ကိုဗစ်ကာကွယ်ဆေးနဲ့ ဒူးရင်းသီး မတည့်ဘူး ဆိုတာ သတင်းတုပါလို့ မလေးကျန်းမာရေး ၀န်ကြီးဌာနဆို

International-news

ကိုဗစ်ကာကွယ်ဆေးနဲ့ ဒူးရင်းသီး မတည့်ဘူး ဆိုတာ သတင်းတုပါလို့ မလေးကျန်းမာရေး ၀န်ကြီးဌာနဆို

မောင်ယဿ ( ဇွန် ၂၄ )

အခုလို ဒူရင်းသီးရာသီချိန်မှာ မလေးရှား အွန်လိုင်းမှာ ပြန့် နှံ့နေတဲ့ သတင်းတစ်ရပ်ကတော့ ကိုဗစ်ကာကွယ် ဆေးနဲ့ ဒူးရင်းသီးမတည့်လို့ ဆေးထိုးပြီး စားတဲ့ သူက သေတတ်တယ်ဆိုတဲ့ သတင်းပါပါပဲ။

အဲ့ဒါနဲ့ ပတ်သက်ပြီး မလေးရှား နိုင်ငံကျန်းမာရေး ၀န်ကြီးဌာနက အဲ့ဒိသတင်းက သတင်းတု သတင်မှားဖြစ်တဲ့ အတွက်ကြောင့် ဖြန့်ချီခြင်းမပြုလုပ်ဖို့အတွက် ကြေညာချက် တစ်ခုထုတ်ထား ပါတယ်။

ကိုဗစ်ကာကွယ်ဆေးနဲ့ ဒူးရင်းသီး မတည့်ဘူး ဆိုတာ သတင်းတုပါလို့ မလေးကျန်းမာရေး ၀န်ကြီးဌာနဆို1

မလေးအွန်လိုင်းမှာ ပြန့်နေတဲ့ သတင်းက “ နီးစပ်ရာ မိသားစု တွေနဲ့ မိတ်ဆွေတွေကိုပြောပေးကြပါ ။ ကိုဗစ်ကာကွယ်ဆေး မထိုးခင်နဲ့ ထိုးပြီးချိန်မှာ ဒူးရင်းသီးကို မစားကြဖို့ပါပဲ။

ကျမခြံထဲက အလုပ်သမားတစ်ယောက် ကိုဗစ်ကာကွယ်ဆေး သွားထိုးပါတယ်။ ပြန်လာပြီး နောက်တစ်နေ့မှာ ဒူရင်းသီးစားလိုက်လို့ အသက်ဆုံးရှုံးသွားပါတယ်။

အဲ့ဒါကို ကျမတို့ သတိထားဖို့လိုပါတယ်၊ ဘ၀ဆိုတာ သိပ်တန်ဖိုးရှိပါတယ်၊ ဘာမဟုတ်တဲ့ နမော်နမဲ့ တစ်ခုကြောင့် သေဆုံးသွားနိုင်တယ်ဆိုတာ ဘယ်လိုမှ မဖြစ်သင့်ပါဘူး” ဆိုတဲ့ သတင်းပါ။

ကိုဗစ်ကာကွယ်ဆေးနဲ့ ဒူးရင်းသီး မတည့်ဘူး ဆိုတာ သတင်းတုပါလို့ မလေးကျန်းမာရေး ၀န်ကြီးဌာနဆို2

အဲ့ဒိသတင်းနဲ့ ပတ်သတ်ပြီး မလေးရှား ကျန်းမာရေး ၀န်ကြီးဌာနက အဲ့ဒါက သတင်းမှား ဖြစ်ပါတယ် ၊ မဖြန့်ကြပါနဲ့ ၊မရှယ်ကြပါနဲ့ လို့ ဌာန၀က်ဘ်ဆိုက်မှာ ဖော်ပြထားတဲ့အပြင် စာထုတ်ပြီး လူစည်ကားရာ နေရာတွေမှာ လည်း ကပ်ထားပါတယ်။

ကိုဗစ်ကာကွယ်ဆေးနဲ့ ဒူးရင်းသီး မတည့်ဘူး ဆိုတာ သတင်းတုပါလို့ မလေးကျန်းမာရေး ၀န်ကြီးဌာနဆို3

ဒူးရင်းသီးက ကြိုက်တဲ့သူတွေအတွက် စားလို့ ကောင်းတဲ့ အသီးဖြစ်လို့ ကာကွယ်ဆေး ထိုးထားသည်ဖြစ်စေ မထိုးထားသည်ဖြစ်စေ စားလို့ရပါတယ်။

ဒါပေမဲ့ အများကြီးစားရင်တော့ ကျန်းမာရေး ထိခိုက်နိုင်တာမို့ ချင့်ချိန်ပြီး စားတာက အလွန်သင့်တော်ပါတယ်လို့လည်း ဆို ထားပါတယ်။

