ကိုဗစ် ၁၉ ကာကွယ်ဆေးသောက်ဆေး ဆိုတာ

ကိုဗစ် ၁၉ ကာကွယ်ဆေးသောက်ဆေး ဆိုတာ
International-news

ကိုဗစ် ၁၉ ကာကွယ်ဆေးသောက်ဆေး ဆိုတာ

မောင်ယဿ ( သြဂုတ် ၅ )

ကိုဗစ်ပိုး စပြီးပြန့်နှံ့လာတော့ နိုင်ငံတကာ သိပ္ပံပညာရှင်တွေက ကပ်ရော ဂါလို့ ပြောတာကို WHO ကမ္ဘာကျန်းမာရေးအဖွဲ့ က ကူးစပ်ရောဂါ အဆင့်ပဲ ရှိပါတယ်လို့ ငြင်းဆန်ခဲ့ပါတယ်။

အဲ့ဒိအချိန်မှာ ရောဂါဗေဒနဲ့ ဆေးဝါးကျွမ်းကျင် ပညာရှင်တွေက WHO ရဲ့ အဆိုကြောင့် သွေးအနည်းငယ်အေးခဲ့ကြတယ်။ ဒါပေမဲ့ ကိုဗစ်က ထိန်းမနိုင်သိမ်းမနိုင် ကူးစက်လာတော့ WHO က ကိုဗစ်၁၉က ကပ်ရောဂါဖြစ်ပါတယ်ဆိုပြီး ကြေညာရတော့တာပါပဲ။

အဲ့ဒိအချိန်မှာ ဆေးလောကသားတွေက ကုသဆေး ဆိုပြီပိုးသတ်ဆေးတွေ ငှက်ဖျားဖြတ်ဆေးတွေနဲ့ ကုသဖို့ထုတ်လုပ်ရေး ဖက်ကို အာရုံရောက်နေတဲ့ အချိန်မှာ တစ်ဖက်မှာက ရောဂါပြန့်နှံ့မှု က အရှိန်နဲ့ တက်လာနေပါတယ်။

အဲ့ဒိအချိန်မှာ ကမ္ဘာဆေးသိပ္ပံပညာရှင်တွေက ကုသဆေးထက် ကာကွယ်ဆေး ထွင်တာက ပိုပြီးထိရောက်မယ်ဆိုပြီး တင်ပြလာကြလို့ ကိုဗစ်ကာကွယ်ဆေးပြိုင်ပွဲကြီး စခဲ့ပါတယ်။

နာမည်ကြီး ပီဖိုက်ဇာ ၊ မိုဒါနာ နဲ့ အက်ထရာဇန်နီကာ ဆေးတွေက ကိုဗစ်ပိုးရဲ့ RNA နဲ့ DNA ကို အခြေပြုပြီး ကာကွယ်ဆေးကို တီထွင်ထားတဲ့ အတွက် ဆေးကို သိုလှောင်မှုအပိုင်းမှာ အခက်အခဲ ရှိပါတယ်။

ဆေးက (- ၇၀ ဒီကရီ ) အောက်ကိုရောက်သွားရင် ဆေးစွမ်းအား ကျသွားတတ်ပါတယ်။ အပူချိန်ကို ( အအေးဓာတ်ကို စုထားရလို့ အအေးချိန် လို့ခေါ်ရင်ပိုကောင်းမှာပါ) ငြိမ်အောင် မထိန်းနိုင်ရင် ဆေးစွမ်းကျနေမှာပဲ။

အအေးဗူးတွေကို စက်ဘီးတွေနဲ့ သယ်သွားရတဲ့နေရာတွေ မြင်းတွေ ကုလားအုပ်တွေနဲ့ သယ် သွားရတဲ့ နေရာတွေဆိုရင် အအေးချိန်ကို ငြိမ်အောင်ထိန်းဖို့ဆိုတာ မလွယ်လောက်ပါဘူး။

ဒါကြောင့် ဆွီဒင်က ဆေးသိပ္ပံပညာရှင်တွေက ကိုဗစ်၁၉ ကာကွယ်ဆေး ကို ရှုဆေးလိုမျိုး သောက်ဆေးလိုမျိုး တီထွင်ပြီး စမ်းသက်လာပါတယ်။

ကာကွယ်ဆေးကို ရှုဆေးလိုမျိုး အဆုတ်ထဲကို တိုက်ရိုက်ရှုသွင်း ရောဂါပိုးကိုတားမယ့် နည်းလမ်းရယ်၊ သောက်ဆေးလို အစာချေ လမ်းကြောင်း ကနေသွေးထဲပိုပြီး တားဆီးမယ့် နည်းလမ်းကို ဖန်တီးခဲ့ကြတာပါ။

