ကိုဗစ်-၁၉ ရောဂါပိုး ဒုတိယအကြိမ် ကူးစက်ခံရတယ်လို့ ထင်ရတဲ့ လူကို ပထမဆုံးတွေ့ရှိ

ကိုဗစ်-၁၉ ရောဂါပိုး ဒုတိယအကြိမ် ကူးစက်ခံရတယ်လို့ ထင်ရတဲ့ လူကို ပထမဆုံးတွေ့ရှိ
International-news

ကိုဗစ်-၁၉ ရောဂါပိုး ဒုတိယအကြိမ် ကူးစက်ခံရတယ်လို့ ထင်ရတဲ့ လူကို ပထမဆုံးတွေ့ရှိ

အမေရိကန်မှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ ၆သန်းကို ကျန်းမာရေးဝန်ကြီး ဌာနက ဆက်လက်လေ့လာ ကြည့်ရှု့နေရာ နီဗားဒါး ပြည်နယ်က အသက်၂၅နှစ်အရွယ် အမျိုးသား တစ်ယောက်မှာ ကိုဗစ်-၁၉ ဗိုင်းရက် ဒုတိယအကြိမ် ကူးစက်ခံရတာကို တွေ့ ရှိခဲ့ပါတယ်။ လေ့လာ တွေ့ရှိရသမျှ ထဲမှာတော့ အဲ့ဒိဖြစ်စဉ်က ပထမဆုံး ဒုတိယအကြိမ် ကူးစက်ခံရတဲ့ ဖြစ်စဉ် ဖြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က နီးဗားဒါပြည်နယ် အများပြည်သူ ကျန်းမာရေး စောင့်ရှောက်မှု ဓာတ်ခွဲခန်းက ဧပြီလ အတွင်းမှာ ဗိုင်းရက် ကူးစက်ခံရတဲ့ သူရဲ့သလိပ် ဆေးစစ်ချက် အဖြေမှာ ပိုးတွေ့ရှိ ဆိုတဲ့ ရလဒ် ထွက်နေကြာင်း အစီရင်ခံစာ တင်ခဲ့ပါတယ်။

ကိုဗစ်-၁၉ ရောဂါပိုး ဒုတိယအကြိမ် ကူးစက်ခံရတယ်လို့ ထင်ရတဲ့ လူကို ပထမဆုံးတွေ့ရှိ1

အဲ့ဒိ အမျိုးသားက ဧပြီလအတွင်းမှာ ရောဂါပိုး တွေ့လို့ ကုသမှုတွေကို လုပ်ပြီးနောက် ၂ကြိမ်တိတိ ဆေးစစ်ရာ ရောဂါပိုး မတွေ့ရှိခဲ့တော့ပါ။ အဲဒိနောက်မှာ သူ က တစ်လကျော် နေပြန် ကောင်း ခဲ့ပါတယ်။ ၎င်းနောက်မှာတော့ မေလအတွင်းမှာ ရောဂါပိုး ထပ်မံ ကူးစက် ခံခဲ့ရပါတယ်။

သုတေသီတွေက သူ့ရဲ့ ကူးစက်ခံရမှုကို အကြိမ်ကြိမ် လေ့လာခဲ့ပေမဲ့ ကိုဗစ်-၁၉ ဗိုင်းရက်ရဲ့ ရှုတ်ထွေးတဲ့ သဘော သဘာဝတွေကြောင့် ချက်ခြင်း အဖြေ မပေးနိုင်ခဲ့ကြပါဘူး။

ထွန်းသွားတဲ့ မျိုးရိုး ဗီဇကြောင့်လား၊ မျိုးစိတ်တစ်ခုတည်;မှာပဲ ဗီဇဆိုင်ရာ သင်္ကေတွေ ကွဲပြားသွားခြင်းကြောင့်လား၊ ဗိုင်းရက်ကြောင့် ဖြစ်တဲ့ အဖျားလက္ခဏါတွေ အကုန်လုံးတူညီရဲ့သားနဲ့ လက်ခံကောင် လူသားရဲ့ ကိုယ်တွင်းမှာ ပေါက်ပွားမှု ပုံစံကြောင့်လား ၊

