
Cele News







မောင်ယဿ


Unicode

ကိုဗစ်-၁၉ အတွက် အလှူငွေ မထည့် မိလို့ နောင်တရ နေတဲ့ ဂျွန်ဂျီဟွန်

ဂျွန်ဂျီဟွန်းဆိုတာ ကိုရီယား ရုပ်ရှင်လုပ်ငန်းမှာ ဝင်ငွေအကောင်းဆုံး ဆိုတဲ့ ရုပ်ရှင်မင်းသမီးတစ်ယောက် ပါပဲ ။ My sassy girl ဆိုတဲ့ ရုပ်ရှင်နဲ့ ပေါက်ခဲ့ပါတယ် ။ မြန်မာပရိသတ်နဲ့လည်း မစိမ်းတဲ့ ကိုရီးယားမင်းသမီး တစ်လက်ပါ ။ တောင်ကိုရီးယားမှာ ကိုဗစ်-၁၉ ရောဂါ ပြန်နှံ့တော့ ကိုရီးယားဆယ်လီတွေက အစိုးရရဲ့ ရောဂါတိုက်ဖြတ်ရေး ရန်ပုံငွေကို တတ်နိုင်သလောက် လှူကြတန်းကြ ပါတယ် ။

အဲ့ဒိ စာရင်းထဲမှာ ဂျွန်ဂျီဟွန်တစ်ယောက် ပါမလာတော့ လိုင်းသုံးသူတွေက လိုင်းပေါ်မှာ ပြစ်တင်ပြောဆိုမှု တွေရှိလာကြပါတယ် ။ နောက်တော့ သူမက လူပြော သူပြောများလာလို့ သူမက ကိုရီးယားဝမ်ငွေ သန်း၁၀၀၀ လှူတန်း ဖြစ်ခဲ့ပါတယ် ။

လိုင်းပေါ်မှာက ကိုရီးယားသား စစ်စစ်မဟုတ်လို့ ကိုရီးယားက ကော်ရိုနာ ဗိုင်ရက်စ်ပြန့်နှံ့မှု စိတ်မဝင်စားတာလားတို့ ၊ ဟောင်ကောင်တို့ ထိုင်ဝမ် တို့ကို ကြတော့ လှူပြီး ကိုရီယားကို ကြတော့ ဘာလို့ မလှူတာလဲတို့ ၊ ဘာလဲ ပိုက်ဆံတွေကို တစ်သက်လုံး သိမ်းထားမလို့ လားတို့၊ ခင်ဗျားက ဒီနိုင်ငံမှာ စီးပွားရှာပြီး ဒီနိုင်ငံကို ပြန်ပြီးတော့ အလှူလုပ်သင့်တာတို့ အစရှိသဖြင့် ဝေဖန်မှုတွေ လုပ်ခဲ့ကြပါတယ် ။

အဲ့လို ဝေဖန်သံတွေကြောင့် သူမက သူမကိုယ်သူမ ရှက်လာ ရတယ် ဆိုတဲ့အကြောင်း နောက်ပြီး အခြားရုပ်ရှင် မင်သမီးတွေနဲ့ အနှိုင်းခံ ရပြီး ပြောခံရတာတွေကြောင့် သူမက ဆေးဝါးနဲ့ ဆေးပစ္စည်း တွေကို ဝယ်ဖို့အတွက် အစိုးရ ရန်ပုံငွေထဲကို ဝမ် သန်း၁၀၀၀ လှူဒါန်ခဲ့ရ ပါတယ်လို့ ဆိုပါတယ် ။

အဲ့လို ဝေဖန်မှုတွေကို ကိုရီးယား အသဲစွဲမင်းသမီး ဆောင်းဟေကို ကိုလည်း တရုတ်နိုင်ငံမှာ ရောဂါစ ဖြစ်တော့ တရုတ် အွန်လိုင်းသုံးသမားတွေကလည်း ဝေဖန်ဖူးပါတယ် ။ တရုတ် နိုင်ငံက ငွေတွေ သဲ့ယူတုန်းက ယူပြီး တရုတ်မှာ ရောဂါဖြစ်တော့ ဘာလို့ မလှူတာတုန်းဆိုပြီး ဝေဖန်ခံခဲ့ရဖူးပါတယ် ။

မောင်ယဿ

REF: asianjunkie Photo; London Korean link

No Comments

Leave a Reply

Your email address will not be published.

အမျိုးသမီးအစစ် မဟုတ်ကြောင်း ပုံနှင့်တကွ ဖွင့်ချတဲ့ စစ်ပိုးအိမ်
Cele News
အမျိုးသမီးအစစ် မဟုတ်ကြောင်း ပုံနှင့်တကွ ဖွင့်ချတဲ့ စစ်ပိုးအိမ်

