ကိုဗစ္-၁၉ ရံပုံေငြ Global Goal ပြဲမွာ မိုင္လီဆိုင္ရပ္ ၊ရွိတ္ကီယာနဲ႔ ဂ်က္စတင္ဘီဘာတို႔ ဆိုမယ္

ကိုဗစ္-၁၉ ရံပုံေငြ Global Goal ပြဲမွာ မိုင္လီဆိုင္ရပ္ ၊ရွိတ္ကီယာနဲ႔ ဂ်က္စတင္ဘီဘာတို႔ ဆိုမယ္
International-news

ကိုဗစ္-၁၉ ရံပုံေငြ Global Goal ပြဲမွာ မိုင္လီဆိုင္ရပ္ ၊ရွိတ္ကီယာနဲ႔ ဂ်က္စတင္ဘီဘာတို႔ ဆိုမယ္

လာမယ့္ ဇြန္လ ၂၇ရက္ေန႔မွာ အြန္လိုင္း ပလက္ေဖာင္းေတြ ကေန ထုတ္လႊင့္မယ့္ Global Goal ; unite for our future Concert ပြဲမွာ အေမရိကားက နာမည္ေက်ာ္ေတြ ျဖစ္တဲ့ မိုင္လီဆိုင္ရပ္ ၊ ရွိက္ကီယာ နဲ႔ ဂ်က္စတင္ဘီဘာ တို႔လည္း ပူးေပါင္း ပါဝင္ သီဆိုၾကမယ္လို႔ သိရပါတယ္ ။ ဂလိုဘယ္ စီတီစင္နဲ႔ ဥေရာပေကာ္မရွင္တို႔ပူးေပါင္းစီစဥ္တင္ဆက္တဲ့ပြဲပါ ။ အဲဒိပြဲအတြက္ သတင္းစာရွင္းလင္းပြဲ ကို တနလၤာေန႔က လုပ္ခဲ့ပါတယ္ ။

အဲဒိပြဲက ရတဲ့ ရန္ပုံေငြေတြကို ေကာ္႐ိုနာဗိုင္းရက္ေၾကာင့္ အတိဒုကၡ ေရာက္ၾက ရတဲ့သူေတြအတြက္ အကူ အညီျဖစ္ေအာင္ လႉဒါန္းသြားမွာပါ ။ အြန္လိုင္းေပၚကေန ေဖ်ာ္ေျဖတဲ့ပြဲကို အစီအစဥ္ တင္ဆက္သူအျဖစ္ ေဒြးနီဂြၽန္ဆင္(သည္ေရာ့ခ္) ကလုပ္မွာပါ ။ ဆိုင္ရက္ ၊ဘီဘာ ၊ကြာကို နဲ႔ ရွိတ္ကီယာ တို႔နဲ႔တြဲဖက္ၿပီး ကိုလ္ ပေလး ၊ အက္ရွာ၊ ခရစၥတီး ၊သည္ကြင္းတို႔ အျပင္ ဂ်က္နီဖာဟတ္ဆင္နဲ႔ ရီမီအလာေဒးတို႔လည္း ပါဝင္ေျဖေဖ်ာ္ၾကမွာပါ ။

ခ်ားလ္သည္႐ြန္ ၊ ခရစၥဝသ္၊ ေဒဗစ္ ဘက္ခမ္း တို႔လို အေမရိကားက ဆယ္လီ ေတာ္ေတာ္ မ်ားမ်ားလည္းပါၾကမွာပါ ။ ကမာၻအႏွံ႔မွာ ရွိတဲ့ ဂလိုဘယ္စီတီစင္ ဝိုင္းေတာ္သားေတြရဲ႕ စနစ္တက်ေျပာင္းလဲျခင္း ဆိုတဲ့ ေဆာင္ပုဒ္ကို ျပမယ့္ပြဲ ျဖစ္ပါတယ္ ။ ေနရာတိုင္း လူတိုင္းက တရားမွ်တမႈကို ရဖို႔အတြက္ ေျပာင္းလဲျခင္းကို ျပဳလုပ္ ၾကရမွာ ျဖစ္ၿပီး ေမြးဖြားတဲ့ အရပ္ေဒသ ကြာျခားမႈေၾကာင့္ အသားအေရာင္ ေျပာင္းလဲမႈကို အျပစ္တင္ ခံေနရတဲ့ လူသားေတြအတြက္ ရည္႐ြယ္ပါတယ္လို႔ ဂလိုဘယ္ စီတီစင္ အဖြဲ႕ ပူးတြဲ တည္ေထာင္သူ ဟဂ္အီဗန္က ဆိုပါတယ္ ။

