ကိုဗစ္ ၁၉ ဘယ္ကစ တ႐ုတ္နဲ႔ အေမရိကန္ ျပန္လွန္ျပစ္တင္

ကိုဗစ္ ၁၉ ဘယ္ကစ တ႐ုတ္နဲ႔ အေမရိကန္ ျပန္လွန္ျပစ္တင္
International-news

ကိုဗစ္ ၁၉ ဘယ္ကစ တ႐ုတ္နဲ႔ အေမရိကန္ ျပန္လွန္ျပစ္တင္

တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕မွာ စတင္ျဖစ္ပြားခဲ့တဲ့ COVID -19 ဗိုင္းရပ္စ္ဟာ အေမရိကန္ႏိုင္ငံက တ႐ုတ္ႏိုင္ငံထဲကို ယူသြင္းလာျခင္း ျဖစ္ႏိုင္တယ္လို႔ တ႐ုတ္အစိုးရအဖြဲ႕ တာဝန္ရွိသူတစ္ဦးက စြပ္စြဲလိုက္ေၾကာင္း AP သတင္းဌာနက ေဖာ္ျပလာပါတယ္။

တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ ေက်ာင္လီဂ်န္က မတ္ ၁၂ ရက္‌ေန႔မွာ သူ႔ရဲ႕ တြစ္တာ အ‌ေကာင့္ေပၚက စြပ္စြဲ ေရးသားလိုက္ျခင္းျဖစ္ၿပီး အခုလို စြပ္စြဲ ေျပာဆိုမႈဟာ အေထာက္အထားမဲ့ ေျပာဆိုလိုက္တာျဖစ္တယ္လို႔ သိရပါတယ္။

တ႐ုတ္ႏိုင္ငံရဲ႕ ဆိုရွယ္မီဒီယာ စာမ်က္ႏွာမ်ား ေပၚမွာလည္း အဲဒီလို COVID -19 နဲ႔ ပတ္သက္ၿပီး အေမရိကန္ကို အေထာက္အထားမဲ့ စြပ္စြဲမႈေတြ အမ်ားအျပား ထြက္ေပၚေနပါတယ္။

တ႐ုတ္ႏိုင္ငံ ေရာဂါထိန္းခ်ဳပ္ေရးႏွင့္ ကာကြယ္ေရးအဖြဲ႕ အႀကီးအကဲ ကိုယ္တိုင္က COVID -19 သည္ ဟူေပးျပည္နယ္၊ ဝူဟန္ၿမိဳ႕ ေတာ႐ိုင္းတိရစာၦန္ေဈးက စတင္ခဲ့တယ္လို႔ ဆိုခဲ့ေသာ္လည္း အြန္လိုင္းေပၚမွာေတာ့ အခုလိုအမ်ိဳးမ်ိဳး‌ေသာ စြပ္စြဲမႈေတြ ေပၚေပါက္ေနတာ ျဖစ္ပါတယ္။

အေမရိကန္ ေရာဂါထိန္းခ်ဳပ္ေရးနဲ႔ ကာကြယ္ေရးအဖြဲ႕ (CDC) အႀကီးအကဲက လႊတ္ေတာ္တြင္ ထြက္ဆိုထားတဲ့ ဗီဒီယိုဖိုင္တစ္ခုကို ေက်ာင္လီဂ်န္က တြစ္တာမွာ တင္ထားပါတယ္။

အဲဒီ ဗီဒီယိုဖိုင္ထဲမွာ အဖ်ားေရာဂါနဲ႔ ေသဆုံးတဲ့ အေမရိကန္ ႏိုင္ငံသား အခ်ိဳ႕ကို ေနာက္ပိုင္း စစ္ေဆးခ်က္မ်ားအရ COVID-19 နဲ႔ ေသဆုံးရျခင္းျဖစ္ေၾကာင္း ေတြ႕ရတယ္လို႔ CDC အႀကီးအကဲရဲ႕ ထြက္ဆိုခ်က္ ပါဝင္ပါတယ္။

