ကိုဗစ်ကြောက်လို့ ကိုယ်အဂါၤ အစိတ်အပိုင်း လဲလှယ်မှု ကျဆင်း ပြီး သေဆုံးမှုတွေ ရှိနေ
- By : Kaung Khant
- Category : International-news

ကိုဗစ်ကြောက်လို့ ကိုယ်အဂါၤ အစိတ်အပိုင်း လဲလှယ်မှု ကျဆင်း ပြီး သေဆုံးမှုတွေ ရှိနေ
မောင်ယဿ ( စက်တင်ဘာ ၁ )
ကမ္ဘာ့အရေးပေါ်ကျန်းမာရေး အဖွဲ့ ရဲ့ အစီရင်ခံစာ ကို လန်းစက် ဆေးပညာဂျာနယ်ရဲ့ ဖော်ပြချက်အရ ကိုယ်အဂါၤအစိတ်အပိုင်း လဲလှယ်မှု တွေက ကိုဗစ်ကလအတွင်း မှာ အများကြီး ကျဆင်းသွားတယ်လို့ သိရပါတယ်။
ကိုယ်အဂါၤအစားထိုး လဲလှယ်တဲ့ လုပ်ငန်းက ကမ္ဘာကြီးရဲ့ ကျန်းမာရေးနဲ့ ဆေးပညာလောကရဲ့ အရေးပါတဲ့ အရွှေ့ တစ်ခုဖြစ်ပါတယ်။
ဥရောပ က ကိုယ်အင်္ဂါ အစာထိုး လူမှုအဖွဲအစည်းရဲ့ သုတေသန အရ ကျောက်ကပ် ၊ အဆုတ် ၊ အသည်း နဲ့ နလုံး အစားထိုး လဲလှယ်မှုတွေက မနှစ်က ကိုဗစ်၁၉ ပထမလှိုင်း စဝင်ကတည်းက ဥရောပ နိုင်ငံ ၂၀ကျော်မှာ ၃၁% ကျဆင်းသွားတယ်လို့ သိရပါတယ်။
မနေ့ကထွက်တဲ့ The Lancet Public Health ဆေးပညာဂျာနယ်မှာ ၂၀၁၉ နဲ့ နှိုင်းယှဉ်ရင် ၂၀၂၀ မှာ ဥရောပ နိုင်ငံတွေထဲက ၂၂ နိုင်ငံမှာ ကိုယ်တွင်းအဂါၤလဲလှယ်မှု ၃ချိုး ၁ချို မက ကျဆင်းသွားပါတယ်လို့ ဖော်ပြ ထားပါတယ်။
ဂျာနယ်ပါ ဖော်ပြပါစာရင်းအရ တစ်ကမ္ဘာလုံးမှာတော့ ၁၆ % ကျဆင်းသွားတယ်လို့ ဆိုပြီး ကျဆင်းသွားတဲ့ ပမာဏ ဦးရေ ကတော့ ၁၁၂၀၀ ဖြစ်ပါတယ်။
ကျောက်ကပ် လဲလှယ်မှု က အကျဆင်းဆုံးဖြစ်ပြီး အဆုတ် ၊ အသည်းနဲ့ နလုံးကတော့ အစဉ်လိုက် ကျဆင်းခဲ့ပါတယ်။ အမေရိကား မှာကတော့ အဆုတ် လဲလှယ်မှု က အကျဆင်းဆုံးဖြစ်ပြီး အစားထိုးမှု က ၄% နှုန်းပဲကျပါတယ်။
ဗြိတိန်မှာကတော့ ကိုယ်တွင်း အင်္ဂါ လဲလှယ်မှု ၈၀ %နှုန်းအထိကျဆင်းခဲ့ပြီး လဲလှယ်ခွင့် မရလို့ တစ်နှစ်အတွင်း လူနာ ၁၀၀ ကျော်သေဆုံးခဲ့ပါတယ်။
အဓိကပြဿနာကတော့ ကိုယ်တွင်းအဂါၤအလှူရှင်တွေက ကိုဗစ်ဖြစ်နေတဲ့ အတွက်ကြောင့် လှူဒါန်းခွင့် မရဘဲ အလှူခံတွေ သေဆုံးခဲ့ရခြင်းဖြစ်ပါတယ်။ အချို့ဒေသတွေ ဆိုရင် ကိုဗစ်ကြောင့် အလှူခံတဲ့ ဌာနတွေ ပိတ်ထားရလို့ အလှူခံတွေမှာ အစားထိုး လဲလှယ်ခွင့်ဆုံးရှုံးကာ အသက်သေဆုံးခဲ့ရပါတယ်။
ကိုဗစ်ရဲ့ နောက်ဆက်တွဲ ဆိုကျိုးတွေထဲမှာ အဲ့ဒိကိစ္စက လူမသိ သူမသိဖြစ်နေလို့ ဂျာနယ်က ဖော်ထုတ်ပြလိုက်ရတာပဲဖြစ်ပါတယ်။
