ကိုဗစ္-၁၉ နဲ႔ ရင္ဆိုင္ ေနရတဲ့ ဆယ္လီမ်ား

ကိုဗစ္-၁၉ နဲ႔ ရင္ဆိုင္ ေနရတဲ့ ဆယ္လီမ်ား
International-news

ကိုဗစ္-၁၉ နဲ႔ ရင္ဆိုင္ ေနရတဲ့ ဆယ္လီမ်ား

ေအာ္စကာဆုမ်ားရွင္ တြမ္ဟန႔္စ္နဲ႔ သူ႔ဇနီးတို႔က ၾသစေတးလ်မွာ ပရက္စေလ ႐ုပ္ရွင္အတြက္ ႐ုပ္ရွင္႐ိုက္ေနရင္းက ကိုဗစ္-၁၉ ေရာဂါပိုးေတြ႕ ရွိလို႔ ေဆး႐ုံတင္ထားရတယ္ ဆိုတဲ့ သတင္း ထြက္လာၿပီးေနာက္မွာ ေဘာလုံးေလာကမွာ ကမာၻေက်ာ္ ေဘာလုံးသမား ခရစ္တီယာႏို ေရာ္နယ္ဒိုကလည္း ေမြးရပ္က မိခင္ ေလျဖတ္တယ္ ဆိုတဲ့ သတင္းၾကားလို႔ ဇာတိၿမိဳ႕ေလးကို ျပန္လာခ်ိန္မွာ သူကစားတဲ့ ေဘာလုံးအသင္း ဂ်ဴဗင္တပ္ရဲ႕ ေနာက္ခံလူ ဒါနလီ႐ူဂါနီမွာ ကိုဗစ္-၁၉ ေရာဂါပိုးေတြ႕ရွိလို႔ သူက သူအစီအစဥ္နဲ႔ သူ သီးျခားခြဲေနဖို႔ လုပ္ေနပါတယ္ ။ ေလာေလာ ဆယ္ေတာ့ အေျခအေန ေကာင္းပါတယ္တဲ့ ။

ဒီေန႔ကေတာ့ ကေနဒါ ဝန္ႀကီးခ်ဳပ္ ဂ်က္စတင္း ထ႐ူဒူး ရဲ႕ ဇနီးဆိုဖီမွာကိုဗစ္-၁၉ ေရာဂါပိုးေတြ႕ ရွိလို႔ ေဆး႐ုံတင္လိုက္ရပါၿပီ ။ အဲ့ဒါေၾကာင့္ ဝန္ႀကီးခ်ဳပ္ ကလည္း သူ႔အစီအစဥ္နဲ႔ သီးျခားခြဲေနရပါတယ္ ။ ဆိုဖီက မတ္လ ၁၀ရက္ေန႔ ကတည္းက တုတ္ေကြးေရာဂါ လကၡဏါ ျပေနပါတယ္ ။

သူမက လန္ဒန္ၿမိဳ႕မွာ လူငယ္ေတြရဲ႕ စြမ္းအားဆိုတဲ့ ေဟာေျပာပြဲမွာ ေဟာေျပာၿပီး ျပန္လာကတည္းက ေနမေကာင္းခ်င္ သလိုျဖစ္ေနတာပါ ။ သူမရဲ႕ခင္ပြန္း ဝန္ႀကီးခ်ဳပ္ မွာေတာ့ ေရာဂါလကၡဏါ မျပပါဘူး။ ဒါေပမဲ့ လက္ရွိမွာေတာ့ သီးျခားခြဲေန ေနပါတယ္ ။

