ကိုဗစ်ကာကွယ် ဆေးမထိုးတဲ့ ဘာသာရေးဆရာတွေကို အလုပ်ဖြုတ် မယ်လို့ သတိပေး

ကိုဗစ်ကာကွယ် ဆေးမထိုးတဲ့ ဘာသာရေးဆရာတွေကို အလုပ်ဖြုတ် မယ်လို့ သတိပေး
International-news

ကိုဗစ်ကာကွယ် ဆေးမထိုးတဲ့ ဘာသာရေးဆရာတွေကို အလုပ်ဖြုတ် မယ်လို့ သတိပေး

မောင်ယဿ ( စက်တင်ဘာ ၃ )

မလေးရှားနိုင်ငံက ဘာသာရေး ဆရာ ၃၆၀ ကျော်က ကိုဗစ်ကာကွယ်ဆေးထိုးဖို့အတွက် ငြင်းဆန်တဲ့စာကို ဒေသခံ အာဏာပိုင်တွေကို တင်လို့ ဆလင်ဂါ စူလ်တန်က ဆေးမထိုးရင် အလုပ်က အနားယူဖို့အတွက် စဉ်းစားထားလို့ ပြန်ပြီးပြောခဲ့ပါတယ်။

ဆလန်ဂါတော်ဝင်ရုံး ဖေ့စ်ဘုတ်စာမျက်နှာမှာ ကာကွယ်ဆေးမထိုးတဲ့ ဗလီဆရာတွေ ၊ လက်ထပ်ပေးတဲ့ ဆရာတွေ အနေနဲ့ ပြည်သူနဲ့ အနီးဆုံး ထိတွေ့ ဆက်ဆံနေရလို့ ကာကွယ်ဆေး ထိုးကိုထိုးရမယ်လို့ ဆိုပါတယ်။

အဲ့ဒိကြေညာချက်ထွက်ပြီးနောက်မှာတော့ ဗလီဆရာ ၃၂၆ ယောက်က ကာကွယ်ဆေးထိုးဖို့ ရောက်လာခဲ့ပြီး ကျန်တဲ့ ၉၂ ဦး က ဆေးမထိုးနိုင်ဘူးလို့ ငြင်းဆိုလိုက်ပါတယ်။

ဆလန်ဂါမှာရှိတဲ့ ဗလီ ၅၉ လုံးက ကာကွယ်ဆေး ထိုးပြီး ဖြစ်ပေမဲ့ ဗလီ ၁၁ လုံးကတော့ ကိုဗစကာကွယ်ဆေး ကို အယုံအကြည်မရှိတဲ့အတွက် ဆေးမထိုးနိုင်ဘူးလို့ ငြင်းဆန်ထားပါတယ်။ “ကျနော်က ကာကွယ်ဆေး မထိုးဘူးဆိုတဲ့ သူတွေကိုတော်တော်စိတ်ပျက်တယ်ဗျာ။

သူတို့ ကို သူတို့ ကိုယ်တိုတင်မဟုတ်ဘူး အများပြည်သူကိုပါ အန္တရာယ်ဖြစ်စေတယ်လေ။ ကိုဗစ်ကာကွယ်ဆေး ထိုးထားတယ် ဆိုရင် ကိုဗစ်ကူးစက်တာနဲ့ ရောဂါဒဏ်ကို ပြင်းပြင်းထန်ထန်မခံစားရ ဘူးဆိုတာကို သိကို မသိတာ။

သူတို့သိတာက အဲ့ဒိဆေးက မတည့်ရင်သေတတ်တယ်တို့ ၊ ဆေးကတကယ်ကူးလာရင် မကာကွယ် ပေးနိုင်ဘူးတို့ ၊ ဟိုလူပြော ဒီလူပြော ကောလဟလတွေနဲ့ ငြင်းနေကြတယ်လေ” လို့ ဆလင်ဂါစူလ်တန်က ဆိုပါတယ်။