အမျိုးသမီးအစစ် မဟုတ်ကြောင်း ပုံနှင့်တကွ ဖွင့်ချတဲ့ စစ်ပိုးအိမ် အမျိုးသမီးတစ်ယောက်လို့ ပရိသတ်အချို့ သိထားကြတဲ့ မော်ဒယ် စစ်ပိုးအိမ်က သူမက လိင်ခွဲစိတ်ထားသူ Transexual တစ်ဦး ဖြစ်ကြောင်း သူမဘဝ ဖြစ်တည်မှု ကို အားလုံးရှေ့မှာ ဖွင့်ချလိုက်ပါတယ်။ သူမ ရင်သား ခွဲစိတ်နေတဲ့ ပုံအပါအဝင် ငယ်စဉ်ကလေးဘဝ ပုံများပါ မကျန် သူမ ရဲ့ ဖြစ်တည်မှုကို သူမရဲ့ ကိုယ်ပိုင်ဖေ့ဘွတ်စ် စာမျက်နှာကနေ ပရိသတ်ကို အသိပေးခဲ့တာပါ။ စစ်ပိုးအိမ် တစ်ယောက် အမျိုးသမီး အစစ်တစ်ယောက် မဟုတ်မှန်း အချို့ပရိသတ်‌တွေ သိကြပေမဲ့ သူမဖွင့်ချတဲ့ ဓါတ်ပုံတွေ‌ကြောင့် ပရိသတ် အချို့က‌တော့ ယခုအချိန်မှ ခွဲစိတ်ထားသူ ဖြစ်မှန်း သိကြတာ …

မနေ့က ဘက်လက်ပင့်ခ် နဲ့ ဆယ်လီနာဂိုမက်ဇ် တို့ ပေါင်းပြီး မြူဇစ်ဗီဒီယို ထုတ်လွှင့်ခဲ့
Cele News
မနေ့က ဘက်လက်ပင့်ခ် နဲ့ ဆယ်လီနာဂိုမက်ဇ် တို့ ပေါင်းပြီး မြူဇစ်ဗီဒီယို ထုတ်လွှင့်ခဲ့

မနေ့က ဘက်လက်ပင့်ခ် နဲ့ ဆယ်လီနာဂိုမက်ဇ် တို့ ပေါင်းပြီး မြူဇစ်ဗီဒီယို ထုတ်လွှင့်ခဲ့ တောင်ကိုရီးယား မိန်းကလေး အဆိုတော်အဖွဲ့ဖြစ်တဲ့ ဘလက်ပင့်ခ်နဲ့ အမေရိကန် နာမည်ကြီး ဆယ်လီနာဂိုမက်ဇ် တို့ ပူးပေါင်းပြီး ICE CREAM ဆိုတဲ့ မြူဇစ်ဗီဒီယို တစ်ခုကို မနေ့က သြဂုတ်လ ၂၈ရက်နေ့မှာ ထုတ်လွှင့်လိုက် ပါတယ်။ သဘောင်္သား ဦးထုတ်ဆောင်းထားပြီး ဘီကီနီ ဝတ်ထားတဲ့ ဂိုးမက်ဇ်က ရေခဲမုန့်ရောင်းတဲ့ ကားနဲ့ သီချင်းဆို ပြနေတာ တော်တော် လှနေပါတယ်။ သီချင်းတစ်ပုဒ်လုံးက အရောင်တွေ စုံလင်စွာနဲ့ ကြည့်လို့ အရမ်းကောင်းပါတယ်။ ဘလက်ပင့်ခ် အဖွဲ့ဝင်တွေ ဖြစ်တဲ့ ဂျီဆိုး ၊ဂျန်နီ ၊ရိုစီနဲ့ လီဆာတို့ကလည်း …

ကိုဗစ်ကာလအတွင်း ဝိတ်ချနိုင်ဖို့ ကြိုးစားနေတဲ့ ဘရစ်တနေးစပီးယား
Cele News
ကိုဗစ်ကာလအတွင်း ဝိတ်ချနိုင်ဖို့ ကြိုးစားနေတဲ့ ဘရစ်တနေးစပီးယား

ကိုဗစ်ကာလအတွင်း ဝိတ်ချနိုင်ဖို့ ကြိုးစားနေတဲ့ ဘရစ်တနေးစပီးယား ဒီတနင်္လာနေ့က ဟောလီးဝုဒ် ဆယ်လီအဆိုတော် ဘရစ်တနေစပီးယားက သူမရဲ့ ဘော်ဒီဝိတ်ကို ချနိုင်ဖို့ အတွက် ပြင်းထန်တဲ့ အကလေ့ကျင်းခန်းတွေ လုပ်နေတယ် ဆိုတာကို ပြဖို့အတွက် သူမရဲ့ဗီဒီယိုဖိုင်ကို ဆိုရှယ်မီဒီယာမှာ တင်လိုက်ပါတယ်။ “ကျမ ဘော်ဒီနဲ့ ပတ်သက်ပြီး စိတ်ညစ်လွန်းလို့ ဒီကာလအတွင်းမှာ ဝိတ်ချနိုင်ဖို့ အက လေ့ကျင့်ခန်းတွေကို ပြင်းပြင်း ထန်ထန် လုပ်နေပါတယ်။ ဒီကပ်ရောဂါ ကာလကြီးကတော့ ကျမအတွက် သိပ်ခက်ခဲတဲ့ အချိန်ပါပဲ။ သွားစရာ နေရာတွေလည်း မရှိဘူး။ အားလုံးကလည်း ပိတ်ထားတယ်။ ကျမကတော့ ဘုရားဆီမှာ ဆုတောင်း နေတာက အရသာသိပ်ရှိတဲ့ အစားအစာတွေ မစားရပါစေနဲ့ ဆိုပြီး တောင်းနေရတယ်။ …