ေနာက္ တစ္ေယာက္ကေတာ့ အာဆင္နယ္ အသင္း မန္ေနဂ်ာ မိုက္ကယ္ အာတီတာပါပဲ ။ မတ္လ ၁၂ရက္ေန႔က စစ္ေဆးမႈမွာ အာတီတာ မွာ ကိုဗစ္-၁၉ ေရာဂါပိုး ေတြ႕ရွိတဲ့ အတြက္ေၾကာင့္ အာတီတာကို ေဆး႐ုံတင္ လိုက္ရပါၿပီ ။ အာဆင္နယ္ ကလပ္ကေတာ့ ေလက်င့္ေရး ကြင္းကို ပိတ္ထား လိုက္ပါၿပီ ။ မိုက္ကယ္နဲ႔ အနီးကပ္ ဆက္ဆံသူေတြ ကိုလည္း ရွာေဖြေဖာ္ထုတ္ၿပီး သီးျခား ခြဲထားဖို႔ အတြက္လည္း စီစဥ္ေနပါတယ္ ။ အာဆင္နယ္ အသင္းႀကီးကိုလည္း အစိုးရ အစီအစဥ္နဲ႔ သီးျခားခြဲေနဖို႔ လုပ္ေနပါတယ္ ။

အက်င့္ပ်က္ ျခစားမႈနဲ႔ တရားစြဲဆို ခံထားရတဲ့ မေလးရွား ဝန္ႀကီးခ်ဳပ္ေဟာင္း နာဂ်စ္ ရဲ႕ ေရွ႕ေနကလည္း ကိုဗစ္-၁၉ ေရာဂါပိုးေတြကရွိလို႔ တရာ႐ုံးက အမႈကို ဆက္လက္စစ္ေဆးဖို႔အတြက္ ရက္ေ႐ႊ႕ဆိုင္းလိုက္ရပါတယ္ ။ အေၾကာင္းကေတာ့ တရားခံနဲ႔ သက္ဆိုင္တဲ့အဖြဲ႕ တစ္ဖြဲ႕လုံး တရား႐ုံကို မလာေရာက္ႏိုင္လို႔ပါပဲ ။

အေမရိကန္က နာမည္ႀကီး ဘတ္စကတ္ေဘာ ၿပိဳင္ပြဲျဖစ္တဲ့ NBA ၿပိဳင္ပြဲမွာ ယူတက္ဂ်က္ဇ္ အသင္းက အလယ္တန္းလူ ႐ူဒီဂိုးဘတ္ ကို မတ္လ၁၁ရက္ေန႔ စစ္ေဆးမႈမွာ ကိုဗစ္-၁၉ ေရာဂါပိုးေတြ႕ရွိလို႔ အသင္းကို ခြဲျခားထားၿပီး NBA ပြဲစဥ္ေတြ အခ်ိဳ႕ကိုလည္း ရပ္ဆိုင္းထား ရပါတယ္ ။

အဂၤလန္က လူငယ္က်န္းမာေရးဝန္ႀကီး နာဒင္ေဒၚရီ လည္း မတ္လ ၉ရက္ေန႔ကစစ္ေဆးမႈမွာ ကိုဗစ္-၁၉ ေရာဂါပိုးလကၡဏါ ေတြ႕ရွိခဲ့ပါ တယ္ ။ သူမက ၿဗိတိန္ဝန္ႀကီးခ်ဳပ္နဲ႔ ေတြ႕စရာရွိလို႔ ေဒါင္းနင္းလမ္း အိမ္နံပါတ္ ၁၀ကို လာခ်ိန္မွာ စစ္ေဆးခံလိုက္ရလို႔ ေရာဂါလကၡဏါေတြ႕ ရွိလိုက္တာပါ ။ အဲ့ဒိမတိုင္ခင္ သူမက ရာနဲ႔ခ်ီတဲ့ ျပည္သူေတြနဲ႔ေတြ႕ဆုံၿပီး ေဟာေျပာစည္း႐ုံးမႈေတြ လုပ္ခဲ့ပါေသးတယ္ ။

ကိုဗစ္-၁၉ ျပန႔္ႏွံမႈအတြက္ ႏိုင္ငံေရး လူမႈေရး အႏုပညာရွင္ နဲ႔ နယ္ပယ္အသီးသီးက ထင္ရွားေက်ာ္ၾကားတဲ့သူေတြအထိ ကူးစက္ေနပါ တယ္ ။

