ကိုဗစ်-၁၉ ဆိုတာ စိတ်ရောဂါတစ်မျိုးလို့ ပြောခဲ့တဲ့ သမ္မတ ရောဂါဖြစ်ပြီး ပြန်ပျောက်

International-news

ကိုဗစ်-၁၉ ဆိုတာ စိတ်ရောဂါတစ်မျိုးလို့ ပြောခဲ့တဲ့ သမ္မတ ရောဂါဖြစ်ပြီး ပြန်ပျောက်

ဘီလာရု သမ္မတ အလက်ဇန်ဒါး လူကာရှန်ကို က သူ့မှာ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရပြီးနောက် ဘာရောဂါလက္ခဏါမှ မခံစားရဘဲ ပျောက်ကင်းသွားပြီလို့ ဆိုတာကို အစိုးရပိုင် သတင်းအေဂျင်စီ ဘယ်လ်တာက အင်္ဂါနေ့က ထုတ်လွှင့်သွားပါတယ်။ သူက အိမ်သုံးဆေးနဲ့တင် ပျောက်သွားတဲ့အတွက် ကိုဗစ်-၁၉ကြောင့် သူ့နိုင်ငံကို ပိတ်ချဖို့ မလုပ်ခဲ့ဘူးလို့ ဆိုပါတယ်။

ကိုဗစ်-၁၉ ဆိုတာ စိတ်ရောဂါတစ်မျိုးလို့ ပြောခဲ့တဲ့ သမ္မတ ရောဂါဖြစ်ပြီး ပြန်ပျောက်1

“ကျနော်ပြောခဲ့တဲ့ စကားတွေအတွက် တောင်းပန်ပါတယ်။ နောက်ဆုံးတော့ ခင်ဗျားတို့ကိုပြောစရာတွေ အများကြီး ရှိလာတာပါပဲ။ အခုခင်ဗျားတို့ ရှေ့မှာ မတ်ရပ်နေတဲ့ လူက ကိုဗစ်-၁၉ရောဂါပိုး ကူးစက်ခံ ထားရတဲ့သူပါ။ သူက ခင်ဗျားတို့နိုင်ငံကို ဦးဆောင်ဖို့အတွက် သူ့ရဲ့စွမ်းအားတွေကို အသုံးချနေပါတယ်။ အံ့အားသင့်စရာ မကောင်းဘူးလားဗျာ။

ဆရာဝန်တွေက မနေ့ကတော့ သူတို့ရဲ့ သုံးသက်ချက်ကို ပြောသွားပါတယ်။ ကျနော်က ရောဂါလက္ခဏါမပြတဲ့သူလို့ ဆိုသွားကြတယ်ဗျာ”လို့ ဘီလာရု စစ်အခြေစိုက် စခန်းတစ်ခုကို သွားရောက်လည်ပတ်ရင်း စစ်ရေးပြ အခမ်းအနားမှာပြော သွားပါတယ်။

“ ကျနော်လိုပဲ ကျနော်နိုင်ငံက ပြည်သူ ၉၇% က ကိုဗစ်-၁၉ ရောဂါမတိုး တဲ့ လူတွေ ဖြစ်နေတယ်။ အဲ့ဒိလို ရောဂါလက္ခဏါ မပြတဲ့ ပြည်သူတွေကို အုပ်ချုပ်ခွင့်ရတာ ဘုရားသခင်ကို ပဲ ကျေးဇူးတင်ရမှာပါပဲ”လို့လည်း ဆိုသွားပါတယ်။

အမေရိကန်ရောဂါထိန်ချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာရဲ့ ခန်းမှန်းတွက်ချက်မှုအရ ကိုဗစ်ရောဂါကူးစက်ခံရသူ ၄၀% လောက်က ထူးထူးခြားခြား ရောဂါလက္ခဏါမပြဘဲ သာမန်ဆေးဝါနဲ့တင် ပျောက်ကင်း သွားတယ်လို့ သိရပါတယ်။ လူကာရှန်ကိုကတော့ “ကျနော်တို့က ဗိုင်းရက်တွေနဲ့ ပဲ နေသွားကြရမှာပါ”လို့ ဆိုပါတယ်။

