
International-news









မောင်ယဿ

REF: abplive, Photo; ANI

Unicode

ကိုဗစ်- ၁၉ရောဂါသည်ကို ပြုစုစောင့်ရှောက်ရင်း သေဆုံးသွားတဲ့ မည်သူဆိုအတွက် မိသားစုကို ရူးပီး တစ်ကုဋေ ထောက်ပံ့မယ်

ဒေလီအစိုးရက ကိုဗစ်-၁၉ ရောဂါကို တိုက်ခိုက်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ မည်သူမဆိုကို တာဝန်ထမ်းဆောင်ရင်း ရောဂါကူးစက် ကွယ်လွန်ခဲ့ပါက အမျိုးသားအကျိုးစီးပွားကို ကာကွယ်ပေးသူအဖြစ် သက်မှတ်ကာ ကျန်ရစ်သူ မိသားစုကို ရူပီး တစ်ကုဋေ ချီးမြှင့် ထောက်ပံ့ ပေးကမ်းသွားမယ်လို့ ဆိုတယ်။

အိန္ဒိယက ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေးကို ထိထိရောက်ရောက် ရှိရန်အတွက် ပြည်နယ်အစိုးရတွေက ကိုယ့်အစီအစဉ်နဲ့ လုပ်ဆောင်မှုတွေကို အဆက်မပြတ် လုပ်ဆောင်နေပါတယ်။

အခု နယူးဒေလီ ဝန်ကြီးချုပ် အာဗင်းက တာဝန်ထမ်းဆောင်ရင်း ကွန်လွန် သွားသူ ရှိပါက ကျန်ရစ်သူ မိသားစုအတွက် ရူးပီးတစ်ကုဋေ ထောက်ပံ့သွားမယ်လို့ ဗုဒ္ဓဟူးနေ့ (ဧပြီလ ၂ရက်နေ့) ကဆိုပါတယ်။

သူက ဆရာဝန် သူနာပြု အခြေခံကျန်းမာရေးဝန်ထမ်းများရယ်လို့ မခွဲခြားဘဲ အားလုံးကို တပြေညီ ကူညီမှု ပေးသွားမယ်လို့ ဆိုတယ်။ လတ်တလောမှာ နယူးဒေလီဆေးရုံမှာ ဆရာဝန် ၃ဦး ရောဂါကူးစက်မှု ဖြစ်ပွားခဲ့ပါတယ်။

သူတို့ကူးစက်မှုက မပြင်းထန်ပေမဲ့ ကျန်မာရေး ဝန်ထမ်း အားနည်းမှု ဖြစ်လာခဲ့ပါတယ်။ သူက တစ်နယ်လုံးမှာရှိတဲ့ ဆရာဝန်တွေ အားလုံးကို ဗီဒီယို ကွန်ဖရန့် လုပ်ပြီး မှာကြားမှုတွေ လုပ်နေပါတယ်။

လိုအပ်တဲ့ အခက်အခဲတွေကို အချိန်မီ ဖြေရှင်း နိုင်ဖို့ ဝန်ကြီးချုပ်နဲ့ တိုက်ရိုက် ဆက်သွယ်နိုင်အောင် လို့လည်း စီစဉ် ပေးထားပါတယ်။ ဆေးရုံတွေအတွက် ဝန်ကြီးချုပ်နဲ့ တိုက်ရိုက်စကားပြောလို့ရအောင် သီးသန့် ဖုန်းလိုင်းတစ်ခုကိုလည်း ဖွင့်ပေးထားပါတယ်။

“ကျနော်ကတော့ ပုဂ္ဂလိက ကျန်းမာရေး ဝန်ထမ်းဖြစ်ဖြစ် အစိုးရ ကျန်းမာရေး ဝန်ထမ်းဖြစ်ဖြစ် ကျနော်တို့ရဲ့ အသက်တွေကို ကာကွယ် စောင့်ရှောက်သူတွေလို့ သက်မှတ်ထားပါတယ်။ သူတို့အားလုံးကို တူညီတဲ့ အခွင့်အရေး ပေးထားပါတယ်” လို့ဆိုတယ်။

မောင်ယဿ

REF: abplive, Photo; ANI

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

ဆိုက်ဘေးရီးယားမှာ ဒီဇယ် တန်၂၀၀၀၀ ယိုစိမ့်မှု ဖြစ်လို့ ရုရှားမှာ အရေးပေါ် အခြေအနေကြေညာ
International-news
ဆိုက်ဘေးရီးယားမှာ ဒီဇယ် တန်၂၀၀၀၀ ယိုစိမ့်မှု ဖြစ်လို့ ရုရှားမှာ အရေးပေါ် အခြေအနေကြေညာ