“က်ေနာ္တို႔ ကမာၻေပၚမွာ ကိုဗစ္-၁၉ဗိုင္းရက္ပိုးေပ်ာက္ကြယ္ ဖို႔ဆိုရင္ ကမာၻေခါင္းေဆာင္ေတြက ဘီလီယံ ေပါင္းမ်ားစြာကို စမ္းသပ္ ကုသ ကာကြယ္ဖို႔အတြက္ လိုအပ္ေနပါတယ္ ။ အဲ့ဒိကြက္လပ္အတြက္ ဒီဂီတ ေဖ်ာ္ေျဖပြဲ က တစ္ေထာင့္တစ္ေနရာက ျဖစ္ေစမွာပါ ။ အားလုံးကိုညီတူညီမွ် ရႏိုင္ေအာင္အတြက္ ရည္႐ြယ္ၿပီး ဒီပြဲကို လုပ္တာပါ”လို႔ သူက ဆိုတယ္ ။ ဂလိုဘယ္ဂိုး ရႈိးပြဲကို အန္ဘီစီ နဲ႔ အိုင္ဟတ္မီဒီယာတို႔က ထုတ္လႊင့္ ေပးသြားမွာျဖစ္ၿပီး ယူက်ဴ႕ ၊တြစ္တာ၊တြစ္ခ်္ တို႔လို အြန္လိုင္းပလက္ေဖာင္း မ်ားစြာကေနၿပီးေတာ့လည္း ထုတ္လႊင့္သြားမွာပါ ။

မိုင္လီဆိုင္ရက္ကလည္း ဂလိုဘယ္ဂိုးရႈိးပြဲမွာ ရန္ပုံေငြေတြပိုရဖို႔အတြက္ သူမရဲ႕ ကိုယ္ပိုင္အစီအစဥ္ေတြ ကိုလည္း ထည့္သြင္းသြားမွာပါ ။ အဲ့ဒိအစီအစဥ္ကို ေမလ ကတည္းကေနၿပီးေတာ့ ဝိုင္း လုပ္ေနၾကတာပါ ။ ကိုဗစ္-၁၉ ေရာဂါ စမ္းသပ္ ကုသ ကာကြယ္ ဖို႔အတြက္ ရန္ပုံေငြ ရွာေဖြပြဲေတြကို ဂလိုဘယ္စီတီစင္အဖြဲ႕ က ေတာက္ေလွ်ာက္ လုပ္ေနခဲ့ပါတယ္ ။ ၿပီးခဲ့တဲ့ ဧၿပီလတုန္းကလည္း one world ; together at home ကို လုပ္ခဲ့စဥ္က အလႉေငြ ၁၂၇ သန္းရခဲ့ပါတယ္ ။

ေမာင္ယႆ REF: upi Photo; Upi

Unicode

ကိုဗစ်-၁၉ ရံပုံငွေ Global Goal ပွဲမှာ မိုင်လီဆိုင်ရပ် ၊ရှိတ်ကီယာနဲ့ ဂျက်စတင်ဘီဘာတို့ ဆိုမယ်