ေမာင္ယႆ

REF: international news / Photo; INs

Unicode

ကိုဗစ်-၁၉ နဲ့ ရင်ဆိုင် နေရတဲ့ ဆယ်လီများ

အော်စကာဆုများရှင် တွမ်ဟန့်စ်နဲ့ သူ့ဇနီးတို့က သြစတေးလျမှာ ပရက်စလေ ရုပ်ရှင်အတွက် ရုပ်ရှင်ရိုက်နေရင်းက ကိုဗစ်-၁၉ ရောဂါပိုးတွေ့ ရှိလို့ ဆေးရုံတင်ထားရတယ် ဆိုတဲ့ သတင်း ထွက်လာပြီးနောက်မှာ ဘောလုံးလောကမှာ ကမ္ဘာကျော် ဘောလုံးသမား ခရစ်တီယာနို ရော်နယ်ဒိုကလည်း မွေးရပ်က မိခင် လေဖြတ်တယ် ဆိုတဲ့ သတင်းကြားလို့ ဇာတိမြို့လေးကို ပြန်လာချိန်မှာ သူကစားတဲ့ ဘောလုံးအသင်း ဂျူဗင်တပ်ရဲ့ နောက်ခံလူ ဒါနလီရူဂါနီမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိလို့ သူက သူအစီအစဉ်နဲ့ သူ သီးခြားခွဲနေဖို့ လုပ်နေပါတယ် ။ လောလော ဆယ်တော့ အခြေအနေ ကောင်းပါတယ်တဲ့ ။

ဒီနေ့ကတော့ ကနေဒါ ဝန်ကြီးချုပ် ဂျက်စတင်း ထရူဒူး ရဲ့ ဇနီးဆိုဖီမှာကိုဗစ်-၁၉ ရောဂါပိုးတွေ့ ရှိလို့ ဆေးရုံတင်လိုက်ရပါပြီ ။ အဲ့ဒါကြောင့် ဝန်ကြီးချုပ် ကလည်း သူ့အစီအစဉ်နဲ့ သီးခြားခွဲနေရပါတယ် ။ ဆိုဖီက မတ်လ ၁၀ရက်နေ့ ကတည်းက တုတ်ကွေးရောဂါ လက္ခဏါ ပြနေပါတယ် ။

သူမက လန်ဒန်မြို့မှာ လူငယ်တွေရဲ့ စွမ်းအားဆိုတဲ့ ဟောပြောပွဲမှာ ဟောပြောပြီး ပြန်လာကတည်းက နေမကောင်းချင် သလိုဖြစ်နေတာပါ ။ သူမရဲ့ခင်ပွန်း ဝန်ကြီးချုပ် မှာတော့ ရောဂါလက္ခဏါ မပြပါဘူး။ ဒါပေမဲ့ လက်ရှိမှာတော့ သီးခြားခွဲနေ နေပါတယ် ။

နောက် တစ်ယောက်ကတော့ အာဆင်နယ် အသင်း မန်နေဂျာ မိုက်ကယ် အာတီတာပါပဲ ။ မတ်လ ၁၂ရက်နေ့က စစ်ဆေးမှုမှာ အာတီတာ မှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိတဲ့ အတွက်ကြောင့် အာတီတာကို ဆေးရုံတင် လိုက်ရပါပြီ ။ အာဆင်နယ် ကလပ်ကတော့ လေကျင့်ရေး ကွင်းကို ပိတ်ထား လိုက်ပါပြီ ။ မိုက်ကယ်နဲ့ အနီးကပ် ဆက်ဆံသူတွေ ကိုလည်း ရှာဖွေဖော်ထုတ်ပြီး သီးခြား ခွဲထားဖို့ အတွက်လည်း စီစဉ်နေပါတယ် ။ အာဆင်နယ် အသင်းကြီးကိုလည်း အစိုးရ အစီအစဉ်နဲ့ သီးခြားခွဲနေဖို့ လုပ်နေပါတယ် ။

အကျင့်ပျက် ခြစားမှုနဲ့ တရားစွဲဆို ခံထားရတဲ့ မလေးရှား ဝန်ကြီးချုပ်ဟောင်း နာဂျစ် ရဲ့ ရှေ့နေကလည်း ကိုဗစ်-၁၉ ရောဂါပိုးတွေကရှိလို့ တရာရုံးက အမှုကို ဆက်လက်စစ်ဆေးဖို့အတွက် ရက်ရွှေ့ဆိုင်းလိုက်ရပါတယ် ။ အကြောင်းကတော့ တရားခံနဲ့ သက်ဆိုင်တဲ့အဖွဲ့ တစ်ဖွဲ့လုံး တရားရုံကို မလာရောက်နိုင်လို့ပါပဲ ။

