
International-news



 





မောင်ယဿ

REF: upi / Photo; upi

Unicode

ကိုဗစ်-၁၉ကြောင့် သေဆုံးသူများ အတွက် ဝမ်းနည်းကြောင်း အလံတိုင်ဝက် လွှင့်ကာပြ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၉၄၀၀၀ အတွက် ဝမ်းနည်းကြောင်း အထိမ်းအမှတ် အဖြစ် ပြသဖို့ အလံတိုင်ဝက် လွှင့်ထူ ရမယ်လို့ ကြာသပတေး နေ့က အမိန့် ထုတ်ပြန် လိုက် ပါတယ် ။

အလံတွေကို သောကြာနေ့ ဒီနေ့ ကစပြီး လွှင့်ထူ ရပါမယ် ။ ထရမ့်က သူ့ရဲ့တွစ်တာမှာ “ကော်ရိုနာ ဗိုင်းရက်ကြောင့် သေဆုံးခဲ့ရ သူများကို ကျနော်တို့ အမေရိကန်တွေ အမှတ်တရ ဖြစ်ဖို့အတွက် ဒီကနေ့ အပါ နောက်သုံးရက်ထိ ( သောကြာ ၊ စနေ ၊ တနင်္ဂနွေ ) အစိုးရ ရုံးတွေနဲ့ အမျိုးသားရေး ဆိုင်ရာ အထိမ်းအမှတ် အဆောက်အဦး တွေမှာ အလံတွေကို တိုင်ဝက် လွှင့်ထူ ကြပါမယ် ။ နောက်ပြီး တနင်္လာနေ့ ကျရင်လည်း ကျနော်တို့ နိုင်ငံအတွက် စွန့်လွှတ် အသက်ပေးသွားတဲ့ စစ်တပ် ထဲက စစ်သား စစ်သမီးတွေ အတွက် ဂုဏ်ပြု အထိမ်းအမှတ် အလံတိုင် ဝက်လွှင့် ထူရပါမယ်”လို့ရေးတင် ခဲ့ပါတယ် ။

ဂျွန်ဟောပ်ကင်း တက္ကသိုလ်ရဲ့ လေ့လာ တိုင်းတာမှုအရ အမေရိကန်မှာ ကော်ရိုနာ ဗိုင်းရက်ကြောင့်သေဆုံးသူ ၉၄၆၀၀ ရှိနေပြီး ရောဂါ ကူးစက်ခံရသူ ၁သန်းခွဲ ကျော်သွားလို့ ဆိုတယ် ။ နေပြန်ကောင်းသူ က ၂၉၈၀၀၀ ရှိပါ တယ် ။ တစ် ကမ္ဘာလုံးအတိုင်းအတာ အရ သေဆုံးသူ ၃၃၂၄၀၀ ရှိနေပြီး ရောဂါ ဖြစ်ပွားသူ ၅ သန်း ကျော်လာပြီ ဖြစ်ပါတယ် ။

နေပြန်ကောင်းသူ ကတော့ ၂သန်းကျော် ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ ကတော့ ၂၄ နာရီအတွင်း ရောဂါ ဖြစ်ပွားသူ ဦးရေ ၁၀၆၀၀၀ ကူးစက် ခံရပြီး စံချိန်တင် ခဲ့ပါတယ် ။ တစ် ကမ္ဘာလုံး အတိုင်းအတာ အရ ရောဂါ ဖြစ်ပွားသူ ၃ ပုံ ၂ ပုံ က နိုင်ငံ ၄ နိုင်ငံက အရေအတွက်ပဲ ဖြစ်ပါတယ် ။ အဲ့ဒါ တွေက အမေရိကန် ရုရှား ဘရာဇီးနဲ့ အိန္ဒိယ နိုင်ငံတွေပဲ ဖြစ်ပါတယ် ။

ကိုဗစ်-၁၉ကူးစက်မှုကို အဆိုးဝါးဆုံး ခံလိုက် ရတာ အမေရိကန် ဖြစ်ပြီး ရွှေ့ပြောင်း တွေကနေပါလာတဲ့ ဗိုင်းရက် ဒဏ်ကို ခံလိုက် ရတာဖြစ်ပါတယ် ။ ဒုတိယ လိုက်တဲ့ ရုရှားကတော့ ဒုတိယလှိုင်း ဒဏ်ကြောင့် ထိမ်းနိုင် သိမ်းမနိုင် ဖြစ်ခဲ့ရပြီး တတိယ အများဆုံးဖြစ်တဲ့ ဘရာဇီးက အစိုးရရဲ့ ခေါင်းမာ မှုကြောင့် တိုင်းပြည်ကို လော့ခ်ဒေါင်း မချဘဲ စီးပွားရေး လုပ်ငန်းတွေ ဆက်လုပ်တာ ကြောင့် ဖြစ်တာပါ ။ အိန္ဒိယက တော့ ပြည်သူတွေရဲ့ ပေါက်ပန်းလေးဆယ် နေထိုင် မှုကြောင့် ဖြစ်ပါတယ် ။

မောင်ယဿ

REF: upi / Photo; upi

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

တရုတ်က ကော်ရိုနာဗိုင်းရက်ကို အယောင်ပြပြီး တောင်တရုတ်ပင်လယ်ကို ကျူးကျော်နေဟုဆို
International-news
တရုတ်က ကော်ရိုနာဗိုင်းရက်ကို အယောင်ပြပြီး တောင်တရုတ်ပင်လယ်ကို ကျူးကျော်နေဟုဆို