လာမယ့် ဇွန်လ ၂၇ရက်နေ့မှာ အွန်လိုင်း ပလက်ဖောင်းတွေ ကနေ ထုတ်လွှင့်မယ့် Global Goal ; unite for our future Concert ပွဲမှာ အမေရိကားက နာမည်ကျော်တွေ ဖြစ်တဲ့ မိုင်လီဆိုင်ရပ် ၊ ရှိက်ကီယာ နဲ့ ဂျက်စတင်ဘီဘာ တို့လည်း ပူးပေါင်း ပါဝင် သီဆိုကြမယ်လို့ သိရပါတယ် ။
ဂလိုဘယ် စီတီစင်နဲ့ ဥရောပကော်မရှင်တို့ပူးပေါင်းစီစဉ်တင်ဆက်တဲ့ပွဲပါ ။ အဲဒိပွဲအတွက် သတင်းစာရှင်းလင်းပွဲ ကို တနင်္လာနေ့က လုပ်ခဲ့ပါတယ် ။

အဲဒိပွဲက ရတဲ့ ရန်ပုံငွေတွေကို ကော်ရိုနာဗိုင်းရက်ကြောင့် အတိဒုက္ခ ရောက်ကြ ရတဲ့သူတွေအတွက် အကူ အညီဖြစ်အောင် လှူဒါန်းသွားမှာပါ ။ အွန်လိုင်းပေါ်ကနေ ဖျော်ဖြေတဲ့ပွဲကို အစီအစဉ် တင်ဆက်သူအဖြစ် ဒွေးနီဂျွန်ဆင်(သည်ရော့ခ်) ကလုပ်မှာပါ ။ ဆိုင်ရက် ၊ဘီဘာ ၊ကွာကို နဲ့ ရှိတ်ကီယာ တို့နဲ့တွဲဖက်ပြီး ကိုလ် ပလေး ၊ အက်ရှာ၊ ခရစ္စတီး ၊သည်ကွင်းတို့ အပြင် ဂျက်နီဖာဟတ်ဆင်နဲ့ ရီမီအလာဒေးတို့လည်း ပါဝင်ဖြေဖျော်ကြမှာပါ ။

ချားလ်သည်ရွန် ၊ ခရစ္စဝသ်၊ ဒေဗစ် ဘက်ခမ်း တို့လို အမေရိကားက ဆယ်လီ တော်တော် များများလည်းပါကြမှာပါ ။ ကမ္ဘာအနှံ့မှာ ရှိတဲ့ ဂလိုဘယ်စီတီစင် ဝိုင်းတော်သားတွေရဲ့ စနစ်တကျပြောင်းလဲခြင်း ဆိုတဲ့ ဆောင်ပုဒ်ကို ပြမယ့်ပွဲ ဖြစ်ပါတယ် ။ နေရာတိုင်း လူတိုင်းက တရားမျှတမှုကို ရဖို့အတွက် ပြောင်းလဲခြင်းကို ပြုလုပ် ကြရမှာ ဖြစ်ပြီး မွေးဖွားတဲ့ အရပ်ဒေသ ကွာခြားမှုကြောင့် အသားအရောင် ပြောင်းလဲမှုကို အပြစ်တင် ခံနေရတဲ့ လူသားတွေအတွက် ရည်ရွယ်ပါတယ်လို့ ဂလိုဘယ် စီတီစင် အဖွဲ့ ပူးတွဲ တည်ထောင်သူ ဟဂ်အီဗန်က ဆိုပါတယ် ။

