ကိုဗစ်တတိယလှိုင်း ဝင်လာချိန်မှာ မိဘမဲ့ကလေး သန်း နဲ့ချီသွားပြီ

 

ကိုဗစ်တတိယလှိုင်း ဝင်လာချိန်မှာ မိဘမဲ့ကလေး သန်း နဲ့ချီသွားပြီ

မောင်ယဿ ( ဇူလိုင် ၂၁ )

Lancet ဂျာနယ်က ပြုစုထားတဲ့ စာရင်းအရ ကိုဗစ်မဖြစ်ခင် ကမ္ဘာပေါ်မှာ မိဘမဲ့ ကလေး သန်း ၁၄၀ နီးပါး လောက်ရှိနေရာ ကိုဗစ်ကာလ တစ်နှစ်ကျော်အတွင်းမှာ နောက်ထပ် မိဘမဲ့ ကလေးနဲ့ မိမစုံ၊ ဖမစုံ ကလေးဦးရေ ၁သန်းခွဲလောက် ထပ်တိုး လာတယ်လို့ သိရပါတယ်။

ဒါ့အပြင်း အဖိုး ၊ အဖွား နဲ့ ဆွေမျိုးတွေ ဆုံးရှုံးရတဲ့ ကလေးဦးရေတွေကလည်း မနည်းမနော တိုးတက်နေပါတယ်။

ကိုဗစ် ပထမလှိုင်း အပြီးမှာ မိဘမဲ့ ကလေး ၅ သိန်း နီးပါးလောက် တိုးလာရာ ကနေ ကပ်ရောဂါဖြစ်ပြီး ၁၄ လအကြာ တတိယလှိုင်း ဖြစ်ပေါ်လာချိန်မှာတော့ ၁သန်းခွဲ ကျော်လာပြီးဖြစ်ပါတယ်။

ကိုဗစ်တတိယလှိုင်း ဝင်လာချိန်မှာ မိဘမဲ့ကလေး သန်း နဲ့ချီသွားပြီ1

လက်ရှိ ပြုစုထားတဲ့ စာရင်းက ကမ္ဘာပေါ်မှာ ကိုဗစ်ကြောင့် သေဆုံး သူဦးရေ ၃သန်း ဖြစ်စဉ်က ဖြစ်ပြီး ဒိကနေအထိ ကိုဗစ်ကြောင့် သေဆုံးသူ ဦးရေ က ၄သန်းကျော်သွားပြီးဖြစ်ပါတယ်။

ကိုဗစ်ပိုးတွေ့ရှိသူ ဦးရေ က သန်း ၂၀၀ နီးပါးကို ကပ်လာပါပြီ။
မိဘမဲ့သွားတဲ့ ကလေးတွေကို နီးစပ်ရာဆွေမျိုးအသိုင်းအဝိုင်းက ပြုစုစောင့်ရှောက်ထားရပါတယ်။ မိဘမဲ့သွားတဲ့ ကလေးတွေမှာ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင် ပြဿနာတွေ ရှိလာတတ်ပါတယ်။

အဲ့ဒိကလေးတွေနဲ့ ပတ်သက်ပြီး အနာဂတ်ပြုစုစောင့်ရှောက်ရေး လုပ်ငန်းတွေ အများကြီးလိုအပ်လာပါပြီ။ မိဘမဲ့ကလေးတွေမှာ ကြုံရတဲ့ အဓိကပြဿနာက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုနဲ နာတာရှည် ရောဂါရှိတဲ့ မိဘမဲ့ကလေးတွေက ကိုယ့်ကိုယ်ကို သေကြောင်းကြံမှု ပဲဖြစ်ပါတယ်။

လက်ရှိနိုင်ငံတကာက အဖွဲ့အစည်းတွေ နဲ့ သက်ဆိုင်ရာအစိုးရတွေ မှာ ကပ်ရောဂါကြောင့် မိဘ အုပ်ထိန်းသူ ဆုံးရှုံးသွားတဲ့ ကလေးတွေရဲ့ အချက်အလက်နဲ့ စာရင်း မပြုစုရသေးပါဘူး။

