
International-news







မောင်ယဿ


Unicode

ကိုဗစ်-၁၉ ဆေး ရမ်ဒီဆီဗားကို ဘင်္ဂလားဒေ့ရှ်က ပထမဦးဆုံး ပွားထုတ်နိုင်ပြီ

ဘင်္ဂလားဒေ့ရှ်က ကိုဗစ်-၁၉ ရောဂါကို ကုသတဲ့ ရမ်ဒီဆီဗား ဆေးကို ကမ္ဘာ ပေါ်မှာ ပထမဦးဆုံး ပွားပြီး ထုတ်နိုင် ခဲ့ပါပြီ ။ အခုတော့ ဆင်းရဲတဲ့ နိုင်ငံတွေကို ဆေးဖြန့်ချီ ရောင်းချဖို့ အတွက် လိုင်စင် ကိစ္စကို ဆောင်ရွက် နေပါတယ် ။ ဘင်္ဂလားဒေ့ရှ်က ဘီဇင်ကို ဆေးဝါး ထုတ်လုပ်ရေး လီမိတက်က ရမ်ဒီဆီဗားဆေးကို ထုတ်လုပ်တဲ့ ဂီလက် သိပ္ပံ အင်ကော်ပိုရိတ် ရဲ့ ဆေးကို ပုံစံသစ် ပွားနိုင် ခဲ့ပြီလို့ဆိုတယ် ။

မြို့တော်ဒါကာ အခြေစိုက်ဘီဇင်ကို ကို နော်ဂျီဘဏ်က ရင်းနှီးမြုတ်နှံ ထားပါတယ် ။ သူတို့က ကိုဗစ်-၁၉ရောဂါကို ကုသဖို့ အတွက် ရမ်ဒီဆီဗား ဆေးတစ်ဖုံကို ကန်ဒေါ်လာ ၇၁ ဒေါ်လာနဲ့ ပုဂ္ဂလိက ဆေးခန်းတွေကို ရောင်းချ ပေးမှာ ဖြစ်ပြီး ပြည်သူပိုင် ဆေးရုံတွေ ကိုတော့ အခမဲ့ ဖြန့်ဝေပေး သွားမှာ ဖြစ် ပါတယ် ။ ဆေးကုမ္ပဏီရဲ့ ပြောခွင့် ရှိသူက ရောဂါ အခြေအနေ ပေါ်မူတည်ပြီး ရောဂါသည် တစ်ယောက်က အနည်းဆုံး ဆေး ၆ ဖုံ ပေးဖို့ လိုအပ်ပါတယ်လို့ ဆိုတယ် ။

အဲ့ဒိ အတွက် ကိုဗစ်-၁၉ရောဂါသည် တစ်ယောက်ကို ရမ်ဒီဆီးဗားနဲ့ ပုဂ္ဂလိက ဆေးခန်းမှာ ကုမယ်ဆိုရင် ဆေးဖိုးချည်း သက်သက် အနည်းဆုံး ကန် ဒေါ်လာ ၅၀၀ လောက် ကျခံဖွယ်ရာ ရှိနေပါတယ် ။ ဘင်္ဂလာဒေ့ရှ်က ကမ္ဘာ ကုန်သွယ်ရေး အဖွဲ့ ရဲ့ သဘောတူ မှုနဲ့ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံတွေကို ရောင်းချပေးမယ် ဆိုရင် လိုင်စင်ကိစ္စ သက်သာခွင့် ကို ရှင်းလင်းပေးမယ် လို့ဆိုတယ် ။

ရမ်ဒီဆီဗားက ကိုဗစ်-၁၉ အရေးပေါ် လူနာတွေကို ကုသဖို့ အတွက် အမေရိကန် ဆေးကုမ္ပဏီက ထုတ်လုပ် ထားတဲ့ ဆေးဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါပြန့်ပွားပြီးနောက် ၎င်းကို ကုသဖို့ အတွက် ပထမဆုံး ထွက်လာတဲ့ ကုသဆေး ဖြစ်ပါတယ် ။ ဘီဇင်ကို ကုမ္ပဏီရဲ့ ဒါရိုက်တာ ရေဇာက “ ကျနော်တို့ ကုမ္ပဏီက ဆေးကို နိုင်ငံခြား တိုင်းပြည်တွေက မှာမယ်ဆိုရင်တော့ တန်းစီ စောင့်ရမှာပါ ။ ကျနော်တို့က ပုံမှန်လမ်းကြောင်း အတိုင်း ဆေးကို ရောင်းမှာ မဟုတ် အမှာစာရှိမှ တင်ပို့မှာပါ”လို့ ဆိုပါတယ် ။

ဘီဇင်ကို က မူရင်းဆေး ကုမ္ပဏီ ဂီလက်ကို ပါတနာ အဖြစ် လုပ်ဖို့ စာပို့ အကြောင်းကြားထ ားပေမဲ့ ဂီလတ် ဘက်ကတော့ ဘာတုန့်ပြန်မှုမှ မရှိခဲ့ပါဘူး ။ ဂီလတ်က သူတို့ ကုမ္ပဏီ ထုတ် ဆေးဝါး တွေကို အိန္ဒိယမှာ ကုမ္ပဏီ ၅ ခုကိုသာ လိုင်စင် ပေးထားတာပါ ။ ရမ်ဒီဆီဗား ကိုလည်း ကမ္ဘာ့နိုင်ငံ ၁၂၇ နိုင်ငံကို ရောင်းချခွင့် ပြုထားပါတယ် ။