“ကျနော်တို့ ကမ္ဘာပေါ်မှာ ကိုဗစ်-၁၉ဗိုင်းရက်ပိုးပျောက်ကွယ် ဖို့ဆိုရင် ကမ္ဘာခေါင်းဆောင်တွေက ဘီလီယံ ပေါင်းများစွာကို စမ်းသပ် ကုသ ကာကွယ်ဖို့အတွက် လိုအပ်နေပါတယ် ။ အဲ့ဒိကွက်လပ်အတွက် ဒီဂီတ ဖျော်ဖြေပွဲ က တစ်ထောင့်တစ်နေရာက ဖြစ်စေမှာပါ ။ အားလုံးကိုညီတူညီမျှ ရနိုင်အောင်အတွက် ရည်ရွယ်ပြီး ဒီပွဲကို လုပ်တာပါ”လို့ သူက ဆိုတယ် ။ ဂလိုဘယ်ဂိုး ရှိုးပွဲကို အန်ဘီစီ နဲ့ အိုင်ဟတ်မီဒီယာတို့က ထုတ်လွှင့် ပေးသွားမှာဖြစ်ပြီး ယူကျူ့ ၊တွစ်တာ၊တွစ်ချ် တို့လို အွန်လိုင်းပလက်ဖောင်း များစွာကနေပြီးတော့လည်း ထုတ်လွှင့်သွားမှာပါ ။

မိုင်လီဆိုင်ရက်ကလည်း ဂလိုဘယ်ဂိုးရှိုးပွဲမှာ ရန်ပုံငွေတွေပိုရဖို့အတွက် သူမရဲ့ ကိုယ်ပိုင်အစီအစဉ်တွေ ကိုလည်း ထည့်သွင်းသွားမှာပါ ။ အဲ့ဒိအစီအစဉ်ကို မေလ ကတည်းကနေပြီးတော့ ဝိုင်း လုပ်နေကြတာပါ ။ ကိုဗစ်-၁၉ ရောဂါ စမ်းသပ် ကုသ ကာကွယ် ဖို့အတွက် ရန်ပုံငွေ ရှာဖွေပွဲတွေကို ဂလိုဘယ်စီတီစင်အဖွဲ့ က တောက်လျှောက် လုပ်နေခဲ့ပါတယ် ။ ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း one world ; together at home ကို လုပ်ခဲ့စဉ်က အလှူငွေ ၁၂၇ သန်းရခဲ့ပါတယ် ။

မောင်ယဿ REF: upi Photo; Upi

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

အစ္စရေး-ပါလက်စတိုင်း ၁၁ ရက်စစ်ပွဲမှာ အစ္စရေးတို့ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တယ်လို့ ဆို
International-news
အစ္စရေး-ပါလက်စတိုင်း ၁၁ ရက်စစ်ပွဲမှာ အစ္စရေးတို့ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တယ်လို့ ဆို

အစ္စရေး-ပါလက်စတိုင်း ၁၁ ရက်စစ်ပွဲမှာ အစ္စရေးတို့ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တယ်လို့ ဆို မောင်ယဿ (ဇူလိုင် ၂၇ ) ပြီးခဲ့တဲ့ မေလအတွင်းက ၁၁ ရက်ကြာဖြစ်ပွားခဲ့တဲ့ အစ္စရေး- ပါလက်စတိုင်း စစ်ပွဲမှာ အစ္စရေးတို့ဖက်က စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ရဲ့ ဒီကနေ့ အစီရင်ခံစာမှာ ပါလာပါတယ်။ ဂါဇာကမ်းမြှောင်ဒေသက ဟားမတ်သူပုန်တွေကို လေကြောင်းကနေ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၂၃၀ကျော် သေခဲ့ရသလို ဟားမတ်တွေရဲ့ ရောကတ်နဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အစ္စရေး ၁၂ဦး သေဆုံး ခဲ့ရပါတယ်။ အဲ့ဒိသေဆုံးမှုတွေကို လူ့အခွင့်အရေးအဖွဲ့ က ပြန်လည်စစ်ဆေးတဲ့ နေရာမှာ စစ်တပ်ရဲ့ ပစ်မှတ် မဟုတ်ဘဲ အရပ်သားချည်းပဲရှိတဲ့ နေရာကို အစ္စရေးတို့ ဗုံးကျဲတိုက်ခိုက်ခဲ့လို့ …

တောင်-မြောက် ကိုရီးယား အရေးပေါ်ဖုန်းလိုင်းတွေ ပြန်ရပြီ
International-news
တောင်-မြောက် ကိုရီးယား အရေးပေါ်ဖုန်းလိုင်းတွေ ပြန်ရပြီ