တရုတ်က ကော်ရိုနာဗိုင်းရက်ကို အယောင်ပြပြီး တောင်တရုတ်ပင်လယ်ကို ကျူးကျော်နေဟုဆို မနေ့က ဂျပန်နိုင်ငံ အမေရိကန်စစ်တပ်ဦးစီးမှူးက တောင်တရုတ် ပင်လယ်အတွင်းမှာ ဖြစ်ပွားနေတဲ့ အငြင်းပွားမှု တွေကို ဖိအားပေးရန်အတွက် ကော်ရိုနာဗိုင်းရက်ပြန်နှံ့မှုကို အယောင်ပြ လှုပ်ရှားမှုတွေကို လုပ်နေတယ်လို့ ဆိုတယ် ။ သူက လက်ရှိ တောင်တရုတ်ပင်လယ် အတွင်းမှာ တရုတ်တို့ရဲ့ စစ်အင်အားတိုးမြှင့် နေခြင်းနဲ့ ပတ် သက်ပြီး အခုလို ဆိုလိုက်ခြင်း ဖြစ်ပါတယ် ။ ရိုက်တာသတင်းဌာနနဲ့ ဖုန်းအင်တာဗျူးမှာ သူက “ခင်ဗျားတို့ တွေးကြည့်လို့ ရပါတယ် ။ တရုတ်နိုင်ငံတင် မကဘူး ကမ္ဘာ့နိုင်ငံ အသီးသီးမှာ ကော်ရိုနာဗိုင်းရက် ကိစ္စနဲ့ အခက်အခဲတွေ ဖြစ်နေပါတယ် ။ ဒါပေမဲ့ …

လူငယ်တွေ သွေးလှူပြီးရင် သံဓာတ် အားဖြည့်ဆေးသောက်ရန်လို
International-news
လူငယ်တွေ သွေးလှူပြီးရင် သံဓာတ် အားဖြည့်ဆေးသောက်ရန်လို

လူငယ်တွေ သွေးလှူပြီးရင် သံဓာတ် အားဖြည့်ဆေးသောက်ရန်လို လေ့လာမှု အသစ်တစ်ခုက သွေးလှူတဲ့ လူငယ်တွေမှာ နှစ်ရှည်လများ သံဓာတ်ချို့တဲ့ခြင်းတွေ ဖြစ်ပေါ်တတ်လို့ သွေးလှူပြီးတဲ့နောက်မှာ သံဓာတ် အားဖြည့်ဆေးတွေ သောက်သုံးရန်လိုတယ်လို့ သတိပေးထားပါတယ် ။ အမေရိကားမှာ ဆိုရင် ၁၆ နှစ်က ၁၈နှစ် အတွင်း လူငယ်တွေက သွေးလှူတဲ့ သူအများဆုံး အုပ်စုတွေ ဖြစ်ပါတယ် ။ ၂၀၁၆ ကနေ ၂၀၁၈ အထိ သွေး ပထမဆုံးလှူတဲ့ လူငယ် ၃၁၀၀၀ ကျော်ကို လေ့လာမှု ပြုခဲ့ရာ ၁၀ ယောက်မှာ ၁ ယောက် သံဓာတ်ချို့တဲ့ မှု လက္ခဏါ တွေကို ခံစား နေရတယ်လို့ …

ပီနန် ကမ်းခြေတစ်လျှောက် ငါးတွေ အပြုံလိုက် သေဆုံးမှု ဖြစ်ပေါ်
International-news
ပီနန် ကမ်းခြေတစ်လျှောက် ငါးတွေ အပြုံလိုက် သေဆုံးမှု ဖြစ်ပေါ်

ပီနန် ကမ်းခြေတစ်လျှောက် ငါးတွေ အပြုံလိုက် သေဆုံးမှု ဖြစ်ပေါ် မေလ နောက်ဆုံးပတ် အတွင်း မလေးရှားနိုင်ငံ ပီနန် ကမ်းခြေ တစ်လျှောက်မှာ ငါးတွေ အပြုံလိုက် သေဆုံးမှု ဖြစ်ပေါ်နေခဲ့ပြီး ဘာကြောင့်သေဆုံးမှု ဖြစ်ပေါ်တယ်ဆိုတာကို စုံစမ်းစစ်ဆေးမှုတွေ လုပ်နေခဲ့ရတယ်လို့ ဒေသခံအာဏါပိုင် တွေက ဆိုပါတယ် ။ သည်စတား သတင်းစာ အဆိုအရ ဒေသခံ ငါးလုပ်ငန်း ဦးစီးဌာနက တော့ အဲ့ဒိ ငါးတွေ အစုလိုက် အပြုံလိုက် သေဆုံးခြင်းက တစ်စုံတရာသော ဘေးအန္တရာယ် ကျရောက်တော့မယ် ဆိုတဲ့ အရိပ် လက္ခဏါမဟုတ်ပါဘူလို့ ဆိုတယ် ။ အဲ့လို သေဆုံးနေခြင်းက ငါးတွေမှာ ဖြစ်တတ်တဲ့ သဘာဝ …