ကိုဗစ္- ၁၉ဗိုင္းရက္ျပန႔္လို႔ အီတလီ စီရီးေအ ပြဲစဥ္အခ်ိဳ႕ နား

ကိုဗစ္-၁၉ဗိုင္းရက္ျပန႔္လို႔ အီတလီ စီရီးေအ ပြဲစဥ္အခ်ိဳ႕ နား
Sport

ကိုဗစ္- ၁၉ဗိုင္းရက္ျပန႔္လို႔ အီတလီ စီရီးေအ ပြဲစဥ္အခ်ိဳ႕ နား

ကိုဗစ္- ၁၉ ဗိုင္းရက္ (ဝူဟန္ထူးဆန္းတုတ္ေကြး ေရာဂါပိုး) ျပန႔္ႏွံ႔မႈက အီတလီႏိုင္ငံကို ျပင္းထန္စြာ ႐ိုက္ခတ္လာပါၿပီ။ အီတလီ က်န္းမာေရး ေစာင့္ေရွာက္မႈဆိုင္ရာ လုပ္ငန္းေတြကို ခလုပ္ လာဆြဲေနပါတယ္။ လက္ရွိရထားတဲ့ သတင္းအရဆိုရင္ လူ၂ဦး စတင္ ေသဆုံးေနပါၿပီ။

ဒါေၾကာင့္ အခုလာမယ့္ တနဂၤေႏြေန႔မွာ က်င္းပမယ့္ ပြဲ၃ပြဲကို ေ႐ႊ႕ ဆိုင္းလိုက္ရပါတယ္။ အဲ့ဒိပြဲေတြကေတာ့ အတၱလန္တာနဲ႔ ဆက္ဆူအိုလို ၊ အင္တာမီလန္နဲ႔ ဆမ္ဒိုးရီးယား ၊ ဗီ႐ိုနာနဲ႔ ကာဂလီယာရီ ပြဲေတြ ျဖစ္ပါတယ္။ အဲ့ဒါအျပင္ စီရီးေအ အမ်ိဳးသမီးပြဲေတြျဖစ္တဲ့ ေအစီမီလန္နဲ႔ ဖရင္အိုတီးနား ပြဲကိုလည္း ေ႐ႊ႕ဆိုင္းလိုက္ပါတယ္။ ဘယ္ေတာ့ ျပန္က်င္းပမယ္ ဆိုတာကိုလည္း ထုတ္ျပန္ေၾကညာျခင္း မရွိပါ။

အီတလီဝန္ႀကီးခ်ဳပ္ ဂူဆပ္ပီကြန္တီနဲ႔ က်န္းမာေရးဝန္ႀကီး ေရာဘတ္တိုစပီရန္ဇာ တို႔က လြန္ဘာဒီနဲ႔ ဗီနီတိုခ႐ိုင္မ်ားမွာ က်င္းပမယ့္ အားကစားပြဲေတြ အကုန္လုံး ရပ္နားထားဖို႔အတြက္ ၂ဦး သေဘာတူ အမိန႔္ထုတ္ျပန္ခဲ့တာပါ။ “အစိုးရက ေကာ္႐ိုနာဗိုင္း ရက္ျပန႔္ႏွံ႔မႈကို တားဆီးဖို႔ နဲ႔ တိုက္ဖ်က္ဖို႔ လုပ္ငန္းစဥ္ေတြကို အေရးေပၚ လုပ္ကိုင္ေနပါတယ္” အစခ်ီ အမိန႔္ တစ္ရပ္ကို ၿပီးခဲ့တဲ့ စေနေန႔ ညက ႐ုပ္သံလိုင္းေတြမွာ ထုတ္ျပန္ခဲ့တာပါ။

“ကဲဘိနတ္ (ဝန္ႀကီးအစည္းအေဝး) ကေန အစိုးရကို ျပည္သူ႔က်န္းမာေရးအတြက္ ကာကြယ္ဖို႔နဲ႔ အျမင့္ဆုံး သတိေပးမႈ ျပဳလုပ္ရန္ ေျပာလိုက္ပါၿပီ။