အေမရိကန္မွာ COVID-19 စျဖစ္ခဲ့ၿပီး ေနာက္ပိုင္းက်မွ ဝူဟန္ကို ကူးစက္လာျခင္း ျဖစ္ေၾကာင္း ေက်ာင္လီဂ်န္က ေျပာၾကားလိုက္ပါတယ္။

ဝူဟန္ၿမိဳ႕က စတင္ျဖစ္ေပၚခဲ့လို႔ COVID-19 ကို ဝူဟန္ဗိုင္းရပ္စ္လို႔ အေမရိကန္ေတြ ေျပာေျပာေနၾကတာကိုလည္း တ႐ုတ္အစိုးရက မႏွစ္သက္ပါဘူး။

အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး မိုက္ပြမ္ပီယိုက COVID-19 အေၾကာင္း ေျပာၾကားရာမွာ ဝူဟန္ဗိုင္းရပ္စ္လို႔ ထည့္သြင္း ေျပာၾကားခဲ့တာေၾကာင့္ အဲဒီလို ေျပာၾကားမႈအေပၚ တ႐ုတ္အစိုးရက ျပင္းျပင္းထန္ထန္ကို ေဝဖန္ခဲ့ပါတယ္။

အေမရိကန္ႏိုင္ငံရဲ႕ လုံၿခဳံေရး အႀကံေပး ေရာဘတ္အိုဘ႐ိုင္ယန္ကလည္း COVID- 19 ဗိုင္းရပ္စ္ စတင္ ေပါက္ဖြားရာ ေနရာဟာ တ႐ုတ္ႏိုင္ငံ၊ ဝူဟန္ၿမိဳ႕ ျဖစ္တယ္လို႔ ဆိုပါတယ္။

ဝူဟန္ၿမိဳ႕က တာဝန္ရွိသူေတြဟာ COVID-19 စတင္ပ်ံ႕ႏွံ႔ခ်ိန္ ၂၀၁၉၊ ဒီဇင္ဘာလက အမ်ားျပည္သူကို လ်င္ျမန္စြာ သတိေပးဖို႔ ပ်က္ကြက္ခဲ့ၿပီး တ႐ုတ္အစိုးရကလည္း ဖုံးဖိထားခဲ့ၾကတာေၾကာင့္ ကမာၻ႔ႏိုင္ငံမ်ား အေနနဲ႔ ႀကိဳတင္ ကာကြယ္ဖို႔ အခ်ိန္‌ေတြ ေနာက္က်ခဲ့ရတယ္လို႔လည္း အိုဘ႐ိုင္ယန္က ေျပာလိုက္ပါတယ္

COVID-19 ဗိုင္းရပ္ဟာ အခုဆိုရင္ ကမာၻတစ္ဝန္း လူ ၁၃၀၀၀၀ ေက်ာ္ကို ကူးစက္ၿပီး လူ ၅၀၀၀ ေက်ာ္ ေသဆုံးခဲ့ရၿပီ ျဖစ္ပါတယ္။

COVID-19 ေၾကာင့္ ကမာၻ႔ႏိုင္ငံအားလုံးရဲ႕ စီးပြားေရးမ်ားပါ ထိခိုက္ေနၿပီ ျဖစ္ပါတယ္။ မတ္လ ၁၂ ရက္ေန႔ကေတာ့ ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO က COVID -19 ကို ကမာၻ႔ကပ္ေရာဂါအျဖစ္ သတ္မွတ္ ေၾကျငာလိုက္ ပါတယ္။