အဲ့ဒိနေရာမှာတော့ ထိုးဆေးအဖြစ်နဲ့ နဂိုသွားနေတဲ့ လမ်းကြောင်းကနေ နည်းနည်းသွေဖီပြီး ဗိုင်ရက်ရဲ့ DNA ပုံစံနဲ့ လိုက်ဖက်မယ့် သောက်ဆေး ကို စပြီး ဖန်တီးလိုက်ကြတော့တာပါပဲ။ ဒါပေမဲ့ အဲ့ဒိ သောက်ဆေးကို အရင်းအနှီးတောင့်တင်းတဲ့ အမေရိကန်ဆေးကုမ္ပဏီတွေက အင်နဲ့ အားနဲ့ လိုက်နေပါပြီ။

အခုဆို သန်း၃၀၀၀ ကျော်ဖို့ ဆေးထုတ်ပေးဖို့ ကန်ထရိုက်တစ်ခု ကို ဆေးကုမ္ပဏီ တွေရထားပါတယ်။ ဒီနှစ်အကုန်မှာ ကာကွယ်ဆေး (သောက်ဆေး ) ကို စပြီးဖြန့်တော့မှာပါ။

မနှစ်ကတော့ အမေရိကန်အစိုးရက ပြည်တွင်းဆေးကုမ္ပတွေရော နိုင်ငံတကာဆေးကုမ္ပဏီတွေဆီကနေ ကန်ဒေါ်လာ ၁၈ ဘီလီယံဖိုး ထိုးဆေး ဝယ်ခဲ့ပါတယ်။

အခုလည်း ၃ဘီလီယံကျော်ဖိုး မှာထားပါပြီ။ ဒီတစ်ခါ ဆေးထုတ်တဲ့သူတွေက တုတ်ကွေး အမျိုးမျိုး ၊ HIV ၊ အသည်းယောင် အသားဝါ C ပိုး သောက်ဆေးတစ်မျိုး တည်းနဲ့သေစေမယ့် ပိုးသတ်ဆေးကို တီထွင်နေကြတာပါ။

ဆွီဒင်မြို့တော် စတော့ဟုမ်းက ကိုယ်ခံအား သုတေသနဌာန နဲ့ ဆေးကုမ္ပဏီ အိုင်ကိုနိုဗိုတို့ပေါင်းပြီး ပါဝါအခြောက်ဆေးအဖြစ် နဲ့ တောင်အာဖရိကား က ဘီတာပိုးနဲ့ အင်္ဂလန်က အယ်လ်ဖာပိုးတွေကို စမ်းနေပါပြီ။

REF: BBC,Photo:Credit  getty image

Zawgyi


ကိုဗစ် ၁၉ ကာကွယ်ဆေးသောက်ဆေး ဆိုတာ
ကိုဗစ် ၁၉ ကာကွယ်ဆေးသောက်ဆေး ဆိုတာ

မောင်ယဿ ( သြဂုတ် ၅ )








 




ကိုဗစ် ၁၉ ကာကွယ်ဆေးသောက်ဆေး ဆိုတာ1




ကိုဗစ် ၁၉ ကာကွယ်ဆေးသောက်ဆေး ဆိုတာ2



REF: BBC
Photo: getty image

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

လေထဲက ကာဗွန်တွေကိုစုပ်ဖို့ အစ္စရေးက နည်းပညာမြင့် မိုးပျံပူဖောင်းကြီးတွေ လွှတ်တင်ဖို့ စီစဉ်နေ
International-news
လေထဲက ကာဗွန်တွေကိုစုပ်ဖို့ အစ္စရေးက နည်းပညာမြင့် မိုးပျံပူဖောင်းကြီးတွေ လွှတ်တင်ဖို့ စီစဉ်နေ

လေထဲက ကာဗွန်တွေကိုစုပ်ဖို့ အစ္စရေးက နည်းပညာမြင့် မိုးပျံပူဖောင်းကြီးတွေ လွှတ်တင်ဖို့ စီစဉ်နေ မောင်ယဿ ( နိုဝင်ဘာ ၅ ) ကမ္ဘာကြီး ပူနွေးလာစေရန် လုပ်နေတဲ့ ကမ္ဘာ့လေထုအပေါ်လွာမှာ ရှိတဲ့ ကာဗွန်တွေကို စုပ်ယူဖို့အတွက် နည်းပညာ မြင့်မိုးပျံပူဖောင်း ကြီးတွေကို လွှတ်တင်ဖို့ အစ္စရေးက စမ်းသက်မှုတွေလုပ်နေပါတယ်။ ကမ္ဘာ့လေထုထဲကို ကာဗွန်တွေကို စုတ်ယူပြီး ပြန်လည် အသုံးပြုလို့ရတဲ့ နည်းပညာတစ်ရပ်ကို တီထွင်နိုင်ပြီ ဖြစ်ပေမဲ့ စမ်းသက်မှုတွေ လုပ်ရဦးမှာပါ။ လောလောဆယ် ပထမဦးဆုံး တစ်လုံးကို စမ်းသက်လွှတ် တင်ထားပါတယ်။ ကမ္ဘာ့လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုက်ကို စိုက်ပျိုးရေး စက်မှုလုပ်ငန်းတွေနဲ့ ရုပ်ကြွင်းလောင်စာ အသုံးပြုမှုကနေ ထုတ်လွှတ်ပေးလိုက်တာပါ။ လက်ရှိ ကမ္ဘာမှာဖြစ်ပေါ်နေတဲ့ ပူနွေးလာမှုရဲ့ …

