ကိုဗစ္-၁၉ စျဖစ္ေနၿပီလို႔ ေဖာ္တဲ့ ဆရာဝန္ရဲ႕မိသားစုကို တ႐ုတ္အာဏါပိုင္ေတြ ေတာင္းပန္

ကိုဗစ္-၁၉ စျဖစ္ေနၿပီလို႔ ေဖာ္တဲ့ ဆရာဝန္ရဲ႕မိသားစုကို တ႐ုတ္အာဏါပိုင္ေတြ ေတာင္းပန္
International-news

ကိုဗစ္-၁၉ စျဖစ္ေနၿပီလို႔ ေဖာ္တဲ့ ဆရာဝန္ရဲ႕မိသားစုကို တ႐ုတ္အာဏါပိုင္ေတြ ေတာင္းပန္

ဆားစ္တုတ္ေကြးေရာဂါနဲ႔တူတဲ့ ထူးထူးဆန္းဆန္း တုတ္ေကြးတစ္မ်ိဳးျဖစ္ေနၿပီ လို႔ စေဖာ္တဲ့ ဆရာဝန္ကို တ႐ုတ္အာဏါပိုင္ေတြက ေကာ္လာဟလ ျဖန႔္တယ္ဆိုၿပီး အေရးယူတာနဲ႔ ပတ္သက္ၿပီး ေသဆုံးသြားၿပီျဖစ္တဲ့ သူ႔ကိုယ္စား သူ႔ရဲ႕မိသားစုေတြကို တ႐ုတ္ အာဏါပိုင္ေတြက ေတာင္းပန္ခဲ့ၾကပါတယ္။

၂၀၁၉ ဒီဇင္ဘာ မတိုင္ခင္က ေဒါက္တာလီဝမ္လင္း (၃၄ႏွစ္)က အြန္လိုင္းေပၚမွာ သူတို႔ေဆးပညာရွင္ အုပ္စုလိုက္စကားေျပာတဲ့ ဂ႐ုခ်က္မွာ ထူးထူးဆန္းဆန္းတုတ္ေကြးတစ္မ်ိဳး ျဖစ္ေနၿပီလို႔ သတင္းစကားေတြ ေျပာျဖစ္ခဲ့ပါတယ္။ အဲ့ဒိအခ်ိန္တုန္းက တ႐ုတ္ အာဏါပိုင္ ေတြက ေကာ္႐ိုနာ ဗိုင္းရက္ျပန႔္ႏွံ႔ေနတယ္ဆိုတာကို ဝန္မခံေသးတဲ့အခ်ိန္ျဖစ္ပါတယ္။

အဲ့ဒိသတင္းစကားျပန႔္ၿပီး သိပ္မၾကာ ခင္မွာပဲ တ႐ုတ္ရဲေတြက ေဒါက္တာလီကို မမွန္စကားေကာ္လာဟလ ျဖန႔္တဲ့အတြက္ ဖမ္းဆီးခဲ့ပါတယ္။ ၿပီးေတာ့ ရဲေတြက ေဒါက္တာလီ ကို ျပည္သူေတြကို ဆိုးဆိုးဝါးဝါး စိတ္အေႏွာက္အယွက္ျဖစ္ပါေစတယ္ ဆိုတဲ့ အျပစ္ရွိေၾကာင္း နဲ႔ ဥပေဒကိုခ်ိဳးေဖာက္မိေၾကာင္း အတင္းခံဝန္ လက္မွတ္ထိုး ခိုင္းပါတယ္။ အဲ့ဒိကိစၥနဲ႔ ပတ္သက္ၿပီး လူ၈ေယာက္ကို စည္းကမ္းထိန္းသိမ္း အေရးယူခဲ့ေပမဲ့ ေဒါက္တာလီတစ္ေယာက္ပဲ ထင္ထင္ရွားရွားျဖစ္ခဲ့ပါတယ္။

