
International-news








မောင်ယဿ

REF:EUronews / Photo;AP

Unicode

ကိုယ့်ကိုယ်ကို မစောင့်ရှောက် နိုင်ရင် အစိုးရစောင့်ရှောက်မယ်

အင်္ဂလန်မှာ ကိုဗစ်-၁၉ ပြန့်နှံ့ မှုကို ထိန်းချုပ်ဖို့အတွက် လူတွေကို သီးခြား ခွဲထားနိုင်ဖို့် အစိုးရအနေနဲ့ ကိုယ့်ကိုယ်ကို မစောင့်ရှောက်နိုင် တဲ့သူတွေ နဲ့ ငွေကြေးချို့တဲ့သူတွေကို အစိုးရအနေနဲ့ စောင့်ရှောက်ထားဖို့ အတွက် အစီအစဉ်တစ်ရပ ်လုပ်ထား ပါတယ်လို့ တနင်္ဂနွေနေ့က ကြေညာလိုက်ပါတယ် ။

ဗြိတိန် အိုးအိမ်အတွင်းဝန် ရော်ဘတ်ဂျန်ရစ် က “ ကျနော်တို့က ရောဂါကိုထိန်းချုပ်ဖို့ဆိုရင် အရင်ဆုံး ဆေးကုသနေရတဲ့ ကိုယ့်ကိုယ်ကို မစောင့်ရှောက်နိုင် တဲ့သူတွေကို အကာအကွယ် အရင်ပေးရပါမယ်။ သူတို့ကို အနည်းဆုံး ၁၂ပတ်လောက် သီးခြားခွဲထားရပါလိမ့်မယ်။ ဒီလူတွေကို ဆေးရုံ ဆေးခန်းမသွား စေပဲ အိမ်မှာ ကုသရတဲ့အစီအစဉ်ကို အရင်လုပ်ပါမယ် ။

အမျိုးသား ကျန်မာရေး ဝန်ဆောင်မှုဌာန က ဦးဆောင်ပြီး လုပ်ပါလိမ့်မယ်။ လက်ရှိက ဆေးရုံ ဆေးခန်းတွေကို သူတို့ သွားပြီးတာနဲ့ နောက်တစ်ပတ်မှာ ကိုဗစ်-၁၉ ရောဂါဖြစ်တော့ တာပါပဲ။ လောလောဆယ်တော့ ရှုတ်ထွေးမှု နည်းနည်းရှိ နေပါတယ် ။ NHS မှာ စာရင်းပေးထားတဲ့ လူနာတွေကို အရင်ဆုံး ကိုင်တွယ်သွား မှာပါ”လို့ ဆိုပါတယ် ။

လက်ရှိက အင်္ဂလန်ကျွန်းမှာက ဆေးရုံ ဆေးခန်းသွားနေရတဲ့သူတွေ တစ်သန်းခွဲ ရှိနေပါတယ်။ အဲ့ဒိလူတွေအားလုံးကို အိမ်မှာထားပြီး အစားအသောက်နဲ့ ဆေးဝါးကုသမှု လိုက်လုပ်ပေးရင် သူတို့ကနေ တစ်ဆင့်ကူးစက်မှု ဖြစ်လာတော့မှာ မဟုတ်တော့ပါဘူး ။ အဲ့ဒိမှာ လူထောင်ပေါင်းများစွာသော အသက်တွေကို ကာကွယ်နိုင်တော့မှာပါ ။ နောက်ပြီး ကိုဗစ်- ၁၉ ရောဂါ လက္ခဏါတွေ့ရှိ တာနဲ့ “တတ်နိုင်သလောက် အိမ်မှာပဲနေကြတာပေါ့ဗျ ာ။

အဲ့ဒါကို တင်းတင်းကြပ်ကြပ် လုပ်ရမှာ ၊ အနည်းဆုံးတစ်ယောက်နဲ့ တစ်ယောက် ၆ပေလောက်အကွာမှာ နေသင့်ပါတယ်။ လက်ရှိမှာက လူတွေက အဲ့ဒါကို လိုက်နာဖို့ပျက်ကွက်နေတယ်။ ကျနော်တို့အကြံပြုတာကို လိုက်နာပေးကြဖို့လိုပါတယ် ။

အရမ်းအရေးကြီးလို့ပါ” လို့ သူက ဆိုတယ်။ “နောက်ပြီးတော့ ကျနော်တို့က နေဝင်မီးငြိမ်းလို စစ်အမိန့် ကာဖြူး ထုတ်ဖို့မလိုဘူးလို့ သုံးသပ်ထားပါတယ် ။ ပြောတာကို မလိုက်နာဘူးဆိုရင်တော့ လူတွေအတွက် တင်းကြပ်တဲ့ အမိန့်တွေကို လုပ်ရပါတော့မယ် ။ စိတ်ထဲမှာ ကျေနပ်တာကတော့ အရက်ဆိုင်တွေ စားသောက်ဆိုင်တွေ က ကျနော်တို့ထုတ်ပြန်တာတွေကို တိတိကျကျ လိုက်နာပေးတဲ့အတွက် ကျေးဇူး တင်ပါတယ်” လို့ လည်း ဆိုပါတယ် ။

