
International-news







မောင်ယဿ


Unicode

ကိုဗစ်-၁၉ ကာကွယ်ဆေး ရှာတာက ရိုလာကိုစတာ စီးသလိုပါပဲ လို့ဆို

အောက်စ်ဖို့ဒ် တက္ကသိုလ်က သုတေသန အဖွဲ့တစ်ဖွဲ့ ကတော့ ကိုဗစ်-၁၉ ကာကွယ်ဆေးကို ရှာရင် ကူးစက် ရောဂါပိုး ထိုးထားတဲ့ မျောက်တွေ သေဆုံးကုန်လို့ သူတို့ရဲ့ သုတေသနက မအောင်မြင်တော့ပါဘူး ။ အဲ့ဒိ သတင်းကို ကြားပြီးနောက်မှာတော့ အိန္ဒိယနိုင်ငံ သွေးရေကြည် လေ့လာရေးဌာန အကြီးအကဲဖြစ်သူ အေဒါပိုနာဝါလားက “ကိုဗစ်-၁၉ ရှာတဲ့လုပ်ငန်းတွေက ရိုလာကိုစတာစီးရ သလိုပါပဲ ခဏခဏ တက်လိုက် ခဏခဏ ကျလိုက်နဲ့ နိမ့်လိုက်မြင့်လိုက် တွေ အများကြီး ပါပဲလို့ ဆိုတယ် ။

စမ်းနေရင်းနဲ့ က မအောင်မြင်ဘူး ဖြစ်သွားလိုက် ပြီးရင် အောင်မြင်မလို ဖြစ်လိုက်နဲ့ အမျိုးမျိုး ဖြစ်နေ တော့တာပါပဲ ။ဒ ါပေမဲ့ ကျနော်တို့က စိတ်ရှည်ရှည်နဲ့ စောင့်ပြီး အဆုံးသတ်ကို မြန်မြန်ဆန်ဆန် အပြီးသတ်လိုက်လို့ မရပါဘူး ။ ကာကွယ်ဆေး ပေါ်လာပြီ ဆိုရင်တောင် အနည်းဆုံး အဆင့် ၃ ဆင့်ကို ဖြတ်ပြီး မှရမှာမို့ စိတ်ရှည်ကို ရှည်ရမှာပါ ”

လက်ရှိက ကိုဗစ်-၁၉ ကာကွယ်ဆေး ပြိုင်ပွဲ ဖြစ်နေပါတယ် ။ အောက်စဖို့ဒ် သုတေသန အဖွဲ့ကတော့ ပွဲဦးထွက် မအောင်မြင်မှုကို ရင်ဆိုင် လိုက်ရပါပြီ ။ စမ်းသပ် ခန်းထဲက ကာကွယ်ဆေးထိုးထားတဲ့မျောက်တွေ ကို ရောဂါပိုးထိုးသွင်းတဲ့ အခါမှာ သေဆုံးသွား ကြပါတယ် ။ မျောက်တွေက ပုံမှန် နမိုးနီးယားကိုတော့ ခံနိုင်ရည် ရှိခဲ့ပါတယ် ။

သူတို့ စမ်းသပ်တဲ့ ကာကွယ်ဆေးက အစွမ်းပြတော့ ပြပါတယ် ။ ကိုဗစ်-၁၉ ထိုးသွင်းတော့ ဆေးပမာဏ နည်းလို့ အစွမ်းမပြပါဘူး ။ ဒါကြောင့် သူတို့က ဆေးပမာဏကို မြှင့်ပြီး ပေးတဲ့ နေရာမှာ ကိုဗစ်-၁၉ ဗိုင်းရက်တွေ ဝင်လာတဲ့ အခါမှာ ကောင်းကောင်း ခံနိုင်ရည် ရှိခဲ့ပါတယ် ။

ဒါပေမဲ့ အဲ့ဒိကာကွယ်ဆေး ပမာဏ မြှင့်လို့ မျောက်တွေ သေဆုံး ခဲ့ရပါတယ် ။ လက်ရှိမှာက ကာကွယ်ဆေးကို တွေ့ပေမဲ့ လူနဲ့ တည့်မတည့် မစမ်းနိုင် တာရယ် ၊ သီအိုရီအရ ဖြစ်နိုင်တယ်လို့ ထင်တဲ့ အရာတွေက လက်တွေ့မှာ အံလွဲ နေတာရယ် ၊ ကိုဗစ်-၁၉ ဗိုင်းရက်က ပရိယာယ် များတာတွေကြောင့် ရမလိုလို ရမလိုလို နဲ့တင် အဆုံးသတ် နေပါတယ် ။

မောင်ယဿ

REF: timesnewsone / Photo; india post

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူငယ်တွေ သွေးလှူပြီးရင် သံဓာတ် အားဖြည့်ဆေးသောက်ရန်လို
International-news
လူငယ်တွေ သွေးလှူပြီးရင် သံဓာတ် အားဖြည့်ဆေးသောက်ရန်လို