ေနာက္တစ္ပတ္ေလာက္အၾကာမွာ ေဒါက္တာလီက သူ႔မွာ ကိုဗစ္-၁၉ ေရာဂါပိုးကူးစက္ခံရၿပီလို႔ သူ႔အေကာင့္မွာေရးၿပီး လိုင္းေပၚတင္ ခဲ့ပါတယ္။ ဇန္နဝါရီလအကုန္မွာ ကိုဗစ္-၁၉ လို႔ ေရာဂါကို နာမည္တပ္ေပးၿပီးေနာက္မွာေတာ့ ေဖေဖာ္ဝါရီလ ပထမအပတ္မွာပဲ သူေသဆုံး သြားခဲ့ပါတယ္။ သူ႔ရဲ႕ေသဆုံးမႈက တ႐ုတ္ျပည္သူေတြကို ေဒါသထြက္ေစပါတယ္။ အထူးသျဖင့္ အြန္လိုင္းသုံးသူေတြ ၾကားမွာ ေဒါသမီးပိုမို ေတာက္ေလာင္ခဲ့ပါတယ္။

တ႐ုတ္အစိုးရရဲ႕ အြန္လိုင္းဆင္ဆာကိစၥကို ေဝဖန္ျပစ္တင္မႈေတြ မ်ားျပားခဲ့ပါတယ္။ တ႐ုတ္ လူတန္းစား အစုံရဲ႕ေဒါသက ေနာက္ဆုံးေတာ့ တိုင္းျပည္ကို ဦးေဆာင္ေနပါတယ္ဆိုတဲ့ တ႐ုတ္ကြန္ျမဴနစ္ပါတီ ဆီကို ဦးတည္လာ ပါေတာ့ တယ္။ အက်င့္ပ်က္ျခစားမႈ တိုက္ဖ်က္ေရး ဆိုတဲ့ အစိုးရရဲ႕ ေပၚလစီေပၚမွာ အယုံ အၾကည္ကင္းမဲ့လာၾကပါတယ္။ ေဒါက္တာလီဝမ္လင္း နဲ႔ ပတ္သက္တဲ့ကိစၥကို စုံစမ္းစစ္ေဆးေရး လုပ္ေပးဖို႔အတြက္ကို ေတာင္းဆိုလာၾကပါတယ္။

စုံစမ္းဆဲကာလ ဒီအပတ္ထဲမွာ ေဒါက္တာလီ က ျပည္သူကိုဆိုးဆိုးဝါးဝါး စိတ္အေႏွာက္အယွက္ျဖစ္ေစတဲ့ ေကာ္လာဟလ ျဖန႔္ခ်ိတယ္ဆိုတာ မဟုတ္ဘူးလို႔ အစီရင္ခံစာ ထြက္လာပါ တယ္။ ဝူဟန္အာဏါပိုင္ေတြကေတာ့ ေဒါက္တာလီအေနနဲ႔ လုပ္ထုံးလုပ္နည္းကို မလိုက္နာခဲ့ဘူးလို႔ ဆိုတယ္။ လိုင္းသုံးသူ သန္း၁၆၀ ေက်ာ္ကေတာ့ အာဏါပိုင္ေတြရဲ႕ ဆင္ေျခကို မေထာက္ခံခဲ့ပါဘူး။

အခုေတာ့ ဝူဟန္အာဏါပိုင္ေတြက သတိေပး႐ုံသက္သက္ပါလို႔ေျပာၿပီး ေဒါက္တာလီရဲ႕မိသားစုကိုအႏႈးၫြတ္ ေတာင္းပန္ပါတယ္လို႔ သူတို႔ရဲ႕ ဝက္ဆိုက္မွာ ေဖာ္ျပခဲ့ပါတယ္။

ေမာင္ယႆ

REF: guardian / Photo;DW

Unicode

ကိုဗစ်-၁၉ စဖြစ်နေပြီလို့ ဖော်တဲ့ ဆရာဝန်ရဲ့မိသားစုကို တရုတ်အာဏါပိုင်တွေ တောင်းပန်

ဆားစ်တုတ်ကွေးရောဂါနဲ့တူတဲ့ ထူးထူးဆန်းဆန်း တုတ်ကွေးတစ်မျိုးဖြစ်နေပြီ လို့ စဖော်တဲ့ ဆရာဝန်ကို တရုတ်အာဏါပိုင်တွေက ကော်လာဟလ ဖြန့်တယ်ဆိုပြီး အရေးယူတာနဲ့ ပတ်သက်ပြီး သေဆုံးသွားပြီဖြစ်တဲ့ သူ့ကိုယ်စား သူ့ရဲ့မိသားစုတွေကို တရုတ် အာဏါပိုင်တွေက တောင်းပန်ခဲ့ကြပါတယ်။

