International-news
မောင်ယဿ
REF; upi / Photo;upi
Unicode
ကိုဗစ် – ၁၉ ကာကွယ်ဆေး ကို အမေရိကား က အခုမှ လူနဲ့ စတင် စမ်းသပ်
မတ်လ ၁၆ ရက်နေ့ ( တနင်္လာနေ့ ) မှာ အမေရိကားက ပထမဆုံး ကိုဗစ် – ၁၉ ကာကွယ်ဆေး စမ်းသပ်ချက်ကို စတင်လုပ်ပါတယ်လို့ အမေရိကန် အမျိုးသားကျန်းမာရေးဌာနက ကြေညာပါတယ်။ ဆီးတဲ မြို့က ဝါရှင်တန် ကျန်းမာရေးသုတေသန ဌာနမှာ ပထမဆုံး အကြို စမ်းသပ်ချက်ကို အလားဂျစ်နဲ့ ကူးစက်ရောဂါ အမျိုးသား ကျန်းမာရေး ရန်ပုံငွေနဲ့ စတင်စမ်းသပ် တာပါ ။
အဲ့ဒိအကြို စမ်းသပ်ချက်အတွက် ကျန်းမာပြီး အရွယ်ရောက်တဲ့ စေတနာ့ဝန်ထမ်း ၄၅ ယောက်ကို စာရင်းသွင်းခိုင်းပြီး ကာကွယ်ဆေးကို ထိုးသွင်းပေး လိုက်ပါတယ် ။ အဲ့ဒိနောက် ၆ ပတ်ေ စာင့်ကြည့်မှာ ဖြစ်ပါတယ် ။ “ ဆားစ် ရောဂါတုန်းကလို ကာကွယ်ဆေး စမ်းသပ်ချက် စလုပ်တာပါ ။ ဘေးကင်း လုံခြုံပြီး အကျိုးသက်ရောက်မှု ရှိတဲ့ တွေ့ရှိချက်ကို ရှာတာပါ ။ ဒါက ပြည်သူ့ကျန်းမာရေး အတွက် ဦးစားပေး အရေးပေါ် စီမံကိန်းပါ ။
ကျနော်တို့ လုပ်နေတဲ့ ပထမအဆင့်က အရေးကြီးတဲ့ အပိုင်းပါပဲ ။ မြန်မြန်ဆန်ဆန် လည်း မှတ်တမ်းတွေ ယူနေ ပါတယ် ။ အဲ့ဒီအဆင့် ကျော်ဖြတ် နိုင်ပြီဆိုရင် ဘာ အခက်အခဲမှ မရှိတော့ပါဘူး ” လို့ကျန်းမာရေး ဌာနက ဒါရိုက်တာ အန်သိုနီက ဆိုတယ် ။
mRNA-1273 လို့ခေါ်တဲ့ ကာကွယ်ဆေး က မက်ဆာချူးဆက်ပြည်နယ် ကိန်းဘရစ် အခြေစိုက် မိုဒါးနား ဇီဝ နည်းပညာ ကုမ္ပဏီက သိပ္ပံပညာရှင်ေ တွက အဆင့်မြင့် ထားတဲ့ဆေးပါ ။ သူတို့က ကာကွယ်ဆေး ပမာဏ အမျိုးမျိုးကို လူသာ းတွေကို ထိုးသွင်းပြီး လူသားတွေရဲ့ ခန္တာကိုယ်ထဲက တုံ့ပြန် စနစ်နဲ့ ခုခံ စနစ်ကို မှတ်တမ်းယူ တွက်ချက်နေတာပါ ။
ကိုဗစ်-၁၉ ကို တိုက်ဖျက်မယ့်ဆေးက ဆေးရုံ ဆေးခန်း တွေမှာ ဘယ်အချိုးအစား အတိုင်း သုံးဖို့အတွက် မှတ်တမ်းပြုနေတာပါ ။ ဒီကာကွယ်ဆေးက မားစ်ရောဂါပေါ်ပြီးကတည်းက လုပ်ထားတဲ့ သုတေသနပါ ။ ဆိုးဝါးတဲ့ အသက်ရှု လမ်းကြောင်းဆိုင်ရာ ရောဂါ နဲ့ အရှေ့အလယ်ပိုင်း အသက်ရှု လမ်းကြောင်း ဆိုင်ရာ ရောဂါ အတွက် ရည်ရွယ်ပြီး သုတေသန လုပ်ထားတဲ့ဆေးပါ ။ အခု အဲ့ဒီဆေးကို အဆင့်မြှင့်ပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးအဖြစ် အသုံးပြုတော့မှာပါ။
အဲ့ဒိကာကွယ် ဆေးကို mRNA-1273 လို့ခေါ်ရတဲ့အကြောင်းအရင်းက သိပ္ပံညာရှင်တွေက ဇန်နဝါရီလကတည်းက ကိုဗစ်-၁၉ ဗိုင်းရပ် ရဲ့ ပရိုတိန်းဖွဲ့ စည်းပုံကိုလေ့လာခဲ့ဲပြီး ပရိုတိန်းဖြစ်အောင် လှုံ့ဆော်ပေးတဲ့ RNAကို လူသားတွေရဲ့ ဆဲလ် နဲ့ မရော သွားအောင် တားဆီးတဲ့ အတွက် ကြောင့် ဒီနာမည်ကိုပေးခဲ့တာပါ ။ ပြောချင်တာက သူတို့က RNA ပလက်ဖောင်း တစ်ခုလုပ်ပေး လိုက်တာပဲ ဖြစ်ပါတယ် ။ အဲ့ဒိဆေးကို အကောင်တွေနဲ့ စမ်းသပ်ပြီးသားပါ ။ အခုမှ ပထမဆုံး လူသားနဲ့ စတင် စမ်းသပ်တာပါလို့ ဆိုပါတယ် ။
မောင်ယဿ
