ကိုဗစ်-၁၉ ကာကွယ်တဲ့ လက်ကောက်ဆိုပြီး ရောင်းတဲ့အမျိုးသမီး ဖမ်းဆီးခံရ …

International-news

Unicode

ကိုဗစ်-၁၉ ကာကွယ်တဲ့ လက်ကောက်ဆိုပြီး ရောင်းတဲ့အမျိုးသမီး ဖမ်းဆီးခံရ …

ကိုဗစ်-၁၉ ကာလအထဲမှာ လူတွေက စီးပွားရေး အကျပ်အတည်းတွေ ရှိနေတဲ့ကြားက လိမ်တဲ့သူတွေကလည်း တစ်နည်း မဟုတ်တစ်နည်းနဲ့ လိမ်လည်ပြီး ပိုက်ဆံရှာဖို့ ကြိုးစားနေကြပါတယ် ။ အွန်လိုင်းပေါ်မှာ ဆိုရင် အဆိုးဆုံးကို ဖြစ်နေပါတယ် ။

ကိုဗစ်-၁၉ ကာကွယ်တဲ့ လက်ကောက်ဆိုပြီး ရောင်းတဲ့အမျိုးသမီး ဖမ်းဆီးခံရ1

မသိနားမလည်တဲ့လူတွေ ရိုးသားတဲ့သူတွေ အားနာတတ်တဲ့ လူတွေက အဲ့ဒိလှည့်ဖျားတတ်တဲ့လူတွေရဲ့ သားကောင် ဖြစ်ရရှာပါတယ် ။ ဒါအပြင် သတင်းတု သတင်းယောင်တွေ နဲ့ လူတွေကို ဖမ်းစားဖို့ ကြိုးစားနေတာကလည်း ပါပါသေးတယ် ။

ကမ္ဘာမီးလောင် သားကောင်ချနင်းဆိုတဲ့ စကားလိုပဲ မလေးရှားက အမျိုးသမီးတစ်ယောက်က ကိုဗစ် ကာကွယ်ရေး လက်ကောက်ဆိုပြီး ကိုယ့်လူမျိုး အချင်းချင်း ဂျင်း ပြန်ထည့်တဲ့ အလုပ်ကို ရဲတွေက အချိန်မီသိလို့ ဖမ်းဆီးလိုက်ရပါတယ် ။

အွန်လိုင်း ရဲတွေက ဖေစ့်ဘုတ်ပေါ်မှာ အမျိုးသမီးတစ်ယောက် ကိုဗစ်ကာကွယ်ရေး လက်ကောက် ရောင်းနေတယ် ဆိုတဲ့ အကြောင်းကို သိလိုက်ရတဲ့ အချိန်မှာ အကောင့်ပိုင်ရှင်ကို အသည်းအသန် ရှာဖွေခဲ့ကြပါတယ် ။ အဲ့ဒိနောက် သူမကို ဖမ်းဆီး အရေးယူပြီး နောက်မှာတော့ တရားရုံးက ဒဏ်ငွေ ၅၀၀၀၀ ချမှတ်လိုက်ပါတယ် ။

ကိုဗစ်-၁၉ ကာကွယ်တဲ့ လက်ကောက်ဆိုပြီး ရောင်းတဲ့အမျိုးသမီး ဖမ်းဆီးခံရ2

ပြည်တွင်း ကုန်သွယ်ရေးနဲ့ စားသုံးသူ တရားမျှတမှုရှိရေး အဖွဲ့ မှ ပြောခွင့်ရသူက ဆိုရှယ်မီဒီယာပေါ်မှာ ကိုဗစ်ရောဂါ ကာကွယ်နိုင်တဲ့ အစွမ်းရှိတဲ့ လက်ကောက်တစ်မျိုးကို ရောင်းချနေတယ်ဆိုတာကို သတင်းထွက်နေတာ တော်တော်ကြာပါပြီ ။

အွန်လိုင်းကနေ မှာပြီး ဝယ်ယူနေကြတာပါ ။ လက်ကောက်တစ်ကွင်းကို ရင်းဂစ် ၅၈၀ နဲ့ ရောင်းချနေတာပါ ။ အဲ့ဒါနဲ့ ရဲကိုခေါ်ပြီး တော့ အဲ့ဒိကွင်း အရောင်းအေးဂျင့်ကိုသွားပြီး ပစ္စည်းတွေကို ဖမ်းယူ သိမ်းဆည်းကာ ပိုင်ရှင်ကို ဒဏ်ရိုက်ခဲ့တာပါ လို့ဆိုတယ် ။

အဲ့လိုပစ္စည်းအတုတွေကို ရောင်းချတာက မလေးရှားနိုင်ငံက ၁၉၉၉ စာသုံးသူ ကာကွယ်ရေး ဥပဒေ ပုဒ်မ၁၀(က) နဲ့ ငြိစွန်းနေတဲ့အတွက် ဖမ်းဆီး ဒဏ်ရိုက်ခဲ့တာပါ ။ ဒဏ်ကြေး ၅၀၀၀၀ ကို မဆောင်နိုင်ပါက အဲ့ဒိအမျိုသမီး ထောင် ၃လကျခံ ဖွယ်ရာရှိနေပါတယ် ။

တကယ်တော့ ကိုဗစ်-၁၉ ကာကွယ်ရေးလက်ကောက် ဆိုတဲ့ ကွင်းတွေက အမျိုးသမီးတွေ ခေါင်းစည်းတဲ့ ခေါင်းစည်းကွင်း အကြီးစားတွေဖြစ်ပါတယ် ။

