
International-news







မောင်ယဿ

REF: upi / Photo; upi

Unicode

ကိုဗစ်-၁၉ ပိုးသတ် ရှူဆေးကို ဂီလက် ကုမ္ပဏီက စတင်စမ်းသပ်

ကိုဗစ်-၁၉ ပိုးသတ်ဆေး တစ်မျိုးဖြစ်တဲ့ ရမ်ဒီဆီးးဗားကို ရှူဆေးအဖြစ် ပုံစံပြောင်းပြီး ထုတ်လုပ်ထားတာကို စမ်းသပ်မှုတွေ လုပ်နေတယ်လို့ ဂီလက်သိပ္ပံ ကုမ္ပဏီ တာဝန်ရှိသူက ဆိုပါတယ် ။ ဆေးကို ရင်ကျပ်ပန်းနာ သမားတွေမောပြီး ကျပ်လာရင် တပ်တဲ့ နီဗျူလိုက်ဇာလို့ ခေါ်တဲ့ ဆေးရှူစက်နဲ့ တွဲပြီး သုံးလို့ရအောင် စီစဉ် ထားပါတယ် ။ ဆေးကို ဆေးရုံ မှာမှ မဟုတ်ဘဲ ဆေးရုံ ပြင်ပမှာလည်း ဘဲ ကူးစက်ရောဂါ မရင့်ခင် ကူးစက်မှု စဝင်ကာစမှာ ရှူပြီး ကုသလို့ရပါတယ် ။

“ကူးစက်ရောဂါ ပြန့်နှံ့မှု မြင့်မားနေတဲ့ နေရာတွေမှာ ဆိုရင် ဆေးကုဖို့ အတွက် ဆေးရုံတွေ ဆေးခန်း တွေမှာ လူနာ ထားဖို့ မလုံလောက်တဲ့နေရာတွေမှာဆိုရင် ဒီရှူဆေးက ဆေးရုံ ပြင်ပမှာ ကုနိုင်တဲ့အတွက် ထိရောက်မှု အလွန်ကောင်းပါတယ်”ဂီလက်သိပ္ပံရဲ့ စီအီးအို ဒန်နီရယ်အိုဒေးက ကုမ္ပဏီ ဝက်ဘ်ဆိုက်မှာ အိပ်ဖွင့်ပေးစာ အနေနဲ့ ဖော်ပြခဲ့ပါတယ် ။

“ ကျနော်တို့ရဲ့ ရည်ရွယ်ချက် က ကော်ရိုနာဗိုင်းရက် ရောဂါကူးစက်ခံရပြီလို့ သိတဲ့ အချိန်မှာ စောစီးစွာ ဆေးဝါး ကုသပေးနိုင်တာက ဆေးရုံကို လာရောက်ကုသချိန် နည်းသွားစေအောင် ပြုလုပ် ပေးတာပါ ။ ကြိုတင်ပြီး ကုသ ထားနိုင်ခဲ့တဲ့အတွက် ဆေးရုံကို တက်ရတဲ့အခြေအနေဖြစ်လာ ရင်တောင်မှ ဆေးရုံပေါ်မှာ ရက်ကြာကြာ နေစရာ မလိုတော့ဘူးပေါ့”လို့ဆိုတယ် ။

လက်ရှိစမ်းသပ်ချက် အရတော့ ရမ်ဒီဆီဗား အငွေ့ကိုရှူပြီး ကုသတာက ပိုမိုမြန်ဆန် ထိရောက်မှုရှိတယ်လို့ သိရပါတယ် ။ ပထမအဆင့်အဖြစ် ဆေးရုံသုံး အဆင့်ကနေ အဆင့် ၄ ဖြစ်တဲ့ အိမ်သုံးအဆင့် ရောက်အောင်အထိ ပြုလုပ် သွားမှာဖြစ်ပါတယ် ။ အမေရိကန် အစားအစာနဲ့ ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့ FDA ကလည်း မေလလယ် တုန်းက ရမ်ဒီဆီဗား အငွေ့ရှူ တဲ့နည်းကို စမ်းသပ်ခိုင်းရာ အချိန်တိုအတွင်းမှာ လူ-နာတွေ ပြန်လည် ကောင်းမွန်း လာတာကိုတွေ့ ရလို့ ယာယီခွင့်ပြုချက် ပေးထားပါတယ် ။