၂၀၁၉ ဒီဇင်ဘာ မတိုင်ခင်က ဒေါက်တာလီဝမ်လင်း (၃၄နှစ်)က အွန်လိုင်းပေါ်မှာ သူတို့ဆေးပညာရှင် အုပ်စုလိုက်စကားပြောတဲ့ ဂရုချက်မှာ ထူးထူးဆန်းဆန်းတုတ်ကွေးတစ်မျိုး ဖြစ်နေပြီလို့ သတင်းစကားတွေ ပြောဖြစ်ခဲ့ပါတယ်။ အဲ့ဒိအချိန်တုန်းက တရုတ် အာဏါပိုင် တွေက ကော်ရိုနာ ဗိုင်းရက်ပြန့်နှံ့နေတယ်ဆိုတာကို ဝန်မခံသေးတဲ့အချိန်ဖြစ်ပါတယ်။

အဲ့ဒိသတင်းစကားပြန့်ပြီး သိပ်မကြာ ခင်မှာပဲ တရုတ်ရဲတွေက ဒေါက်တာလီကို မမှန်စကားကော်လာဟလ ဖြန့်တဲ့အတွက် ဖမ်းဆီးခဲ့ပါတယ်။ ပြီးတော့ ရဲတွေက ဒေါက်တာလီ ကို ပြည်သူတွေကို ဆိုးဆိုးဝါးဝါး စိတ်အနှောက်အယှက်ဖြစ်ပါစေတယ် ဆိုတဲ့ အပြစ်ရှိကြောင်း နဲ့ ဥပဒေကိုချိုးဖောက်မိကြောင်း အတင်းခံဝန် လက်မှတ်ထိုး ခိုင်းပါတယ်။ အဲ့ဒိကိစ္စနဲ့ ပတ်သက်ပြီး လူ၈ယောက်ကို စည်းကမ်းထိန်းသိမ်း အရေးယူခဲ့ပေမဲ့ ဒေါက်တာလီတစ်ယောက်ပဲ ထင်ထင်ရှားရှားဖြစ်ခဲ့ပါတယ်။

နောက်တစ်ပတ်လောက်အကြာမှာ ဒေါက်တာလီက သူ့မှာ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရပြီလို့ သူ့အကောင့်မှာရေးပြီး လိုင်းပေါ်တင် ခဲ့ပါတယ်။ ဇန်နဝါရီလအကုန်မှာ ကိုဗစ်-၁၉ လို့ ရောဂါကို နာမည်တပ်ပေးပြီးနောက်မှာတော့ ဖေဖော်ဝါရီလ ပထမအပတ်မှာပဲ သူသေဆုံး သွားခဲ့ပါတယ်။ သူ့ရဲ့သေဆုံးမှုက တရုတ်ပြည်သူတွေကို ဒေါသထွက်စေပါတယ်။ အထူးသဖြင့် အွန်လိုင်းသုံးသူတွေ ကြားမှာ ဒေါသမီးပိုမို တောက်လောင်ခဲ့ပါတယ်။

တရုတ်အစိုးရရဲ့ အွန်လိုင်းဆင်ဆာကိစ္စကို ဝေဖန်ပြစ်တင်မှုတွေ များပြားခဲ့ပါတယ်။ တရုတ် လူတန်းစား အစုံရဲ့ဒေါသက နောက်ဆုံးတော့ တိုင်းပြည်ကို ဦးဆောင်နေပါတယ်ဆိုတဲ့ တရုတ်ကွန်မြူနစ်ပါတီ ဆီကို ဦးတည်လာ ပါတော့ တယ်။ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ဆိုတဲ့ အစိုးရရဲ့ ပေါ်လစီပေါ်မှာ အယုံ အကြည်ကင်းမဲ့လာကြပါတယ်။ ဒေါက်တာလီဝမ်လင်း နဲ့ ပတ်သက်တဲ့ကိစ္စကို စုံစမ်းစစ်ဆေးရေး လုပ်ပေးဖို့အတွက်ကို တောင်းဆိုလာကြပါတယ်။

