Entertainment
ကိုယ့်ကိုယ်ကိုပဲ ချစ်တော့မယ်လို့ ဆိုလာတဲ့ ဗီဗီယန်ဆု3
ကိုယ့်ကိုယ်ကိုပဲ ချစ်တော့မယ်လို့ ဆိုလာတဲ့ ဗီဗီယန်ဆု2
မောင်ယဿ REF: Asian one
Photo; fandango
Unicode
ကိုယ့်ကိုယ်ကိုပဲ ချစ်တော့မယ်လို့ ဆိုလာတဲ့ ဗီဗီယန်ဆု
၁၉၉၀ ဝန်းကျင်က ထိုင်ဝမ်နဲ့ ဂျပန်မှာ နာမည်ကြီးခဲ့တဲ့ အဆိုတော် ရုပ်ရှင်မင်းသမီး ဗီဗီယန်ဆုက လင်ပါ သားသမီးတွေနဲ့ ပြဿနာ တက်ပြီး နောက်မှာတော့ စိတ်ဆင်းရဲမှုတွေ ခဝါချပြီး သူများတွေကို လိုက်ချစ်ဖို့ ကြိုးစားမယ့်အစား ကိုယ့်ကိုယ်ကိုပဲ ချစ်တော့မယ်လို့ ဆိုလာပါတယ်။
The Accidient spy တို့ Warriors of the Rainbow ရုပ်ရှင်ကားတွေမှာ ပါတဲ့ မင်းသမီး ဗီဗီယန်က ၂၀၁၄ တုန်းက စီးပွားရေးသမား တစ်ဦးဖြစ်တဲ့ ရှောင်လီ နဲ့ လက်ထပ်ခဲ့ပါတယ်။ လင်ပါ သမီးတွေဖြစ်တဲ့ ရှာရာ ရယ် ကလာရာရယ်တို့နဲ့က အဆင်မပြေ ဖြစ်ခဲ့ပါတယ်။
သူတို့ လင်မယားက သား ဒေါ်တန်ကို ရခဲ့ပါတယ်။ အခုဆိုရင် သားက ၄ နှစ်ထဲ တောင် ရောက်လာခဲ့ပါပြီ။ ထုံးစံအတိုင်း လင်ပါသမီး တွေနဲ့ မိထွေးကြားမှာ ပြဿနာလေးတွေ ရှိခဲ့ပါတယ်။
ယောက်ျား ယူလိုက်တော့ မိသားစု ကိစ္စတွေကြောင့် သူမရဲ့ အသက်မွေးလမ်း ကြောင်းမှု လုပ်ငန်းတွေမှာ အဆက်ပြတ် လာခဲ့တယ်။ “လွန်ခဲ့တဲ့ နှစ်တွေ တုန်းက ဆိုရင် စားသုတ်သုတ် သွားသုတ်သုတ် လုပ်နေရတယ်။
ကိုယ့်ကိုယ်ကိုပဲ ချစ်တော့မယ်လို့ ဆိုလာတဲ့ ဗီဗီယန်ဆု1
ရေဆိုရင်လည်း ခပ်မြန်မြန် ချိုးရတယ်။ တနေကုန် လန်းလန်း ဆန်းဆန်း ဖြစ်နေအောင်လို့ အနည်းဆုံး တစ်ရက်ကို ကော်ဖီ ၂ ခွက် သောက်ရတယ်။ အိမ်အလုပ်တွေ ပြီးချင်တော့ ညဉ့်နက်တဲ့ အထိနေပြီး အလုပ်တွေ လုပ်ရတယ်။
ကလေးရ လာတော့ ပိုဆိုးသွား တယ်။ မိထွေးမို့လို့ ပစ်ထားတယ်ဆိုပြီး အပြောခံရမှာစိုးလို့ လင်ပါသမီးတွေကို ပို ဂရုစိုက် ပြရတယ်။ အဲ့ဒါတွေကြောင့် ကျမ ကျန်းမာရေးတွေ ထိခိုက်လာတယ်။ ဒါကြောင့် ကျမကိုယ် ကျမ ဂရုစိုက်ဖို့အတွက် ကျန်တာတွေကို စွန့် လိုက်ရပါတယ်။
ကိုယ့်ကိုယ်ကို ပို ချစ်ဖို့အတွက် ဆုံးဖြတ်လိုက်တယ်။ အကြောင်းမရှိဘဲ နဲ့ ညဉ့်နက်အောင် မနေဘူး။ စောစော အိပ်တယ်။ စောစော ထတယ်။ ဖြည်းဖြည်း စားတယ်။ ငြိမ်းချမ်းအောင် နေတယ်။ ကော်ဖီကို လျှော့သောက်ဖြစ်တယ်”လို့ ဆိုလာပါတယ်။
အခုတော့ မတ်လ ၃ ရက်နေ့ သူမရဲ့မွေးနေ့ အတွက် မယားပါသမီးတွေက ဆုမွန်ကောင်း တောင်းတဲ့ ပိုစ်ကတ်လေးတွေ ပိုလာပါတယ်။ သူမအတွက် ဂုဏ်ယူတဲ့ အကြောင်းလည်း ရေးပြီး ပို့ပါတယ်။သူတို့ကို အစစ အရာရာ ဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း ပေးပို့ ကြပါတယ်။
မောင်ယဿ REF: Asian one
Photo; fandango
No Comments
Leave a Reply
