ကိုဗစ်ကာကွယ်ဆေး တိုင်း အလုပ်လုပ်တယ်လို့ ဓာတ်မှန်ရိုက်ပြီး သက်သေပြ
ကိုဗစ်ကာကွယ်ဆေး တိုင်း အလုပ်လုပ်တယ်လို့ ဓာတ်မှန်ရိုက်ပြီး သက်သေပြ
Uncategorized
ကိုဗစ်ကာကွယ်ဆေး တိုင်း အလုပ်လုပ်တယ်လို့ ဓာတ်မှန်ရိုက်ပြီး သက်သေပြ
မောင်ယဿ ( ဇူလိုင် ၂၆ )
ဖိလစ်ပိုင် ဆရာဝန် ဒေါက်တာ အန်နီဂ်ဘရီရယ်ချန်က ကိုဗစ်ကာကွယ်ဆေး တိုင်း အလုပ်လုပ်တယ်ဆိုတဲ့ အကြောင်းကို ကာကွယ် ဆေးအမျိုးမျိုး ထိုးထားတဲ့ လူတွေရဲ့ အဆုတ်တွေနဲ့ ကိုဗစ်ရောဂါ အသည်းအသန် ခံစားနေရတဲ့ အရေးပေါ် ကုသဆောင်ထဲက လူနာရဲ့ အဆုတ်ဓာတ်မှန် ကို ယှဉ်တွဲပြီး ပြသခဲ့ပါတယ်။
အဲ့ဒိဆရာဝန်က ဖိလစ်ပိုင်နိုင်ငံ ကူးစက်ရောဂါနဲ့ ကိုယ်တွင်း ကလီစာ ကုသရေးအထူးကူဖြစ်ပြီး အေအိုင်ဒီအက်စ် ၊ အိတ်ချ်အိုင်ဗွီ ရောဂါ ထိန်းချုပ်ရေး ကော်မတီရဲ့ တာဝန်ခံလည်းဖြစ်ပါတယ်။ သူက သူ့ရဲ့ ဖေ့စ်ဘုတ် အကောင့်မှာ ကာကွယ်ဆေး ထိုးထားတဲ့ လူတွေရဲ့ အဆုတ်ဓာတ်မှန်ပုံတွေ တင်ခဲ့ပါတယ်။
ဓာတ်ပုံမှာ ကိုဗစ်ရောဂါကူးစက်ခံရတဲ့ လူနာရဲ့ အဆုတ်ကို မြင်တွေ့ ရမှာဖြစ်ပြီး အဆုတ်တစ်ခုလုံးမှာ နေရာတော်တော်များများ လေအိတ်တွေ ပျက်စီး နေတာကို တွေ့ရပါတယ်။
တရုတ်ကာကွယ်ဆေး စီနိုဗက် ထိုးထားတဲ့ သူရဲ့ အဆုတ် ရယ် ၊ ဗြိတိန်ကာကွယ်ဆေး အက်ထရာဇန်နီကာ ထိုးထားတဲ့ သူရဲ့ အဆုတ်ရယ် ၊ အမေရိကန် ကာကွယ်ဆေး ပီဖိုင်ဇာဆေး ထိုးထားတဲ့ အဆုတ်တို့ကို ဓာတ်မှန်ရိုက်ပြီး ပြခဲ့ပါတယ်။
“ အဆုတ်တွေကို ကြည့်ပါ ၊ ကူးစက်မှု ညင်သာတယ်။ ထိခိုက်မှုနည်းတယ်။ ဘယ်ကာကွယ်ဆေးမဆို ထိရောက်မှု ရှိတယ်။ အဓိကကတော့ ကာကွယ်ဆေး ထိုးထားဖို့ပါပဲ” ဆိုပြီး သူ့ရဲ့ ပို့စ်မှာရေးတင်ခဲ့ပါတယ်။
“ ကျမပြောချင်တာက ကာကွယ်ဆေးကို အပြည့်အ၀ ထိုးထားရင် ထက်ပြောမယ် အပြည့်အ၀ ထိုးထားရင် ဆေး၂လုံး လုံးထိုးထားတဲ့သူဆိုရင် ရောဂါဒဏ် သက်သာတယ်ဆိုတာကို ပြနေပါတယ်” လို့ ဆိုပါတယ်။