လူငယ်တွေ သွေးလှူပြီးရင် သံဓာတ် အားဖြည့်ဆေးသောက်ရန်လို လေ့လာမှု အသစ်တစ်ခုက သွေးလှူတဲ့ လူငယ်တွေမှာ နှစ်ရှည်လများ သံဓာတ်ချို့တဲ့ခြင်းတွေ ဖြစ်ပေါ်တတ်လို့ သွေးလှူပြီးတဲ့နောက်မှာ သံဓာတ် အားဖြည့်ဆေးတွေ သောက်သုံးရန်လိုတယ်လို့ သတိပေးထားပါတယ် ။ အမေရိကားမှာ ဆိုရင် ၁၆ နှစ်က ၁၈နှစ် အတွင်း လူငယ်တွေက သွေးလှူတဲ့ သူအများဆုံး အုပ်စုတွေ ဖြစ်ပါတယ် ။ ၂၀၁၆ ကနေ ၂၀၁၈ အထိ သွေး ပထမဆုံးလှူတဲ့ လူငယ် ၃၁၀၀၀ ကျော်ကို လေ့လာမှု ပြုခဲ့ရာ ၁၀ ယောက်မှာ ၁ ယောက် သံဓာတ်ချို့တဲ့ မှု လက္ခဏါ တွေကို ခံစား နေရတယ်လို့ …

ပီနန် ကမ်းခြေတစ်လျှောက် ငါးတွေ အပြုံလိုက် သေဆုံးမှု ဖြစ်ပေါ်
International-news
ပီနန် ကမ်းခြေတစ်လျှောက် ငါးတွေ အပြုံလိုက် သေဆုံးမှု ဖြစ်ပေါ်

ပီနန် ကမ်းခြေတစ်လျှောက် ငါးတွေ အပြုံလိုက် သေဆုံးမှု ဖြစ်ပေါ် မေလ နောက်ဆုံးပတ် အတွင်း မလေးရှားနိုင်ငံ ပီနန် ကမ်းခြေ တစ်လျှောက်မှာ ငါးတွေ အပြုံလိုက် သေဆုံးမှု ဖြစ်ပေါ်နေခဲ့ပြီး ဘာကြောင့်သေဆုံးမှု ဖြစ်ပေါ်တယ်ဆိုတာကို စုံစမ်းစစ်ဆေးမှုတွေ လုပ်နေခဲ့ရတယ်လို့ ဒေသခံအာဏါပိုင် တွေက ဆိုပါတယ် ။ သည်စတား သတင်းစာ အဆိုအရ ဒေသခံ ငါးလုပ်ငန်း ဦးစီးဌာနက တော့ အဲ့ဒိ ငါးတွေ အစုလိုက် အပြုံလိုက် သေဆုံးခြင်းက တစ်စုံတရာသော ဘေးအန္တရာယ် ကျရောက်တော့မယ် ဆိုတဲ့ အရိပ် လက္ခဏါမဟုတ်ပါဘူလို့ ဆိုတယ် ။ အဲ့လို သေဆုံးနေခြင်းက ငါးတွေမှာ ဖြစ်တတ်တဲ့ သဘာဝ …

ကိုဗစ် သုတေသနလုပ်ငန်းကိုတောင် ဟက်ကာတွေချမ်းသာ မပေးတော့
International-news
ကိုဗစ် သုတေသနလုပ်ငန်းကိုတောင် ဟက်ကာတွေချမ်းသာ မပေးတော့

ကိုဗစ် သုတေသနလုပ်ငန်းကိုတောင် ဟက်ကာတွေချမ်းသာ မပေးတော့ ၂၀၁၉ ဒီဇင်ဘာ လလောက်က စပြီး ကမ္ဘာ့ ကပ်ရောဂါဖြစ်တဲ့ ကိုဗစ်-၁၉ က ပြန့်နှံ့မှု တွေ စတင် ခဲ့ပါတယ် ။ ဗိုင်းရက်ရဲ့ သဘာဝက ထူးခြားလွန်းလို့ နိုင်ငံတိုင်းမှာ ရောဂါ ပြန်နှံ့မှုကို ခက်ခက်ခဲခဲ ထိန်းချုပ် နေခဲ့ရပါတယ် ။ ၂၀၂၀ နှစ်ဦးပိုင်းကနေစပြီး ရောဂါပြန်နှံ့ နေတာက ဒီနေ့အထိ ဖြစ်နေတုန်းပါပဲ ။ တိုင်းပြည်တွေ စီးပွားရေး ကျပ်တည်းမှုတွေ ဖြစ်နေ ချိန်မှာ ရုပ်ရှင်မင်းသမီးတွေ အဆိုတော်တွေရဲ့ အွန်လိုင်း အကောင့်တွေ ဖောက်ထွင်းခံ နေရပါတယ် ။ အခုဆိုရင် ကျန်းမာရေး ဆိုင်ရာအချက်အလက်တွေကိုပါ ဖောက်ထွင်း …