စုံစမ်းဆဲကာလ ဒီအပတ်ထဲမှာ ဒေါက်တာလီ က ပြည်သူကိုဆိုးဆိုးဝါးဝါး စိတ်အနှောက်အယှက်ဖြစ်စေတဲ့ ကော်လာဟလ ဖြန့်ချိတယ်ဆိုတာ မဟုတ်ဘူးလို့ အစီရင်ခံစာ ထွက်လာပါ တယ်။ ဝူဟန်အာဏါပိုင်တွေကတော့ ဒေါက်တာလီအနေနဲ့ လုပ်ထုံးလုပ်နည်းကို မလိုက်နာခဲ့ဘူးလို့ ဆိုတယ်။ လိုင်းသုံးသူ သန်း၁၆၀ ကျော်ကတော့ အာဏါပိုင်တွေရဲ့ ဆင်ခြေကို မထောက်ခံခဲ့ပါဘူး။

အခုတော့ ဝူဟန်အာဏါပိုင်တွေက သတိပေးရုံသက်သက်ပါလို့ပြောပြီး ဒေါက်တာလီရဲ့မိသားစုကိုအနှုးညွတ် တောင်းပန်ပါတယ်လို့ သူတို့ရဲ့ ဝက်ဆိုက်မှာ ဖော်ပြခဲ့ပါတယ်။

မောင်ယဿ

REF: guardian / Photo;DW

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

မေလးရွာ းစာသင္ေက်ာင္းေတြမွာ ေက်ာင္းတြင္း အုပ္စုဖြဲ႕ ညႇင္းပန္းႏွိပ္စက္မ်ား တိုးတက္ေန
International-news
မေလးရွာ းစာသင္ေက်ာင္းေတြမွာ ေက်ာင္းတြင္း အုပ္စုဖြဲ႕ ညႇင္းပန္းႏွိပ္စက္မ်ား တိုးတက္ေန

မေလးရွာ းစာသင္ေက်ာင္းေတြမွာ ေက်ာင္းတြင္း အုပ္စုဖြဲ႕ ညႇင္းပန္းႏွိပ္စက္မ်ား တိုးတက္ေန မေလးရွားႏိုင္ငံမွာ ၂၀၁၈ ခုႏွစ္ ေနာက္ပိုင္းကေန စၿပီးေတာ့ စာသင္ေက်ာင္းေတြမွာ ေက်ာင္းသား အခ်င္းခ်င္း အုပ္စုဖြဲ႕ ညႇင္းပန္းႏွိပ္စက္မႈေတြက တျဖည္းျဖည္း တိုးတက္လာပါတယ္ ။ အရင္က ကေလးအခ်င္ခ်င္းပဲဆို တဲ့စိတ္ နဲ႔ ေျဖသာၾကေပမဲ့ ေနာက္ပိုင္းမွာ ႏွိပ္စက္ခံရတဲ့ကေလးေတြက ေက်ာင္းသြားဖို႔ အတြက္ ျငင္းဆန္ လာၾကတဲ့ အခါမွာေတာ့ ေက်ာင္းသားမိဘေတြက အဲ့ဒိကိစၥေပၚကို အာ႐ုံစိုက္လာၾကပါတယ္ ။ ေက်ာင္းသားအခ်င္းခ်င္း ညႇင္းပန္းႏွိပ္စက္မႈေတြက အမ်ိဳးမ်ိဳးရွိပါတယ္ ။ အခ်ိဳ႕ ေသသြားတဲ့ဖခင္ရဲ႕ နာမည္နဲ႔ နာမည္ေျပာင္ကို လူၾကားထဲမွာ ဝိုင္းေအာ္ေခၚၿပီး အရွက္ခြဲ တဲ့ ကိစၥမ်ိဳးကစၿပီး အတန္းထဲမွာ ကိုယ္ထိ …

