
International-news








မောင်ယဿ

Ref: upi / Photo; upi

Unicode

ကိုဗစ်-၁၉ ကြောက်လို့ အမေရိကန် ကြက်သားကို တရုတ်က အသွင်းမခံ

တရုတ်နိုင်ငံကို ကြက်သားနဲ့ ကြက်သားထွက် ပစ္စည်းတွေအား အမေရိကန် အာကန်ဆတ်ပြည်နယ်က ပုံမှန် တင်သွင်းနေရာ အာကန်ဆတ်ရှိ တိုင်ဆန် ကြက်သားထုတ်စက်ရုံမှ ဝန်ထမ်း ၂၀၀ ကျော် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရတယ်လို့ သတင်းရသဖြင့် တရုတ် အစိုးရက အမေရိကန် ကနေ တင်သွင်းနေတဲ့ ကြက်သားနဲ့ ကြက်သားထွက် စားစရာတွေ အားလုံး ကို ပိတ်ပင်ထားလိုက်ပါတယ် ။

ဒါပေမဲ့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေတဲ့ တိုင်ဆင် ကြက်သားထုတ်လုပ်ငန်းကို အဓိကထားပြီး ပိတ်ပင် ဖြစ်တယ်လို့ တရုတ်အထွေထွေ အကောက်ခွန်ဌာနက ဆိုပါတယ် ။ ဒ့ါအပြင် တရုတ်အစိုးရက တိုင်ဆင် ကြက်သားထုတ်လုပ်ငန်းနဲ့ ဆက်စပ်နေတဲ့ လုပ်ငန်း အားလုံးက ကုန်ပစ္စည်းတွေကိုလည်း တားထားပါတယ် ။

တိုင်ဆင်ကြက်သားထုတ်လုပ်ငန်းက အမေရိကန်ကနေ တရုတ်ကို တင်သွင်းတဲ့ အဓိက လုပ်ငန်းတစ်ခု ဖြစ်သလို တရုတ်မှာလည်း နာမည်ကြီး ကုန်အမှတ်တံဆိပ်(ဘရန်း) တစ်ခုလည်းဖြစ်ပါတယ် ။ အဲ့ဒိဘရန်းကို တရုတ်နိုင်ငံသားတွေ အလွန်နှစ်ခြိုက် တဲ့အတွက် နှစ်စဉ် ဝင်ငွေ ဘီလီယံနဲချီပြီး ရနေပါတယ် ။ “ကျနော်တို့က အမေရိကား အစိုးရနဲ့ ပတ်သက်ပြီး လုပ်ကိုင်နေတဲ့ ဘရန်းတစ်ခုပါ ။

အစိုးရရဲ့ စိုက်ပျိုးရေး ဝန်ကြီးဌာန ခွင့်ပြုချက်နဲ့ပဲ နိုင်ငံခြားကို ပို့ရတာပါ ။ ကျန်းမာရေးနဲ့ ဘေးကင်းရေးကို ဦးစားပေး ပြီး လုပ်ကိုင် ထားပါတယ် ။ အခုတော့ တရုတ်ဘက်က အသွင်း ပိတ်လိုက်တဲ့အတွက် ဒီမှာ အကုန်ဂျမ်း ဖြစ်ကုန်ပါတယ်”လို့ကုမ္ပဏီက ကြေညာချက် တစ်ခု ထုတ်ပြန်ပါတယ် ။

တရုတ်အစိုးရကလည်း ပြည်တွင်းမှာ ဖြစ်နေတဲ့ တစ်ကျော့ပြန် ကိုဗစ်-၁၉ ရောဂါပြန့် နှံ့ မှုကို ခက်ခက်ခဲခဲ ထိန်းနေရတဲ့ အတွက် နိုင်ငံခြား သွင်းကုန်တွေကြောင့် ဖြစ်လာမယ့် ကူးစက်မှုတွေအပေါ် စိတ်ပူနေရပါတယ် ။ ပြည်တွင်း ကူးစက်မှုအပြင် နိုင်ငံခြား ကူးစက်မှုတွေ ထပ်ဝင်လာရင် လက်ရှိကျဆင်းနေတဲ့ စီးပွားရေးကို ပြန်လည် အဖတ်ဆယ်ဖို့ အတွက် တတ်နိုင်တော့မှာ မဟုတ်တော့ပါ ။

