ကိုဗစ္-၁၉ နဲ႔ပတ္သက္လာရင္ အစိုးရက ေပါ့ေလ်ာ့လြန္းတယ္လို႔ က်န္းမာေရး အရာရွိ ျပစ္တင္

ကိုဗစ္-၁၉ နဲ႔ပတ္သက္လာရင္ အစိုးရက ေပါ့ေလ်ာ့လြန္းတယ္လို႔ က်န္းမာေရး အရာရွိ ျပစ္တင္
International-news

ကိုဗစ္-၁၉ နဲ႔ပတ္သက္လာရင္ အစိုးရက ေပါ့ေလ်ာ့လြန္းတယ္လို႔ က်န္းမာေရး အရာရွိ ျပစ္တင္

ေကာ္႐ိုနာဗိုင္းရက္ပိုး ျပန႔္ႏွံ႔မႈ ကို ထိန္းခ်ဳပ္ဖို႔အတြက္ စစ္ေဆးမႈေတြလုပ္ဖို႔ အေမရိကန္ေတြအေနနဲ႔ အလြယ္တကူ လုပ္လို႔ရေအာင္ စီစဥ္ေပးဖို႔အတြက္ ထရမ့္ အစိုးရပိုင္းက အားနည္းမႈေတြရွိေနတယ္လို႔ ၾကာသပေတးေန႔က အစိုးရရဲ႕ လုပ္ေဆာင္မႈအပိုင္းကို ၾကားနာတဲ့ ကြန္ဂရက္ အစည္းအေဝးမွာ က်န္းမာေရး ထိပ္တန္းအရာရွိ တစ္ဦးက ဆိုခဲ့ပါတယ္။

အမ်ိဳးသား အလာဂ်စ္နဲ႔ကူးစပ္ေရာဂါဌာန ဒါ႐ိုက္တာ ေဒါက္တာအန္တိုနီ ဖူစီက ကိုဗစ္-၁၉ ကပ္ေရာဂါနဲ႔ပတ္သက္လို႔ ျပည္ေထာင္စု အစိုးရ ရဲ႕တုန႔္ျပန္မႈကို ၾကားနာတဲ့ အေမရိကန ္ေအာက္လႊတ္ေတာ္ အစည္းအေဝးမွာ အေသးစိတ္အခ်က္အလက္ပိုင္းဆိုင္ရာ က႑အတြက္ အထက္ပါ မွတ္ခ်က္ကို ေပးခဲ့တာပါ။

လႊတ္ေတာ္အစည္းအေဝးမွာ ဖေလာ္ရီဒါ လႊတ္ေတာ္ အမတ္ ဒက္ဘီက သူနာျပဳေတြမွာ ကိုဗစ္-၁၉ေရာဂါပိုး စစ္ေဆးတဲ့ ကရိယာေတြ မလုံေလာက္မႈနဲ႔ပတ္သက္ၿပီး ေမးခြန္းေမးတဲ့အေပၚကို ေဒါက္တာအန္တိုနီက “တိုင္းျပည္မွာ ေရာဂါပိုးရွိ မရွိ စစ္ေဆးတာ ကို ျပည္သူ ေတြ အေနနဲ႔ အလြယ္တကူ လုပ္ခြင့္ရ ရမွာကို ဒီမွာ အလြယ္တကူမရဘူး ျဖစ္ေနတယ္။ အဲ့ဒိအတြက္ ျပင္ဆင္ထားတာမရွိဘူး။ က်ေနာ္တို႔မွာ ရွိသင့္တယ္လို႔ မထင္ဘူးလား။ ဟုတ္ပါတယ္ ဒီမွာတကယ္မရွိခဲ့ဘူး”လို႔ ဆိုခဲ့တယ္။

“က်ေနာ္တို႔ အခု တကယ္လိုအပ္ေနတဲ့ အရာကို အရွိန္တင္ၿပီး လုပ္ရေတာ့မွာ မဟုတ္ဘူးလား ။ ခုနက ခင္ဗ်ား ေမးတဲ့အရာကိုေလ။ မဟုတ္ဘူးလား။ အဲ့ဒိကိစၥက က်ရႈံးသြားၿပီ။ ခြင့္ျပဳေပး လိုက္ ႐ုံပဲရွိေတာ့တယ္”သူက ထပ္ေျပာသြားပါတယ္။

