
International-news






မောင်ယဿ


Unicode

ကိုဗစ်-၁၉ ရောဂါက အီတလီမှာ အဆိုးဆုံးဖြစ်နေ

လက်ရှိ အီတလီမှာဖြစ် နေတဲ့ ကိုဗစ်-၁၉ ရောဂါက ပိုပို ဆိုးနေပါတယ် ။ အသေအပျောက် တွေလည်း တိုးနေပါတယ် ။ ဒေးလီးမေးလ် သတင်းဌာန ရဲ့ မတ်လ ၁၉ ရက်နေ့ အထိ အဆိုအရ ဆိုရင် အီတလီ ဆရာဝန် ၁၃ ဦး အထိ သေဆုံးခဲ့ တယ်လို့ သိရတယ် ။ ကျန်းမာရေး ဝန်ထမ်း ၂၆၂၉ဦး ကိုဗစ်-၁၉ ရောဂါလက္ခဏါတွေ့ရှိထားပါတယ် ။ အဲ့ဒိပမာဏက အီတလီတစ်နိုင်ငံလုံးရဲ့ ကျန်းမာရေးဝန်ထန်း ၈ % ကျော် ရှိပါတယ် ။ အခြေအနေကတော့ ရောဂါရှင်တွေနဲ့ ထိတွေ့ နေရတဲ့ ကျန်းမာရေး ဝန်ထမ်းတွေအတွက် ကြောက်စရာဖြစ်နေပါတယ် ။

လောလောဆယ် သေဆုံးသွားတဲ့ ဆရာဝန် ၅ ဦးမှာ ၃ ဦးက အသက် ၆၀ ကျော်တွေဖြစ်ပြီး ကျန်၂ဦးက ၇၀ ကျော်တွေပါ ။ သူတို့က အငြိမ်းစားယူပြီးသား ဆရာဝန်တွေပါ ။ အီတလီမှာ ကိုဗစ်-၁၉ ရောဂါပြန့်နှံ့မှုကို တိုက်ဖျက်ဖို့ အတွက် စေတနာ့ ဝန်ထမ်းအဖြစ် ဝင်ရောက် ကုသပေး နေတာပါ ။ အီတလီမှာက ဆရာဝန်တွေအတွက် အကာအကွယ်ပစ္စည်းတွေ မလုံမလောက် ဖြစ်နေပါတယ် ။ ကျန်းမာရေး စောင့်ရှောက်မှု အထောက်အကူပြုပစ္စည်း မလုံလောက်မှုကြောင့် မလိုအပ်ဘဲ အသေအပျောက်တွေ ရှိနေတာပါ။ တရားဝင် ထုတ်ပြန်တဲ့ စာရင်းအရ ရောဂါကူးစပ်ခံရတဲ့ ကျန်းမာရေးဝန်ထမ်း ၁၅၀၀ ကျော်ရှိနေတယ်လို့ ဆိုတယ်။

ယူရိုနယူးရဲ့ သတင်းထဲမှာတော့ အဲ့ဒိဆရာဝန်တွေမှာက နဂိုရ်အခံ နမိုနီးယားရှိနေတာပါ။ သူတို့က ဆေးရုံမှာ လုပ်အားပေးဝင်လုပ်ပြီး ရောဂါသည်တွေကို ကုသမှုပေးတဲ့နေရာမှာ လက်အိပ်တွေ မလုံလောက်လို့ လက်ပြောင်နဲ့ပဲ အလုပ်လုပ်ပေးခဲ့တယ်လို့ ဆိုတယ်။ အဲ့ဒိနောက်မှာ သူတို့လည်း ကိုဗစ်-၁၉ ကူးစက်မှု ခံရပြီး အသက်ဆုံးရှုံးမှု ဖြစ်တာလို့ ဆိုတယ်။

အီတလီမှာဖြစ်နေတာက ကျန်းမာရေးဝန်ထမ်းတွေ ဆုံးရှုံးမှုက တရုတ်ထက် ၂ဆ ပိုနေပါတယ်။ ကိုယ့်ကိုယ်ကို အကာအကွယ် ယူထားနိုင် မှုက နည်းလွန်းလို့ဖြစ်နေတာပါ။ ကိုဗစ်-၁၉ ကြောင့်သေဆုံးသူ ပမာဏကလည်း တရုတ်မှာ သေဆုံးသူပမာဏထက်ကို ကျော်သွားပါပြီ။ တရုတ်မှာ သေဆုံးသူ ၃၂၄၉ ဦးရှိရာ အီတလီမှာ သေဆုံးသူ ၃၄၀၅ ဦးရှိနေပါတယ်။ တရုတ်မှာ တရက်အတွင်း ဆေးရုံ တင်ကုသရသူ ပမာဏ အမြင့်ဆုံး က ၅၃၂၂ ဦးဖြစ်ပြီး အီတလီမှာက တစ်ရက်တည်းမှာပဲ ဆေးရုံတင်ရသူ ပမာဏက ၄၁၀၃၅ ဦးဖြစ်ပါတယ်။