သူပုန်တွေ ချီတက်လာလို့ အီသီယိုပီးယားမှာ အရေးပေါ်အခြေအနေကြေညာ
International-news
သူပုန်တွေ ချီတက်လာလို့ အီသီယိုပီးယားမှာ အရေးပေါ်အခြေအနေကြေညာ

သူပုန်တွေ ချီတက်လာလို့ အီသီယိုပီးယားမှာ အရေးပေါ်အခြေအနေကြေညာ မောင်ယဿ ( နိုဝင်ဘာ ၃ ) တိုက်ဂရေးဒေသ မြောက်ပိုင်းမှာနေတဲ့ သူပုန်တွေတပ်က မြို့ တော်နားအထိ ချီတက်လာတဲ့ အတွက် တိုင်ပြည်အရေးပေါ်အခြေအနေ ကြေညာကြောင်း အီသီယိုပီးယား အစိုးရက မနေ့က ကြေညာလိုက်ပါတယ်။ တိုက်ဂရေးပြည်သူ့လွတ်မြောက်ရေး တပ်ဦး (TPLF) ရဲ့ တပ်တွေက မြို့တော် အက်ဒစ်အာဘာဒါ ကို သွားတဲ့ လမ်းကြောင်းပေါ်မှာရှိတဲ့ ဒက်ဆီနဲ့ ကွန်ဘော်ချာမြို့တွေကို သိမ်ပိုက်ထားလိုက်ပါပြီ။ သူပုန်တပ်တွေ ချီတက်လာပြီဖြစ်လို့ မြို့တော်အနီးတဝိုက် နဲ့ မြိုကတော်နေ ပြညသူများ ရရာလက်နက်စွဲကိုင်ပြီး သူပုန်တွေ ကို ပြန်လည်တိုက်ခိုက်ဖို့ ပြင်ဆင်ကြပါဆိုပြီး ဝန်ကြီးချုပ် အာဘီယီအာမက် က သတိပေးနှိုးဆော်ထားပါတယ်။ …

ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ
International-news
ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ

ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ ရင်ငြိမ်းနွေ ( အောက်တိုဘာ ၂၆ ) အချစ်ဆိုတဲ့အရာဟာ တော်တော်ထူးဆန်းတဲ့အရာပါ။ အသက်အရွယ် ရုပ်ရည် အဆင့်အတန်းတွေကို ကျော်ဖြတ်ပြီး သူချစ်ချင်တဲ့ အရာကိုချစ်အောင် လုပ်ပစ်လိုက်တာချည်းပါပဲ။ ဒီကနေ့ ဂျပန်တော်ဝင်မင်းသမီးမာကို ( ၃၀ နှစ်) က သူမရဲ့ချစ်သူ သာမန်အရပ်သား ကိုင်းကိုမူရိုနဲ့ စည်ပင်ရုံးမှာ လက်ထပ်လိုက်ပါပြီ။ ကိုမူရိုက နယူးယောက်ခ်ဥပဒေကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်တဲ့ဝန်ထမ်းတစ်ယောက်ပါ။ တော်ဝင်မိသားစုဝင် တစ်ဦးဖြစ်တဲ့ မာကိုက အရပ်သားကိုမူရိုကို လက်ထပ်လိုက်တဲ့အတွက်ကြောင့် သူမရဲ့ တော်ဝင်နန်းမွေကို စွန့်လွှတ်လိုက်ရပါတယ်။ ဂျပန်ဘုရင် နာရူဟီတို ရဲ့တူမဖြစ်သူ မင်းသမီးမာကိုက အကြီးဆုံးနန်းမွေခံမင်းသမီး ဖြစ်ပါတယ်။ သူမက နန်းတော်အဆောင်မှူးတွေအကူအညီနဲ့ စည်ပင်ရုံးမှာ လက်ထပ်ခဲ့တာပါ။ …