အိုင်စီယူထဲမှာ အသည်းအသန်ဖြစ်တဲ့ လူနာရဲ့ အဆုတ်က လေအိတ်တွေ ပျက်စီးနေလို့ အောက်စီဂျင်ပေးဖို့ လိုအပ်နေတာပါ။ သူ့အနေနဲ့ အသက်ရှုရတာတော်တော်အခက်အခဲဖြစ်နေပါတယ်။ လူတွေက အမေရိကန် ကာကွယ်ဆေး ကအကောင်းဆုံး တရုတ်ဆေးတွေကတော့ အရည်အသွေး နိမ့်တယ်ဆိုပြီး ပြောနေကြတာတွေ ရပ်လိုက်ကြပါတော့ ကျမအခုလို ရှင်းပြ ရတာက ကာကွယ်ဆေး ထိုးခွင့် ရတယ်ဆိုရင် ဘယ်ဆေး မဆို ထိုးလိုက်ကြပါ ။
ရွေးချယ်တယ်ဆိုတာ ပေါပေါလောလောရှိတယ်။ ချမ်းသာတယ်။ တတ်နိုင်တယ်ဆိုရင် လုပ်ကြပါ ။ အဲ့ဒိကျတော့ အကောင်းဆုံးလို့ ထင်တဲ့ ဆေးကိုရွေးချယ်လိုက်ကြပါ၊ လောောလဆယ်တော့ အဆင်ပြေသလို ရတဲ့ ကာကွယ်ဆေးကို ထိုး ကြပါလို့ သူမက ဖေ့စ်ဘုတ်အကောင့်ကနေ နိုးဆော်ထားပါတယ်။
REF: world of buzz,Photo:Credit  dr anna gabriel chan
Zawgyi
ကိုဗစ်ကာကွယ်ဆေး တိုင်း အလုပ်လုပ်တယ်လို့ ဓာတ်မှန်ရိုက်ပြီး သက်သေပြ
ကိုဗစ်ကာကွယ်ဆေး တိုင်း အလုပ်လုပ်တယ်လို့ ဓာတ်မှန်ရိုက်ပြီး သက်သေပြ
မောင်ယဿ ( ဇူလိုင် ၂၆ )
REF: world of buzz
Photo: dr anna gabriel chan
No Comments
Leave a Reply
Your email address will not be published. Required fields are marked *
နီကိုတင်ပါတဲ့ ဆေးပြောင်း ရှုခြင်း ( vaping ) ကသွေးခဲပြီး သွေးကြောလေးတွေ ပျက်စီးတယ်လို့ ဆို
Uncategorized
နီကိုတင်ပါတဲ့ ဆေးပြောင်း ရှုခြင်း ( vaping ) ကသွေးခဲပြီး သွေးကြောလေးတွေ ပျက်စီးတယ်လို့ ဆို
နီကိုတင်ပါတဲ့ ဆေးပြောင်း ရှုခြင်း ( vaping ) ကသွေးခဲပြီး သွေးကြောလေးတွေ ပျက်စီးတယ်လို့ ဆို မောင်ယဿ ( စက်တင်ဘာ ၈ ) ဆွီဒင်နိုင်ငံ ဟယ်ဆင်ဘော့ဂ် ဆေးရုံက ပညာရှင်တွေ စုပြီးလုပ်တဲ့ သုတေသနအရ ဗိတ်ပင် ( ဆေးပြောင်း ရှုးခြင်း ) လုပ်တဲ့ သူတွေမှာ သွေးခဲ တဲ့ ဖြစ်စဉ် ဖြစ်တတ်ပြီး ဆံချည်မျှင်သွေးလွှတ်ကြောတွေ ပျက်စီးတယ်လို့ ဆိုလာပါတယ်။ အဲ့ဒါအပြင် နလုံးခုန်နှုန်မြန်တာတွေ သွေးတိုးတာတွေ လည်းဖြစ်တယ်လို့ ဆိုပါတယ်။ နီကိုတင်း ပါတဲ့ အီးစီးကရက်ရှုခြင်း က သာမန် ရိုးရာစီးကရက်သောက်တာနဲ့ မထူးပါဘူး။ ဆိုးကျိုး သက်ရောက်မှုက အတူတူပါပဲ။ …
