ကိုဗစ်-၁၉ ပိုး ရှိသူတွေ အတွက် အပန်းဖြေဖို့ ကမ်းခြေတစ်ခု ဖွင့်လှစ်

ကိုဗစ်-၁၉ ပိုး ရှိသူတွေ အတွက် အပန်းဖြေဖို့ ကမ်းခြေတစ်ခု ဖွင့်လှစ်
International-news

ကိုဗစ်-၁၉ ပိုး ရှိသူတွေ အတွက် အပန်းဖြေဖို့ ကမ်းခြေတစ်ခု ဖွင့်လှစ်

ကိုဗစ်-၁၉ ရောဂါပိုး ရှိသူတွေ အပန်းဖြေ အနားယူဖို့ အတွက် ဘရာဇီနိုင်ငံက အလွန်လှတဲ့ ကျွန်းတွေ ပါဝင်တဲ့ ကမ်းခြေ တစ်ခုကို အစိုးရ ဖွင့်လှစ် ပေးလိုက်ပါတယ်။ ကမ္ဘာလှည့်ခရီးသည်တွေမှာ ကိုဗစ်ရောဂါပိုး ကူးစက် ခံထားရလည်း လာရောက် လှည်ပတ်နိုင်တဲ့ နေရာတစ်ခုကို ဖန်တီး ပေးလိုက်တာပဲ ဖြစ်ပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါ ပြန့်နှံ့ တဲ့ ကာလဖြစ်တဲ့ မတ်လကတည်းက ပိတ်ထားတဲ့ ဖာနန်ဒိုဒယ်နောရွန်ဟာ ကျွန်းစုမှာ မီးတောင်ကျွန်း ၂၁ခု ပါဝင် ပါတယ်။ အဲ့ဒိ ကျွန်းစုတွေက ပါနန်ဘူကို ပြည်နယ်ထဲမှာ တည်ရှိပါတယ်။ မီးတောင်ကျွန်းတွေ ဖြစ်လို့ သဘာဝရှု့ခင်း တွေက အလွန်လှပါတယ်။

ကိုဗစ်-၁၉ ပိုး ရှိသူတွေ အတွက် အပန်းဖြေဖို့ ကမ်းခြေတစ်ခု ဖွင့်လှစ်1

ကမ္ဘာလှည့် ခရီးသည်တွေကို ဆွဲဆောင်မှု ကောင်းတဲ့ နေရာဖြစ်လို့ ဘရာဇီးအစိုးရက ပြည်တွင်းပြည်ပ ကိုဗစ်ရောဂါ ကူးစက် ခံထားရတဲ့ ခရီးသည်တွေ အတွက် သီးခြား အစီအစဉ်သစ် တစ်ခုအဖြစ် လုပ်ပေး ထားတာပါ။

ပြည်နယ် အုပ်ချုပ်ရေးမှူးဖြစ်တဲ့ ရိုချာက အဲ့ဒိ ကျွန်းစုတွေကို လာရောက် လည်ပတ်သူတွေအတွက် အချက်အလက် တွေကို အွန်လိုင်းကနေ ရှာဖွေနိုင်ပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရကြောင်း ကျန်းမာရေး ဌာနရဲ့ ထောက်ခံချက် လိုပါတယ်လို့ ဆိုပါတယ်။

ကိုဗစ်-၁၉ ပိုး ရှိသူတွေ အတွက် အပန်းဖြေဖို့ ကမ်းခြေတစ်ခု ဖွင့်လှစ်2

အနည်းဆုံး ရက်၂၀ အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံ ထားရတဲ့သူ ဒါမှမဟုတ် ကိုဗစ်-၁၉ ရောဂါပိုး မတိုးတဲ့ သူတွေ မှန်သမျှ လာရောက် လည်ပတ်လို့ ရပါတယ် လို့လည်း သူက ဆိုပါတယ်။ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကတော့ ကိုဗစ်-၁၉ ရောဂါ ကူးစက် ခံရပြီးနောက် နောက်တစ်ကြိမ် ကူးစက်မှု ခံရနိုင် မရနိုင် ကတော့ မသေချာသေးပါဘူးလို့ ဆိုထားပါတယ်။