ခန့်မှန်း မှန်းခြေစာရင်တွေ လောက်ပဲရှိပါတယ်။ ဦးရေ စာရင် း အတိအကျ မရသေးပါဘူး။ ဘယ်လကနေ ဘယ်လအထိ မိဘမဲ့ ဘယ်လောက် တိုးတက်လာတယ်ဆိုတဲ့ စာရင်းတောင် မပြုစုနိုင်ဘူး ဖြစ်နေပါတယ်။ ဒီကိစ္စက သေးမလိုနဲ့ အနာဂတ်မှာ ပြဿနာ အကြီးကြီး ဖြစ်လာနိုင်တဲ့ ကိစ္စပါ။

ကိုဗစ်တတိယလှိုင်း ဝင်လာချိန်မှာ မိဘမဲ့ကလေး သန်း နဲ့ချီသွားပြီ2

ကမ္ဘာပေါ်မှာလည်း ကိုဗစ်ကြောင့် သေဆုံးသူ ဦးရေ စာရင်း အတိအကျ ပြောနိုင်တာ ၂၁ နိုင်ငံပဲ ရှိပါသေးတယ်။ အများစုက အခြေအနေ အမျိုးမျိုး ကြောင့် သေဆုံးသူဦးရေ စာရင်းကို ခန့်မှန်းနဲ့ တင်ပြ နေကြပါတယ်။

အိန္ဒိယမှာဆိုရင် မြေပြင်သေဆုံးမှု နဲ့ အစိုးရ ထုတ်ပြန်မှုစာရင်း က အကွာကြီးကွာနေတယ်လို့ မီဒီယာတွေ မှာ ရေးသားဖော်ပြမှုတွေ ရှိနေပါတယ်။

REF: UPI ,Photo:credit UPI

zawgyi

ကိုဗစ္တတိယလႈိင္း ဝင္လာခ်ိန္မွာ မိဘမဲ့ကေလး သန္း နဲ႔ခ်ီသြားၿပီ

ေမာင္ယႆ ( ဇူလိုင္ ၂၁ )

Lancet ဂ်ာနယ္က ျပဳစုထားတဲ့ စာရင္းအရ ကိုဗစ္မျဖစ္ခင္ ကမာၻေပၚမွာ မိဘမဲ့ ကေလး သန္း ၁၄၀ နီးပါး ေလာက္ရွိေနရာ ကိုဗစ္ကာလ တစ္ႏွစ္ေက်ာ္အတြင္းမွာ ေနာက္ထပ္ မိဘမဲ့ ကေလးနဲ႔ မိမစုံ၊ ဖမစုံ ကေလးဦးေရ ၁သန္းခြဲေလာက္ ထပ္တိုး လာတယ္လို႔ သိရပါတယ္။

ဒါ့အျပင္း အဖိုး ၊ အဖြား နဲ႔ ေဆြမ်ိဳးေတြ ဆုံးရႈံးရတဲ့ ကေလးဦးေရေတြကလည္း မနည္းမေနာ တိုးတက္ေနပါတယ္။

ကိုဗစ္ ပထမလႈိင္း အၿပီးမွာ မိဘမဲ့ ကေလး ၅ သိန္း နီးပါးေလာက္ တိုးလာရာ ကေန ကပ္ေရာဂါျဖစ္ၿပီး ၁၄ လအၾကာ တတိယလႈိင္း ျဖစ္ေပၚလာခ်ိန္မွာေတာ့ ၁သန္းခြဲ ေက်ာ္လာၿပီးျဖစ္ပါတယ္။

လက္ရွိ ျပဳစုထားတဲ့ စာရင္းက ကမာၻေပၚမွာ ကိုဗစ္ေၾကာင့္ ေသဆုံး သူဦးေရ ၃သန္း ျဖစ္စဥ္က ျဖစ္ၿပီး ဒိကေနအထိ ကိုဗစ္ေၾကာင့္ ေသဆုံးသူ ဦးေရ က ၄သန္းေက်ာ္သြားၿပီးျဖစ္ပါတယ္။

ကိုဗစ္ပိုးေတြ႕ရွိသူ ဦးေရ က သန္း ၂၀၀ နီးပါးကို ကပ္လာပါၿပီ။
မိဘမဲ့သြားတဲ့ ကေလးေတြကို နီးစပ္ရာေဆြမ်ိဳးအသိုင္းအဝိုင္းက ျပဳစုေစာင့္ေရွာက္ထားရပါတယ္။ မိဘမဲ့သြားတဲ့ ကေလးေတြမွာ စိတ္ပိုင္းဆိုင္ရာ ႐ုပ္ပိုင္းဆိုင္ ျပႆနာေတြ ရွိလာတတ္ပါတယ္။

