
ကိုဗစ်-၁၉ ကာကွယ်ဆေး အောက်တိုဘာလမှာ ပြည်သူတွေကို စထိုးမယ်
ရုရှား အစိုးရက ကိုဗစ်-၁၉ ကာကွယ်ဆေးကို အပြီးတိုင် စမ်းသက်ပြီး ဖြစ်တဲ့အတွက် ပြည်သူတွေကို အစုလိုက် အဖွဲ့လိုက် အောက်တိုဘာလမှာ စတင် ထိုးပေးတော့မယ်လို့ စနေနေ့က ပြောကြားလိုက်ပါတယ်။
ရုရှား အမျိုးသား သတင်း အေဂျင်စီ တက်စ်က အစိုးရအနေနဲ့ ပြည်သူတွေကို ကာကွယ်ဆေး အခမဲ့ ထိုးပေးရန်အတွက် စီစဉ်ထားပြီး ဖြစ်ကြောင်း ဆိုပါတယ်။ ရုရှား ကျန်းမာရေးဝန်ကြီး မီခေးလ် မူရက်ကို က “ ကျနော်တို့က အစိုးရပေးတဲ့ ဘတ်ဂျတ်အတိုင်း ပြည်သူတွေကို အုပ်စုခွဲပြီး ထိုးပေးသွားမှာပါ။
ထိုးတာကတော့ တစ်နိုင်ငံလုံးကို ထိုးပေးမှာပါ။ ဒါပေမဲ့ အခမဲ့ ထိုးပေးမှာဖြစ်တဲ့အတွက် အစိုးရရဲ့ ဘတ်ဂျတ်အတိုင်း ပဲရမှာပါ” လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။
မူရက်ကို ရဲ့အဆိုအရ ကာကွယ်ဆေးကို ဖန်းတီးထုတ်လုပ် စမ်းသက်တဲ့ ဌာနက မော်စကိုအခြေစိုက် ဂါမယ်လီယာ သိပ္ပံသုတေသန တက္ကသိုလ်က ဗိုင်းရက်ပိုး နဲ့ အဏုဇီ၀ လေ့လာရေး ဌာနဖြစ်ပါတယ် လို့သိရပါတယ်။
ရုရှားကျန်းမာရေးဝန်ကြီးဌာနက အောက်တိုဘာလမှာ စတင်ထိုးပေးမဲ့ ကာကွယ်ဆေးက နည်းပညာအသစ် ပုံစံဖြစ်ပါတယ်။ အရင်ကလို ကာကွယ်ဆေး ပုံစံမျိုးမဟုတ်ဘဲ ရောဂါပိုး ကို တဖြည်းဖြည်း တစ်ဆင့်ချင်း ကာကွယ်တဲ့ ပုံစံဖြစ်ပါတယ်။
အမေရိကန် ကျန်းမာရေးဝန်ကြီးကတော့ ဘေးကင်းလုံခြုံ စိတ်ချရတဲ့ ကာကွယ်ဆေးက ဒီနှစ် အကုန်လောက်မှာပဲ ထွက်လာနိုင်ခြေ ရှိတယ်လို့ ဆိုပါတယ်။
ဇူလိုင်လလယ်လောက်တုန်းကလည်း အမေရိကန် ၊ ဗြိတိန် နဲ့ ကနေဒါက ကိုဗစ်-၁၉ ကာကွယ်ဆေးသုတေသန စမ်းသက်မှုတွေကို ရုရှား ဟတ်ကာတွေ ထိုးဖောက်ခိုးယူမှုတွေ ဖြစ်ခဲ့တယ်လို့ ဗြိတိန် အမျိုးသား ဆိုက်ဘာလုံခြုံရေး ဌာနက ဆိုခဲ့တာလည်းရှိပါတယ်။
ရုရှားနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူ ၄၅၄၄၃ ဦး ရှိပြီး ရောဂါကြောင့် သေဆုံးသူ ၁၄၀၅၈ ဦး ရှိပါတယ်။
မောင်ယဿ, REF: upi, Photo; global time