မောင်ယဿ
REF: world of buzz , Photo; facebook

Zawgyi



ကိုဗစ်-၁၉ ကာကွယ်တဲ့ လက်ကောက်ဆိုပြီး ရောင်းတဲ့အမျိုးသမီး ဖမ်းဆီးခံရ3








မောင်ယဿ

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

International-news
အွန်လိုင်းပေါ်က စော်ကားမှုတွေကို လျှော့ချပေးဖို့အတွက် ရှေ့နေချုပ်က ဖေ့စ်ဘုတ်ကို တောင်းဆို

အွန်လိုင်းပေါ်က စော်ကားမှုတွေကို လျှော့ချပေးဖို့အတွက် ရှေ့နေချုပ်က ဖေ့စ်ဘုတ်ကို တောင်းဆို အမေရိကန်က ပြည်နယ်ရှေ့နေချုပ် ၃၀လောက်က ဖေ့စ်ဘုတ်ပေါ်က အမုန်းစကားတွေ သတင်းလွဲတွေ သတင်းမှားတွေ နဲ့ ရာဇဝတ်မှုတွေကို လျော့ချပေးမဲ့ ပြုပြင် ပြောင်းလဲမှုတွေကို လုပ်ဖို့အတွက် တောင်းဆို လိုက်တဲ့အပြင် စော်ကားခံနေရတဲ့ လိုင်းသုံးဖို့ရာ ကြောက်နေရတဲ့ သားကောင်တွေ အတွက် အားပေး ကူညီနိုင်တဲ့ အစီအစဉ်တွေကို လုပ်ဖို့လည်း ညွှန်ကြားလိုက်ပါတယ်။ ဒီနှစ်ပိုင်းတွေမှာ အွန်လိုင်းပေါ်မှာ တိုးတက်လာတဲ့ အမုန်းစကားတွေ နဲ့ လူအဖွဲ့အစည်းကို အနှောက်အယှက် ဖြစ်စေတဲ့ အပြုအမှုတွေကို တတ်နိုင်သလောက် လျှော့ချပေးဖို့အတွက် တောင်းဆိုတဲ့ ပြည်နယ် ၂၀ကျော်က ရှေ့နေချုပ်တွေ လက်မှတ်ရေးထိုးထားတဲ့ စာတစ်စောင်ကို ဖေ့စ်ဘုတ် အမှူဆောင်အရာရှိချုပ် …

International-news
ဘေရွတ် ပေါက်ကွဲမှု ဆိပ်ကမ်းအာဏါပိုင်တွေကို နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီးထား

ဘေရွတ် ပေါက်ကွဲမှု ဆိပ်ကမ်းအာဏါပိုင်တွေကို နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီးထား လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ ရေပေါ်ဆိပ်ကမ်းက ဂိုထောင်ထဲမှာ ထားရှိတဲ့ ဓာတုပစ္စည်တွေ ပေါက်ကွဲမှုကြီး ဖြစ်ပြီး နောက်မှာတော့ ဆိပ်ကမ်း အာဏါပိုင်တွေကို နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းထားတယ်လို့ သိရပါတယ်။ ကယ်ဆယ်ရေး လုပ်သားတွေရဲ့ မှတ်တမ်းအရ သေဆုံးသူ ၁၃၅ယောက် ရှိနေပြီး လူ ၅၀၀၀ကျော် ဒဏ်ရာရကာ လူ၃သိန်း ကျော် အိုးမဲ့ အိမ်မဲ့ ဖြစ်သွားစေခဲ့တဲ့ ပေါက်ကွဲမှုကြီးနဲ့ ပတ်သက်လို့ အစိုးရပိုင်းက အထက်တန်းလွှာတွေကို အကာအကွယ် ပေးနေတယ်လို့ အရပ်သားတွေက ယူဆတဲ့အတွက် အားလုံး မကျေမနပ် ဖြစ်နေကြ ပါတယ်။ ဒီလို ပေါက်ကွဲကြီးက မဖြစ်သင့်ဘဲ ဖြစ်ရတယ်လို့ အရပ်သားတွေက …

International-news
စစ်ဖြစ်ခဲ့တဲ့ မြေတွေကို ထွန်ယက်စိုက်ပျိုးဖို့ တောင်သူလယ်သမားတွေကို ရောင်း

စစ်ဖြစ်ခဲ့တဲ့ မြေတွေကို ထွန်ယက်စိုက်ပျိုးဖို့ တောင်သူလယ်သမားတွေကို ရောင်း တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယား ၂နိုင်ငံ နယ်ခြားက စစ်ဖြစ်ခဲ့တဲ့ တောင်ကိုရီးယားပိုင် မြေတွေကို ဆယ်စုနှစ် တော်တော်ကြာ ဝင်ရောက် ကျူးကျော် စိုက်ပျိုးနေတဲ့ ဒေသခံလယ်သမားတွေကို တောင်ကိုရီးယား အစိုးရက အကွက်ရိုက်ပြီး ရောင်းချနေပါတယ်။ အစိုးရ အေဂျင်စီတစ်ခုဖြစ်တဲ့ အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေးနဲ့ ပြည်သူ့အခွင့်အရေး ကော်မရှင်က ဂမ်ဝမ်းပြည်နယ် ယန်ဂူခရိုင်မှာ ရှိတဲ့ မြေဧက ၂၃၇၀ကို ကျူးကျော် ဝင်ရောက်စိုက်ပျိုးနေတဲ့ ဒေသခံ လယ်သမားတွေကို တရားဝင် ဖြစ်စေဖို့အတွက် ခုံသမာဓိစီရင် ဆုံးဖြတ်ချက်ဆိုင်ရာ အဆိုပြုချက် အသစ်တစ်ရပ် ရေးဆွဲကာ ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ ၁၉၅၃ခုနှစ် ကိုရီးယားစစ်ကာလအတွင်းက မြောက်ကိုရီးယားတပ်တွေနဲ့ …