ာဖဂန်က ထွက်လိုသူတွေကို ရသလောက် ကယ်ထုတ်ဖို့ အမေရိကန်စစ်တပ်က လေကြောင်းလိုင်းတွေကို အမိန့်ထုတ်
Uncategorized
အာဖဂန်က ထွက်လိုသူတွေကို ရသလောက် ကယ်ထုတ်ဖို့ အမေရိကန်စစ်တပ်က လေကြောင်းလိုင်းတွေကို အမိန့်ထုတ်
အာဖဂန်က ထွက်လိုသူတွေကို ရသလောက် ကယ်ထုတ်ဖို့ အမေရိကန်စစ်တပ်က လေကြောင်းလိုင်းတွေကို အမိန့်ထုတ် မောင်ယဿ ( သြဂုတ် ၂၃ ) အမေရိကန်စစ်ဌာနချုပ် ( ပင်တာဂွန်) က အမေရိကန် လေကြောင်းလိုင်းတွေကို အာဖဂန်နစ္စတန် နိုင်ငံမှာရှိတဲ့ အမေရိကန် အရပ်သားတွေနဲ့ အာဖဂန် နိုင်ငံသားတွေကို ရသလောက် အကုန် ကယ်ထုတ်ပေးဖို့အတွက် မနေ့က အမိန့်ထုတ်ပြန် လိုက်ပါတယ်။ ဒုက္ခသည်တွေကို ခရီးသည်တင် လေယာဉ် ၈ စင်းနဲ့ သယ်ထုတ်ပေးမှာ ဖြစ်ပြီး ယူနိုက်တက်အဲယားလိုင်း က ၄ စီး ၊ ဒယ်တာ နဲ့အက်တလက် အဲယားလိုင်း နဲ့ အွန်မနီအဲယား လိုင်းတွေက တစ်စီးစီနဲ့ ဟာဝိုင်နီယံ …
ပြင်သစ် ကိုဗစ်ထောက်ခံစာ အမိန့်ကြောင့် နယ်စပ်က စားသောက်ဆိုင်တွေအကုန်ထိ
Uncategorized
ပြင်သစ် ကိုဗစ်ထောက်ခံစာ အမိန့်ကြောင့် နယ်စပ်က စားသောက်ဆိုင်တွေအကုန်ထိ
ပြင်သစ် ကိုဗစ်ထောက်ခံစာ အမိန့်ကြောင့် နယ်စပ်က စားသောက်ဆိုင်တွေအကုန်ထိ မောင်ယဿ ( သြဂုတ် ၁၃ ) ပြင်သစ်နိုင်ငံမှာ ကိုဗစ်ကူး စက်မှု မြင့်တက်လာတာကို ထိန်းချုပ်ဖို့ အတွက် သမ္မတမာခွန်က လူစုလူဝေး ရှိတဲ့နေရာတွေမှာ ကိုဗစ်စည်းကမ်းကို လိုက်နာရမယ်၊ စားသောက်ဆိုင်တွေ ယဉ်ကျေးမှု အဆောက်အအုံတွေ ကို လာရောက်လည်ပတ်သူတွေ အားလုံး ၄၈ နာရီအတွင်း ရောဂါပိုး ကင်းစင်ကြောင် စစ်ဆေးမှု ထောက်ခံစာ ဒါမှမဟုတ် ကိုဗစ်ကာကွယ်ဆေးထိုးပြီးသား ထောက်ခံစာ တွေရှိမှ သွားရောက်ခွင့် ရှိရမယ်ဆိုတဲ့ အမိန့်ကို ထုတ်ပြန်လိုက်ပါတယ်။ ပြီးခဲ့တဲ့ တစ်လလုံး စနေ တနင်္ဂနွေ လို အားလပ်ရက်တိုင်း မှာ အဲ့ဒိအမိန့်ကို ဆန့်ကျင်တဲ့ …