Your email address will not be published. Required fields are marked *
တွမ်ခရုက ဒူဂါရေးစကော့ကို ဝူဗာရိန်း မလုပ်ခိုင်း
Entertainment
တွမ်ခရုက ဒူဂါရေးစကော့ကို ဝူဗာရိန်း မလုပ်ခိုင်း
တွမ်ခရုက ဒူဂါရေးစကော့ကို ဝူဗာရိန်း မလုပ်ခိုင်း ဝူဗာရိန်းဆိုတာ အမေရိကန် ကာတွန်းစာအုပ်ထဲက လူထူးလူဆန်း တစ်ယောက်ပါ ။ တကယ့်စွမ်းအားတွေ ပိုင်ဆိုင်ထားပြီး သိပ္ပံ ဓာတ်ခွဲခန်း ထဲက ထွက်လာတဲ့ ပါဝါမန်းတွေပါ ။ X-man နဲ့ ဆက်နွယ် နေတဲ့ သိပ္ပံဝတ္ထု ဇာတ်လမ်းတွဲ တွေပါ ။ သူ့ရဲ့ အဓိက ပါဝါက တိုက်ခိုက်ရည် ကောင်းတဲ့ အပြင် ဒဏ်ရာရ လာပါက အလိုအလျောက် ကုသနိုင်တဲ့ စွမ်းရည်ပါပဲ ။ လိုဂန် ဖြစ်တဲ့ ဟတ်ဂျက်မန်းက X-man ဇာတ်လမ်းတွဲ ကို ဆက်မရိုက်နိုင် တော့လို့ မာဘယ်ရုပ်ရှင် ကုမ္ပဏီက ဒူဂါရေး စကော့ကို …
ရည်းစားကို ဗိုက်တစ်လုံးနဲ့ ပစ်ထားလို့ EXOအဖွဲ့က ချန်ကို ပရိသတ်တွေ ပြစ်တင်နေ
Entertainment
ရည်းစားကို ဗိုက်တစ်လုံးနဲ့ ပစ်ထားလို့ EXO အဖွဲ့က ချန်ကို ပရိသတ်တွေ ပြစ်တင်နေ
ရည်းစားကို ဗိုက်တစ်လုံးနဲ့ ပစ်ထားလို့ EXO အဖွဲ့က ချန်ကို ပရိသတ်တွေ ပြစ်တင်နေ လွန်ခဲ့တဲ့ ၂လလောက်က တောင်ကိုရီးယား နဲ့ ကမ္ဘာကျော် ကေပေါ့ ဝိုင်းတစ်ဝိုင်း ဖြစ်တဲ့ EXO အဖွဲ့ဝင် ချန် က သူ့ရည်းစားမှာ ကိုယ်ဝန်ရ နေပြီလို့ ကြေညာပြီးနောက် မှာတော့ ပရိသက်က သူ့ကို တော်တော် ဒေါသထွက်နေပါတယ်။ ချန်ဆိုတာက EXO အဖွဲ့မှာ အချမ်းသာဆုံး ရပ်ပါ သီချင်းရေးသူ ထုတ်လုပ်သူ သရုပ်ဆောင် မော်ဒယ် တစ်ယောက်ပါ။ ၂၀၀၈ က မော်ဒယ်ပြိုင်ပွဲတစ်ခုမှာ ဒုတိယရခဲ့စဉ်က SM ဖျော်ဖြေရေး ကုမ္ပဏီ က သူကိုသဘောကျပြီး လေ့ကျင့်ပေးခဲ့ရင်းက သူက …
ဘောလီးဝုဒ်နဲ့ တောင်ပိုင်း ရုပ်ရှင်တွေကြား ခွဲခြားဆက်ဆံမှုတွေရှိ နေတယ်လို့ ဆို
Entertainment
ဘောလီးဝုဒ်နဲ့ တောင်ပိုင်း ရုပ်ရှင်တွေကြား ခွဲခြားဆက်ဆံမှုတွေရှိ နေတယ်လို့ ဆို
ဘောလီးဝုဒ်နဲ့ တောင်ပိုင်း ရုပ်ရှင်တွေကြား ခွဲခြားဆက်ဆံမှုတွေရှိ နေတယ်လို့ ဆို အိန္ဒိယမှာ တောင်ပိုင်းရုပ်ရှင် ဖျော်ဖြေရေးလုပ်ငန်းတွေက ဘောလီးဝုဒ်လောက် အရေးမပါဘူးလို့ လူတွေက ဘာကြောင့် ပြောနေရလဲဆိုတာကို ကျမဖြင့် စဉ်းစားလို့ မရပါဘူး လို့ ရှရူတီဟာဆန်က ပြောပါတယ်။ သူမကတော့ ဘောလီဝုဒ်ကို မရောက်ခင် ကတည်းက တမီးလ် တလူဂူး ဟင်ဒီ စကားပြောရုပ်ရှင် လောကမှာ နောက်ခံတေးသီးချင်း အဆိုတော် ရုပ်ရှင်မင်းသမီး အဖြစ်နဲ့ ကျင်လည်ခဲ့သူပါ။ သူမက အိန္ဒိယ တစ်နိုင်ငံလုံးက ရုပ်ရှင် လောကတွေ ကျင်လည်လာပြီး နောက်မှာတော့ တောင်ပိုင်းရုပ်ရှင်လုပ်ငန်းတွေနဲ့ ဘောလီးဝုဒ်က ရုပ်ရှင်လုပ်ငန်းတွေက ဘာမှ ကွာခြားချက် မရှိ ပါဘူးလို့ ဆိုပါတယ်။ “အနုပညာရှင်တစ်ယောက်အနေနဲ့ …