REF; upi / Photo;upi
No Comments
Leave a Reply
Your email address will not be published. Required fields are marked *
အမေရိကန် သေနတ်ဆိုင်ကို ဝင်လုလို့ ဆိုင်ရှင်က ပစ်သတ်
International-news
အမေရိကန် သေနတ်ဆိုင်ကို ဝင်လုလို့ ဆိုင်ရှင်က ပစ်သတ်
အမေရိကန် သေနတ်ဆိုင်ကို ဝင်လုလို့ ဆိုင်ရှင်က ပစ်သတ် ပြီးခဲ့တဲ့ သီတင်းပတ်က အမေရိကန် နိုင်ငံမှာ လူမဲ တစ်ဦးကို ရဲတွေက သတ်လိုက်တဲ့ ကိစ္စ နဲ့ ပတ်သက်ပြီး ဆန္ဒပြမှုတွေ ဆက်တိုက် ဖြစ်ပေါ်လာပြီးနောက် ညပိုင်းတွေမှာ ဆိုင်တွေ စတိုးတွေကို ဖျက်စီး လုယက်မှုတွေ ညတိုင်းလိုလို ဆက်တိုက်ဖြစ်ပေါ်နေရာ သေနတ်ဆိုင်ပိုင်ရှင်တွေက သူတို့ရဲ့ ဆိုင်တွေကို အထူးသတိထားပြီး စောင့်ရှောက်နေရပါတယ် ။ မနေ့က ( အင်္ဂါနေ့ ) မနက်စောစောပိုင်းမှာ ဖီလာဒယ်ဖီးယားက သေနတ်ဆိုင် တစ်ဆိုင်ကို လုယက်သူတစ်ဦးက လာရောက်ဖျက်ဆီးလုယူဖို့ ကြိုးစားလို့ ဆိုင်ရှင်က သေနတ်နဲ့ ပစ်သတ်လိုက် ရပါတယ် ။ ဖီလာဒယ်ဖီယား တောင်ပိုင်းက …
လက်ထပ်ချင်လွန်းလို့ ခေါင်မိုးပေါ် တက်အော်ရတဲ့ မင်းသမီး မူနီရိုင်း
International-news
လက်ထပ်ချင်လွန်းလို့ ခေါင်မိုးပေါ် တက်အော်ရတဲ့ မင်းသမီး မူနီရိုင်း
လက်ထပ်ချင်လွန်းလို့ ခေါင်မိုးပေါ် တက်အော်ရတဲ့ မင်းသမီး မူနီရိုင်း ဘောလီးဝုဒ်မှာ နာမည်တစ်ခုကို တည်ထောင်ပြီးသား ဖြစ်တဲ့ မူနီရိုင်းက မင်းသမီး အဆိုတော် ကချေသည် မော်ဒယ် အဖြစ်နဲ့ အသက်မွေးဝမ်းကျောင်းမှု လုပ်ငန်းတွေမှာ ထူးချွန်တဲ့သူ ဖြစ်ပါတယ် ။ လှပတဲ့ ကောက်ကြောင်း ရုပ်ရည်နဲ့ ကြွယ်ဝမှုတွေ ရှိတာတောင် ဘဝမှာ တစ်ခြမ်း ပဲ့နေတဲ့ အဖြစ်ကို သူမကိုယ် သူမလည်း နားမလည်နိုင်အောင် ဖြစ်နေပါတယ် ။ ဒီ အရွယ်ရောက်မှ အမြီးမပေါက်ရင် ဘာမျောက် လဲလို့ မေးရင် မူနီမျောက် ၃၄ နှစ်ပါ လို့ ဖြေရ မလိုအောင် ရည်းစား မရသေးတဲ့ ဘောလီးဝုဒ် မင်းသမီးပါ …
BTS ရဲ့သီချင်းစာသားတွေမှာ ဘာသာရေး အစွန်းရောက် စာသားတွေ ပါနေလို့ တောင်းပန်ခိုင်း
International-news
BTS ရဲ့သီချင်းစာသားတွေမှာ ဘာသာရေး အစွန်းရောက် စာသားတွေ ပါနေလို့ တောင်းပန်ခိုင်း
BTS ရဲ့သီချင်းစာသားတွေမှာ ဘာသာရေး အစွန်းရောက် စာသားတွေ ပါနေလို့ တောင်းပန်ခိုင်း တောင်ကိုရီးယား ကေပေါ့ က နာမည်ကြီး လူငယ်ဝိုင်း တစ်ဝိုင်းဖြစ်တဲ့ BTSရဲ့ သီချင်း တစ်ပုဒ်မှာ လူတွေကို ရာနဲ့ချီပြီး သေဆုံးစေခဲ့တဲ့ အမေရိကန် ဘာသာရေး အစွန်းရောက်ခေါင်းဆောင် ဂျင်မ်ဂျုံးရဲ့ တရားဟော စာသားတွေ ပါနေလို့ အတင်းတောင်းပန်ခိုင်းနေပါတယ် ။ လူငယ်၇ဦးနဲ့ ဖွဲ့ ထားတဲ့ BTS ဝိုင်းက ပြီးခဲ့တဲ့တနင်္ဂနွေနေ့က သူတို့ရဲ့ ကုမ္ပဏီကနေတစ်ဆင့် ထုတ်ပြန် ကြေညာချက် တစ်ခုလုပ်ခဲ့ပါတယ် ။ အခု လိုင်းပေါ်မှာ ပြစ်တင်ပြောဆိုနေတဲ့ what do you think သီချင်းကို ရေးတဲ့သူက သူတို့ဝိုင်းထဲက …