အမေရိကန်က နာမည်ကြီး ဘတ်စကတ်ဘော ပြိုင်ပွဲဖြစ်တဲ့ NBA ပြိုင်ပွဲမှာ ယူတက်ဂျက်ဇ် အသင်းက အလယ်တန်းလူ ရူဒီဂိုးဘတ် ကို မတ်လ၁၁ရက်နေ့ စစ်ဆေးမှုမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိလို့ အသင်းကို ခွဲခြားထားပြီး NBA ပွဲစဉ်တွေ အချို့ကိုလည်း ရပ်ဆိုင်းထား ရပါတယ် ။

အင်္ဂလန်က လူငယ်ကျန်းမာရေးဝန်ကြီး နာဒင်ဒေါ်ရီ လည်း မတ်လ ၉ရက်နေ့ကစစ်ဆေးမှုမှာ ကိုဗစ်-၁၉ ရောဂါပိုးလက္ခဏါ တွေ့ရှိခဲ့ပါ တယ် ။ သူမက ဗြိတိန်ဝန်ကြီးချုပ်နဲ့ တွေ့စရာရှိလို့ ဒေါင်းနင်းလမ်း အိမ်နံပါတ် ၁၀ကို လာချိန်မှာ စစ်ဆေးခံလိုက်ရလို့ ရောဂါလက္ခဏါတွေ့ ရှိလိုက်တာပါ ။ အဲ့ဒိမတိုင်ခင် သူမက ရာနဲ့ချီတဲ့ ပြည်သူတွေနဲ့တွေ့ဆုံပြီး ဟောပြောစည်းရုံးမှုတွေ လုပ်ခဲ့ပါသေးတယ် ။

ကိုဗစ်-၁၉ ပြန့်နှံမှုအတွက် နိုင်ငံရေး လူမှုရေး အနုပညာရှင် နဲ့ နယ်ပယ်အသီးသီးက ထင်ရှားကျော်ကြားတဲ့သူတွေအထိ ကူးစက်နေပါ တယ် ။

မောင်ယဿ

REF: international news / Photo; INs

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

အေမရိကန္ ေသနတ္ဆိုင္ကို ဝင္လုလို႔ ဆိုင္ရွင္က ပစ္သတ္
International-news
အေမရိကန္ ေသနတ္ဆိုင္ကို ဝင္လုလို႔ ဆိုင္ရွင္က ပစ္သတ္

အေမရိကန္ ေသနတ္ဆိုင္ကို ဝင္လုလို႔ ဆိုင္ရွင္က ပစ္သတ္ ၿပီးခဲ့တဲ့ သီတင္းပတ္က အေမရိကန္ ႏိုင္ငံမွာ လူမဲ တစ္ဦးကို ရဲေတြက သတ္လိုက္တဲ့ ကိစၥ နဲ႔ ပတ္သက္ၿပီး ဆႏၵျပမႈေတြ ဆက္တိုက္ ျဖစ္ေပၚလာၿပီးေနာက္ ညပိုင္းေတြမွာ ဆိုင္ေတြ စတိုးေတြကို ဖ်က္စီး လုယက္မႈေတြ ညတိုင္းလိုလို ဆက္တိုက္ျဖစ္ေပၚေနရာ ေသနတ္ဆိုင္ပိုင္ရွင္ေတြက သူတို႔ရဲ႕ ဆိုင္ေတြကို အထူးသတိထားၿပီး ေစာင့္ေရွာက္ေနရပါတယ္ ။ မေန႔က ( အဂၤါေန႔ ) မနက္ေစာေစာပိုင္းမွာ ဖီလာဒယ္ဖီးယားက ေသနတ္ဆိုင္ တစ္ဆိုင္ကို လုယက္သူတစ္ဦးက လာေရာက္ဖ်က္ဆီးလုယူဖို႔ ႀကိဳးစားလို႔ ဆိုင္ရွင္က ေသနတ္နဲ႔ ပစ္သတ္လိုက္ ရပါတယ္ ။ ဖီလာဒယ္ဖီယား ေတာင္ပိုင္းက …