ပြဿနာက ကာကွယ်ဆေးမထိုးထားတဲ့ ခါဖာ ဆရာတွေကနေ သူတို့ရဲ့ကျောင်းသားတွေဆီကို ရောဂါပြန့်သွားနိုင်တာပါပဲ။

“ ကျနော်ကတော့ ခါဖာဆရာတွေ ၊ ဗလီတွေက အရာရှိတွေ နဲ့ လက်ထပ်ပေးတဲ့ ဆရာတွေကို ဆလင်ဂါ ကျန်းမာရေး အရာရှိတွေက ကောင်းကောင်း ကိုင်တွယ်နိုင်ပြီး ကာကွယ်ဆေး ထိုးပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်” လို့ စူလ်တန်က ဆိုပါတယ်။

မလေးက ဆလင်ဂါပြည်နယ်မှာ မူလတန်းကျောင်း ၂၆၈ ကျောင်း နဲ့ အလယ်တန်းကျောင်း ၁၈၂ကျောင်း က ကာကွယ်ဆေးထိုးဖို့ကို ငြင်းဆန်ထားပါတယ်။ မလေးရှားမှာ ကိုဗစ် ပေါ့စတစ်သမား ၂သန်းလောက်ရှိပြီး သေဆုံးသူ ၁၇၁၉၁ ရှိပါတယ်။

REF: world of buzz,Photo:Credit  abunuhacorner

Zawgyi


ကိုဗစ်ကာကွယ် ဆေးမထိုးတဲ့ ဘာသာရေးဆရာတွေကို အလုပ်ဖြုတ် မယ်လို့ သတိပေး
ကိုဗစ်ကာကွယ် ဆေးမထိုးတဲ့ ဘာသာရေးဆရာတွေကို အလုပ်ဖြုတ် မယ်လို့ သတိပေး

မောင်ယဿ ( စက်တင်ဘာ ၃ )










REF: world of buzz
Photo: abunuhacorner

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

လေထဲက ကာဗွန်တွေကိုစုပ်ဖို့ အစ္စရေးက နည်းပညာမြင့် မိုးပျံပူဖောင်းကြီးတွေ လွှတ်တင်ဖို့ စီစဉ်နေ
International-news
လေထဲက ကာဗွန်တွေကိုစုပ်ဖို့ အစ္စရေးက နည်းပညာမြင့် မိုးပျံပူဖောင်းကြီးတွေ လွှတ်တင်ဖို့ စီစဉ်နေ

လေထဲက ကာဗွန်တွေကိုစုပ်ဖို့ အစ္စရေးက နည်းပညာမြင့် မိုးပျံပူဖောင်းကြီးတွေ လွှတ်တင်ဖို့ စီစဉ်နေ မောင်ယဿ ( နိုဝင်ဘာ ၅ ) ကမ္ဘာကြီး ပူနွေးလာစေရန် လုပ်နေတဲ့ ကမ္ဘာ့လေထုအပေါ်လွာမှာ ရှိတဲ့ ကာဗွန်တွေကို စုပ်ယူဖို့အတွက် နည်းပညာ မြင့်မိုးပျံပူဖောင်း ကြီးတွေကို လွှတ်တင်ဖို့ အစ္စရေးက စမ်းသက်မှုတွေလုပ်နေပါတယ်။ ကမ္ဘာ့လေထုထဲကို ကာဗွန်တွေကို စုတ်ယူပြီး ပြန်လည် အသုံးပြုလို့ရတဲ့ နည်းပညာတစ်ရပ်ကို တီထွင်နိုင်ပြီ ဖြစ်ပေမဲ့ စမ်းသက်မှုတွေ လုပ်ရဦးမှာပါ။ လောလောဆယ် ပထမဦးဆုံး တစ်လုံးကို စမ်းသက်လွှတ် တင်ထားပါတယ်။ ကမ္ဘာ့လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုက်ကို စိုက်ပျိုးရေး စက်မှုလုပ်ငန်းတွေနဲ့ ရုပ်ကြွင်းလောင်စာ အသုံးပြုမှုကနေ ထုတ်လွှတ်ပေးလိုက်တာပါ။ လက်ရှိ ကမ္ဘာမှာဖြစ်ပေါ်နေတဲ့ ပူနွေးလာမှုရဲ့ …