တိုင်ဆန်ကြက်သားကို ပိတ်ပင်လိုက် သလို ပြီးခဲ့တဲ့ အပတ်ကလည်း ဂျာမဏီက တိုအန်နီ ဝက်သား တင်သွင်းမှု ကိုလည်း ပိတ်ပင် တားမြစ်ထားပါတယ် ။ တိုအန်နီ ဝက်သား စက်ရုံက လုပ်သား ၁၀၀ လောက် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရတဲ့ အတွက်ကြောင့် ဆိုတဲ့အကြောင်းပြချက်နဲ့ ပိတ်ပင် လိုက်တာပါ ။ ဘေကျင်း အစိုးရက အခုဆိုရင်ရင် နိုင်ငံခြားက တင်သွင်းလာတဲ့ ပင်လယ်စာတွေ အသားငါးတွေ ကိုတစ်ဆင့်ခြင်း ပိတ်ပင်နေတာကို တွေ့ ရပါတယ် ။

မောင်ယဿ

Ref: upi / Photo; upi

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ
International-news
မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ

မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ မလေးရှားနိုင်ငံမှာ ၂၀၁၈ ခုနှစ် နောက်ပိုင်းကနေ စပြီးတော့ စာသင်ကျောင်းတွေမှာ ကျောင်းသား အချင်းချင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်မှုတွေက တဖြည်းဖြည်း တိုးတက်လာပါတယ် ။ အရင်က ကလေးအချင်ချင်းပဲဆို တဲ့စိတ် နဲ့ ဖြေသာကြပေမဲ့ နောက်ပိုင်းမှာ နှိပ်စက်ခံရတဲ့ကလေးတွေက ကျောင်းသွားဖို့ အတွက် ငြင်းဆန် လာကြတဲ့ အခါမှာတော့ ကျောင်းသားမိဘတွေက အဲ့ဒိကိစ္စပေါ်ကို အာရုံစိုက်လာကြပါတယ် ။ ကျောင်းသားအချင်းချင်း ညှင်းပန်းနှိပ်စက်မှုတွေက အမျိုးမျိုးရှိပါတယ် ။ အချို့ သေသွားတဲ့ဖခင်ရဲ့ နာမည်နဲ့ နာမည်ပြောင်ကို လူကြားထဲမှာ ဝိုင်းအော်ခေါ်ပြီး အရှက်ခွဲ တဲ့ ကိစ္စမျိုးကစပြီး အတန်းထဲမှာ ကိုယ်ထိ …

ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား
International-news
ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား

ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား အခြေခံ ဥပဒေကို အပြောင်းအလဲ လုပ်မယ်ဆိုပြီး ရုရှားသမ္မတ ပူတင်က မဲဆန္ဒ ခံယူပွဲလုပ်တဲ့အပေါ်ကို အတိုက်အခံ သမားတွေက ဟာသတစ်ခု လုပ်နေတာလို့ ဝိုင်းပြီး ရှုံ့ ချနေကြပါတယ် ။ မော်စကို စာအုပ်ဆိုင်တွေ စာအုပ်ရောင်းကောင်းအောင်လို့ မူရင်း ဥပဒေစာအုပ်ကို ဟိုနားနည်းပြင် ဒီနားနည်းနည်းပြင်လုပ် အခြေခံ ဥပဒေပြင်ပါတယ်ဆိုပြီး လူကြားကောင်းအောင် လုပ်နေပါတယ်လို့ ဆိုကြတယ် ။ ကွန်မြူနစ်လစ်ဘရာယ် ပြုပြင်ပြောင်းလဲရေး သမားတွေက ကရင်းမလင်း အစိုးရက အသက် ၆၇ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ပူတင်ကို သမ္မတ သက်တမ်းရှည်အောင် လုပ်ဖို့ ကြိုးစားနေတာပါလို့လည်း ဝေဖန် နေကြပါတယ် ။ …

ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ
International-news
ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ

ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ ဂျပန်နိုင်ငံ က ဂျေလိဂ် တတိယတန်းမှာ ကစားနေတဲ့ ဖူကူရှီမား ဘောလုံး အသင်းက ကော်ရိုနာဗိုင်ဗိုင်းရက် ပြန့်နှံ့စဉ် ကာလအတွင်းမှာ ကလပ်အသင်း ပိုင်ရှင်အနေနဲ့ သူတို့ကို ငွေကြေး မပေး နိုင်တော့လို့ အသင်းသားတွေက အသင်း ဆက်လက် တည်မြဲအောင် သီးပင်စားပင်တွေ စိုက်ပျိုးပြီး ဝင်ငွေရှာခဲ့ကြပါတယ် ။ ဂျပန်မှာ ကော်ရိုနာဗိုင်းရက်တွေ စပြန့်လို့ ဖေဖော်ဝါရီလမှာ ကလပ်အသင်း ပြိုင်ပွဲ တွေ ရပ်လိုက် ကတည်းက သူတို့က နယ်ဖက်က သူတိုရဲ့ လေ့ကျင့်ရေး ကွင်းတစ်ဝိုက်မှာ သီးပင်စားပင်တွေနဲ့ အဓိကကတော့ ဟင်းသီးဟင်းရွက် တွေကို …