
ကိုဗစ်ကာလအတွင်း ဝိတ်ချနိုင်ဖို့ ကြိုးစားနေတဲ့ ဘရစ်တနေးစပီးယား
ဒီတနင်္လာနေ့က ဟောလီးဝုဒ် ဆယ်လီအဆိုတော် ဘရစ်တနေစပီးယားက သူမရဲ့ ဘော်ဒီဝိတ်ကို ချနိုင်ဖို့ အတွက် ပြင်းထန်တဲ့ အကလေ့ကျင်းခန်းတွေ လုပ်နေတယ် ဆိုတာကို ပြဖို့အတွက် သူမရဲ့ဗီဒီယိုဖိုင်ကို ဆိုရှယ်မီဒီယာမှာ တင်လိုက်ပါတယ်။
“ကျမ ဘော်ဒီနဲ့ ပတ်သက်ပြီး စိတ်ညစ်လွန်းလို့ ဒီကာလအတွင်းမှာ ဝိတ်ချနိုင်ဖို့ အက လေ့ကျင့်ခန်းတွေကို ပြင်းပြင်း ထန်ထန် လုပ်နေပါတယ်။ ဒီကပ်ရောဂါ ကာလကြီးကတော့ ကျမအတွက် သိပ်ခက်ခဲတဲ့ အချိန်ပါပဲ။ သွားစရာ နေရာတွေလည်း မရှိဘူး။ အားလုံးကလည်း ပိတ်ထားတယ်။
ကျမကတော့ ဘုရားဆီမှာ ဆုတောင်း နေတာက အရသာသိပ်ရှိတဲ့ အစားအစာတွေ မစားရပါစေနဲ့ ဆိုပြီး တောင်းနေရတယ်။ ဒီလိုမှ မဟုတ်ရင် ပျင်းပျင်းနဲ့ အစားချည်းပဲ လိမ့်ပိတ် စားနေလို့ ကိုယ့်ဘော်ဒီဝိတ်ကို မထိန်းနိုင်မှာ ဖြစ်နေလိမ့်မယ်”လို့ သူမရဲ့ ဗီဒီယိုမှာ ပုံစာအဖြစ် ရေးတင်ခဲ့ပါတယ်။
ဘရစ်တနေစပီးယား (၃၈နှစ်) က အစားအသောက် ခုံမင်သူဖြစ်လို့ အခုလို အားလပ်တဲ့ အချိန်တွေမှာ အရင်လို စားပြီး အရင်လိုပုံ ပြန်ဖြစ်သွားမှာကို စိုးရိမ်နေပုံ ရပါတယ်။ “ကျမက အားကစား လုပ်ပြီးရင် ရေခဲရေ အေးအေးလေး သောက်လိုက်ရမှ ကျေနပ်တယ်။ အဲ့ဒါက မှန်လား မှားလားတော့ မသိဘူး။
ဒါပေမဲ့ အခုလို ချွေးတွေ ပျံအောင် ကပြီးရင်တော့ ရေခဲရေ တစ်ခွက်လောက်တော့ ချဖြစ်အောင် ချလိုက်တာပဲ။ ရှင်တို့ရော အဲ့လို ပင်ပင် ပန်းပန်း လုပ်ပြီးရင် ရေခဲရေ သောက်သလား” လို့ သူမရဲ့ ဖော်လိုဝါ ၂၆သန်း ကျော်ကို ပြန်တောင် မေးထား ပါသေးတယ်။
ပြီးတော့ စာကျွင်းဆိုပြီး သူမရဲ့ပို့စ်မှာ ထပ်ပြီး ရေးတင် ထားပါတယ်။ “ အခု ကျမရဲ့ဆံပင်တွေက ရှုတ်ပွနေ တယ်။ ဆံပင်ကို အရှည်ထားရင် ကောင်းမလား။ လက်ရှိ အနေကတော့ ရှင်းရတာ လွယ်တယ်လေ။ ရော့ခ်ရှိုးတွေမှာ ဆိုရင်တော့ ဒီလောက်ဆိုရင် တော်တော် မိုက်ပါတယ်” လို့ လည်း ရေးထားပါတယ်။
ဘရစ်တနေစပီးယားက ပုံဆောင်ခဲ လေးတွေကို စုဆောင်းရတာ ဝါသနာ ပါ ပါတယ်။ ရောင်စုံကျောက်တုံး လေးတွေနဲ့ ပတ်သက်လာရင် အရူးအမူး ပါပဲ။ ဒါကြောင့် သူမက သူမရဲ့ အင်စတာဂရမ် မှာ ပုံဆောင်ခဲ ကျောက်တုံးလေးတွေကို အမြဲ တင်လေ့ရှိပါတယ်။
“ကျမက အင်တာဗျူး ဆိုရင် ကြောက်တတ်တယ်။ ဒါကြောင့် အင်တာဗျူး ဖြေရမယ်ဆိုတိုင်း အိပ်ကပ်ထဲမှာ ပုံဆောင်ခဲလေးတွေကို အကြောက်ပြေအောင် အမြဲ ဆောင်သွားလေ့ ရှိပါတယ်” လို့ ရေးတင်ခဲ့ပါတယ်။
မောင်ယဿ, REF: dailymail, Photo ; instargram
Zawgyi
