ကိုဗစ်-၁၉ ကြောင့် ကမ္ဘာ့စားနပ်ရိက္ခာ ပြတ်လပ်နိုင်

ကိုဗစ္-၁၉ ေၾကာင့္ ကမာၻ႔စားနပ္ရိကၡာ ျပတ္လပ္ႏိုင္
International-news

ကိုဗစ်-၁၉ ကြောင့် ကမ္ဘာ့စားနပ်ရိက္ခာ ပြတ်လပ်နိုင်

ကုလသမဂ္ဂရဲ့ အဆိုအရ တစ်ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာ ဖူလုံမှုကို အချက်အခြာကျတဲ့ ကိစ္စ၄ရပ်နဲ့ သုံးသပ်ထားပါတယ်။ ရရှိနိုင်မှု ၊ လက်လှမ်းမီမှု၊ အသုံချနိုင်မှုနဲ့ တည်ငြိမ်မှု တွေပဲဖြစ်ပါတယ်။ လက်ရှိမှာ ကိုဗစ်-၁၉ ကြောင့် ကမ္ဘာ့စီးပွားရေး အရှိန်လျှော့ကျမှုဟာ အဲ့ဒိအချက် ၄ချက်လုံး ကို ထိခိုက်လာနေပြီလို့ သုတေသန စစ်တမ်းတစ်ခုက ဖော်ပြခဲ့ပါတယ်။

ကိုဗစ္-၁၉ ေၾကာင့္ ကမာၻ႔စားနပ္ရိကၡာ ျပတ္လပ္ႏိုင္1

ကြာသပတေးနေ့က ထုတ်ဝေတဲ့ သိပ္ပံဂျာနယ်ရဲ့ စာတမ်းတစ်စောင်မှာ အပြည်ပြည်ဆိုင်ရာ စားနပ်ရိက္ခာ လေ့လာရေး ပေါ်လစီ သုတေသန ဌာနမှ လေ့လာသုံးသပ်သူများက ကော်ရိုနာဗိုင်းရက် ကပ်ရောဂါက ကမ္ဘာ့စားနပ်ရိက္ခာ ဖူလုံမှုကို အားနည်းသွားစေနိုင်တဲ့ အချက်အလက်တွေကို အသေးစိတ် ဖော်ပြခဲ့ပါတယ်။

ကိုဗစ်-၁၉ ရောဂါပိုး ပြန့်နှံ့မှုကို ထိန်းချုပ်ဖို့အတွက် တစ်ကမ္ဘာလုံးမှာ နေရာတော်တော်များများကို လော့ခ်ဒေါင်းတွေ ချပစ်လိုက်ခြင်းက လုပ်သားဈေးကွက်ကို ထိခိုက်ခဲ့တဲ့အပြင် စားသောက်ကုန် ထုတ်လုပ်ခြင်းနဲ့ စိုက်ပျိုးရေးနယ်ပယ်မှာ ထိခိုက်မှုတွေ ရှိခဲ့ပါတယ်။ ဝယ်လိုအားနဲ့ ရောင်းလိုအားပေါ်ကိုလည်း တိုက်ရိုက် ထိခိုက်မှုတွေ ဖြစ်ခဲ့ပါတယ်။

လုံလောက်တဲ့ လုပ်သားအင်အားကို မရတော့တဲ့အတွက် စိုက်ပျိုးရေး လုပ်ငန်းပေါ်က အရေးကြီးတဲ့ စိုက်ပျိုးခြင်းနဲ့ ရိတ်သိမ်းခြင်းဆိုင်ရာ ကွန်ယက်တစ်ခုလုံး ပျက်စီးသွားခဲ့ရပါတယ်။

အလုပ်မရှိတဲ့ သူတွေကလည်း သူတို့ မိသားစုတွေအတွက် စားနပ်ရိက္ခာတွေကို အိမ်မှာဝယ်ယူ သိမ်းဆည်းထား ခြင်းတွေကို ပိုမိုပြုလုပ်လာတဲ့ အတွက်ကြောင့် ဈေးကွက်အတွင်းမှာ လိုအပ်ချက်တွေ မြင့်တက်လာပါတယ်။ ဝင်ငွေ ကျဆင်းလာတာရယ် ကုန်စည် ရှားပါးလာတာတွေ က ကိုဗစ်-၁၉ ကပေးတဲ့ အဓိက ပြဿနာပါပဲ။