မောင်ယဿ

REF: world of buzz / Photo; daily mail

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ
International-news
မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ

မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ မလေးရှားနိုင်ငံမှာ ၂၀၁၈ ခုနှစ် နောက်ပိုင်းကနေ စပြီးတော့ စာသင်ကျောင်းတွေမှာ ကျောင်းသား အချင်းချင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်မှုတွေက တဖြည်းဖြည်း တိုးတက်လာပါတယ် ။ အရင်က ကလေးအချင်ချင်းပဲဆို တဲ့စိတ် နဲ့ ဖြေသာကြပေမဲ့ နောက်ပိုင်းမှာ နှိပ်စက်ခံရတဲ့ကလေးတွေက ကျောင်းသွားဖို့ အတွက် ငြင်းဆန် လာကြတဲ့ အခါမှာတော့ ကျောင်းသားမိဘတွေက အဲ့ဒိကိစ္စပေါ်ကို အာရုံစိုက်လာကြပါတယ် ။ ကျောင်းသားအချင်းချင်း ညှင်းပန်းနှိပ်စက်မှုတွေက အမျိုးမျိုးရှိပါတယ် ။ အချို့ သေသွားတဲ့ဖခင်ရဲ့ နာမည်နဲ့ နာမည်ပြောင်ကို လူကြားထဲမှာ ဝိုင်းအော်ခေါ်ပြီး အရှက်ခွဲ တဲ့ ကိစ္စမျိုးကစပြီး အတန်းထဲမှာ ကိုယ်ထိ …

ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား
International-news
ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား

ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား အခြေခံ ဥပဒေကို အပြောင်းအလဲ လုပ်မယ်ဆိုပြီး ရုရှားသမ္မတ ပူတင်က မဲဆန္ဒ ခံယူပွဲလုပ်တဲ့အပေါ်ကို အတိုက်အခံ သမားတွေက ဟာသတစ်ခု လုပ်နေတာလို့ ဝိုင်းပြီး ရှုံ့ ချနေကြပါတယ် ။ မော်စကို စာအုပ်ဆိုင်တွေ စာအုပ်ရောင်းကောင်းအောင်လို့ မူရင်း ဥပဒေစာအုပ်ကို ဟိုနားနည်းပြင် ဒီနားနည်းနည်းပြင်လုပ် အခြေခံ ဥပဒေပြင်ပါတယ်ဆိုပြီး လူကြားကောင်းအောင် လုပ်နေပါတယ်လို့ ဆိုကြတယ် ။ ကွန်မြူနစ်လစ်ဘရာယ် ပြုပြင်ပြောင်းလဲရေး သမားတွေက ကရင်းမလင်း အစိုးရက အသက် ၆၇ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ပူတင်ကို သမ္မတ သက်တမ်းရှည်အောင် လုပ်ဖို့ ကြိုးစားနေတာပါလို့လည်း ဝေဖန် နေကြပါတယ် ။ …

ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ
International-news
ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ

ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ ဂျပန်နိုင်ငံ က ဂျေလိဂ် တတိယတန်းမှာ ကစားနေတဲ့ ဖူကူရှီမား ဘောလုံး အသင်းက ကော်ရိုနာဗိုင်ဗိုင်းရက် ပြန့်နှံ့စဉ် ကာလအတွင်းမှာ ကလပ်အသင်း ပိုင်ရှင်အနေနဲ့ သူတို့ကို ငွေကြေး မပေး နိုင်တော့လို့ အသင်းသားတွေက အသင်း ဆက်လက် တည်မြဲအောင် သီးပင်စားပင်တွေ စိုက်ပျိုးပြီး ဝင်ငွေရှာခဲ့ကြပါတယ် ။ ဂျပန်မှာ ကော်ရိုနာဗိုင်းရက်တွေ စပြန့်လို့ ဖေဖော်ဝါရီလမှာ ကလပ်အသင်း ပြိုင်ပွဲ တွေ ရပ်လိုက် ကတည်းက သူတို့က နယ်ဖက်က သူတိုရဲ့ လေ့ကျင့်ရေး ကွင်းတစ်ဝိုက်မှာ သီးပင်စားပင်တွေနဲ့ အဓိကကတော့ ဟင်းသီးဟင်းရွက် တွေကို …