ြှEF: world of buzz,Photo:Credit   Vietnam online

Zawgyi

ကိုဗစ္ကာကြယ္ေဆးနဲ႔ ဒူးရင္းသီး မတည့္ဘူး ဆိုတာ သတင္းတုပါလို႔ မေလးက်န္းမာေရး ၀န္ႀကီးဌာနဆို

ေမာင္ယႆ ( ဇြန္ ၂၄ )

အခုလို ဒူရင္းသီးရာသီခ်ိန္မွာ မေလးရွား အြန္လိုင္းမွာ ျပန္႔ ႏွံ႔ေနတဲ့ သတင္းတစ္ရပ္ကေတာ့ ကိုဗစ္ကာကြယ္ ေဆးနဲ႔ ဒူးရင္းသီးမတည့္လို႔ ေဆးထိုးၿပီး စားတဲ့ သူက ေသတတ္တယ္ဆိုတဲ့ သတင္းပါပါပဲ။

အဲ့ဒါနဲ႔ ပတ္သက္ၿပီး မေလးရွား ႏိုင္ငံက်န္းမာေရး ၀န္ႀကီးဌာနက အဲ့ဒိသတင္းက သတင္းတု သတင္မွားျဖစ္တဲ့ အတြက္ေၾကာင့္ ျဖန္႔ခ်ီျခင္းမျပဳလုပ္ဖို႔အတြက္ ေၾကညာခ်က္ တစ္ခုထုတ္ထား ပါတယ္။

မေလးအြန္လိုင္းမွာ ျပန္႔ေနတဲ့ သတင္းက “ နီးစပ္ရာ မိသားစု ေတြနဲ႔ မိတ္ေဆြေတြကိုေျပာေပးၾကပါ ။ ကိုဗစ္ကာကြယ္ေဆး မထိုးခင္နဲ႔ ထိုးၿပီးခ်ိန္မွာ ဒူးရင္းသီးကို မစားၾကဖို႔ပါပဲ။

က်မၿခံထဲက အလုပ္သမားတစ္ေယာက္ ကိုဗစ္ကာကြယ္ေဆး သြားထိုးပါတယ္။ ျပန္လာၿပီး ေနာက္တစ္ေန႔မွာ ဒူရင္းသီးစားလိုက္လို႔ အသက္ဆုံးရႈံးသြားပါတယ္။

အဲ့ဒါကို က်မတို႔ သတိထားဖို႔လိုပါတယ္၊ ဘ၀ဆိုတာ သိပ္တန္ဖိုးရွိပါတယ္၊ ဘာမဟုတ္တဲ့ နေမာ္နမဲ့ တစ္ခုေၾကာင့္ ေသဆုံးသြားႏိုင္တယ္ဆိုတာ ဘယ္လိုမွ မျဖစ္သင့္ပါဘူး” ဆိုတဲ့ သတင္းပါ။

အဲ့ဒိသတင္းနဲ႔ ပတ္သတ္ၿပီး မေလးရွား က်န္းမာေရး ၀န္ႀကီးဌာနက အဲ့ဒါက သတင္းမွား ျဖစ္ပါတယ္ ၊ မျဖန္႔ၾကပါနဲ႔ ၊မရွယ္ၾကပါနဲ႔ လို႔ ဌာန၀က္ဘ္ဆိုက္မွာ ေဖာ္ျပထားတဲ့အျပင္ စာထုတ္ၿပီး လူစည္ကားရာ ေနရာေတြမွာ လည္း ကပ္ထားပါတယ္။

ဒူးရင္းသီးက ႀကိဳက္တဲ့သူေတြအတြက္ စားလို႔ ေကာင္းတဲ့ အသီးျဖစ္လို႔ ကာကြယ္ေဆး ထိုးထားသည္ျဖစ္ေစ မထိုးထားသည္ျဖစ္ေစ စားလို႔ရပါတယ္။

ဒါေပမဲ့ အမ်ားႀကီးစားရင္ေတာ့ က်န္းမာေရး ထိခိုက္ႏိုင္တာမို႔ ခ်င့္ခ်ိန္ၿပီး စားတာက အလြန္သင့္ေတာ္ပါတယ္လို႔လည္း ဆို ထားပါတယ္။

ျႇEF: world of buzz
Photo: Vietnam online

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

အင်္ဂလန်မှာ လောင်စာဆီပြတ်ပြီး ပြဿနာ တက်နေလို့ ဆီသယ်ကားတွေ ကို စစ်တပ်နဲ့ လိုက်စောင့်ရှောက်နေရတယ်
International-news
အင်္ဂလန်မှာ လောင်စာဆီပြတ်ပြီး ပြဿနာ တက်နေလို့ ဆီသယ်ကားတွေ ကို စစ်တပ်နဲ့ လိုက်စောင့်ရှောက်နေရတယ်