ကိုဗစ္-၁၉ ေၾကာင့္ ကမာၻ႔စားနပ္ရိကၡာ ျပတ္လပ္ႏိုင္2

အလွန်ဆင်းရဲတဲ့လူတွေမှာ သူတို့ဝင်ငွေရဲ့ ၇၀% က စားရေးသောက်ရေးအတွက် သုံးနေရတဲ့ သူတွေဖြစ်လို့ စားနပ်ရိက္ခာ မလုံလောက်မှု ဖြစ်လာရင် သူတို့တွေကို အရင်ဆုံး ထိခိုက်လာနိုင်ဖွယ်ရာ ရှိနေပါတယ်။

အာဖရိကနဲ့ တောင်အာရှက လူသန်း၁၅၀ လောက်က စားနပ်ရိက္ခ ာမလုံလောက်မှုကို ခံစားရ ဖွယ်ရာ ရှိနေပါတယ်။ ပုံမှန်အားဖြင့် စားနပ်ရိက္ခာရှားပါလာခြင်းက အာဟာရမညီညွတ်မှုနဲ့ အပြည့်အဝ မရရှိမှုတွေကို ကြုံတွေ့ရတော့မှာပါ။

ဒါကြောင့် စိုက်ပျိုးမြေ ဖြစ်ထွန်းတဲ့ နိုင်ငံတွေက အဲ့ဒီဖြစ်လာနိုင်စရာရှိတဲ့ ကွက်လပ်တွေကို အမြန်ပြန်ပြီး ဖြည့်စွမ်းနိုင်မှသာ ကမ္ဘာ့ စားနပ်ရိက္ခာကိစ္စက ပြေလည်ဖွယ်ရာ ရှိနေနိုင်ပါတယ်လို့ တင်ပြသွား ပါတယ်။

မောင်ယဿ, REF: UPI, Photo: UPI

Zawgyi

ကိုဗစ္-၁၉ ေၾကာင့္ ကမာၻ႔စားနပ္ရိကၡာ ျပတ္လပ္ႏိုင္

ကုလသမဂၢရဲ႕ အဆိုအရ တစ္ကမာၻလုံးဆိုင္ရာ စားနပ္ရိကၡာ ဖူလုံမႈကို အခ်က္အျခာက်တဲ့ ကိစၥ၄ရပ္နဲ႔ သုံးသပ္ထားပါတယ္။ ရရွိႏိုင္မႈ ၊ လက္လွမ္းမီမႈ၊ အသုံခ်ႏိုင္မႈနဲ႔ တည္ၿငိမ္မႈ ေတြပဲျဖစ္ပါတယ္။ လက္ရွိမွာ ကိုဗစ္-၁၉ ေၾကာင့္ ကမာၻ႔စီးပြားေရး အရွိန္ေလွ်ာ့က်မႈဟာ အဲ့ဒိအခ်က္ ၄ခ်က္လုံး ကို ထိခိုက္လာေနၿပီလို႔ သုေတသန စစ္တမ္းတစ္ခုက ေဖာ္ျပခဲ့ပါတယ္။

ကိုဗစ္-၁၉ ေၾကာင့္ ကမာၻ႔စားနပ္ရိကၡာ ျပတ္လပ္ႏိုင္3

ၾကာသပေတးေန႔က ထုတ္ေဝတဲ့ သိပၸံဂ်ာနယ္ရဲ႕ စာတမ္းတစ္ေစာင္မွာ အျပည္ျပည္ဆိုင္ရာ စားနပ္ရိကၡာ ေလ့လာေရး ေပၚလစီ သုေတသန ဌာနမွ ေလ့လာသုံးသပ္သူမ်ားက ေကာ္႐ိုနာဗိုင္းရက္ ကပ္ေရာဂါက ကမာၻ႔စားနပ္ရိကၡာ ဖူလုံမႈကို အားနည္းသြားေစႏိုင္တဲ့ အခ်က္အလက္ေတြကို အေသးစိတ္ ေဖာ္ျပခဲ့ပါတယ္။