REF: UPI,Photo :Credit UPI
Zawgyi
ကိုဗစ္ေၾကာက္လို႔ ကိုယ္အဂါၤ အစိတ္အပိုင္း လဲလွယ္မႈ က်ဆင္း ၿပီး ေသဆုံးမႈေတြ ရွိေန

ေမာင္ယႆ ( စက္တင္ဘာ ၁ )
ကမာၻ႔အေရးေပၚက်န္းမာေရး အဖြဲ႕ ရဲ႕ အစီရင္ခံစာ ကို လန္းစက္ ေဆးပညာဂ်ာနယ္ရဲ႕ ေဖာ္ျပခ်က္အရ ကိုယ္အဂါအၤစိတ္အပိုင္း လဲလွယ္မႈ ေတြက ကိုဗစ္ကလအတြင္း မွာ အမ်ားႀကီး က်ဆင္းသြားတယ္လို႔ သိရပါတယ္။
ကိုယ္အဂါအၤစားထိုး လဲလွယ္တဲ့ လုပ္ငန္းက ကမာၻႀကီးရဲ႕ က်န္းမာေရးနဲ႔ ေဆးပညာေလာကရဲ႕ အေရးပါတဲ့ အေ႐ႊ႕ တစ္ခုျဖစ္ပါတယ္။
ဥေရာပ က ကိုယ္အဂၤါ အစာထိုး လူမႈအဖြဲအစည္းရဲ႕ သုေတသန အရ ေက်ာက္ကပ္ ၊ အဆုတ္ ၊ အသည္း နဲ႔ နလုံး အစားထိုး လဲလွယ္မႈေတြက မႏွစ္က ကိုဗစ္၁၉ ပထမလႈိင္း စဝင္ကတည္းက ဥေရာပ ႏိုင္ငံ ၂၀ေက်ာ္မွာ ၃၁% က်ဆင္းသြားတယ္လို႔ သိရပါတယ္။
မေန႔ကထြက္တဲ့ The Lancet Public Health ေဆးပညာဂ်ာနယ္မွာ ၂၀၁၉ နဲ႔ ႏႈိင္းယွဥ္ရင္ ၂၀၂၀ မွာ ဥေရာပ ႏိုင္ငံေတြထဲက ၂၂ ႏိုင္ငံမွာ ကိုယ္တြင္းအဂါလၤဲလွယ္မႈ ၃ခ်ိဳး ၁ခ်ိဳ မက က်ဆင္းသြားပါတယ္လို႔ ေဖာ္ျပ ထားပါတယ္။
ဂ်ာနယ္ပါ ေဖာ္ျပပါစာရင္းအရ တစ္ကမာၻလုံးမွာေတာ့ ၁၆ % က်ဆင္းသြားတယ္လို႔ ဆိုၿပီး က်ဆင္းသြားတဲ့ ပမာဏ ဦးေရ ကေတာ့ ၁၁၂၀၀ ျဖစ္ပါတယ္။
ေက်ာက္ကပ္ လဲလွယ္မႈ က အက်ဆင္းဆုံးျဖစ္ၿပီး အဆုတ္ ၊ အသည္းနဲ႔ နလုံးကေတာ့ အစဥ္လိုက္ က်ဆင္းခဲ့ပါတယ္။ အေမရိကား မွာကေတာ့ အဆုတ္ လဲလွယ္မႈ က အက်ဆင္းဆုံးျဖစ္ၿပီး အစားထိုးမႈ က ၄% ႏႈန္းပဲက်ပါတယ္။
ၿဗိတိန္မွာကေတာ့ ကိုယ္တြင္း အဂၤါ လဲလွယ္မႈ ၈၀ %ႏႈန္းအထိက်ဆင္းခဲ့ၿပီး လဲလွယ္ခြင့္ မရလို႔ တစ္ႏွစ္အတြင္း လူနာ ၁၀၀ ေက်ာ္ေသဆုံးခဲ့ပါတယ္။
အဓိကျပႆနာကေတာ့ ကိုယ္တြင္းအဂါအၤလႉရွင္ေတြက ကိုဗစ္ျဖစ္ေနတဲ့ အတြက္ေၾကာင့္ လႉဒါန္းခြင့္ မရဘဲ အလႉခံေတြ ေသဆုံးခဲ့ရျခင္းျဖစ္ပါတယ္။ အခ်ိဳ႕ေဒသေတြ ဆိုရင္ ကိုဗစ္ေၾကာင့္ အလႉခံတဲ့ ဌာနေတြ ပိတ္ထားရလို႔ အလႉခံေတြမွာ အစားထိုး လဲလွယ္ခြင့္ဆုံးရႈံးကာ အသက္ေသဆုံးခဲ့ရပါတယ္။
ကိုဗစ္ရဲ႕ ေနာက္ဆက္တြဲ ဆိုက်ိဳးေတြထဲမွာ အဲ့ဒိကိစၥက လူမသိ သူမသိျဖစ္ေနလို႔ ဂ်ာနယ္က ေဖာ္ထုတ္ျပလိုက္ရတာပဲျဖစ္ပါတယ္။
REF: UPI
Photo : UPI
No Comments