ေမာင္ယႆ
ေအပီသတင္းဌာန

Unicode

ကိုဗစ် ၁၉ ဘယ်ကစ တရုတ်နဲ့ အမေရိကန် ပြန်လှန်ပြစ်တင်

တရုတ်နိုင်ငံ ဝူဟန်မြို့မှာ စတင်ဖြစ်ပွားခဲ့တဲ့ COVID -19 ဗိုင်းရပ်စ်ဟာ အမေရိကန်နိုင်ငံက
တရုတ်နိုင်ငံထဲကို ယူသွင်းလာခြင်း ဖြစ်နိုင်တယ်လို့ တရုတ်အစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးက စွပ်စွဲလိုက်ကြောင်း AP သတင်းဌာနက ဖော်ပြလာပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောင်လီဂျန်က မတ် ၁၂ ရက်‌နေ့မှာ သူ့ရဲ့ တွစ်တာ အ‌ကောင့်ပေါ်က စွပ်စွဲ ရေးသားလိုက်ခြင်းဖြစ်ပြီး အခုလို စွပ်စွဲ ပြောဆိုမှုဟာ အထောက်အထားမဲ့ ပြောဆိုလိုက်တာဖြစ်တယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံရဲ့ ဆိုရှယ်မီဒီယာ စာမျက်နှာများ ပေါ်မှာလည်း အဲဒီလို COVID -19 နဲ့ ပတ်သက်ပြီး
အမေရိကန်ကို အထောက်အထားမဲ့ စွပ်စွဲမှုတွေ အများအပြား ထွက်ပေါ်နေပါတယ်။

တရုတ်နိုင်ငံ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးအဖွဲ့ အကြီးအကဲ ကိုယ်တိုင်က COVID -19 သည် ဟူပေးပြည်နယ်၊ ဝူဟန်မြို့ တောရိုင်းတိရစ္ဆာန်ဈေးက စတင်ခဲ့တယ်လို့ ဆိုခဲ့သော်လည်း အွန်လိုင်းပေါ်မှာတော့ အခုလိုအမျိုးမျိုး‌သော စွပ်စွဲမှုတွေ ပေါ်ပေါက်နေတာ ဖြစ်ပါတယ်။

အမေရိကန် ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးအဖွဲ့ (CDC) အကြီးအကဲက လွှတ်တော်တွင် ထွက်ဆိုထားတဲ့ ဗီဒီယိုဖိုင်တစ်ခုကို ကျောင်လီဂျန်က တွစ်တာမှာ တင်ထားပါတယ်။

အဲဒီ ဗီဒီယိုဖိုင်ထဲမှာ အဖျားရောဂါနဲ့ သေဆုံးတဲ့ အမေရိကန် နိုင်ငံသား အချို့ကို နောက်ပိုင်း
စစ်ဆေးချက်များအရ COVID-19 နဲ့ သေဆုံးရခြင်းဖြစ်ကြောင်း တွေ့ရတယ်လို့ CDC အကြီးအကဲရဲ့ ထွက်ဆိုချက် ပါဝင်ပါတယ်။

အမေရိကန်မှာ COVID-19 စဖြစ်ခဲ့ပြီး နောက်ပိုင်းကျမှ ဝူဟန်ကို ကူးစက်လာခြင်း ဖြစ်ကြောင်း ကျောင်လီဂျန်က ပြောကြားလိုက်ပါတယ်။

ဝူဟန်မြို့က စတင်ဖြစ်ပေါ်ခဲ့လို့ COVID-19 ကို ဝူဟန်ဗိုင်းရပ်စ်လို့ အမေရိကန်တွေ ပြောပြောနေကြတာကိုလည်း တရုတ်အစိုးရက မနှစ်သက်ပါဘူး။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုက COVID-19 အကြောင်း ပြောကြားရာမှာ ဝူဟန်ဗိုင်းရပ်စ်လို့ ထည့်သွင်း ပြောကြားခဲ့တာကြောင့် အဲဒီလို ပြောကြားမှုအပေါ် တရုတ်အစိုးရက ပြင်းပြင်းထန်ထန်ကို ဝေဖန်ခဲ့ပါတယ်။