အေမရိကန္ ေရာဂါပိုး ထိန္းခ်ဳပ္မႈနဲ႔ ကာကြယ္ေရးဌာနရဲ႕ ဗုဒၶဟူးေန႔က ထုတ္ျပန္ခ်က္အရ ကိုဗစ္-၁၉ ေရာဂါလကၡဏါ ေတြ႕ရွိရသူ ၁၂၁၅ ဦးရွိေနၿပီး ၎ေရာဂါေၾကာင့္ေသဆုံးသူ ၃၆ ေယာက္ရွိေနပါတယ္လို႔ သိရေပမဲ့ ၾကာသပေတးေန႔ ညပိုင္းမွာေတာ့ ၁၃၀၀ ေက်ာ္သြားၿပီး ေသဆုံးသူ ၃၈ ေယာက္ျဖစ္သြားပါၿပီ။ ေဆး႐ုံတက္ေရာက္ ကုသသူေတြထဲက ၈ဦးကေတာ့ ေနျပန္ေကာင္းလို႔ ေဆး႐ုံက စဆင္းရပါၿပီ။

လက္ရွိ မွာ အေမရိကန္ျပည္ေထာင္စုက ျပည္နယ္ ၄၄ ခုမွာ ေရာဂါလကၡဏါရွိသူေတြကို ေတြ႕ရွိထားၿပီး ေရာဂါကူးစပ္မႈကို အျမန္ဆုံးထိန္းခ်ဳပ္ႏိုင္ေအာင္ စီစဥ္ထားေပမဲ့ လိုအပ္ခ်က္ေတြ ရွိေနလို႔ လႊတ္ေတာ္ပိုင္းဆိုင္ရာက အစိုးရရဲ႕ လုပ္ေဆာင္ခ်က္ေတြကို ေစာင့္ၾကည့္ေနပါတယ္။

ေမာင္ယႆ

REF: upi / Photo; upi

Unicode

ကိုဗစ်-၁၉ နဲ့ပတ်သက်လာရင် အစိုးရက ပေါ့လျော့လွန်းတယ်လို့ ကျန်းမာရေး အရာရှိ ပြစ်တင်

ကော်ရိုနာဗိုင်းရက်ပိုး ပြန့်နှံ့မှု ကို ထိန်းချုပ်ဖို့အတွက် စစ်ဆေးမှုတွေလုပ်ဖို့ အမေရိကန်တွေအနေနဲ့ အလွယ်တကူ လုပ်လို့ရအောင် စီစဉ်ပေးဖို့အတွက် ထရမ့် အစိုးရပိုင်းက အားနည်းမှုတွေရှိနေတယ်လို့ ကြာသပတေးနေ့က အစိုးရရဲ့ လုပ်ဆောင်မှုအပိုင်းကို ကြားနာတဲ့ ကွန်ဂရက် အစည်းအဝေးမှာ ကျန်းမာရေး ထိပ်တန်းအရာရှိ တစ်ဦးက ဆိုခဲ့ပါတယ်။

အမျိုးသား အလာဂျစ်နဲ့ကူးစပ်ရောဂါဌာန ဒါရိုက်တာ ဒေါက်တာအန်တိုနီ ဖူစီက ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ပတ်သက်လို့ ပြည်ထောင်စု အစိုးရ ရဲ့တုန့်ပြန်မှုကို ကြားနာတဲ့ အမေရိကန ်အောက်လွှတ်တော် အစည်းအဝေးမှာ အသေးစိတ်အချက်အလက်ပိုင်းဆိုင်ရာ ကဏ္ဍအတွက် အထက်ပါ မှတ်ချက်ကို ပေးခဲ့တာပါ။

လွှတ်တော်အစည်းအဝေးမှာ ဖလော်ရီဒါ လွှတ်တော် အမတ် ဒက်ဘီက သူနာပြုတွေမှာ ကိုဗစ်-၁၉ရောဂါပိုး စစ်ဆေးတဲ့ ကရိယာတွေ မလုံလောက်မှုနဲ့ပတ်သက်ပြီး မေးခွန်းမေးတဲ့အပေါ်ကို ဒေါက်တာအန်တိုနီက “တိုင်းပြည်မှာ ရောဂါပိုးရှိ မရှိ စစ်ဆေးတာ ကို ပြည်သူ တွေ အနေနဲ့ အလွယ်တကူ လုပ်ခွင့်ရ ရမှာကို ဒီမှာ အလွယ်တကူမရဘူး ဖြစ်နေတယ်။ အဲ့ဒိအတွက် ပြင်ဆင်ထားတာမရှိဘူး။ ကျနော်တို့မှာ ရှိသင့်တယ်လို့ မထင်ဘူးလား။ ဟုတ်ပါတယ် ဒီမှာတကယ်မရှိခဲ့ဘူး”လို့ ဆိုခဲ့တယ်။