အဲ့ဒိကေလးေတြနဲ႔ ပတ္သက္ၿပီး အနာဂတ္ျပဳစုေစာင့္ေရွာက္ေရး လုပ္ငန္းေတြ အမ်ားႀကီးလိုအပ္လာပါၿပီ။ မိဘမဲ့ကေလးေတြမွာ ႀကဳံရတဲ့ အဓိကျပႆနာက လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္ခံရမႈနဲ နာတာရွည္ ေရာဂါရွိတဲ့ မိဘမဲ့ကေလးေတြက ကိုယ့္ကိုယ္ကို ေသေၾကာင္းႀကံမႈ ပဲျဖစ္ပါတယ္။

လက္ရွိႏိုင္ငံတကာက အဖြဲ႕အစည္းေတြ နဲ႔ သက္ဆိုင္ရာအစိုးရေတြ မွာ ကပ္ေရာဂါေၾကာင့္ မိဘ အုပ္ထိန္းသူ ဆုံးရႈံးသြားတဲ့ ကေလးေတြရဲ႕ အခ်က္အလက္နဲ႔ စာရင္း မျပဳစုရေသးပါဘူး။

ခန႔္မွန္း မွန္းေျခစာရင္ေတြ ေလာက္ပဲရွိပါတယ္။ ဦးေရ စာရင္ း အတိအက် မရေသးပါဘူး။ ဘယ္လကေန ဘယ္လအထိ မိဘမဲ့ ဘယ္ေလာက္ တိုးတက္လာတယ္ဆိုတဲ့ စာရင္းေတာင္ မျပဳစုႏိုင္ဘူး ျဖစ္ေနပါတယ္။ ဒီကိစၥက ေသးမလိုနဲ႔ အနာဂတ္မွာ ျပႆနာ အႀကီးႀကီး ျဖစ္လာႏိုင္တဲ့ ကိစၥပါ။

ကမာၻေပၚမွာလည္း ကိုဗစ္ေၾကာင့္ ေသဆုံးသူ ဦးေရ စာရင္း အတိအက် ေျပာႏိုင္တာ ၂၁ ႏိုင္ငံပဲ ရွိပါေသးတယ္။ အမ်ားစုက အေျခအေန အမ်ိဳးမ်ိဳး ေၾကာင့္ ေသဆုံးသူဦးေရ စာရင္းကို ခန႔္မွန္းနဲ႔ တင္ျပ ေနၾကပါတယ္။

အိႏၵိယမွာဆိုရင္ ေျမျပင္ေသဆုံးမႈ နဲ႔ အစိုးရ ထုတ္ျပန္မႈစာရင္း က အကြာႀကီးကြာေနတယ္လို႔ မီဒီယာေတြ မွာ ေရးသားေဖာ္ျပမႈေတြ ရွိေနပါတယ္။

REF: UPI ,Photo credit UPI

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

အစ္စရေး-ပါလက်စတိုင်း ၁၁ ရက်စစ်ပွဲမှာ အစ္စရေးတို့ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တယ်လို့ ဆို
International-news
အစ္စရေး-ပါလက်စတိုင်း ၁၁ ရက်စစ်ပွဲမှာ အစ္စရေးတို့ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တယ်လို့ ဆို

အစ္စရေး-ပါလက်စတိုင်း ၁၁ ရက်စစ်ပွဲမှာ အစ္စရေးတို့ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တယ်လို့ ဆို မောင်ယဿ (ဇူလိုင် ၂၇ ) ပြီးခဲ့တဲ့ မေလအတွင်းက ၁၁ ရက်ကြာဖြစ်ပွားခဲ့တဲ့ အစ္စရေး- ပါလက်စတိုင်း စစ်ပွဲမှာ အစ္စရေးတို့ဖက်က စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ရဲ့ ဒီကနေ့ အစီရင်ခံစာမှာ ပါလာပါတယ်။ ဂါဇာကမ်းမြှောင်ဒေသက ဟားမတ်သူပုန်တွေကို လေကြောင်းကနေ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၂၃၀ကျော် သေခဲ့ရသလို ဟားမတ်တွေရဲ့ ရောကတ်နဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အစ္စရေး ၁၂ဦး သေဆုံး ခဲ့ရပါတယ်။ အဲ့ဒိသေဆုံးမှုတွေကို လူ့အခွင့်အရေးအဖွဲ့ က ပြန်လည်စစ်ဆေးတဲ့ နေရာမှာ စစ်တပ်ရဲ့ ပစ်မှတ် မဟုတ်ဘဲ အရပ်သားချည်းပဲရှိတဲ့ နေရာကို အစ္စရေးတို့ ဗုံးကျဲတိုက်ခိုက်ခဲ့လို့ …

