစားအသောက်နဲ့ ဆေးဝါး အာဏါပိုင် အဖွဲ့ (FDA) အနေနဲ့ ခွင့်ပြုသင့်တဲ့ ကိစ္စတွေကို ခွင့်ပြုလို့ရရင် ခွင့်ပြုဖို့ မလိုအပ်ဘဲ နှောင့်နှေးမှု တွေကို မလုပ်ဖို့အတွက် တောင်းဆိုလိုက်ပါတယ်။ အမေရိကားမှာ အခြေခံအဆင့် စာသင်ကျောင်းတွေမှာ ကိုဗစ်ကာကွယ်ဆေး …
အင်္ဂလန်မှာ လောင်စာဆီပြတ်ပြီး ပြဿနာ တက်နေလို့ ဆီသယ်ကားတွေ ကို စစ်တပ်နဲ့ လိုက်စောင့်ရှောက်နေရတယ်
International-news
အင်္ဂလန်မှာ လောင်စာဆီပြတ်ပြီး ပြဿနာ တက်နေလို့ ဆီသယ်ကားတွေ ကို စစ်တပ်နဲ့ လိုက်စောင့်ရှောက်နေရတယ်
အင်္ဂလန်မှာ လောင်စာဆီပြတ်ပြီး ပြဿနာ တက်နေလို့ ဆီသယ်ကားတွေ ကို စစ်တပ်နဲ့ လိုက်စောင့်ရှောက်နေရတယ် မောင်ယဿ ( စက်တင်ဘာ ၂၉ ) ဒီကနေ့ ဘလွန်းဘာဂ် ဝက်ဆိုက် က တက်လာတဲ့ သတင်းထဲမှာ အင်္ဂလန်မှာ လောင်စာဆီတွေ ပြတ်လပ်ပြီး ဆိုင်တွေ မှာ ရောင်းစရာမရှိတော့ ဂတ်စ်ဆိုင်တွေမှာ အလုအယက် တန်းစီပြီး ဝယ်နေရတယ်လို့ ဆိုတယ်။ ယူကေ စီးပွားရေး အတွင်းဝန် ကာဝါစီက တော့ အရေးပေါ် လောင်စာဆီလိုအပ်တဲ့နေရာတွေကို စစ်တပ်အစောင့်အရှောက် နဲ့ ဆီတင်ကားတွေ ကိုပို့လွှတ်နေပါတယ်။ ဆီးကားတွေကို အရပ်သားဒရိုင်ဘာတွေ နဲ့ရောပြီး စစ်သားဒရိုင်ဘာ ၁၅၀ ကို မောင်းခိုင်းထားတယ်လို့ လည်းပြောပါတယ်။ ဆီဆိုင်တွေနဲ့ …