သူက ရောဂါ စဖြစ်ကတည်းက ဒီရောဂါက လူအဖွဲ့အစည်း ထဲကို သွတ်သွင်းလာတဲ့ စိတ်ရောဂါတစ်မျိုးပါလို့ ဆိုခဲ့ပြီး ဗိုင်းရက်ကို သတ်ဖို့အတွက် ကျနော်တို့ရဲ့ တိုင်ရင်းရိုးရာအရက် သောက်ရင်သောက် မသောက်ချင်ရင် ဗော့ကာ အရက်ကို သောက်လိုက်ပါ။

ဒါက သာမာန်နှာချေး ချောင်းဆိုရောဂါ တစ်ခုပါလို့လည်း ပြောခဲ့ပါတယ်။ အဲ့လိုပြောတာနဲ့ ပတ်သက်ပြီး သူ့ကို ဆေးပညာရှင်တွေ တော်တော်များများက ဝိုင်းဝေဖန်ခဲ့ကြပါတယ်။

ကိုဗစ်-၁၉ ဆိုတာ စိတ်ရောဂါတစ်မျိုးလို့ ပြောခဲ့တဲ့ သမ္မတ ရောဂါဖြစ်ပြီး ပြန်ပျောက်2

၁၉၉၄ခုနှစ် ကတည်းက ဘီလာရုသမ္မတ လုပ်လာခဲ့တဲ့ ကော်ရိုနာဗိုင်းရက်ကပ်ရောဂါ ကာလအတွင်းမှာ လူကာရှန်ကိုက ပြည်သူလူထုနဲ့ ထိတွေ့ မှု မပျက်ခဲ့ပါဘူး။ မေလတုန်းကလည်း နှစ်စဉ်လုပ်နေတဲ့ စစ်တပ် အခမ်းအနားနဲ့ စစ်ရေးပြပွဲတွေကို လုပ်ခဲ့တဲ့အပြင် ဝန်ကြီး အစည်းအဝေးတွေ အစိုးရ အစည်းအဝေး တွေကို လူချင်းတွေ့ပြီး လုပ်ခဲ့ပါတယ်။

ကပ်ရောဂါ ကာလအတွင်းမှာ ဟော်ကီ ကစားမပြတ်ခဲ့ပါဘူး။ ဘီလာရုမှာ လူဦးရေ ၁၀သန်းနီးပါးလောက် ရှိပြီး ရောဂါဖြစ်သူ ၆သောင်းကျော် ရှိကာ ၅၃၄ဦး သေဆုံးခဲ့ပါတယ်။

မောင်ယဿ REF: CNN, Photo; yahoo news

Zawgyi



ကိုဗစ်-၁၉ ဆိုတာ စိတ်ရောဂါတစ်မျိုးလို့ ပြောခဲ့တဲ့ သမ္မတ ရောဂါဖြစ်ပြီး ပြန်ပျောက်3










No Comments

Leave a Reply

Your email address will not be published. Required fields are marked *

International-news
အွန်လိုင်းပေါ်က စော်ကားမှုတွေကို လျှော့ချပေးဖို့အတွက် ရှေ့နေချုပ်က ဖေ့စ်ဘုတ်ကို တောင်းဆို

အွန်လိုင်းပေါ်က စော်ကားမှုတွေကို လျှော့ချပေးဖို့အတွက် ရှေ့နေချုပ်က ဖေ့စ်ဘုတ်ကို တောင်းဆို အမေရိကန်က ပြည်နယ်ရှေ့နေချုပ် ၃၀လောက်က ဖေ့စ်ဘုတ်ပေါ်က အမုန်းစကားတွေ သတင်းလွဲတွေ သတင်းမှားတွေ နဲ့ ရာဇဝတ်မှုတွေကို လျော့ချပေးမဲ့ ပြုပြင် ပြောင်းလဲမှုတွေကို လုပ်ဖို့အတွက် တောင်းဆို လိုက်တဲ့အပြင် စော်ကားခံနေရတဲ့ လိုင်းသုံးဖို့ရာ ကြောက်နေရတဲ့ သားကောင်တွေ အတွက် အားပေး ကူညီနိုင်တဲ့ အစီအစဉ်တွေကို လုပ်ဖို့လည်း ညွှန်ကြားလိုက်ပါတယ်။ ဒီနှစ်ပိုင်းတွေမှာ အွန်လိုင်းပေါ်မှာ တိုးတက်လာတဲ့ အမုန်းစကားတွေ နဲ့ လူအဖွဲ့အစည်းကို အနှောက်အယှက် ဖြစ်စေတဲ့ အပြုအမှုတွေကို တတ်နိုင်သလောက် လျှော့ချပေးဖို့အတွက် တောင်းဆိုတဲ့ ပြည်နယ် ၂၀ကျော်က ရှေ့နေချုပ်တွေ လက်မှတ်ရေးထိုးထားတဲ့ စာတစ်စောင်ကို ဖေ့စ်ဘုတ် အမှူဆောင်အရာရှိချုပ် …

