
ကိုဗစ်-၁၉ ကာကွယ်ဆေးကို ရုရှားက ပထမဆုံး မှတ်ပုံတင်ပြီး ဖြန့်ဖို့ လုပ်တော့မည်
ကုန်ပစ္စည်းတစ်ခုကို ထုတ်လုပ်လိုက်ပြီ ဆိုရင် အဲ့ဒိပစ္စည်းကို သုံးစွဲရန် သင့်မသင့် စမ်းသက်ချက် လုပ်ရပါတယ်။ သုံးစွဲရန် သင့်ပြီဆိုပါက FDA ရဲ့ ထောက်ခံချက် တောင်းခံရပါတယ်။ ထောက်ခံချက်ရပြီ ဆိုပါက ကုန်အမှတ် တံဆိပ် အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနရဲ့ ထောက်ခံချက်ကို ယူပြီး မှတ်ပုံတင်က စားသုံးသူ လက်ထဲကို ဖြန့်ချီ ရပါတယ်။
ကမ္ဘာ့ ကိုဗစ်-၁၉ ကာကွယ်ဆေး ရှာဖွေရေးပြိုင်ပွဲမှာ နိုင်ငံအသီးသီးက သုတေသနသမားတွေ ဝင်ရောက် ပြိုင်ဆိုင်နေရာ ကာကွယ်ဆေးကို တွေ့ ရှိနေကြပေမဲ့လည်း အခုမှ စမ်းသက် စစ်ဆေးဆဲ ကာလပဲ ရှိတဲ့အချိန်မှာ ရုရှားက သူတို့တွေ့ရှိတဲ့ ကာကွယ်ဆေးကို မှတ်ပုံတင်ဖို့ လုပ်နေပါပြီ။ သူတို့ က ကမ္ဘာ့ပထမဆုံး ကိုဗစ် ကာကွယ်ဆေး မှတ်ပုံတင်သူ ဖြစ်သွားပါပြီ။
ရုရှားသမ္မတ ပူတင်က သိပ်မကြာခင် ရက်အတွင်းမှာ ရုရှားနိုင်ငံထုတ် ကိုဗစ်- ၁၉ ကာကွယ်ဆေးကို မှတ်ပုံတင်တော့မယ်လို့ သူ့ရဲ့ဖေ့စ်ဘုတ်ကနေ တစ်ဆင့် ကြေညာခဲ့ပါတယ်။ တကယ်လို့ မှတ်ပုံတင်ဖြစ်တယ် ဆိုရင်တော့ ရုရှား ကိုဗစ်- ၁၉ ကာကွယ်ဆေးက ကမ္ဘာ့ ပထမဆုံး မှတ်ပုံတင်တဲ့ ကာကွယ်ဆေး ဖြစ်သွားမှာပါ။
သူက အဲ့ဒိဆေးကို မှတ်ပုံတင်နိုင်ပြီ ဆိုရင်တော့ ရုရှားကာကွယ်ဆေးက လိုအပ်တဲ့ စမ်းသက်မှုတွေ ၊ဘေးကင်းမှု တွေ နဲ့ ဆေးရဲ့ အကျိုးသက်ရောက်မှုတွေ တိတိကျကျ ရှင်းလင်းနိုင်ပြီး အထက်ဖော်ပြပါ အဆင့်တွေကို ကျော်ဖြတ်နိုင်ခဲ့ပြီ လို့ ဆိုလိုက်တာပါပဲ။
“ကျနော်တို့ ဆေးက ကျနော်တို့ နိုင်ငံသာမက တစ်ကမ္ဘာလုံး အတွက်ပါ ကပ်ရောဂါ ဘေးဆိုးကြီးက လွတ်မြောက်နိုင်အောင် လုပ်နိုင် တော့မှာပါ။