  မောင်ယဿ ( ဇူလိုင် ၂၇ ) မနှစ်က ဇွန်လကနေစပြီးတော့ ဖြတ်တောက်ထားတဲ့ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားတို့ရဲ့ အရေးပေါ် ဖုန်လိုင်းတွေ အားလုံး နီးပါ ဒီနေ့မနက်မှာပြန်ပြီးတော့ အဆက်အသွယ်ရပြီဖြစ်လို့ ကိုရီးယား ကျွန်းဆွယ်ပေါ်က တင်းမာမှုတွေ တစ်စိတ်တစ်ပိုင်း လျှော့ ကျသွားပါပြီ။ ဒီနေ့ မနက် ၁၀ နာရီလောက်မှာ တောင်ကိုရီးယား ဆက်ဆံရေး ရုံး နဲ့ စစ်တပ်အချင်းချင်းဆက်သွယ်တဲ့ ဖုန်းလိုင်းတွေ ပြန်ပွင့်သွားကာ မြောက်ကိုရီးယာဖက်က ဖုန်းခေါ်သံတွေ နဲ့ နှုတ်ဆက်သံတွေ ထွက်ပေါ် လာခဲ့ပါတယ်။ မြောက်ကိုရီးယားဖက်က ဖုန်းလိုင်းစမ်းတဲ့အနေနဲ့ တောင်ကိုရီးယားဖက်ကို ဖုန်းခေါ်လို့ တာဝန်ကျအရာရှိတွေနဲ့ အထက်အဆင့်ဆင့် တင်ပြမှုတွေ လုပ်ရလို့ တောင်ကိုရီးယားစစ်တပ် အလုပ်ရှုတ်သွားပါတယ်။ …

အိန္ဒိယသား မယူရလို့ လူမျိုးရေးခွဲခြား စာတမ်းထိုးလို့ မလေးအွန်လိုင်းပေါ်မှာ ပွထသွား
International-news
အိန္ဒိယသား မယူရလို့ လူမျိုးရေးခွဲခြား စာတမ်းထိုးလို့ မလေးအွန်လိုင်းပေါ်မှာ ပွထသွား

အိန္ဒိယသား မယူရလို့ လူမျိုးရေးခွဲခြား စာတမ်းထိုးလို့ မလေးအွန်လိုင်းပေါ်မှာ ပွထသွား မောင်ယဿ ( ဇူလိုင် ၂၇ ) လူမျိုးရေးခွဲခြားတဲ့ အသုံးအနှုန်းနဲ့ အလှူလုပ်လို့ မလေးရှား အွန်လိုင်းပေါ်မှာ ပြစ်တင်ရှုံ့ချမှုတွေ ပွထသွားပါတယ်။ မလေးရှားမှာ ကိုဗစ်ကြောင့် လုပ်ငန်းတွေ လုပ်ဆိုင်းထား ၊ အသွားအလာတွေ ကန့်သတ်ထားလို့ ပြည်သူတော်တော်များများ စားရေးသောက်ရေး အကျတ်အတည်း နဲ့ ကြုံတွေ့နေ ရပါတယ်။ တတ်နိုင်တဲ့ ပြည်သူတွေက မတတ်နိုင်တဲ့ ပြည်သူတွေကို ကူညီဖို့အတွက် အစားအသောက်ဘဏ်လေးတွေက နိုင်ငံနဲ့ အနှံ့အပြားမှာ မှိုလိုပေါက်လာကြပါတယ်။ အဲ့ဒိမှာ ပြဿနာလေးရှိတာက လူမျိုးရေးခွဲခြားတဲ့ အလှူ အစားအသာက် ဘဏ်တွေကြောင့် ဆွမ်းဆန်ထဲကို ကြက်ချေးရောနေသလို ဖြစ်နေပါတယ်။ ဂျိုဟိုး …