အင်္ဂလန်မှာ လောင်စာဆီပြတ်ပြီး ပြဿနာ တက်နေလို့ ဆီသယ်ကားတွေ ကို စစ်တပ်နဲ့ လိုက်စောင့်ရှောက်နေရတယ် မောင်ယဿ ( စက်တင်ဘာ ၂၉ ) ဒီကနေ့ ဘလွန်းဘာဂ် ဝက်ဆိုက် က တက်လာတဲ့ သတင်းထဲမှာ အင်္ဂလန်မှာ လောင်စာဆီတွေ ပြတ်လပ်ပြီး ဆိုင်တွေ မှာ ရောင်းစရာမရှိတော့ ဂတ်စ်ဆိုင်တွေမှာ အလုအယက် တန်းစီပြီး ဝယ်နေရတယ်လို့ ဆိုတယ်။ ယူကေ စီးပွားရေး အတွင်းဝန် ကာဝါစီက တော့ အရေးပေါ် လောင်စာဆီလိုအပ်တဲ့နေရာတွေကို စစ်တပ်အစောင့်အရှောက် နဲ့ ဆီတင်ကားတွေ ကိုပို့လွှတ်နေပါတယ်။ ဆီးကားတွေကို အရပ်သားဒရိုင်ဘာတွေ နဲ့ရောပြီး စစ်သားဒရိုင်ဘာ ၁၅၀ ကို မောင်းခိုင်းထားတယ်လို့ လည်းပြောပါတယ်။ ဆီဆိုင်တွေနဲ့ …

အာဖဂန်ကိစ္စ နဲ့ ပတ်သက်ပြီး အမေရိကန် စစ်တပ်အကြီးအကဲတွေ အထက်လွှတ်တော်မှာ အမေးခံနေရပြီ
International-news
အာဖဂန်ကိစ္စ နဲ့ ပတ်သက်ပြီး အမေရိကန် စစ်တပ်အကြီးအကဲတွေ အထက်လွှတ်တော်မှာ အမေးခံနေရပြီ

အာဖဂန်ကိစ္စ နဲ့ ပတ်သက်ပြီး အမေရိကန် စစ်တပ်အကြီးအကဲတွေ အထက်လွှတ်တော်မှာ အမေးခံနေရပြီ မောင်ယဿ ( စက်တင်ဘာ ၂၈ ) အမေရိကန်စစ်ဌာနချုပ် (ပင်တာဂွန် ) အကြီးအကဲ ကာကွယ်ရေးဝန်ကြီး လွိုက် သြစတင် နဲ့ ပူးပေါင်းစစ်ဆင်ရေး စစ်ရေးချုပ် ဗိုလ်ချုပ်ကြီး မာ့ခ် မီလေးတို့ကို အာဖဂန်နိုင်ငံကနေ ကသောင်းကနင်းနဲ့ ဆုတ်ခွာခဲ့ရတာနဲ့ ပတ်သက်ပြီး ဒီကနေ့ မနက်မှာပဲ အထက်လွှတ်တော်က လူတွေ့ မေးမြန်းမှုတွေ လုပ်နေပါတယ်။ အမေရိကန် အထက်လွှတ်တော် စစ်ရေးဝန်ဆောင်မှု ကော်မတီက လွိုက်သြစတင် ၊ မာ့ခ် မီလေး နဲ့ ဗိုလ်ချုပ်ကြီး ကဲနတ် မက်ကင်ဇီ တို့ ကို ဒီမနက် …

ပြီသိပ်ပြီး ရိုးသားပြမနေပါနဲ့ လို့ ဥရောပကို ပြင်သစ်သမ္မတ မာခွန်ပြော
International-news
သိပ်ပြီး ရိုးသားပြမနေပါနဲ့ လို့ ဥရောပကို ပြင်သစ်သမ္မတ မာခွန်ပြောပြီ

သိပ်ပြီး ရိုးသားပြမနေပါနဲ့ လို့ ဥရောပကို ပြင်သစ်သမ္မတ မာခွန်ပြောပြီ မောင်ယဿ ( စက်တင်ဘာ ၂၈ ) တိုင်းပြည်အကျိုးစီးပွား ကာကွယ်ဖို့နဲ့ ကိုယ်တိုင်းပြည်လုံခြုံရေးအတွက် စစ်တပ်တွေကို တည်ဆောက်တဲ့ နေရာ သိပ်ပြီး ရိုးသားပြနေစရာ မလိုဘူးလို့ ဥရောပနိုင်ငံတွေကို ပြင်သစ်သမ္မတက ဒီကနေ့ ပြောလိုက်ပါတယ်။ သူက ဂရိနိုင်ငံကို ကန်ဒေါ်လာ သန်း ၃၅၀၀ ကျော်ဖိုး စစ်သင်္ဘော ၃စင်းကို ရောင်းချဖို့ အတွက်ဒီနေ့မနက် လက်မှတ်ထိုးပြီးနောက်မှာ အထက်ပါစကားကိုပြောလိုက်တာပါပဲ ။ ပြီးခဲ့တဲ့ ရက်တွေတုန်းက သြစတေးလျှကို ရေငုတ်သင်္ဘောရောင်းဖို့ အတွက် ပြော ပြီးဆိုပြီးမှာ အမေရိကန်နဲ့ ဗြိတိန်တို့ က ဖြတ်ခုတ်သွားလို့ မကျေမနပ်ဖြစ်ကာ အမေရိကန်နဲ့ …