ဒါပေမဲ့ ဘရာဇီး အစိုးရက ပျက်စီးနေတဲ့ တိုင်းပြည် စီးပွားရေးကို ဖြစ်တဲ့နည်း နဲ့ ပြန်ဖွင့်နိုင်ဖို့အတွက် ဖြစ်နိုင်တဲ့ နည်းလမ်းတွေကို ရှာဖွေ စဉ်းစား နေပါတယ်။ တကယ်လို့ ဒီကမ်းခြေ ဖွင့်တဲ့အစီအစဉ် အောင်မြင်ခဲ့ရင် နောက်ထပ် နည်းလမ်းတွေအဖြစ် ပိတ်ထားတဲ့ စက်ရုံတွေကို ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရတဲ့ လုပ်သားတွေနဲ့ ပြန်လည် လည်ပတ်ခိုင်းမှာ ဖြစ်ပါတယ်။

ကိုဗစ်-၁၉ ပိုး ရှိသူတွေ အတွက် အပန်းဖြေဖို့ ကမ်းခြေတစ်ခု ဖွင့်လှစ်3

ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရတဲ့ လူအဖွဲ့အစည်းကို သီးခြား တည်ဆောက်ပြီး အလုပ်အကိုင်အခွင့်အလမ်းတွေ စီးပွားရေး လုပ်ငန်းတွေကို ပြန်လည် လုပ်ဆောင်မှာ ဖြစ်ပါတယ်။

ဘရာဇီးနိုင်ငံမှာ ကိုဗစ်ရောဂါပိုး ကူးစက် ခံထားရသူ ၃သန်းကျော် ရှိနေပြီး ရောဂါ ဖြစ်ပွားသူ ၈သိန်းကျော် ရှိကာ သေဆုံးသူ ၁သိန်းကျေ ာ်ရှိနေပါတယ်။

ကိုဗစ်-၁၉ ပိုး ရှိသူတွေ အတွက် အပန်းဖြေဖို့ ကမ်းခြေတစ်ခု ဖွင့်လှစ်4

မောင်ယဿ, REF: UPI, Photo: UPi

Zawgyi











No Comments

Leave a Reply

Your email address will not be published. Required fields are marked *

လေထဲက ကာဗွန်တွေကိုစုပ်ဖို့ အစ္စရေးက နည်းပညာမြင့် မိုးပျံပူဖောင်းကြီးတွေ လွှတ်တင်ဖို့ စီစဉ်နေ
International-news
လေထဲက ကာဗွန်တွေကိုစုပ်ဖို့ အစ္စရေးက နည်းပညာမြင့် မိုးပျံပူဖောင်းကြီးတွေ လွှတ်တင်ဖို့ စီစဉ်နေ

လေထဲက ကာဗွန်တွေကိုစုပ်ဖို့ အစ္စရေးက နည်းပညာမြင့် မိုးပျံပူဖောင်းကြီးတွေ လွှတ်တင်ဖို့ စီစဉ်နေ မောင်ယဿ ( နိုဝင်ဘာ ၅ ) ကမ္ဘာကြီး ပူနွေးလာစေရန် လုပ်နေတဲ့ ကမ္ဘာ့လေထုအပေါ်လွာမှာ ရှိတဲ့ ကာဗွန်တွေကို စုပ်ယူဖို့အတွက် နည်းပညာ မြင့်မိုးပျံပူဖောင်း ကြီးတွေကို လွှတ်တင်ဖို့ အစ္စရေးက စမ်းသက်မှုတွေလုပ်နေပါတယ်။ ကမ္ဘာ့လေထုထဲကို ကာဗွန်တွေကို စုတ်ယူပြီး ပြန်လည် အသုံးပြုလို့ရတဲ့ နည်းပညာတစ်ရပ်ကို တီထွင်နိုင်ပြီ ဖြစ်ပေမဲ့ စမ်းသက်မှုတွေ လုပ်ရဦးမှာပါ။ လောလောဆယ် ပထမဦးဆုံး တစ်လုံးကို စမ်းသက်လွှတ် တင်ထားပါတယ်။ ကမ္ဘာ့လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုက်ကို စိုက်ပျိုးရေး စက်မှုလုပ်ငန်းတွေနဲ့ ရုပ်ကြွင်းလောင်စာ အသုံးပြုမှုကနေ ထုတ်လွှတ်ပေးလိုက်တာပါ။ လက်ရှိ ကမ္ဘာမှာဖြစ်ပေါ်နေတဲ့ ပူနွေးလာမှုရဲ့ …