အမေရိကန်နိုင်ငံရဲ့ လုံခြုံရေး အကြံပေး ရောဘတ်အိုဘရိုင်ယန်ကလည်း COVID- 19 ဗိုင်းရပ်စ် စတင် ပေါက်ဖွားရာ နေရာဟာ တရုတ်နိုင်ငံ၊ ဝူဟန်မြို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ဝူဟန်မြို့က တာဝန်ရှိသူတွေဟာ COVID-19 စတင်ပျံ့နှံ့ချိန် ၂၀၁၉၊ ဒီဇင်ဘာလက အများပြည်သူကို လျင်မြန်စွာ သတိပေးဖို့ ပျက်ကွက်ခဲ့ပြီး တရုတ်အစိုးရကလည်း ဖုံးဖိထားခဲ့ကြတာကြောင့် ကမ္ဘာ့နိုင်ငံများ အနေနဲ့ ကြိုတင် ကာကွယ်ဖို့ အချိန်‌တွေ နောက်ကျခဲ့ရတယ်လို့လည်း အိုဘရိုင်ယန်က ပြောလိုက်ပါတယ်

COVID-19 ဗိုင်းရပ်ဟာ အခုဆိုရင် ကမ္ဘာတစ်ဝန်း လူ ၁၃၀၀၀၀ ကျော်ကို ကူးစက်ပြီး လူ ၅၀၀၀ ကျော် သေဆုံးခဲ့ရပြီ ဖြစ်ပါတယ်။

COVID-19 ကြောင့် ကမ္ဘာ့နိုင်ငံအားလုံးရဲ့ စီးပွားရေးများပါ ထိခိုက်နေပြီ ဖြစ်ပါတယ်။ မတ်လ ၁၂ ရက်နေ့ကတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က COVID -19 ကို ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ် ကြေငြာလိုက် ပါတယ်။

မောင်ယဿ
အေပီသတင်းဌာန

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

တ႐ုတ္က ေကာ္႐ိုနာဗိုင္းရက္ကို အေယာင္ျပၿပီး ေတာင္တ႐ုတ္ပင္လယ္ကို က်ဴးေက်ာ္ေနဟုဆို
International-news
တ႐ုတ္က ေကာ္႐ိုနာဗိုင္းရက္ကို အေယာင္ျပၿပီး ေတာင္တ႐ုတ္ပင္လယ္ကို က်ဴးေက်ာ္ေနဟုဆို

တ႐ုတ္က ေကာ္႐ိုနာဗိုင္းရက္ကို အေယာင္ျပၿပီး ေတာင္တ႐ုတ္ပင္လယ္ကို က်ဴးေက်ာ္ေနဟုဆို မေန႔က ဂ်ပန္ႏိုင္ငံ အေမရိကန္စစ္တပ္ဦးစီးမႉးက ေတာင္တ႐ုတ္ ပင္လယ္အတြင္းမွာ ျဖစ္ပြားေနတဲ့ အျငင္းပြားမႈ ေတြကို ဖိအားေပးရန္အတြက္ ေကာ္႐ိုနာဗိုင္းရက္ျပန္ႏွံ႔မႈကို အေယာင္ျပ လႈပ္ရွားမႈေတြကို လုပ္ေနတယ္လို႔ ဆိုတယ္ ။ သူက လက္ရွိ ေတာင္တ႐ုတ္ပင္လယ္ အတြင္းမွာ တ႐ုတ္တို႔ရဲ႕ စစ္အင္အားတိုးျမႇင့္ ေနျခင္းနဲ႔ ပတ္ သက္ၿပီး အခုလို ဆိုလိုက္ျခင္း ျဖစ္ပါတယ္ ။ ႐ိုက္တာသတင္းဌာနနဲ႔ ဖုန္းအင္တာဗ်ဴးမွာ သူက “ခင္ဗ်ားတို႔ ေတြးၾကည့္လို႔ ရပါတယ္ ။ တ႐ုတ္ႏိုင္ငံတင္ မကဘူး ကမာၻ႔ႏိုင္ငံ အသီးသီးမွာ ေကာ္႐ိုနာဗိုင္းရက္ ကိစၥနဲ႔ အခက္အခဲေတြ ျဖစ္ေနပါတယ္ ။ ဒါေပမဲ့ …

