ကိုဗစ်ကာကွယ်ဆေး ထိုးရင် ကွာမယ်ပြောလို့ ရှေ့နေနဲ့ တိုင်ပင်
- By : Kaung Khant
- Category : International-news
ကိုဗစ်ကာကွယ်ဆေး ထိုးရင် ကွာမယ်ပြောလို့ ရှေ့နေနဲ့ တိုင်ပင်
မောင်ယဿ ( သြဂုတ် ၃၁ )
မလေးရှာမှာ အများစုက ကိုဗစ် ကာကွယ်ဆေး ထိုးနေကြပေမဲ့ အချို့က တော့ ကိုဗစ်ကာကွယ်ဆေး ထိုးဖို့ကို ငြင်းဆန်နေတုန်ဖြစ်တဲ့ အပြင် သူတို့ရဲ့ မိသားစုတွေကိုလည်း ကာကွယ်ဆေး မထိုးဖို့ ဖိအားပေးနေပါတယ်။
အခုဖြစ်စဉ်ကလည်း ကာကွယ်ဆေး ထိုးမိတဲ့ မိန်းမကို သူ့ ယောက်ျားက ကွာ မယ်ဆိုလို့ ရှေ့နေနဲ့ တိုင်ပင်ရတဲ့ အကြောင်းပဲဖြစ်ပါတယ်။
ယောက်ျားက ကွာမယ်ဆိုလို့ မိန်းမက သူမရဲ့ ရှေ့နေနဲ့ မက်ဆင်ဂျာ ကနေ တိုင်ပင်တာကို စခရင်ရှော့ ရိုက်ပြီး ရှေ့နေ က လိုင်းပေါ်တင်လိုက်လို့ မလေးရှား အွန်လိုင်းပေါ်မှာ ပလူပျံသွားပါတယ်။
မက်ဆာမြို့က ရှေ့နေ ကာမီလန်ဆီကို အိမ်ရှင်မတစ်ဦးက မက်ဆင်ဂျာကနေ ဆက်သွယ်လာပါတယ်။ သူမက သူမရဲ့ ယောကျ်ား အလုပ်နဲ့ ခရီးသွားနေတုန်း ကိုဗစ်ကာကွယ်ဆေး ပထမအလုံးကို ထိုးခဲ့ပါတယ်လို့ ဆိုပါတယ်။
အဲ့ဒိအမျိုးသားကရောက်နေတဲ့ မြို့ ကနေ ဖုန်ပြောနေစဉ်မှာ စကားစပ်မိသွားပြီး ကိုဗစ်ကာကွယ်ဆေး အကြောင်းပြောမိပါတယ်။ သူမကာကွယ်ဆေးထိုးတဲ့အကြောင်းကို သိသွားတော့ အမျိုးသားက ပေါက်ကွဲပြီး သူ့ စကားကိုနားမထောင်တဲ့အတွက် ကွာမယ်လို့ ပြောလာပါတယ်။
အဲ့ဒိနောက်အမျိုးသားက ဆီရာရပ် တရာရုံး မှာကွာရှင်းခွင့် ကိုတောင်းပါတယ်။ တရာရုံး က လက်မခံဘဲ ပယ်ချလိုက်ပါတယ်။ ကာမီဆီလန်က အဲ့လိုအမှုမျိုး က ပထမဆုံးဖြစ်တာမဟုတ်ပါဘူး ။
အရင်ကလည်း ယောက်ျားက ကာကွယ်ဆေး ထိုးလို့ ကွယ်မယ်ဆိုတဲ့ ကိစ္စတွေကို ကိုင်တွယ်ခဲ့ဖူးပါတယ်လို့ ဆိုပါတယ်။
အဲ့ဒိကိစ္စ လိုင်းပေါ်မှာ ဖောက်ချလိုက်လို့ အဲ့လိုမျိုး ကိစ္စတွေက တစ်ခုမကဘူး အများကြီးဖြစ်နေတာကို ရင်ဖွင့်တဲ့ သူတွေက ရင်ဖွင့်ကြပါတယ်။
အဲ့ဒါနဲ့ ရှေ့နေမ ကကာကွယ်ဆေးထိုးလို့ ယောက်ျားက ကွာမယ် ဆိုတာကိုပြောခံရတဲ့ အိမ်ရှင်မတွေကို စုပြီး အသင်းဖွဲ့ကာ တရားရုံး ကိုတိုင်ဖို့အတွက် စီစဉ် နေပါတယ်။
REF: world of buzz,Photo:Credit nestia
Zawgyi
မောင်ယဿ ( သြဂုတ် ၃၁ )
REF: world of buzz
Photo: nestia
No Comments