Zawgyi
ကိုဗစ္-၁၉ ကာကြယ္ေဆး ေအာက္တိုဘာလမွာ ျပည္သူေတြကို စထိုးမယ္
႐ုရွား အစိုးရက ကိုဗစ္-၁၉ ကာကြယ္ေဆးကို အၿပီးတိုင္ စမ္းသက္ၿပီး ျဖစ္တဲ့အတြက္ ျပည္သူေတြကို အစုလိုက္ အဖြဲ႕လိုက္ ေအာက္တိုဘာလမွာ စတင္ ထိုးေပးေတာ့မယ္လို႔ စေနေန႔က ေျပာၾကားလိုက္ပါတယ္။
႐ုရွား အမ်ိဳးသား သတင္း ေအဂ်င္စီ တက္စ္က အစိုးရအေနနဲ႔ ျပည္သူေတြကို ကာကြယ္ေဆး အခမဲ့ ထိုးေပးရန္အတြက္ စီစဥ္ထားၿပီး ျဖစ္ေၾကာင္း ဆိုပါတယ္။ ႐ုရွား က်န္းမာေရးဝန္ႀကီး မီေခးလ္ မူရက္ကို က “ က်ေနာ္တို႔က အစိုးရေပးတဲ့ ဘတ္ဂ်တ္အတိုင္း ျပည္သူေတြကို အုပ္စုခြဲၿပီး ထိုးေပးသြားမွာပါ။
ထိုးတာကေတာ့ တစ္ႏိုင္ငံလုံးကို ထိုးေပးမွာပါ။ ဒါေပမဲ့ အခမဲ့ ထိုးေပးမွာျဖစ္တဲ့အတြက္ အစိုးရရဲ႕ ဘတ္ဂ်တ္အတိုင္း ပဲရမွာပါ” လို႔ သတင္းစာရွင္းလင္းပြဲမွာ ေျပာသြားပါတယ္။
မူရက္ကို ရဲ႕အဆိုအရ ကာကြယ္ေဆးကို ဖန္းတီးထုတ္လုပ္ စမ္းသက္တဲ့ ဌာနက ေမာ္စကိုအေျခစိုက္ ဂါမယ္လီယာ သိပၸံသုေတသန တကၠသိုလ္က ဗိုင္းရက္ပိုး နဲ႔ အဏုဇီ၀ ေလ့လာေရး ဌာနျဖစ္ပါတယ္ လို႔သိရပါတယ္။
႐ုရွားက်န္းမာေရးဝန္ႀကီးဌာနက ေအာက္တိုဘာလမွာ စတင္ထိုးေပးမဲ့ ကာကြယ္ေဆးက နည္းပညာအသစ္ ပုံစံျဖစ္ပါတယ္။ အရင္ကလို ကာကြယ္ေဆး ပုံစံမ်ိဳးမဟုတ္ဘဲ ေရာဂါပိုး ကို တျဖည္းျဖည္း တစ္ဆင့္ခ်င္း ကာကြယ္တဲ့ ပုံစံျဖစ္ပါတယ္။
အေမရိကန္ က်န္းမာေရးဝန္ႀကီးကေတာ့ ေဘးကင္းလုံၿခဳံ စိတ္ခ်ရတဲ့ ကာကြယ္ေဆးက ဒီႏွစ္ အကုန္ေလာက္မွာပဲ ထြက္လာႏိုင္ေျခ ရွိတယ္လို႔ ဆိုပါတယ္။
ဇူလိုင္လလယ္ေလာက္တုန္းကလည္း အေမရိကန္ ၊ ၿဗိတိန္ နဲ႔ ကေနဒါက ကိုဗစ္-၁၉ ကာကြယ္ေဆးသုေတသန စမ္းသက္မႈေတြကို ႐ုရွား ဟတ္ကာေတြ ထိုးေဖာက္ခိုးယူမႈေတြ ျဖစ္ခဲ့တယ္လို႔ ၿဗိတိန္ အမ်ိဳးသား ဆိုက္ဘာလုံၿခဳံေရး ဌာနက ဆိုခဲ့တာလည္းရွိပါတယ္။
႐ုရွားႏိုင္ငံမွာ ကိုဗစ္-၁၉ ေရာဂါ ျဖစ္ပြားသူ ၄၅၄၄၃ ဦး ရွိၿပီး ေရာဂါေၾကာင့္ ေသဆုံးသူ ၁၄၀၅၈ ဦး ရွိပါတယ္။
ေမာင္ယႆ, REF: upi, Photo; global time
No Comments