မောင်ယဿ

REF:EUronews / Photo;AP

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

နေ့စား အလုပ်သမားမိသားစု တစ်သိန်းအတွက် နေ့စဉ် စားရေးသောက်ရေး ဖြေရှင်းပေမဲ့ အမီတာဘချန်း
International-news
နေ့စား အလုပ်သမားမိသားစု တစ်သိန်းအတွက် နေ့စဉ် စားရေးသောက်ရေး ဖြေရှင်းပေမဲ့ အမီတာဘချန်း

နေ့စား အလုပ်သမားမိသားစု တစ်သိန်းအတွက် နေ့စဉ် စားရေးသောက်ရေး ဖြေရှင်းပေမဲ့ အမီတာဘချန်း အိန္ဒိယမှာ ကော်ရိုနာ ဗိုင်းရက် ပြန့်ပွားနေလို့ တစ်နိုင်ငံလုံး အပြင်မထွက်ရ ကာဖြူး အမိန့်ထုတ်ထားလို့ စားရေး သောက်ရေး ဒုက္ခ ရောက်နေတဲ့ နေ့စား အလုပ်သမား မိသားစု တစ်သိန်းကို တစ်လစာ ရိက္ခာ ထောက်ပံ့ ပေးမယ် လို့ ဘောလီးဝုဒ်က မဟာစတားကြီး အမီတာဘချန်းက ဆိုပါတယ် ။ သူက အိန္ဒိယ တစ်နိုင်ငံလုံးက ရုပ်ရှင်လုပ်ငန်းနဲ့ ပတ်သက်တဲ့ နေ့စားတွေအားလုံးကို ရည်ရွယ်ပြီး လှူဒါန်းမှာဖြစ်ပါတယ် ။ အဲ့ဒိအလှူကို အိန္ဒိယနိုင်ငံ ဆိုနီရုပ်ရှင်လုပ်ငန်းနဲ့ ရတနာ ကုမ္ပဏီ တစ်ခုက ပူးတွဲ စပွန်ဆာပေးထားပါတယ် …

အမေရိကန် တိရစ္ဆာန်ရုံတစ်ခုက ကျားမှာလည်း ကိုဗစ်-၁၉ ရောဂါပိုးရှိနေ
International-news
အမေရိကန် တိရစ္ဆာန်ရုံတစ်ခုက ကျားမှာလည်း ကိုဗစ်-၁၉ ရောဂါပိုးရှိနေ

အမေရိကန် တိရစ္ဆာန်ရုံတစ်ခုက ကျားမှာလည်း ကိုဗစ်-၁၉ ရောဂါပိုးရှိနေ ဧပြီလ ၅ ရက်နေ့က အမေရိကန်က ဘရွန့်ဇ် တိရစ္ဆာန်ရုံ အုပ်ချုပ်ရေးမှူးရဲ့ သတင်း ထုတ်ပြန်ချက်အရ သူတို့ဆီ က ကျားတစ်ကောင်မှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိတယ်လို့ သိရပါတယ် ။ ဘရွန့်ဇ် တိရစ္ဆာန်ရုံမှာ ထားရှိတဲ့ မလေးရှားက ကျား ၂ ကောင်နဲ့ အာဖရိက ခြင်္သေ့ ၃ကောင်တို့က ချောင်း ခြောက်တွေ ဆိုးနေလို့ အုပ်ချုပ်ရေးမှူးက မသကာ င်္ဖြစ်ကာ အဲ့ဒိ အကောင်တွေရဲ့ သလိပ်ကို ရယူကာ အမေရိ ကန် စိုက်ပျိုးရေး ဝန်ကြီးဌာန လက်အောက်ခံ တိရစ္ဆာန် ရောဂါကုဌာနသို့ ပို့ပြီး …

အီတလီ ပြင်သစ် စပိန်မှာ ကိုဗစ်-၁၉ကြောင့် သေဆုံးမှု ကျဆင်းလာ
International-news
အီတလီ ပြင်သစ် စပိန်မှာ ကိုဗစ်-၁၉ကြောင့် သေဆုံးမှု ကျဆင်းလာ

အီတလီ ပြင်သစ် စပိန်မှာ ကိုဗစ်-၁၉ကြောင့် သေဆုံးမှု ကျဆင်းလာ ကိုဗစ်-၁၉ ကူးစက်မှုက ကမ္ဘာတစ်ဝှန်းမှာ ကူးစက်မှုများပြားလာပေမဲ့ အီတလီ ပြင်သစ် နဲ့ စပိန်တို့မှာ ယခင်ကထက် သေဆုံးမှု ဦးရေမှာ တဖြည်းဖြည်း နည်းပါးလာကြောင်းသိရပါတယ်။ world meter.com ရဲ့ တိုင်းတာချက်အရ ကိုဗစ်-၁၉ကြောင့် သေဆုံးသူ ဦးရေ စုစုပေါင်း ၆၉၃၄၆ ဦးရှိရာ အီတလီက ၁၅၈၈၇ ဦး သေဆုံးခဲ့ပြီး သေဆုံးသူအများဆုံး ဖြစ်နေပြီး စပိန်က ၁၂၄၁၈ ဦးသေဆုံးကာ ဒုတိယအများဆုံး ဖြစ်နေပါတယ်။ ပြင်သစ်ကတော့ ၈၀၇၈ဦး သေဆုံးခဲ့ပြီး ကမ္ဘာ့ စတုတ္ထအများဆုံး သေဆုံးသောနိုင်ငံဖြစ်နေပါတယ်။ အမေရိကားက သေဆုံးသူ ဦးရေ ၉၀၀၀ကျော်နေပါတယ်။ …