ကိုဗစ္ကာလအတြင္း ဝိတ္ခ်ႏိုင္ဖို႔ ႀကိဳးစားေနတဲ့ ဘရစ္တေနးစပီးယား
ဒီတနလၤာေန႔က ေဟာလီးဝုဒ္ ဆယ္လီအဆိုေတာ္ ဘရစ္တေနစပီးယားက သူမရဲ႕ ေဘာ္ဒီဝိတ္ကို ခ်ႏိုင္ဖို႔ အတြက္ ျပင္းထန္တဲ့ အကေလ့က်င္းခန္းေတြ လုပ္ေနတယ္ ဆိုတာကို ျပဖို႔အတြက္ သူမရဲ႕ဗီဒီယိုဖိုင္ကို ဆိုရွယ္မီဒီယာမွာ တင္လိုက္ပါတယ္။
“က်မ ေဘာ္ဒီနဲ႔ ပတ္သက္ၿပီး စိတ္ညစ္လြန္းလို႔ ဒီကာလအတြင္းမွာ ဝိတ္ခ်ႏိုင္ဖို႔ အက ေလ့က်င့္ခန္းေတြကို ျပင္းျပင္း ထန္ထန္ လုပ္ေနပါတယ္။ ဒီကပ္ေရာဂါ ကာလႀကီးကေတာ့ က်မအတြက္ သိပ္ခက္ခဲတဲ့ အခ်ိန္ပါပဲ။ သြားစရာ ေနရာေတြလည္း မရွိဘူး။ အားလုံးကလည္း ပိတ္ထားတယ္။
က်မကေတာ့ ဘုရားဆီမွာ ဆုေတာင္း ေနတာက အရသာသိပ္ရွိတဲ့ အစားအစာေတြ မစားရပါေစနဲ႔ ဆိုၿပီး ေတာင္းေနရတယ္။ ဒီလိုမွ မဟုတ္ရင္ ပ်င္းပ်င္းနဲ႔ အစားခ်ည္းပဲ လိမ့္ပိတ္ စားေနလို႔ ကိုယ့္ေဘာ္ဒီဝိတ္ကို မထိန္းႏိုင္မွာ ျဖစ္ေနလိမ့္မယ္”လို႔ သူမရဲ႕ ဗီဒီယိုမွာ ပုံစာအျဖစ္ ေရးတင္ခဲ့ပါတယ္။
ဘရစ္တေနစပီးယား (၃၈ႏွစ္) က အစားအေသာက္ ခုံမင္သူျဖစ္လို႔ အခုလို အားလပ္တဲ့ အခ်ိန္ေတြမွာ အရင္လို စားၿပီး အရင္လိုပုံ ျပန္ျဖစ္သြားမွာကို စိုးရိမ္ေနပုံ ရပါတယ္။ “က်မက အားကစား လုပ္ၿပီးရင္ ေရခဲေရ ေအးေအးေလး ေသာက္လိုက္ရမွ ေက်နပ္တယ္။ အဲ့ဒါက မွန္လား မွားလားေတာ့ မသိဘူး။
ဒါေပမဲ့ အခုလို ေခြၽးေတြ ပ်ံေအာင္ ကၿပီးရင္ေတာ့ ေရခဲေရ တစ္ခြက္ေလာက္ေတာ့ ခ်ျဖစ္ေအာင္ ခ်လိုက္တာပဲ။ ရွင္တို႔ေရာ အဲ့လို ပင္ပင္ ပန္းပန္း လုပ္ၿပီးရင္ ေရခဲေရ ေသာက္သလား” လို႔ သူမရဲ႕ ေဖာ္လိုဝါ ၂၆သန္း ေက်ာ္ကို ျပန္ေတာင္ ေမးထား ပါေသးတယ္။
ၿပီးေတာ့ စာကြၽင္းဆိုၿပီး သူမရဲ႕ပို႔စ္မွာ ထပ္ၿပီး ေရးတင္ ထားပါတယ္။ “ အခု က်မရဲ႕ဆံပင္ေတြက ရႈတ္ပြေန တယ္။ ဆံပင္ကို အရွည္ထားရင္ ေကာင္းမလား။ လက္ရွိ အေနကေတာ့ ရွင္းရတာ လြယ္တယ္ေလ။ ေရာ့ခ္ရႈိးေတြမွာ ဆိုရင္ေတာ့ ဒီေလာက္ဆိုရင္ ေတာ္ေတာ္ မိုက္ပါတယ္” လို႔ လည္း ေရးထားပါတယ္။
ဘရစ္တေနစပီးယားက ပုံေဆာင္ခဲ ေလးေတြကို စုေဆာင္းရတာ ဝါသနာ ပါ ပါတယ္။ ေရာင္စုံေက်ာက္တုံး ေလးေတြနဲ႔ ပတ္သက္လာရင္ အ႐ူးအမူး ပါပဲ။ ဒါေၾကာင့္ သူမက သူမရဲ႕ အင္စတာဂရမ္ မွာ ပုံေဆာင္ခဲ ေက်ာက္တုံးေလးေတြကို အၿမဲ တင္ေလ့ရွိပါတယ္။
“က်မက အင္တာဗ်ဴး ဆိုရင္ ေၾကာက္တတ္တယ္။ ဒါေၾကာင့္ အင္တာဗ်ဴး ေျဖရမယ္ဆိုတိုင္း အိပ္ကပ္ထဲမွာ ပုံေဆာင္ခဲေလးေတြကို အေၾကာက္ေျပေအာင္ အၿမဲ ေဆာင္သြားေလ့ ရွိပါတယ္” လို႔ ေရးတင္ခဲ့ပါတယ္။
ေမာင္ယႆ, REF: dailymail, Photo ; instargram
No Comments