မောင်ယဿ

REF: theprint / Photo; bloomberg

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

ပီနန် ကမ်းခြေတစ်လျှောက် ငါးတွေ အပြုံလိုက် သေဆုံးမှု ဖြစ်ပေါ်
International-news
ပီနန် ကမ်းခြေတစ်လျှောက် ငါးတွေ အပြုံလိုက် သေဆုံးမှု ဖြစ်ပေါ်

ပီနန် ကမ်းခြေတစ်လျှောက် ငါးတွေ အပြုံလိုက် သေဆုံးမှု ဖြစ်ပေါ် မေလ နောက်ဆုံးပတ် အတွင်း မလေးရှားနိုင်ငံ ပီနန် ကမ်းခြေ တစ်လျှောက်မှာ ငါးတွေ အပြုံလိုက် သေဆုံးမှု ဖြစ်ပေါ်နေခဲ့ပြီး ဘာကြောင့်သေဆုံးမှု ဖြစ်ပေါ်တယ်ဆိုတာကို စုံစမ်းစစ်ဆေးမှုတွေ လုပ်နေခဲ့ရတယ်လို့ ဒေသခံအာဏါပိုင် တွေက ဆိုပါတယ် ။ သည်စတား သတင်းစာ အဆိုအရ ဒေသခံ ငါးလုပ်ငန်း ဦးစီးဌာနက တော့ အဲ့ဒိ ငါးတွေ အစုလိုက် အပြုံလိုက် သေဆုံးခြင်းက တစ်စုံတရာသော ဘေးအန္တရာယ် ကျရောက်တော့မယ် ဆိုတဲ့ အရိပ် လက္ခဏါမဟုတ်ပါဘူလို့ ဆိုတယ် ။ အဲ့လို သေဆုံးနေခြင်းက ငါးတွေမှာ ဖြစ်တတ်တဲ့ သဘာဝ …

ကိုဗစ် သုတေသနလုပ်ငန်းကိုတောင် ဟက်ကာတွေချမ်းသာ မပေးတော့
International-news
ကိုဗစ် သုတေသနလုပ်ငန်းကိုတောင် ဟက်ကာတွေချမ်းသာ မပေးတော့

ကိုဗစ် သုတေသနလုပ်ငန်းကိုတောင် ဟက်ကာတွေချမ်းသာ မပေးတော့ ၂၀၁၉ ဒီဇင်ဘာ လလောက်က စပြီး ကမ္ဘာ့ ကပ်ရောဂါဖြစ်တဲ့ ကိုဗစ်-၁၉ က ပြန့်နှံ့မှု တွေ စတင် ခဲ့ပါတယ် ။ ဗိုင်းရက်ရဲ့ သဘာဝက ထူးခြားလွန်းလို့ နိုင်ငံတိုင်းမှာ ရောဂါ ပြန်နှံ့မှုကို ခက်ခက်ခဲခဲ ထိန်းချုပ် နေခဲ့ရပါတယ် ။ ၂၀၂၀ နှစ်ဦးပိုင်းကနေစပြီး ရောဂါပြန်နှံ့ နေတာက ဒီနေ့အထိ ဖြစ်နေတုန်းပါပဲ ။ တိုင်းပြည်တွေ စီးပွားရေး ကျပ်တည်းမှုတွေ ဖြစ်နေ ချိန်မှာ ရုပ်ရှင်မင်းသမီးတွေ အဆိုတော်တွေရဲ့ အွန်လိုင်း အကောင့်တွေ ဖောက်ထွင်းခံ နေရပါတယ် ။ အခုဆိုရင် ကျန်းမာရေး ဆိုင်ရာအချက်အလက်တွေကိုပါ ဖောက်ထွင်း …

သက်သက်လွတ် စားဖို့အတွက် ကိုယ့်ဖာသာ ကိုယ်ရွေးချယ်လိုက်တာပါလို့ ဆိုတဲ့ ရာကယ်ပရက်ဆင်းဂ်
International-news
သက်သက်လွတ် စားဖို့အတွက် ကိုယ့်ဖာသာ ကိုယ်ရွေးချယ်လိုက်တာပါလို့ ဆိုတဲ့ ရာကယ်ပရက်ဆင်းဂ်

သက်သက်လွတ် စားဖို့အတွက် ကိုယ့်ဖာသာ ကိုယ်ရွေးချယ်လိုက်တာပါလို့ ဆိုတဲ့ ရာကယ်ပရက်ဆင်းဂ် ရာကယ်ပရက်ဆင်းဂ် ဆိုတာက တလူဂူး နဲ့ တမီးလ် ရုပ်ရှင်လောက ကနေ နာမည်ကြီး လာပြီး ဘောလီးဝုဒ် ကို ခြေချလာတဲ့ မင်းသမီးတစ်လက်ပါ ။ အမျိုးအစားပုံစံကွဲပြားတဲ့ အိန္ဒိယရုပ်ရှင်လောကမှာ တစ်ခုကနေ အခြား တစ်ခုကို ပြောင်းဖို့ဆိုတာက အတော်မလွယ်တဲ့ ကိစ္စပါ ။ ဘာသာစကား ၊ အလေ့အထ နဲ့ အမှုအကျင့် တွေ ကွဲပြားတဲ့ ရုပ်ရှင်လောကတွေမှာ နှံ့အောင်ကျင်လည်နိုင်ဖို့ အတွက် ဘက်ပေါင်းစုံ ကျွမ်းကျင်မှ အဆင်ပြေ နိုင်မှာပါ ။ ရုပ်ရှင်လောက တစ်ခုနဲ့ တစ်ခုအကူးမှာ ကျရှုံး သွားတဲ့ မင်းသမီးတွေ …