လက္ရွိေရာဂါျပန႔္ႏွံ႔ ေနတဲ့ ခ႐ိုင္၂ခုလုံးမွာ ဘာအားကစားပြဲ မွ မက်င္းပဖို႔ရယ္ ၊ လူစုလူေဝး မျပဳလုပ္ဖို႔ရယ္ ၊ ၿပီးေတာ့ လူတိုင္း အစိုးရက ထုတ္ျပန္တဲ့ အမိန႔္နဲ႔ ၫႊန္ၾကားခ်က္မ်ားကို လိုက္နာဖို႔ရယ္ တို႔ကို ျပည္သူမ်ားအဆင္ေျပ ေခ်ာေမြ႕ စြာ လုပ္ကိုင္ႏိုင္ရန္အတြက္ အစိုးရက လုပ္ေပးရမယ္လို႔ အဲ့ဒီအမိန႔္မွာ ပါပါတယ္။

ဒီတနဂၤေႏြမွာ ဂ်ီႏိုအာနဲ႔ လာဇီယို ၊ တိုရီႏိုနဲ႔ပါးမား ၊ ႐ိုးမားနဲ႔ လက္ခ်ီ ပြဲေတြကိုေတာ့ က်င္းပ ျဖစ္မွာပါ။

အင္တာမီလန္အတြက္ကေတာ့ ပြဲစဥ္ေ႐ႊ႕လိုက္တဲ့အတြက္ အမွတ္ေပးဇယားမွာ ေအာက္ကို က်သြားမွာျဖစ္ၿပီး ယူ႐ိုပါလိဂ္ပြဲ တစ္ပြဲျဖစ္တဲ့ ဆန္ဆီ႐ိုနဲ႔ ပြၾလည္း ကန္ျဖစ္ေတာ့မွာမဟုတ္ပါဘူး။ ျပႆနာက ယူ႐ိုပါလိဂ္ပြဲအတြက္ ၿမိဳ႕ အသီးသီးက လူေတြက ပြဲၾကည့္ဖို႔ မီလန္ၿမိဳ႕မွာ တည္းခိုေနၾကတာပါပဲ။

ေမာင္ယႆ REF: the sports rush
Photo;tanish

Unicode

ကိုဗစ်- ၁၉ဗိုင်းရက်ပြန့်လို့ အီတလီ စီရီးအေ ပွဲစဉ်အချို့ နား

ကိုဗစ်- ၁၉ ဗိုင်းရက် (ဝူဟန်ထူးဆန်းတုတ်ကွေး ရောဂါပိုး) ပြန့်နှံ့မှုက အီတလီနိုင်ငံကို ပြင်းထန်စွာ ရိုက်ခတ်လာပါပြီ။ အီတလီ ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ လုပ်ငန်းတွေကို ခလုပ် လာဆွဲနေပါတယ်။ လက်ရှိရထားတဲ့ သတင်းအရဆိုရင် လူ၂ဦး စတင် သေဆုံးနေပါပြီ။

ဒါကြောင့် အခုလာမယ့် တနင်္ဂနွေနေ့မှာ ကျင်းပမယ့် ပွဲ၃ပွဲကို ရွှေ့ ဆိုင်းလိုက်ရပါတယ်။ အဲ့ဒိပွဲတွေကတော့ အတ္တလန်တာနဲ့ ဆက်ဆူအိုလို ၊ အင်တာမီလန်နဲ့ ဆမ်ဒိုးရီးယား ၊ ဗီရိုနာနဲ့ ကာဂလီယာရီ ပွဲတွေ ဖြစ်ပါတယ်။ အဲ့ဒါအပြင် စီရီးအေ အမျိုးသမီးပွဲတွေဖြစ်တဲ့ အေစီမီလန်နဲ့ ဖရင်အိုတီးနား ပွဲကိုလည်း ရွှေ့ဆိုင်းလိုက်ပါတယ်။ ဘယ်တော့ ပြန်ကျင်းပမယ် ဆိုတာကိုလည်း ထုတ်ပြန်ကြေညာခြင်း မရှိပါ။