International-news
ဘေရွတ် ပေါက်ကွဲမှု ဆိပ်ကမ်းအာဏါပိုင်တွေကို နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီးထား

ဘေရွတ် ပေါက်ကွဲမှု ဆိပ်ကမ်းအာဏါပိုင်တွေကို နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီးထား လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ ရေပေါ်ဆိပ်ကမ်းက ဂိုထောင်ထဲမှာ ထားရှိတဲ့ ဓာတုပစ္စည်တွေ ပေါက်ကွဲမှုကြီး ဖြစ်ပြီး နောက်မှာတော့ ဆိပ်ကမ်း အာဏါပိုင်တွေကို နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းထားတယ်လို့ သိရပါတယ်။ ကယ်ဆယ်ရေး လုပ်သားတွေရဲ့ မှတ်တမ်းအရ သေဆုံးသူ ၁၃၅ယောက် ရှိနေပြီး လူ ၅၀၀၀ကျော် ဒဏ်ရာရကာ လူ၃သိန်း ကျော် အိုးမဲ့ အိမ်မဲ့ ဖြစ်သွားစေခဲ့တဲ့ ပေါက်ကွဲမှုကြီးနဲ့ ပတ်သက်လို့ အစိုးရပိုင်းက အထက်တန်းလွှာတွေကို အကာအကွယ် ပေးနေတယ်လို့ အရပ်သားတွေက ယူဆတဲ့အတွက် အားလုံး မကျေမနပ် ဖြစ်နေကြ ပါတယ်။ ဒီလို ပေါက်ကွဲကြီးက မဖြစ်သင့်ဘဲ ဖြစ်ရတယ်လို့ အရပ်သားတွေက …

International-news
စစ်ဖြစ်ခဲ့တဲ့ မြေတွေကို ထွန်ယက်စိုက်ပျိုးဖို့ တောင်သူလယ်သမားတွေကို ရောင်း

စစ်ဖြစ်ခဲ့တဲ့ မြေတွေကို ထွန်ယက်စိုက်ပျိုးဖို့ တောင်သူလယ်သမားတွေကို ရောင်း တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယား ၂နိုင်ငံ နယ်ခြားက စစ်ဖြစ်ခဲ့တဲ့ တောင်ကိုရီးယားပိုင် မြေတွေကို ဆယ်စုနှစ် တော်တော်ကြာ ဝင်ရောက် ကျူးကျော် စိုက်ပျိုးနေတဲ့ ဒေသခံလယ်သမားတွေကို တောင်ကိုရီးယား အစိုးရက အကွက်ရိုက်ပြီး ရောင်းချနေပါတယ်။ အစိုးရ အေဂျင်စီတစ်ခုဖြစ်တဲ့ အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေးနဲ့ ပြည်သူ့အခွင့်အရေး ကော်မရှင်က ဂမ်ဝမ်းပြည်နယ် ယန်ဂူခရိုင်မှာ ရှိတဲ့ မြေဧက ၂၃၇၀ကို ကျူးကျော် ဝင်ရောက်စိုက်ပျိုးနေတဲ့ ဒေသခံ လယ်သမားတွေကို တရားဝင် ဖြစ်စေဖို့အတွက် ခုံသမာဓိစီရင် ဆုံးဖြတ်ချက်ဆိုင်ရာ အဆိုပြုချက် အသစ်တစ်ရပ် ရေးဆွဲကာ ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ ၁၉၅၃ခုနှစ် ကိုရီးယားစစ်ကာလအတွင်းက မြောက်ကိုရီးယားတပ်တွေနဲ့ …