တစ်ခါက ဆိုဗီယက် ပြည်ထောင်စုကြီးတုန်းက ကမ္ဘာသားတွေကို အာကာသထဲ သွားလာ နိုင်ဖို့အတွက် ပထမဆုံး အာကာသဘူတာကို ဆောက်ပြီး လူသားတွေ အာကာသကို ရောက်နိုင်အောင် စီစဉ် ပေးနိုင်ခဲ့သလို အခုလည်း မက်စ်ကင်းတဲ့ သီးခြား ခွဲနေစရာမလိုတဲ့ ကိုဗစ်ဗိုင်းရက် ကင်းတဲ့ လူ့အဖွဲ့ အစည်းကြီးကို ဖန်တီးပေး နိုင်တော့မှာပါ”လို့ ဆိုတယ်။
ပူတင်က ဖိလစ်ပိုင်သမ္မတ ဒူတာတေနဲ့ တွေ့စဉ်တုန်းကလည်း သူ့အနေနဲ့ ဖိလစ်ပိုင်နိုင်ငံကို ကိုဗစ်-၁၉ ကာကွယ်ဆေးတွေ အကူအညီ ပေးသွားမယ်လို့ ဆိုခဲ့ပါတယ်။
ဖိလစ်ပိုင် အစိုးရကလည်း ကိုဗစ်- ၁၉ ရောဂါ ကာကွယ် ဆေးနဲ့ ပတ်သက်လို့ ရုရှား နောက်မှာ ရပ်တည် ပေးပါမယ်လို့လည်း ဆိုပါတယ်။ ဒူတာတေကလည်း ရုရှားတွေ ကိုဗစ်- ၁၉ ကာကွယ်ဆေး စမ်းသက် ပြီးပြီဆိုတာနဲ့ ပထမဆုံး ဝယ်မယ့် ဖောက်သည်က ကျနော်တို့ နိုင်ငံပါပဲလို့ ဆိုပါတယ်။
မောင်ယဿ, REF: world of buzz, Photo; the bell
Zawgyi
ကိုဗစ္-၁၉ ကာကြယ္ေဆးကို ႐ုရွားက ပထမဆုံး မွတ္ပုံတင္ၿပီး ျဖန႔္ဖို႔ လုပ္ေတာ့မည္
ကုန္ပစၥည္းတစ္ခုကို ထုတ္လုပ္လိုက္ၿပီ ဆိုရင္ အဲ့ဒိပစၥည္းကို သုံးစြဲရန္ သင့္မသင့္ စမ္းသက္ခ်က္ လုပ္ရပါတယ္။ သုံးစြဲရန္ သင့္ၿပီဆိုပါက FDA ရဲ႕ ေထာက္ခံခ်က္ ေတာင္းခံရပါတယ္။ ေထာက္ခံခ်က္ရၿပီ ဆိုပါက ကုန္အမွတ္ တံဆိပ္ အတြက္ သက္ဆိုင္ရာ ဝန္ႀကီးဌာနရဲ႕ ေထာက္ခံခ်က္ကို ယူၿပီး မွတ္ပုံတင္က စားသုံးသူ လက္ထဲကို ျဖန႔္ခ်ီ ရပါတယ္။
ကမာၻ႔ ကိုဗစ္-၁၉ ကာကြယ္ေဆး ရွာေဖြေရးၿပိဳင္ပြဲမွာ ႏိုင္ငံအသီးသီးက သုေတသနသမားေတြ ဝင္ေရာက္ ၿပိဳင္ဆိုင္ေနရာ ကာကြယ္ေဆးကို ေတြ႕ ရွိေနၾကေပမဲ့လည္း အခုမွ စမ္းသက္ စစ္ေဆးဆဲ ကာလပဲ ရွိတဲ့အခ်ိန္မွာ ႐ုရွားက သူတို႔ေတြ႕ရွိတဲ့ ကာကြယ္ေဆးကို မွတ္ပုံတင္ဖို႔ လုပ္ေနပါၿပီ။ သူတို႔ က ကမာၻ႔ပထမဆုံး ကိုဗစ္ ကာကြယ္ေဆး မွတ္ပုံတင္သူ ျဖစ္သြားပါၿပီ။