ကိုဗစ်-၁၉ ရောဂါပိုး ဒုတိယအကြိမ် ကူးစက်ခံရတယ်လို့ ထင်ရတဲ့ လူကို ပထမဆုံးတွေ့ရှိ2

လက်ခံကောင်ရဲ့ ကိုယ်ထဲမှာပဲ ဗိုင်းရက် တစ်မျိုးထဲမှာပဲ နောက်ထပ် မျိုးစိတ်သစ်တွေ ထပ်ပြီး ဖြစ်ပေါ် လာတာကြောင့်လား ဆိုတဲ့ လားပေါင်း များစွာနဲ့ ကြာနေခဲ့ပြီး သတင်ထုတ်ပြန်မှု နောက်ကျ နေခဲ့ပါတယ်။

နီဗားဒါးက လူရဲ့ ဒုတိယအကြိမ် ကူးစက်မှု သတင်း ထွက်ပေါ်လာ ပြီးနောက်မှာတော့ ၃၃နှစ်အရွယ် ဟောင်ကောင်သား တစ်ဦးကလည်း ပထမအကြိမ် ကူးစက်ခံရပြီး ၁၄၂ ရက်အကြာမှာ ဒုတိယအကြိမ် ကူးစက်မှု ဖြစ်ပေါ်နေတယ်လို့ သတင်း ထွက်ပေါ် လာပါတယ်။

အမေရိကန်မှာ လူ ၆သန်းလောက် ရောဂါပိုး ကူးစက်ခံရပြီး လူ ၂သိန်းလောက် သေဆုံးမှု ဖြစ်ပေါ်နေပါတယ်။ ဒါပေမဲ့ အမေရိကန်က ဘားပိုင်ရှင်တွေ နဲ့ စားသောက်ဆိုင် ပိုင်ရှင်တွေက ကာလရှည်ကြာစွာ ဆိုင်တွေ ပိတ်ထားရခြင်းအပေါ် အစိုးရအား စိတ်မရှည်ဖြစ်ကာ ဆန္ဒပြ လာကြပါပြီ။

ကိုဗစ်-၁၉ ရောဂါပိုး ဒုတိယအကြိမ် ကူးစက်ခံရတယ်လို့ ထင်ရတဲ့ လူကို ပထမဆုံးတွေ့ရှိ3

ရောဂါကူးစက်မှုက အမေရိကန် လူဦးရေရဲ့ ၂%ကျော် ဖြစ်လာနေတာက စီပွားရေးသမားတွေအတွက် အကျပ်အတည်း ဖြစ်စေပါတယ်။ ပြည်နယ် အစိုးရတွေကို ပြည်သူတွေက ဆိုင်တွေပြန်ဖွင့်နိုင်အောင် ဖိအားပေး တောင်းဆိုမှုတွေ လုပ်လာပါပြီ။ အဲ့ဒိအချိန်မှာပဲ ကိုဗစ်-၁၉ က ဒုတိယအကြိမ် ကူးစက်မှု ပြန်ဖြစ်နိုင်တယ် ဆိုတဲ့ သတင်းက အချိန်ကိုက် ထွက်ပေါ် လာခဲ့ပါတယ်။