သူပုန်တွေ ချီတက်လာလို့ အီသီယိုပီးယားမှာ အရေးပေါ်အခြေအနေကြေညာ
International-news
သူပုန်တွေ ချီတက်လာလို့ အီသီယိုပီးယားမှာ အရေးပေါ်အခြေအနေကြေညာ

သူပုန်တွေ ချီတက်လာလို့ အီသီယိုပီးယားမှာ အရေးပေါ်အခြေအနေကြေညာ မောင်ယဿ ( နိုဝင်ဘာ ၃ ) တိုက်ဂရေးဒေသ မြောက်ပိုင်းမှာနေတဲ့ သူပုန်တွေတပ်က မြို့ တော်နားအထိ ချီတက်လာတဲ့ အတွက် တိုင်ပြည်အရေးပေါ်အခြေအနေ ကြေညာကြောင်း အီသီယိုပီးယား အစိုးရက မနေ့က ကြေညာလိုက်ပါတယ်။ တိုက်ဂရေးပြည်သူ့လွတ်မြောက်ရေး တပ်ဦး (TPLF) ရဲ့ တပ်တွေက မြို့တော် အက်ဒစ်အာဘာဒါ ကို သွားတဲ့ လမ်းကြောင်းပေါ်မှာရှိတဲ့ ဒက်ဆီနဲ့ ကွန်ဘော်ချာမြို့တွေကို သိမ်ပိုက်ထားလိုက်ပါပြီ။ သူပုန်တပ်တွေ ချီတက်လာပြီဖြစ်လို့ မြို့တော်အနီးတဝိုက် နဲ့ မြိုကတော်နေ ပြညသူများ ရရာလက်နက်စွဲကိုင်ပြီး သူပုန်တွေ ကို ပြန်လည်တိုက်ခိုက်ဖို့ ပြင်ဆင်ကြပါဆိုပြီး ဝန်ကြီးချုပ် အာဘီယီအာမက် က သတိပေးနှိုးဆော်ထားပါတယ်။ …

ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ
International-news
ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ

ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ ရင်ငြိမ်းနွေ ( အောက်တိုဘာ ၂၆ ) အချစ်ဆိုတဲ့အရာဟာ တော်တော်ထူးဆန်းတဲ့အရာပါ။ အသက်အရွယ် ရုပ်ရည် အဆင့်အတန်းတွေကို ကျော်ဖြတ်ပြီး သူချစ်ချင်တဲ့ အရာကိုချစ်အောင် လုပ်ပစ်လိုက်တာချည်းပါပဲ။ ဒီကနေ့ ဂျပန်တော်ဝင်မင်းသမီးမာကို ( ၃၀ နှစ်) က သူမရဲ့ချစ်သူ သာမန်အရပ်သား ကိုင်းကိုမူရိုနဲ့ စည်ပင်ရုံးမှာ လက်ထပ်လိုက်ပါပြီ။ ကိုမူရိုက နယူးယောက်ခ်ဥပဒေကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်တဲ့ဝန်ထမ်းတစ်ယောက်ပါ။ တော်ဝင်မိသားစုဝင် တစ်ဦးဖြစ်တဲ့ မာကိုက အရပ်သားကိုမူရိုကို လက်ထပ်လိုက်တဲ့အတွက်ကြောင့် သူမရဲ့ တော်ဝင်နန်းမွေကို စွန့်လွှတ်လိုက်ရပါတယ်။ ဂျပန်ဘုရင် နာရူဟီတို ရဲ့တူမဖြစ်သူ မင်းသမီးမာကိုက အကြီးဆုံးနန်းမွေခံမင်းသမီး ဖြစ်ပါတယ်။ သူမက နန်းတော်အဆောင်မှူးတွေအကူအညီနဲ့ စည်ပင်ရုံးမှာ လက်ထပ်ခဲ့တာပါ။ …