“ကျနော်တို့ အခု တကယ်လိုအပ်နေတဲ့ အရာကို အရှိန်တင်ပြီး လုပ်ရတော့မှာ မဟုတ်ဘူးလား ။ ခုနက ခင်ဗျား မေးတဲ့အရာကိုလေ။ မဟုတ်ဘူးလား။ အဲ့ဒိကိစ္စက ကျရှုံးသွားပြီ။ ခွင့်ပြုပေး လိုက် ရုံပဲရှိတော့တယ်”သူက ထပ်ပြောသွားပါတယ်။

အမေရိကန် ရောဂါပိုး ထိန်းချုပ်မှုနဲ့ ကာကွယ်ရေးဌာနရဲ့ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ရောဂါလက္ခဏါ တွေ့ရှိရသူ ၁၂၁၅ ဦးရှိနေပြီး ၎င်းရောဂါကြောင့်သေဆုံးသူ ၃၆ ယောက်ရှိနေပါတယ်လို့ သိရပေမဲ့ ကြာသပတေးနေ့ ညပိုင်းမှာတော့ ၁၃၀၀ ကျော်သွားပြီး သေဆုံးသူ ၃၈ ယောက်ဖြစ်သွားပါပြီ။ ဆေးရုံတက်ရောက် ကုသသူတွေထဲက ၈ဦးကတော့ နေပြန်ကောင်းလို့ ဆေးရုံက စဆင်းရပါပြီ။

လက်ရှိ မှာ အမေရိကန်ပြည်ထောင်စုက ပြည်နယ် ၄၄ ခုမှာ ရောဂါလက္ခဏါရှိသူတွေကို တွေ့ရှိထားပြီး ရောဂါကူးစပ်မှုကို အမြန်ဆုံးထိန်းချုပ်နိုင်အောင် စီစဉ်ထားပေမဲ့ လိုအပ်ချက်တွေ ရှိနေလို့ လွှတ်တော်ပိုင်းဆိုင်ရာက အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို စောင့်ကြည့်နေပါတယ်။

မောင်ယဿ

REF: upi / Photo; upi

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

အေမရိကန္ ေသနတ္ဆိုင္ကို ဝင္လုလို႔ ဆိုင္ရွင္က ပစ္သတ္
International-news
အေမရိကန္ ေသနတ္ဆိုင္ကို ဝင္လုလို႔ ဆိုင္ရွင္က ပစ္သတ္

အေမရိကန္ ေသနတ္ဆိုင္ကို ဝင္လုလို႔ ဆိုင္ရွင္က ပစ္သတ္ ၿပီးခဲ့တဲ့ သီတင္းပတ္က အေမရိကန္ ႏိုင္ငံမွာ လူမဲ တစ္ဦးကို ရဲေတြက သတ္လိုက္တဲ့ ကိစၥ နဲ႔ ပတ္သက္ၿပီး ဆႏၵျပမႈေတြ ဆက္တိုက္ ျဖစ္ေပၚလာၿပီးေနာက္ ညပိုင္းေတြမွာ ဆိုင္ေတြ စတိုးေတြကို ဖ်က္စီး လုယက္မႈေတြ ညတိုင္းလိုလို ဆက္တိုက္ျဖစ္ေပၚေနရာ ေသနတ္ဆိုင္ပိုင္ရွင္ေတြက သူတို႔ရဲ႕ ဆိုင္ေတြကို အထူးသတိထားၿပီး ေစာင့္ေရွာက္ေနရပါတယ္ ။ မေန႔က ( အဂၤါေန႔ ) မနက္ေစာေစာပိုင္းမွာ ဖီလာဒယ္ဖီးယားက ေသနတ္ဆိုင္ တစ္ဆိုင္ကို လုယက္သူတစ္ဦးက လာေရာက္ဖ်က္ဆီးလုယူဖို႔ ႀကိဳးစားလို႔ ဆိုင္ရွင္က ေသနတ္နဲ႔ ပစ္သတ္လိုက္ ရပါတယ္ ။ ဖီလာဒယ္ဖီယား ေတာင္ပိုင္းက …