အီတလီဝန်ကြီးချုပ် ဂူဆပ်ပီကွန်တီနဲ့ ကျန်းမာရေးဝန်ကြီး ရောဘတ်တိုစပီရန်ဇာ တို့က လွန်ဘာဒီနဲ့ ဗီနီတိုခရိုင်များမှာ ကျင်းပမယ့် အားကစားပွဲတွေ အကုန်လုံး ရပ်နားထားဖို့အတွက် ၂ဦး သဘောတူ အမိန့်ထုတ်ပြန်ခဲ့တာပါ။ “အစိုးရက ကော်ရိုနာဗိုင်း ရက်ပြန့်နှံ့မှုကို တားဆီးဖို့ နဲ့ တိုက်ဖျက်ဖို့ လုပ်ငန်းစဉ်တွေကို အရေးပေါ် လုပ်ကိုင်နေပါတယ်” အစချီ အမိန့် တစ်ရပ်ကို ပြီးခဲ့တဲ့ စနေနေ့ ညက ရုပ်သံလိုင်းတွေမှာ ထုတ်ပြန်ခဲ့တာပါ။

“ကဲဘိနတ် (ဝန်ကြီးအစည်းအဝေး) ကနေ အစိုးရကို ပြည်သူ့ကျန်းမာရေးအတွက် ကာကွယ်ဖို့နဲ့ အမြင့်ဆုံး သတိပေးမှု ပြုလုပ်ရန် ပြောလိုက်ပါပြီ။

လက်ရှိရောဂါပြန့်နှံ့ နေတဲ့ ခရိုင်၂ခုလုံးမှာ ဘာအားကစားပွဲ မှ မကျင်းပဖို့ရယ် ၊ လူစုလူဝေး မပြုလုပ်ဖို့ရယ် ၊ ပြီးတော့ လူတိုင်း အစိုးရက ထုတ်ပြန်တဲ့ အမိန့်နဲ့ ညွှန်ကြားချက်များကို လိုက်နာဖို့ရယ် တို့ကို ပြည်သူများအဆင်ပြေ ချောမွေ့ စွာ လုပ်ကိုင်နိုင်ရန်အတွက် အစိုးရက လုပ်ပေးရမယ်လို့ အဲ့ဒီအမိန့်မှာ ပါပါတယ်။

ဒီတနင်္ဂနွေမှာ ဂျီနိုအာနဲ့ လာဇီယို ၊ တိုရီနိုနဲ့ပါးမား ၊ ရိုးမားနဲ့ လက်ချီ ပွဲတွေကိုတော့ ကျင်းပ ဖြစ်မှာပါ။

အင်တာမီလန်အတွက်ကတော့ ပွဲစဉ်ရွှေ့လိုက်တဲ့အတွက် အမှတ်ပေးဇယားမှာ အောက်ကို ကျသွားမှာဖြစ်ပြီး ယူရိုပါလိဂ်ပွဲ တစ်ပွဲဖြစ်တဲ့ ဆန်ဆီရိုနဲ့ ပွလြည်း ကန်ဖြစ်တော့မှာမဟုတ်ပါဘူး။ ပြဿနာက ယူရိုပါလိဂ်ပွဲအတွက် မြို့ အသီးသီးက လူတွေက ပွဲကြည့်ဖို့ မီလန်မြို့မှာ တည်းခိုနေကြတာပါပဲ။

မောင်ယဿ REF: the sports rush
Photo;tanish

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

အမေရိကန် ကလေးဂေါက်ပြိုင်ပွဲမှာ အနိုင်ရခဲ့တဲ့ သားတိုက်ဂါးဝုဖ်
Sport
အမေရိကန် ကလေးဂေါက်ပြိုင်ပွဲမှာ အနိုင်ရခဲ့တဲ့ သားတိုက်ဂါးဝုဖ်