လက္ထပ္ခ်င္လြန္းလို႔ ေခါင္မိုးေပၚ တက္ေအာ္ရတဲ့ မင္းသမီး မူနီ႐ိုင္း
International-news
လက္ထပ္ခ်င္လြန္းလို႔ ေခါင္မိုးေပၚ တက္ေအာ္ရတဲ့ မင္းသမီး မူနီ႐ိုင္း

လက္ထပ္ခ်င္လြန္းလို႔ ေခါင္မိုးေပၚ တက္ေအာ္ရတဲ့ မင္းသမီး မူနီ႐ိုင္း ေဘာလီးဝုဒ္မွာ နာမည္တစ္ခုကို တည္ေထာင္ၿပီးသား ျဖစ္တဲ့ မူနီ႐ိုင္းက မင္းသမီး အဆိုေတာ္ ကေခ်သည္ ေမာ္ဒယ္ အျဖစ္နဲ႔ အသက္ေမြးဝမ္းေက်ာင္းမႈ လုပ္ငန္းေတြမွာ ထူးခြၽန္တဲ့သူ ျဖစ္ပါတယ္ ။ လွပတဲ့ ေကာက္ေၾကာင္း ႐ုပ္ရည္နဲ႔ ႂကြယ္ဝမႈေတြ ရွိတာေတာင္ ဘဝမွာ တစ္ျခမ္း ပဲ့ေနတဲ့ အျဖစ္ကို သူမကိုယ္ သူမလည္း နားမလည္ႏိုင္ေအာင္ ျဖစ္ေနပါတယ္ ။ ဒီ အ႐ြယ္ေရာက္မွ အၿမီးမေပါက္ရင္ ဘာေမ်ာက္ လဲလို႔ ေမးရင္ မူနီေမ်ာက္ ၃၄ ႏွစ္ပါ လို႔ ေျဖရ မလိုေအာင္ ရည္းစား မရေသးတဲ့ ေဘာလီးဝုဒ္ မင္းသမီးပါ …

BTS ရဲ႕သီခ်င္းစာသားေတြမွာ ဘာသာေရး အစြန္းေရာက္ စာသားေတြ ပါေနလို႔ ေတာင္းပန္ခိုင္း
International-news
BTS ရဲ႕သီခ်င္းစာသားေတြမွာ ဘာသာေရး အစြန္းေရာက္ စာသားေတြ ပါေနလို႔ ေတာင္းပန္ခိုင္း

BTS ရဲ႕သီခ်င္းစာသားေတြမွာ ဘာသာေရး အစြန္းေရာက္ စာသားေတြ ပါေနလို႔ ေတာင္းပန္ခိုင္း ေတာင္ကိုရီးယား ေကေပါ့ က နာမည္ႀကီး လူငယ္ဝိုင္း တစ္ဝိုင္းျဖစ္တဲ့ BTSရဲ႕ သီခ်င္း တစ္ပုဒ္မွာ လူေတြကို ရာနဲ႔ခ်ီၿပီး ေသဆုံးေစခဲ့တဲ့ အေမရိကန္ ဘာသာေရး အစြန္းေရာက္ေခါင္းေဆာင္ ဂ်င္မ္ဂ်ဳံးရဲ႕ တရားေဟာ စာသားေတြ ပါေနလို႔ အတင္းေတာင္းပန္ခိုင္းေနပါတယ္ ။ လူငယ္၇ဦးနဲ႔ ဖြဲ႕ ထားတဲ့ BTS ဝိုင္းက ၿပီးခဲ့တဲ့တနဂၤေႏြေန႔က သူတို႔ရဲ႕ ကုမၸဏီကေနတစ္ဆင့္ ထုတ္ျပန္ ေၾကညာခ်က္ တစ္ခုလုပ္ခဲ့ပါတယ္ ။ အခု လိုင္းေပၚမွာ ျပစ္တင္ေျပာဆိုေနတဲ့ what do you think သီခ်င္းကို ေရးတဲ့သူက သူတို႔ဝိုင္းထဲက …