မောင်ယဿ, REF: UPI, Photo: UPI

Zawgyi












No Comments

Leave a Reply

Your email address will not be published. Required fields are marked *

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ
International-news
အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ ထိုင်းနိုင်ငံက နန်သာဘူရီ ခရိုင်မှာ ဖြစ်သွားတဲ့ အဖြစ်အပျက်ပါ။ ၁၈နှစ်အရွယ် ဆီရာပေါ့ လို့ ခေါ်တဲ့ တက္ကသိုလ် ကျောင်းသားလေးက ဗိုက်နာလွန်းလို့ ရေအိမ်ထဲ ပြေးထိုင်ပြီး အိမ်သာတက်တာ သူ့ရဲ့ ငယ်ပါကို အကောင်တစ်ကောင် ကိုက်တယ်ထင်လို့ အော်ပြီး ထလိုက်တဲ့ အချိန်မှာတော့ သူ့ရဲ့ ငယ်ပါကို စပါးကြီးတစ်ကောင်က ကိုက်ခဲထားတာကို တွေ့ လိုက်ရပါတယ်။ သူက အလန်တကြားအော်ပြီး မြွေကို ခါချနေတဲ့ အချိန်မှာ မိသားစုက အပြေးအလွှား ရောက်လာပြီး မြွေကို ဖြုတ်ချပြီး သူ့ကို ဆေးရုံ အမြန်ပို့လိုက်ရပါတယ်။ ဖြစ်စဉ်က ဒီဖက်ခေတ်လူငယ်တွေရဲ့ ဖြစ်စဉ်အတိုင်းပါပဲ။ ဆီရာပေါ့က …

အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ
International-news
အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ

အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ လွန်ခဲ့ တဲ့ ၆ရက်က အက်စထရာဇန်နီကာ ဆေးကုမ္ပဏီက စေတနာ့ဝန်ထမ်း ကာကွယ်ဆေး စမ်းသပ်ခံ ၅ သောင်းကို ဆေးထိုးပေးနေရာ တစ်ယောက် ဖျားသွားတဲ့အတွက် သူတို့ရဲ့ စမ်းသပ်ဆေး ထိုးမှုကို ရပ်တန့်လိုက်ပြီး ကာကွယ်ဆေးကို ပြန်လည် စစ်ဆေးမှု လုပ်ပြီးနောက်မှာတော့ ဒီကနေ့ မှာ သူတို့ရဲ့ စမ်းသပ်ဆေး ထိုးမှုကို ပြန်လည် စတင်လိုက်ပြီလို့ သိရပါတယ်။ အင်္ဂလန် အောက်စဖို့ဒ် တက္ကသိုလ် ဆေးကျောင်းနဲ့ ဆွီဒင်ဆေးထုတ်လုပ်ရေး ကုမ္ပဏီ အက်စထရာဇန်နီကာ တို့ ပူးပေါင်းပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး ထုတ်လုပ်တဲ့ နေရာမှာ နောက်ဆုံး အဆင့်ဖြစ်တဲ့ လူအစုအဖွဲ့ …

ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ်
International-news
ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ်

ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ် ပြီးခဲ့တဲ့လက လက်ဘနွန်နိုင်ငံ ဘေရွတ် ဆိပ်ကမ်းမှာ ဓာတုဗေဒ ဂိုထောင်တစ်လုံးရဲ့ ကြောက်စရာကောင်းတဲ့ ပေါက်ကွဲ မှုကြီးကြောင့် လူရာနဲ့ချီပြီ သေဆုံးခဲ့တဲ့ ဖြစ်စဉ်ကြောင့် တစ်ကမ္ဘာ့ လုံး ထိတ်လန့် တုန်လှုပ်ခဲ့ ရပါတယ်။ ပေါက်ကွဲမှု ဗီဒီယိုဖိုင် ကို ကြည့်ရတာကလည်း တကယ်တုန်လှုပ်စရာ ကောင်းပါတယ်။ နျူကလိယ ဗုံး မှားပေါက်ကွဲ သလားအောက်မေ့ ရပါတယ်။ အခုလည်း ဂျော်ဒန်နိုင်ငံက စစ်လက်နက်တိုက် တစ်ခုပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။ သောကြာနေ့ကပါ။ အဲ့ဒိ ပေါက်ကွဲမှုကြောင့်ဖြစ်လာတဲ့ မီးလုံးကြီးက မိုင်ပေါင်း များစွာကတောင် မြင်တွေ့ ရပါတယ်။ သောကြာနေ့ မနက်စောစောပိုင်း အချိန်မှာ ကြီးမားတဲ့ ပေါက်ကွဲသံကြီး က …