ကိုဗစ္-၁၉ ေရာဂါပိုး ျပန႔္ႏွံ႔မႈကို ထိန္းခ်ဳပ္ဖို႔အတြက္ တစ္ကမာၻလုံးမွာ ေနရာေတာ္ေတာ္မ်ားမ်ားကို ေလာ့ခ္ေဒါင္းေတြ ခ်ပစ္လိုက္ျခင္းက လုပ္သားေဈးကြက္ကို ထိခိုက္ခဲ့တဲ့အျပင္ စားေသာက္ကုန္ ထုတ္လုပ္ျခင္းနဲ႔ စိုက္ပ်ိဳးေရးနယ္ပယ္မွာ ထိခိုက္မႈေတြ ရွိခဲ့ပါတယ္။ ဝယ္လိုအားနဲ႔ ေရာင္းလိုအားေပၚကိုလည္း တိုက္႐ိုက္ ထိခိုက္မႈေတြ ျဖစ္ခဲ့ပါတယ္။

လုံေလာက္တဲ့ လုပ္သားအင္အားကို မရေတာ့တဲ့အတြက္ စိုက္ပ်ိဳးေရး လုပ္ငန္းေပၚက အေရးႀကီးတဲ့ စိုက္ပ်ိဳးျခင္းနဲ႔ ရိတ္သိမ္းျခင္းဆိုင္ရာ ကြန္ယက္တစ္ခုလုံး ပ်က္စီးသြားခဲ့ရပါတယ္။

အလုပ္မရွိတဲ့ သူေတြကလည္း သူတို႔ မိသားစုေတြအတြက္ စားနပ္ရိကၡာေတြကို အိမ္မွာဝယ္ယူ သိမ္းဆည္းထား ျခင္းေတြကို ပိုမိုျပဳလုပ္လာတဲ့ အတြက္ေၾကာင့္ ေဈးကြက္အတြင္းမွာ လိုအပ္ခ်က္ေတြ ျမင့္တက္လာပါတယ္။ ဝင္ေငြ က်ဆင္းလာတာရယ္ ကုန္စည္ ရွားပါးလာတာေတြ က ကိုဗစ္-၁၉ ကေပးတဲ့ အဓိက ျပႆနာပါပဲ။

ကိုဗစ္-၁၉ ေၾကာင့္ ကမာၻ႔စားနပ္ရိကၡာ ျပတ္လပ္ႏိုင္4

အလြန္ဆင္းရဲတဲ့လူေတြမွာ သူတို႔ဝင္ေငြရဲ႕ ၇၀% က စားေရးေသာက္ေရးအတြက္ သုံးေနရတဲ့ သူေတြျဖစ္လို႔ စားနပ္ရိကၡာ မလုံေလာက္မႈ ျဖစ္လာရင္ သူတို႔ေတြကို အရင္ဆုံး ထိခိုက္လာႏိုင္ဖြယ္ရာ ရွိေနပါတယ္။

အာဖရိကနဲ႔ ေတာင္အာရွက လူသန္း၁၅၀ ေလာက္က စားနပ္ရိကၡ ာမလုံေလာက္မႈကို ခံစားရ ဖြယ္ရာ ရွိေနပါတယ္။ ပုံမွန္အားျဖင့္ စားနပ္ရိကၡာရွားပါလာျခင္းက အာဟာရမညီၫြတ္မႈနဲ႔ အျပည့္အဝ မရရွိမႈေတြကို ႀကဳံေတြ႕ရေတာ့မွာပါ။

ဒါေၾကာင့္ စိုက္ပ်ိဳးေျမ ျဖစ္ထြန္းတဲ့ ႏိုင္ငံေတြက အဲ့ဒီျဖစ္လာႏိုင္စရာရွိတဲ့ ကြက္လပ္ေတြကို အျမန္ျပန္ၿပီး ျဖည့္စြမ္းႏိုင္မွသာ ကမာၻ႔ စားနပ္ရိကၡာကိစၥက ေျပလည္ဖြယ္ရာ ရွိေနႏိုင္ပါတယ္လို႔ တင္ျပသြား ပါတယ္။

