ကိုဗစ်ကာကွယ်ဆေး မထိုးချင်ဘူးလို့ ငြင်းဆန်တဲ့ ပြင်သစ်ကျန်းမာရေး ဝန်ထမ်းတွေ ကို လစာမပေး

ကိုဗစ်ကာကွယ်ဆေး မထိုးချင်ဘူးလို့ ငြင်းဆန်တဲ့ ပြင်သစ်ကျန်းမာရေး ဝန်ထမ်းတွေ ကို လစာမပေး
International-news

ကိုဗစ်ကာကွယ်ဆေး မထိုးချင်ဘူးလို့ ငြင်းဆန်တဲ့ ပြင်သစ်ကျန်းမာရေး ဝန်ထမ်းတွေ ကို လစာမပေး

မောင်ယဿ ( စက်တင်ဘာ ၁၇ )

ပြင်သစ်နိုင်ငံက ကျန်းမာရေးဝန်ထမ်း ထောင်ပေါင်းများစွာသော ကိုဗစ်ကာကွယ်ဆေးထိုးဖို့အတွက် ငြင်းဆန်နေတယ်လို့ မနေ့ပြင်သစ်အာဏါပိုင်တွေက ဆိုလိုက်ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနက အောက်တိုဘာလမှာ တစ်နိုင်ငံလုံးရှိကျန်းမာရေး ဝန်ထမ်းအာလုံး ကိုဗစ်ကာကွယ်ဆေးကို မဖြစ်မနေ အပြီးထိုးရမယ်လို့ အမိန့် တစ်ရပ်ထုတ်ပြန်ထားတာကို ဝန်ထမ်းတွေက ငြင်းဆန်နေတာပါ။

ဒီအပတ်ထဲမှာ ကာကွယ်ဆေးမထိုးရသေးတဲ့ ဝန်ထမ်းတွေကို ဆေးလိုက်ထိုးပေးတဲ့နေရာမှာ အထိုးမခံတဲ့ ဝန်ထမ်း ၃၀၀၀ ကျော်ကို အလုပ်ကနေ ယာယီရပ်ဆိုင်းထားတဲ့ အပြင် လစာလည်း ထုတ်မပေးဘူးလို့ ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

အောက်တိုဘာ ၁၆ ရက်နေ့မှာမှ ကာကွယ်ဆေး ပထမအလုံး ကို မထိုးဘူး ဆိုရင် အလုပ်က အပြီး ဖြုတ်မယ်လို့ ဆိုထားပါတယ်။ အဲ့ဒိအမိန့်ကို သမ္မတမာခွန်က ဇူလိုင်လကတည်းက ထုတ်ပြန်ထားတာပါ။

လက်ရှိ အနေအထားအရ ကာကွယ်ဆေးမထိုးချင်လို့ အလုပ်ကိုထွက်စာတင်ပြီး ထွက်သွားတဲ့ ဝန်ထမ်းတွေ ဆယ်ဂဏန်းနဲ့ ချီပြီး ရှိနေတယ်လို့ ဝန်ကြီးဌာနက ဆိုပါတယ်။

ပြင်သစ်နိုင်ငံမှာ ၁၂ နှစ်အထက် လူဦးရေက ၈၀% လောက်ရှိပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေ ကာကွယ် ဆေးထိုးမှု နှံမှု မပြုလုပ်ပါက လူ ၃သန်းလောက် ရောဂါကူးစက်ပြီး ထိခိုက်မှုတွေ ရှိနိုင်ပါတယ်။

ဆေးထိုးမခံတဲ့ ကျန်းမာရေးဝန်ထမ်းတွေကတော့ ဥပဒေအရ ဝန်ထမ်းတွေကိုအလုပ်ဖြုတ်လို့ မရဘူး အလွန်ဆုံး လစာမပေးဘဲ အလုပ်က အချိန်အကန့်အသတ်နဲ့သာ နားထားလို့ရတယ်လို့ ဆိုပါတယ်။ သူတို့က ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက သမ္မတရဲ့အမိန့်ကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြပါတယ်။

REF: UPI,Photo ;Credit  connexion

Zawgyi


မောင်ယဿ ( စက်တင်ဘာ ၁၇ )








REF: UPI
Photo ; connexion

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

လေထဲက ကာဗွန်တွေကိုစုပ်ဖို့ အစ္စရေးက နည်းပညာမြင့် မိုးပျံပူဖောင်းကြီးတွေ လွှတ်တင်ဖို့ စီစဉ်နေ
International-news
လေထဲက ကာဗွန်တွေကိုစုပ်ဖို့ အစ္စရေးက နည်းပညာမြင့် မိုးပျံပူဖောင်းကြီးတွေ လွှတ်တင်ဖို့ စီစဉ်နေ