လက္ထပ္ခ်င္လြန္းလို႔ ေခါင္မိုးေပၚ တက္ေအာ္ရတဲ့ မင္းသမီး မူနီ႐ိုင္း
International-news
လက္ထပ္ခ်င္လြန္းလို႔ ေခါင္မိုးေပၚ တက္ေအာ္ရတဲ့ မင္းသမီး မူနီ႐ိုင္း

လက္ထပ္ခ်င္လြန္းလို႔ ေခါင္မိုးေပၚ တက္ေအာ္ရတဲ့ မင္းသမီး မူနီ႐ိုင္း ေဘာလီးဝုဒ္မွာ နာမည္တစ္ခုကို တည္ေထာင္ၿပီးသား ျဖစ္တဲ့ မူနီ႐ိုင္းက မင္းသမီး အဆိုေတာ္ ကေခ်သည္ ေမာ္ဒယ္ အျဖစ္နဲ႔ အသက္ေမြးဝမ္းေက်ာင္းမႈ လုပ္ငန္းေတြမွာ ထူးခြၽန္တဲ့သူ ျဖစ္ပါတယ္ ။ လွပတဲ့ ေကာက္ေၾကာင္း ႐ုပ္ရည္နဲ႔ ႂကြယ္ဝမႈေတြ ရွိတာေတာင္ ဘဝမွာ တစ္ျခမ္း ပဲ့ေနတဲ့ အျဖစ္ကို သူမကိုယ္ သူမလည္း နားမလည္ႏိုင္ေအာင္ ျဖစ္ေနပါတယ္ ။ ဒီ အ႐ြယ္ေရာက္မွ အၿမီးမေပါက္ရင္ ဘာေမ်ာက္ လဲလို႔ ေမးရင္ မူနီေမ်ာက္ ၃၄ ႏွစ္ပါ လို႔ ေျဖရ မလိုေအာင္ ရည္းစား မရေသးတဲ့ ေဘာလီးဝုဒ္ မင္းသမီးပါ …

BTS ရဲ႕သီခ်င္းစာသားေတြမွာ ဘာသာေရး အစြန္းေရာက္ စာသားေတြ ပါေနလို႔ ေတာင္းပန္ခိုင္း
International-news
BTS ရဲ႕သီခ်င္းစာသားေတြမွာ ဘာသာေရး အစြန္းေရာက္ စာသားေတြ ပါေနလို႔ ေတာင္းပန္ခိုင္း

BTS ရဲ႕သီခ်င္းစာသားေတြမွာ ဘာသာေရး အစြန္းေရာက္ စာသားေတြ ပါေနလို႔ ေတာင္းပန္ခိုင္း ေတာင္ကိုရီးယား ေကေပါ့ က နာမည္ႀကီး လူငယ္ဝိုင္း တစ္ဝိုင္းျဖစ္တဲ့ BTSရဲ႕ သီခ်င္း တစ္ပုဒ္မွာ လူေတြကို ရာနဲ႔ခ်ီၿပီး ေသဆုံးေစခဲ့တဲ့ အေမရိကန္ ဘာသာေရး အစြန္းေရာက္ေခါင္းေဆာင္ ဂ်င္မ္ဂ်ဳံးရဲ႕ တရားေဟာ စာသားေတြ ပါေနလို႔ အတင္းေတာင္းပန္ခိုင္းေနပါတယ္ ။ လူငယ္၇ဦးနဲ႔ ဖြဲ႕ ထားတဲ့ BTS ဝိုင္းက ၿပီးခဲ့တဲ့တနဂၤေႏြေန႔က သူတို႔ရဲ႕ ကုမၸဏီကေနတစ္ဆင့္ ထုတ္ျပန္ ေၾကညာခ်က္ တစ္ခုလုပ္ခဲ့ပါတယ္ ။ အခု လိုင္းေပၚမွာ ျပစ္တင္ေျပာဆိုေနတဲ့ what do you think သီခ်င္းကို ေရးတဲ့သူက သူတို႔ဝိုင္းထဲက …