ေမာင္ယႆ, REF: UPI, Photo: UPI

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ
International-news
အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ ထိုင်းနိုင်ငံက နန်သာဘူရီ ခရိုင်မှာ ဖြစ်သွားတဲ့ အဖြစ်အပျက်ပါ။ ၁၈နှစ်အရွယ် ဆီရာပေါ့ လို့ ခေါ်တဲ့ တက္ကသိုလ် ကျောင်းသားလေးက ဗိုက်နာလွန်းလို့ ရေအိမ်ထဲ ပြေးထိုင်ပြီး အိမ်သာတက်တာ သူ့ရဲ့ ငယ်ပါကို အကောင်တစ်ကောင် ကိုက်တယ်ထင်လို့ အော်ပြီး ထလိုက်တဲ့ အချိန်မှာတော့ သူ့ရဲ့ ငယ်ပါကို စပါးကြီးတစ်ကောင်က ကိုက်ခဲထားတာကို တွေ့ လိုက်ရပါတယ်။ သူက အလန်တကြားအော်ပြီး မြွေကို ခါချနေတဲ့ အချိန်မှာ မိသားစုက အပြေးအလွှား ရောက်လာပြီး မြွေကို ဖြုတ်ချပြီး သူ့ကို ဆေးရုံ အမြန်ပို့လိုက်ရပါတယ်။ ဖြစ်စဉ်က ဒီဖက်ခေတ်လူငယ်တွေရဲ့ ဖြစ်စဉ်အတိုင်းပါပဲ။ ဆီရာပေါ့က …

အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ
International-news
အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ

အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ လွန်ခဲ့ တဲ့ ၆ရက်က အက်စထရာဇန်နီကာ ဆေးကုမ္ပဏီက စေတနာ့ဝန်ထမ်း ကာကွယ်ဆေး စမ်းသပ်ခံ ၅ သောင်းကို ဆေးထိုးပေးနေရာ တစ်ယောက် ဖျားသွားတဲ့အတွက် သူတို့ရဲ့ စမ်းသပ်ဆေး ထိုးမှုကို ရပ်တန့်လိုက်ပြီး ကာကွယ်ဆေးကို ပြန်လည် စစ်ဆေးမှု လုပ်ပြီးနောက်မှာတော့ ဒီကနေ့ မှာ သူတို့ရဲ့ စမ်းသပ်ဆေး ထိုးမှုကို ပြန်လည် စတင်လိုက်ပြီလို့ သိရပါတယ်။ အင်္ဂလန် အောက်စဖို့ဒ် တက္ကသိုလ် ဆေးကျောင်းနဲ့ ဆွီဒင်ဆေးထုတ်လုပ်ရေး ကုမ္ပဏီ အက်စထရာဇန်နီကာ တို့ ပူးပေါင်းပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး ထုတ်လုပ်တဲ့ နေရာမှာ နောက်ဆုံး အဆင့်ဖြစ်တဲ့ လူအစုအဖွဲ့ …

ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ်
International-news
ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ်

ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ် ပြီးခဲ့တဲ့လက လက်ဘနွန်နိုင်ငံ ဘေရွတ် ဆိပ်ကမ်းမှာ ဓာတုဗေဒ ဂိုထောင်တစ်လုံးရဲ့ ကြောက်စရာကောင်းတဲ့ ပေါက်ကွဲ မှုကြီးကြောင့် လူရာနဲ့ချီပြီ သေဆုံးခဲ့တဲ့ ဖြစ်စဉ်ကြောင့် တစ်ကမ္ဘာ့ လုံး ထိတ်လန့် တုန်လှုပ်ခဲ့ ရပါတယ်။ ပေါက်ကွဲမှု ဗီဒီယိုဖိုင် ကို ကြည့်ရတာကလည်း တကယ်တုန်လှုပ်စရာ ကောင်းပါတယ်။ နျူကလိယ ဗုံး မှားပေါက်ကွဲ သလားအောက်မေ့ ရပါတယ်။ အခုလည်း ဂျော်ဒန်နိုင်ငံက စစ်လက်နက်တိုက် တစ်ခုပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။ သောကြာနေ့ကပါ။ အဲ့ဒိ ပေါက်ကွဲမှုကြောင့်ဖြစ်လာတဲ့ မီးလုံးကြီးက မိုင်ပေါင်း များစွာကတောင် မြင်တွေ့ ရပါတယ်။ သောကြာနေ့ မနက်စောစောပိုင်း အချိန်မှာ ကြီးမားတဲ့ ပေါက်ကွဲသံကြီး က …