သူပုန်တွေ ချီတက်လာလို့ အီသီယိုပီးယားမှာ အရေးပေါ်အခြေအနေကြေညာ
International-news
သူပုန်တွေ ချီတက်လာလို့ အီသီယိုပီးယားမှာ အရေးပေါ်အခြေအနေကြေညာ

သူပုန်တွေ ချီတက်လာလို့ အီသီယိုပီးယားမှာ အရေးပေါ်အခြေအနေကြေညာ မောင်ယဿ ( နိုဝင်ဘာ ၃ ) တိုက်ဂရေးဒေသ မြောက်ပိုင်းမှာနေတဲ့ သူပုန်တွေတပ်က မြို့ တော်နားအထိ ချီတက်လာတဲ့ အတွက် တိုင်ပြည်အရေးပေါ်အခြေအနေ ကြေညာကြောင်း အီသီယိုပီးယား အစိုးရက မနေ့က ကြေညာလိုက်ပါတယ်။ တိုက်ဂရေးပြည်သူ့လွတ်မြောက်ရေး တပ်ဦး (TPLF) ရဲ့ တပ်တွေက မြို့တော် အက်ဒစ်အာဘာဒါ ကို သွားတဲ့ လမ်းကြောင်းပေါ်မှာရှိတဲ့ ဒက်ဆီနဲ့ ကွန်ဘော်ချာမြို့တွေကို သိမ်ပိုက်ထားလိုက်ပါပြီ။ သူပုန်တပ်တွေ ချီတက်လာပြီဖြစ်လို့ မြို့တော်အနီးတဝိုက် နဲ့ မြိုကတော်နေ ပြညသူများ ရရာလက်နက်စွဲကိုင်ပြီး သူပုန်တွေ ကို ပြန်လည်တိုက်ခိုက်ဖို့ ပြင်ဆင်ကြပါဆိုပြီး ဝန်ကြီးချုပ် အာဘီယီအာမက် က သတိပေးနှိုးဆော်ထားပါတယ်။ …

ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ
International-news
ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ

ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ ရင်ငြိမ်းနွေ ( အောက်တိုဘာ ၂၆ ) အချစ်ဆိုတဲ့အရာဟာ တော်တော်ထူးဆန်းတဲ့အရာပါ။ အသက်အရွယ် ရုပ်ရည် အဆင့်အတန်းတွေကို ကျော်ဖြတ်ပြီး သူချစ်ချင်တဲ့ အရာကိုချစ်အောင် လုပ်ပစ်လိုက်တာချည်းပါပဲ။ ဒီကနေ့ ဂျပန်တော်ဝင်မင်းသမီးမာကို ( ၃၀ နှစ်) က သူမရဲ့ချစ်သူ သာမန်အရပ်သား ကိုင်းကိုမူရိုနဲ့ စည်ပင်ရုံးမှာ လက်ထပ်လိုက်ပါပြီ။ ကိုမူရိုက နယူးယောက်ခ်ဥပဒေကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်တဲ့ဝန်ထမ်းတစ်ယောက်ပါ။ တော်ဝင်မိသားစုဝင် တစ်ဦးဖြစ်တဲ့ မာကိုက အရပ်သားကိုမူရိုကို လက်ထပ်လိုက်တဲ့အတွက်ကြောင့် သူမရဲ့ တော်ဝင်နန်းမွေကို စွန့်လွှတ်လိုက်ရပါတယ်။ ဂျပန်ဘုရင် နာရူဟီတို ရဲ့တူမဖြစ်သူ မင်းသမီးမာကိုက အကြီးဆုံးနန်းမွေခံမင်းသမီး ဖြစ်ပါတယ်။ သူမက နန်းတော်အဆောင်မှူးတွေအကူအညီနဲ့ စည်ပင်ရုံးမှာ လက်ထပ်ခဲ့တာပါ။ …