ဆိုက်ဘေးရီးယားမှာ ဒီဇယ် တန်၂၀၀၀၀ ယိုစိမ့်မှု ဖြစ်လို့ ရုရှားမှာ အရေးပေါ် အခြေအနေကြေညာ ရုရှားသမ္မတ ဗလာဒီမာပူတင်က ဆိုက်ဘေးရီးယားမှာရှိတဲ့ လျှပ်စစ်ဓာတ်အားပေး စက်ရုံရဲ့ လောင်စာကန် ကနေ ဒီဇယ်ဆီ ခန့်မှန်းချေ တန်၂ သောင်းလောက် ယိုစိမ့်မှု ဖြစ်ခဲ့လို့ တိုင်းပြည်အရေးပေါ် အခြေအနေ အဖြစ် ကြေညာ ခဲ့ပါတယ် ။ ဒီဇယ်ကွက်ကြီးက ပြီးခဲ့တဲ့ သောကြာနေ့ကတည်းက အနီးအနားက မြစ်ချောင်းတွေထဲကို စီးဆင်း သွားခဲ့တယ် ။ လောင်စာဆီ ပေါက်ကျမှု က မော်စကိုမြို့မှ မိုင် ၁၈၀၀ ဝေးတဲ့ နော်အစ် မြို့စွန်မှာ ပြီးခဲ့တဲ့ သောကြာနေ့က ဖြစ်ပွား ခဲ့တာပါ ။ …

ရူမေးနီးယား ပလေးဘွိုင်းမော်ဒယ်ဟောင်းက ဘောလုံးကလပ်ကိုဝယ်ယူ
International-news
ရူမေးနီးယား ပလေးဘွိုင်းမော်ဒယ်ဟောင်းက ဘောလုံးကလပ်ကိုဝယ်ယူ

ရူမေးနီးယား ပလေးဘွိုင်းမော်ဒယ်ဟောင်းက ဘောလုံးကလပ်ကိုဝယ်ယူ မကြာသေးခင်က ရူမေးနီးယားဘောလုံးလောကမှာ အအောင်မြင်ဆုံးအေးဂျင့် ဖြစ်လာတဲ့ ပလေးဘွိုင်း မော်ဒယ် ဟောင်းက အကြွေးတွေဝိုင်းနေတဲ့ ရူမေးနီးယားထိပ်တန်းဘောလုံး ကလပ်တစ်ခု ဟာမန်စ်တက် ဘောလုံး ကလပ်ကို ဝယ်ယူနိုင်ခဲ့ပါတယ်။ အန်နာမာရီယာပရိုဒန်ရက်ဂရီကမ့်(၄၇နှစ်) က ဆီဘူးမြို့ အခြေစိုက် ဘောလုံးအသင်းကို အောင်မြင်စွာ ဝယ်ယူပြီးနောက် မှာတော့ ဟာမန်စ်တက်က ကျမနဲ့ အတူ ဘဝအသစ်တစ်ခုကို ဖန်တီးနိုင်တော့မှာ ပါလို့ဆိုတယ်။ ငွေကြေးဆိုင်ရာကိစ္စကိုတော့ထုတ်ပြန်ခြင်းတော့ မရှိပါ။ ရိုမေးနီးယား မီဒီယာတွေကတော့ ၂၀၁၅ ခုနှစ်မှာ တည်ထောင်ထားတဲ့ အဲ့ဒိကလပ်က ၂၀၁၈မှာ အဆင့်မြင်တန်းမှာစကန်နိုင်ခဲ့ပေမဲ့ ခန့်မှန်းခြေ အကြွေး ကန်ဒေါ်လာ၁သန်းလောက်ရှိမယ်လို့ သုံးသပ်ကြပါ တယ်။ ပလေးဘွိုင်းမော်ဒယ်ဟောင်းက ရူမေးနီးယားကနေ အန်ဒါလက်ခ်ျ အသင်းကိုကန်ဒေါ်လာ …

မာယာများတဲ့ နယူးယောက်ခ်ရဲတွေကြောင့် တွစ်တာပေါ်မှာ ရန်တွေဖြစ်ကုန်
International-news
မာယာများတဲ့ နယူးယောက်ခ်ရဲတွေကြောင့် တွစ်တာပေါ်မှာ ရန်တွေဖြစ်ကုန်

မာယာများတဲ့ နယူးယောက်ခ်ရဲတွေကြောင့် တွစ်တာပေါ်မှာ ရန်တွေဖြစ်ကုန် ဆန္ဒပြ မှုများကို မနိမ်နှင်းခင်မှာ နယူးယောက်ခ် ရဲတွေက ဆန္ဒပြသူ တွေနဲ့ တစ်သားထဲ ရှိကြောင်း ဆန္ဒပြသူ တွေရဲ့ ရှေ့မှာ ရဲအချို့က ဒူးထောက်ပြီး နေပြတဲ့ပုံတွေရယ် ဆန္ဒပြသူတွေကို အကြမ်း ဖက်နေ တဲ့ပုံတွေက လိုင်းပေါ်မှာ ပလူပျံလာတော့ ရဲတွေက ငြိမ်းချမ်းရေးကို အလိုရှိတယ် ။ ရဲတွေက အကြမ်းဖက်တယ် ဆိုတဲ့ သဘောထားတွေ ကွဲလွဲမှု ဖြစ်လာပါတယ် ။ တစ်ဘက်နဲ့ တစ်ဘက် မင်းတို့ ပုံတွေက သက်သက် ဝါဒဖြန့် တာဆိုပြီး အငြင်းပွားမှု တွေဖြစ်ကာ စကားလုံးတွေနဲ့ ရန်ဖြစ် ကုန်ကြပါတယ် ။ ပုံမှာပါတာက …