ဘေးထွက်ဆိုးကျိုးကို အတိအကျ သိပြီးရင်တော့ လုံးဝထောက်ခံချက် ပေးတော့မှာ ဖြစ်ပါတယ် ။ အိမ်သုံးအဆင့် ရောက်အောင်က စက်ကိုင်တွယ်ပုံနဲ့ ပြုစု စောင့်ရှောက်ပုံ အပြင် အသုံးပြုရမယ့် ဆေးပမာဏ တို့လို အချက်အလက် တွေကို အတိအကျ ပေးနိုင်မှ ဖြစ်ပါတယ် ။ ဒါကြောင့် ညွှန်ကြားချက်ကို ရှင်းရှင်းလင်းလင်း ပေနိုင်ပြီဆိုရင် လူထုထဲကို ချပေးလိုက်တော့မယ်လို့ ဆိုပါတယ် ။

မောင်ယဿ

REF: upi / Photo; upi

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ
International-news
မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ

မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ မလေးရှားနိုင်ငံမှာ ၂၀၁၈ ခုနှစ် နောက်ပိုင်းကနေ စပြီးတော့ စာသင်ကျောင်းတွေမှာ ကျောင်းသား အချင်းချင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်မှုတွေက တဖြည်းဖြည်း တိုးတက်လာပါတယ် ။ အရင်က ကလေးအချင်ချင်းပဲဆို တဲ့စိတ် နဲ့ ဖြေသာကြပေမဲ့ နောက်ပိုင်းမှာ နှိပ်စက်ခံရတဲ့ကလေးတွေက ကျောင်းသွားဖို့ အတွက် ငြင်းဆန် လာကြတဲ့ အခါမှာတော့ ကျောင်းသားမိဘတွေက အဲ့ဒိကိစ္စပေါ်ကို အာရုံစိုက်လာကြပါတယ် ။ ကျောင်းသားအချင်းချင်း ညှင်းပန်းနှိပ်စက်မှုတွေက အမျိုးမျိုးရှိပါတယ် ။ အချို့ သေသွားတဲ့ဖခင်ရဲ့ နာမည်နဲ့ နာမည်ပြောင်ကို လူကြားထဲမှာ ဝိုင်းအော်ခေါ်ပြီး အရှက်ခွဲ တဲ့ ကိစ္စမျိုးကစပြီး အတန်းထဲမှာ ကိုယ်ထိ …

ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား
International-news
ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား

ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား အခြေခံ ဥပဒေကို အပြောင်းအလဲ လုပ်မယ်ဆိုပြီး ရုရှားသမ္မတ ပူတင်က မဲဆန္ဒ ခံယူပွဲလုပ်တဲ့အပေါ်ကို အတိုက်အခံ သမားတွေက ဟာသတစ်ခု လုပ်နေတာလို့ ဝိုင်းပြီး ရှုံ့ ချနေကြပါတယ် ။ မော်စကို စာအုပ်ဆိုင်တွေ စာအုပ်ရောင်းကောင်းအောင်လို့ မူရင်း ဥပဒေစာအုပ်ကို ဟိုနားနည်းပြင် ဒီနားနည်းနည်းပြင်လုပ် အခြေခံ ဥပဒေပြင်ပါတယ်ဆိုပြီး လူကြားကောင်းအောင် လုပ်နေပါတယ်လို့ ဆိုကြတယ် ။ ကွန်မြူနစ်လစ်ဘရာယ် ပြုပြင်ပြောင်းလဲရေး သမားတွေက ကရင်းမလင်း အစိုးရက အသက် ၆၇ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ပူတင်ကို သမ္မတ သက်တမ်းရှည်အောင် လုပ်ဖို့ ကြိုးစားနေတာပါလို့လည်း ဝေဖန် နေကြပါတယ် ။ …

ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ
International-news
ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ

ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ ဂျပန်နိုင်ငံ က ဂျေလိဂ် တတိယတန်းမှာ ကစားနေတဲ့ ဖူကူရှီမား ဘောလုံး အသင်းက ကော်ရိုနာဗိုင်ဗိုင်းရက် ပြန့်နှံ့စဉ် ကာလအတွင်းမှာ ကလပ်အသင်း ပိုင်ရှင်အနေနဲ့ သူတို့ကို ငွေကြေး မပေး နိုင်တော့လို့ အသင်းသားတွေက အသင်း ဆက်လက် တည်မြဲအောင် သီးပင်စားပင်တွေ စိုက်ပျိုးပြီး ဝင်ငွေရှာခဲ့ကြပါတယ် ။ ဂျပန်မှာ ကော်ရိုနာဗိုင်းရက်တွေ စပြန့်လို့ ဖေဖော်ဝါရီလမှာ ကလပ်အသင်း ပြိုင်ပွဲ တွေ ရပ်လိုက် ကတည်းက သူတို့က နယ်ဖက်က သူတိုရဲ့ လေ့ကျင့်ရေး ကွင်းတစ်ဝိုက်မှာ သီးပင်စားပင်တွေနဲ့ အဓိကကတော့ ဟင်းသီးဟင်းရွက် တွေကို …