႐ုရွား အေျခခံဥပေဒ အာဏါ သိမ္းခံလိုက္ရၿပီလား
International-news
႐ုရွား အေျခခံဥပေဒ အာဏါ သိမ္းခံလိုက္ရၿပီလား

႐ုရွား အေျခခံဥပေဒ အာဏါ သိမ္းခံလိုက္ရၿပီလား အေျခခံ ဥပေဒကို အေျပာင္းအလဲ လုပ္မယ္ဆိုၿပီး ႐ုရွားသမၼတ ပူတင္က မဲဆႏၵ ခံယူပြဲလုပ္တဲ့အေပၚကို အတိုက္အခံ သမားေတြက ဟာသတစ္ခု လုပ္ေနတာလို႔ ဝိုင္းၿပီး ရႈံ႕ ခ်ေနၾကပါတယ္ ။ ေမာ္စကို စာအုပ္ဆိုင္ေတြ စာအုပ္ေရာင္းေကာင္းေအာင္လို႔ မူရင္း ဥပေဒစာအုပ္ကို ဟိုနားနည္းျပင္ ဒီနားနည္းနည္းျပင္လုပ္ အေျခခံ ဥပေဒျပင္ပါတယ္ဆိုၿပီး လူၾကားေကာင္းေအာင္ လုပ္ေနပါတယ္လို႔ ဆိုၾကတယ္ ။ ကြန္ျမဴနစ္လစ္ဘရာယ္ ျပဳျပင္ေျပာင္းလဲေရး သမားေတြက ကရင္းမလင္း အစိုးရက အသက္ ၆၇ ႏွစ္အ႐ြယ္ ရွိေနၿပီျဖစ္တဲ့ ပူတင္ကို သမၼတ သက္တမ္းရွည္ေအာင္ လုပ္ဖို႔ ႀကိဳးစားေနတာပါလို႔လည္း ေဝဖန္ ေနၾကပါတယ္ ။ …

ေဘာလုံး အသင္း အသက္ဆက္ႏိုင္ဖို႔ အသင္းသားေတြ စိုက္ပ်ိဳးေရး လုပ္ၿပီး ဝင္ေငြရွာ
International-news
ေဘာလုံး အသင္း အသက္ဆက္ႏိုင္ဖို႔ အသင္းသားေတြ စိုက္ပ်ိဳးေရး လုပ္ၿပီး ဝင္ေငြရွာ

ေဘာလုံး အသင္း အသက္ဆက္ႏိုင္ဖို႔ အသင္းသားေတြ စိုက္ပ်ိဳးေရး လုပ္ၿပီး ဝင္ေငြရွာ ဂ်ပန္ႏိုင္ငံ က ေဂ်လိဂ္ တတိယတန္းမွာ ကစားေနတဲ့ ဖူကူရွီမား ေဘာလုံး အသင္းက ေကာ္႐ိုနာဗိုင္ဗိုင္းရက္ ျပန႔္ႏွံ႔စဥ္ ကာလအတြင္းမွာ ကလပ္အသင္း ပိုင္ရွင္အေနနဲ႔ သူတို႔ကို ေငြေၾကး မေပး ႏိုင္ေတာ့လို႔ အသင္းသားေတြက အသင္း ဆက္လက္ တည္ၿမဲေအာင္ သီးပင္စားပင္ေတြ စိုက္ပ်ိဳးၿပီး ဝင္ေငြရွာခဲ့ၾကပါတယ္ ။ ဂ်ပန္မွာ ေကာ္႐ိုနာဗိုင္းရက္ေတြ စျပန႔္လို႔ ေဖေဖာ္ဝါရီလမွာ ကလပ္အသင္း ၿပိဳင္ပြဲ ေတြ ရပ္လိုက္ ကတည္းက သူတို႔က နယ္ဖက္က သူတိုရဲ႕ ေလ့က်င့္ေရး ကြင္းတစ္ဝိုက္မွာ သီးပင္စားပင္ေတြနဲ႔ အဓိကကေတာ့ ဟင္းသီးဟင္း႐ြက္ ေတြကို …