႐ုရွားသမၼတ ပူတင္က သိပ္မၾကာခင္ ရက္အတြင္းမွာ ႐ုရွားႏိုင္ငံထုတ္ ကိုဗစ္- ၁၉ ကာကြယ္ေဆးကို မွတ္ပုံတင္ေတာ့မယ္လို႔ သူ႔ရဲ႕ေဖ့စ္ဘုတ္ကေန တစ္ဆင့္ ေၾကညာခဲ့ပါတယ္။ တကယ္လို႔ မွတ္ပုံတင္ျဖစ္တယ္ ဆိုရင္ေတာ့ ႐ုရွား ကိုဗစ္- ၁၉ ကာကြယ္ေဆးက ကမာၻ႔ ပထမဆုံး မွတ္ပုံတင္တဲ့ ကာကြယ္ေဆး ျဖစ္သြားမွာပါ။
သူက အဲ့ဒိေဆးကို မွတ္ပုံတင္ႏိုင္ၿပီ ဆိုရင္ေတာ့ ႐ုရွားကာကြယ္ေဆးက လိုအပ္တဲ့ စမ္းသက္မႈေတြ ၊ေဘးကင္းမႈ ေတြ နဲ႔ ေဆးရဲ႕ အက်ိဳးသက္ေရာက္မႈေတြ တိတိက်က် ရွင္းလင္းႏိုင္ၿပီး အထက္ေဖာ္ျပပါ အဆင့္ေတြကို ေက်ာ္ျဖတ္ႏိုင္ခဲ့ၿပီ လို႔ ဆိုလိုက္တာပါပဲ။
“က်ေနာ္တို႔ ေဆးက က်ေနာ္တို႔ ႏိုင္ငံသာမက တစ္ကမာၻလုံး အတြက္ပါ ကပ္ေရာဂါ ေဘးဆိုးႀကီးက လြတ္ေျမာက္ႏိုင္ေအာင္ လုပ္ႏိုင္ ေတာ့မွာပါ။
တစ္ခါက ဆိုဗီယက္ ျပည္ေထာင္စုႀကီးတုန္းက ကမာၻသားေတြကို အာကာသထဲ သြားလာ ႏိုင္ဖို႔အတြက္ ပထမဆုံး အာကာသဘူတာကို ေဆာက္ၿပီး လူသားေတြ အာကာသကို ေရာက္ႏိုင္ေအာင္ စီစဥ္ ေပးႏိုင္ခဲ့သလို အခုလည္း မက္စ္ကင္းတဲ့ သီးျခား ခြဲေနစရာမလိုတဲ့ ကိုဗစ္ဗိုင္းရက္ ကင္းတဲ့ လူ႔အဖြဲ႕ အစည္းႀကီးကို ဖန္တီးေပး ႏိုင္ေတာ့မွာပါ”လို႔ ဆိုတယ္။
ပူတင္က ဖိလစ္ပိုင္သမၼတ ဒူတာေတနဲ႔ ေတြ႕စဥ္တုန္းကလည္း သူ႔အေနနဲ႔ ဖိလစ္ပိုင္ႏိုင္ငံကို ကိုဗစ္-၁၉ ကာကြယ္ေဆးေတြ အကူအညီ ေပးသြားမယ္လို႔ ဆိုခဲ့ပါတယ္။
ဖိလစ္ပိုင္ အစိုးရကလည္း ကိုဗစ္- ၁၉ ေရာဂါ ကာကြယ္ ေဆးနဲ႔ ပတ္သက္လို႔ ႐ုရွား ေနာက္မွာ ရပ္တည္ ေပးပါမယ္လို႔လည္း ဆိုပါတယ္။ ဒူတာေတကလည္း ႐ုရွားေတြ ကိုဗစ္- ၁၉ ကာကြယ္ေဆး စမ္းသက္ ၿပီးၿပီဆိုတာနဲ႔ ပထမဆုံး ဝယ္မယ့္ ေဖာက္သည္က က်ေနာ္တို႔ ႏိုင္ငံပါပဲလို႔ ဆိုပါတယ္။
ေမာင္ယႆ, REF: world of buzz, Photo; the bell
No Comments