တောင်-မြောက် ကိုရီးယား အရေးပေါ်ဖုန်းလိုင်းတွေ ပြန်ရပြီ
International-news
တောင်-မြောက် ကိုရီးယား အရေးပေါ်ဖုန်းလိုင်းတွေ ပြန်ရပြီ

  မောင်ယဿ ( ဇူလိုင် ၂၇ ) မနှစ်က ဇွန်လကနေစပြီးတော့ ဖြတ်တောက်ထားတဲ့ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားတို့ရဲ့ အရေးပေါ် ဖုန်လိုင်းတွေ အားလုံး နီးပါ ဒီနေ့မနက်မှာပြန်ပြီးတော့ အဆက်အသွယ်ရပြီဖြစ်လို့ ကိုရီးယား ကျွန်းဆွယ်ပေါ်က တင်းမာမှုတွေ တစ်စိတ်တစ်ပိုင်း လျှော့ ကျသွားပါပြီ။ ဒီနေ့ မနက် ၁၀ နာရီလောက်မှာ တောင်ကိုရီးယား ဆက်ဆံရေး ရုံး နဲ့ စစ်တပ်အချင်းချင်းဆက်သွယ်တဲ့ ဖုန်းလိုင်းတွေ ပြန်ပွင့်သွားကာ မြောက်ကိုရီးယာဖက်က ဖုန်းခေါ်သံတွေ နဲ့ နှုတ်ဆက်သံတွေ ထွက်ပေါ် လာခဲ့ပါတယ်။ မြောက်ကိုရီးယားဖက်က ဖုန်းလိုင်းစမ်းတဲ့အနေနဲ့ တောင်ကိုရီးယားဖက်ကို ဖုန်းခေါ်လို့ တာဝန်ကျအရာရှိတွေနဲ့ အထက်အဆင့်ဆင့် တင်ပြမှုတွေ လုပ်ရလို့ တောင်ကိုရီးယားစစ်တပ် အလုပ်ရှုတ်သွားပါတယ်။ …

အိန္ဒိယသား မယူရလို့ လူမျိုးရေးခွဲခြား စာတမ်းထိုးလို့ မလေးအွန်လိုင်းပေါ်မှာ ပွထသွား
International-news
အိန္ဒိယသား မယူရလို့ လူမျိုးရေးခွဲခြား စာတမ်းထိုးလို့ မလေးအွန်လိုင်းပေါ်မှာ ပွထသွား

အိန္ဒိယသား မယူရလို့ လူမျိုးရေးခွဲခြား စာတမ်းထိုးလို့ မလေးအွန်လိုင်းပေါ်မှာ ပွထသွား မောင်ယဿ ( ဇူလိုင် ၂၇ ) လူမျိုးရေးခွဲခြားတဲ့ အသုံးအနှုန်းနဲ့ အလှူလုပ်လို့ မလေးရှား အွန်လိုင်းပေါ်မှာ ပြစ်တင်ရှုံ့ချမှုတွေ ပွထသွားပါတယ်။ မလေးရှားမှာ ကိုဗစ်ကြောင့် လုပ်ငန်းတွေ လုပ်ဆိုင်းထား ၊ အသွားအလာတွေ ကန့်သတ်ထားလို့ ပြည်သူတော်တော်များများ စားရေးသောက်ရေး အကျတ်အတည်း နဲ့ ကြုံတွေ့နေ ရပါတယ်။ တတ်နိုင်တဲ့ ပြည်သူတွေက မတတ်နိုင်တဲ့ ပြည်သူတွေကို ကူညီဖို့အတွက် အစားအသောက်ဘဏ်လေးတွေက နိုင်ငံနဲ့ အနှံ့အပြားမှာ မှိုလိုပေါက်လာကြပါတယ်။ အဲ့ဒိမှာ ပြဿနာလေးရှိတာက လူမျိုးရေးခွဲခြားတဲ့ အလှူ အစားအသာက် ဘဏ်တွေကြောင့် ဆွမ်းဆန်ထဲကို ကြက်ချေးရောနေသလို ဖြစ်နေပါတယ်။ ဂျိုဟိုး …