လေထဲက ကာဗွန်တွေကိုစုပ်ဖို့ အစ္စရေးက နည်းပညာမြင့် မိုးပျံပူဖောင်းကြီးတွေ လွှတ်တင်ဖို့ စီစဉ်နေ မောင်ယဿ ( နိုဝင်ဘာ ၅ ) ကမ္ဘာကြီး ပူနွေးလာစေရန် လုပ်နေတဲ့ ကမ္ဘာ့လေထုအပေါ်လွာမှာ ရှိတဲ့ ကာဗွန်တွေကို စုပ်ယူဖို့အတွက် နည်းပညာ မြင့်မိုးပျံပူဖောင်း ကြီးတွေကို လွှတ်တင်ဖို့ အစ္စရေးက စမ်းသက်မှုတွေလုပ်နေပါတယ်။ ကမ္ဘာ့လေထုထဲကို ကာဗွန်တွေကို စုတ်ယူပြီး ပြန်လည် အသုံးပြုလို့ရတဲ့ နည်းပညာတစ်ရပ်ကို တီထွင်နိုင်ပြီ ဖြစ်ပေမဲ့ စမ်းသက်မှုတွေ လုပ်ရဦးမှာပါ။ လောလောဆယ် ပထမဦးဆုံး တစ်လုံးကို စမ်းသက်လွှတ် တင်ထားပါတယ်။ ကမ္ဘာ့လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုက်ကို စိုက်ပျိုးရေး စက်မှုလုပ်ငန်းတွေနဲ့ ရုပ်ကြွင်းလောင်စာ အသုံးပြုမှုကနေ ထုတ်လွှတ်ပေးလိုက်တာပါ။ လက်ရှိ ကမ္ဘာမှာဖြစ်ပေါ်နေတဲ့ ပူနွေးလာမှုရဲ့ …

သူပုန်တွေ ချီတက်လာလို့ အီသီယိုပီးယားမှာ အရေးပေါ်အခြေအနေကြေညာ
International-news
သူပုန်တွေ ချီတက်လာလို့ အီသီယိုပီးယားမှာ အရေးပေါ်အခြေအနေကြေညာ

သူပုန်တွေ ချီတက်လာလို့ အီသီယိုပီးယားမှာ အရေးပေါ်အခြေအနေကြေညာ မောင်ယဿ ( နိုဝင်ဘာ ၃ ) တိုက်ဂရေးဒေသ မြောက်ပိုင်းမှာနေတဲ့ သူပုန်တွေတပ်က မြို့ တော်နားအထိ ချီတက်လာတဲ့ အတွက် တိုင်ပြည်အရေးပေါ်အခြေအနေ ကြေညာကြောင်း အီသီယိုပီးယား အစိုးရက မနေ့က ကြေညာလိုက်ပါတယ်။ တိုက်ဂရေးပြည်သူ့လွတ်မြောက်ရေး တပ်ဦး (TPLF) ရဲ့ တပ်တွေက မြို့တော် အက်ဒစ်အာဘာဒါ ကို သွားတဲ့ လမ်းကြောင်းပေါ်မှာရှိတဲ့ ဒက်ဆီနဲ့ ကွန်ဘော်ချာမြို့တွေကို သိမ်ပိုက်ထားလိုက်ပါပြီ။ သူပုန်တပ်တွေ ချီတက်လာပြီဖြစ်လို့ မြို့တော်အနီးတဝိုက် နဲ့ မြိုကတော်နေ ပြညသူများ ရရာလက်နက်စွဲကိုင်ပြီး သူပုန်တွေ ကို ပြန်လည်တိုက်ခိုက်ဖို့ ပြင်ဆင်ကြပါဆိုပြီး ဝန်ကြီးချုပ် အာဘီယီအာမက် က သတိပေးနှိုးဆော်ထားပါတယ်။ …

ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ
International-news
ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ

ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ ရင်ငြိမ်းနွေ ( အောက်တိုဘာ ၂၆ ) အချစ်ဆိုတဲ့အရာဟာ တော်တော်ထူးဆန်းတဲ့အရာပါ။ အသက်အရွယ် ရုပ်ရည် အဆင့်အတန်းတွေကို ကျော်ဖြတ်ပြီး သူချစ်ချင်တဲ့ အရာကိုချစ်အောင် လုပ်ပစ်လိုက်တာချည်းပါပဲ။ ဒီကနေ့ ဂျပန်တော်ဝင်မင်းသမီးမာကို ( ၃၀ နှစ်) က သူမရဲ့ချစ်သူ သာမန်အရပ်သား ကိုင်းကိုမူရိုနဲ့ စည်ပင်ရုံးမှာ လက်ထပ်လိုက်ပါပြီ။ ကိုမူရိုက နယူးယောက်ခ်ဥပဒေကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်တဲ့ဝန်ထမ်းတစ်ယောက်ပါ။ တော်ဝင်မိသားစုဝင် တစ်ဦးဖြစ်တဲ့ မာကိုက အရပ်သားကိုမူရိုကို လက်ထပ်လိုက်တဲ့အတွက်ကြောင့် သူမရဲ့ တော်ဝင်နန်းမွေကို စွန့်လွှတ်လိုက်ရပါတယ်။ ဂျပန်ဘုရင် နာရူဟီတို ရဲ့တူမဖြစ်သူ မင်းသမီးမာကိုက အကြီးဆုံးနန်းမွေခံမင်းသမီး ဖြစ်ပါတယ်။ သူမက နန်းတော်အဆောင်မှူးတွေအကူအညီနဲ့ စည်ပင်ရုံးမှာ လက်ထပ်ခဲ့တာပါ။ …