လူငယ္ေတြ ေသြးလႉၿပီးရင္ သံဓာတ္ အားျဖည့္ေဆးေသာက္ရန္လို
International-news
လူငယ္ေတြ ေသြးလႉၿပီးရင္ သံဓာတ္ အားျဖည့္ေဆးေသာက္ရန္လို

လူငယ္ေတြ ေသြးလႉၿပီးရင္ သံဓာတ္ အားျဖည့္ေဆးေသာက္ရန္လို ေလ့လာမႈ အသစ္တစ္ခုက ေသြးလႉတဲ့ လူငယ္ေတြမွာ ႏွစ္ရွည္လမ်ား သံဓာတ္ခ်ိဳ႕တဲ့ျခင္းေတြ ျဖစ္ေပၚတတ္လို႔ ေသြးလႉၿပီးတဲ့ေနာက္မွာ သံဓာတ္ အားျဖည့္ေဆးေတြ ေသာက္သုံးရန္လိုတယ္လို႔ သတိေပးထားပါတယ္ ။ အေမရိကားမွာ ဆိုရင္ ၁၆ ႏွစ္က ၁၈ႏွစ္ အတြင္း လူငယ္ေတြက ေသြးလႉတဲ့ သူအမ်ားဆုံး အုပ္စုေတြ ျဖစ္ပါတယ္ ။ ၂၀၁၆ ကေန ၂၀၁၈ အထိ ေသြး ပထမဆုံးလႉတဲ့ လူငယ္ ၃၁၀၀၀ ေက်ာ္ကို ေလ့လာမႈ ျပဳခဲ့ရာ ၁၀ ေယာက္မွာ ၁ ေယာက္ သံဓာတ္ခ်ိဳ႕တဲ့ မႈ လကၡဏါ ေတြကို ခံစား ေနရတယ္လို႔ …

ပီနန္ ကမ္းေျခတစ္ေလွ်ာက္ ငါးေတြ အၿပဳံလိုက္ ေသဆုံးမႈ ျဖစ္ေပၚ
International-news
ပီနန္ ကမ္းေျခတစ္ေလွ်ာက္ ငါးေတြ အၿပဳံလိုက္ ေသဆုံးမႈ ျဖစ္ေပၚ

ပီနန္ ကမ္းေျခတစ္ေလွ်ာက္ ငါးေတြ အၿပဳံလိုက္ ေသဆုံးမႈ ျဖစ္ေပၚ ေမလ ေနာက္ဆုံးပတ္ အတြင္း မေလးရွားႏိုင္ငံ ပီနန္ ကမ္းေျခ တစ္ေလွ်ာက္မွာ ငါးေတြ အၿပဳံလိုက္ ေသဆုံးမႈ ျဖစ္ေပၚေနခဲ့ၿပီး ဘာေၾကာင့္ေသဆုံးမႈ ျဖစ္ေပၚတယ္ဆိုတာကို စုံစမ္းစစ္ေဆးမႈေတြ လုပ္ေနခဲ့ရတယ္လို႔ ေဒသခံအာဏါပိုင္ ေတြက ဆိုပါတယ္ ။ သည္စတား သတင္းစာ အဆိုအရ ေဒသခံ ငါးလုပ္ငန္း ဦးစီးဌာနက ေတာ့ အဲ့ဒိ ငါးေတြ အစုလိုက္ အၿပဳံလိုက္ ေသဆုံးျခင္းက တစ္စုံတရာေသာ ေဘးအႏၲရာယ္ က်ေရာက္ေတာ့မယ္ ဆိုတဲ့ အရိပ္ လကၡဏါမဟုတ္ပါဘူလို႔ ဆိုတယ္ ။ အဲ့လို ေသဆုံးေနျခင္းက ငါးေတြမွာ ျဖစ္တတ္တဲ့ သဘာ၀ …