အမေရိကန် ကလေးဂေါက်ပြိုင်ပွဲမှာ အနိုင်ရခဲ့တဲ့ သားတိုက်ဂါးဝုဖ် ကမ္ဘာကျော်ဂေါက်သီးရိုက် ကစားသမား တိုက်ဂါးဝုဖ်ရဲ့သား ချာလီ (၁၁နှစ်)က အမေရိကန် ကလေး ဂေါက်ရိုက်ပြိုင်ပွဲမှာ အနိုင်ရခဲ့ ပြီး အဖေ့ခြေရာ ကိုနင်းနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်ကျော်က ဖလော်ရီဒါ ပြည်နယ် ပမ်းမြို့ က ဟမ်းမလော့ ခရိ ဂေါက်ကွင်းမှာကျင်းပတဲ့ အမေရိကန် ကလေးများ ဂေါက်ပြိုင်ပွဲမှာ ချာလီက အသာစီး နဲ့ အနိုင်ရခဲ့ပါတယ်။ ၁၁နှစ်အရွယ် ချာလီက ပြိုင်ပွဲဝင်တွေ အားလုံးထက် တာထွက်ကတည်းက ထိပ်ဆုံးမှာ နေခဲ့ပါတယ်။ ပထမ ၉ကျွင်း ရိုက်ချက် ၃၃ ချက်ကို ၃ ချက်လျော့ ပြီး ရိုက်နိုင်ခဲ့ပါတယ်။ ၁၈ကျွင်းရိုက်ပြီးမှာတော့ သူက …

ဆီမီး ဖိုင်နယ် ၃ပွဲ တက်ပြီး ဖလားလက်မဲ့ ဖြစ်ခဲ့ရတဲ့ မန်ယူ
Sport
ဆီမီး ဖိုင်နယ် ၃ပွဲ တက်ပြီး ဖလားလက်မဲ့ ဖြစ်ခဲ့ရတဲ့ မန်ယူ

ဆီမီး ဖိုင်နယ် ၃ပွဲ တက်ပြီး ဖလားလက်မဲ့ ဖြစ်ခဲ့ရတဲ့ မန်ယူ မနေ့ညက ကစားခဲ့တဲ့ ယူရိုပါလိဂ် ဆီမီး ဖိုင်နယ်ပွဲမှာ မန်ယူက စပိန်အသင်း ဆီဗီးလားကို ၂ဂိုး ၁ဂိုးနဲ့ ရှုံး နိမ့်ခဲ့ပြီး ပြိုင်ပွဲက ထွက်ခဲ့ရပါတယ်။ မန်နေဂျာ ဆိုးရှားရဲ့ မန်ယူအသင်းအတွက် ၂၀၂၀ က ဆိုးဝါးတဲ့ နှစ် တစ်နှစ်လို့ ပြောရမလို ဖြစ်ခဲ့ပါပြီ။ ဘာဖြစ်လို့လဲ ဆိုတော့ ပြိုင်ပွဲ ၃ရပ်မှာ ဆီမီးဖိုင်နယ်အထိ တက်လှမ်း လာပြီးပါမှ ဖလားနဲ့ ကပ်ပြီး လွဲခဲ့ရလို့ပဲ ဖြစ်ပါတယ်။ ELF ပြိုင်ပွဲလို့ ကာရာဘောင် ဖလားတုန်းကလည်း မန်စီတီးအသင်းကို ၂ပွဲ ပေါင်း ၃ဂိုး …

ဂျာမန်နဲ့ ပြင်သစ် အသင်းတွေ အားပြိုင်မယ့် သြဂုတ် ၁၈၊ ၁၉ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်
Sport
ဂျာမန်နဲ့ ပြင်သစ် အသင်းတွေ အားပြိုင်မယ့် သြဂုတ် ၁၈၊ ၁၉ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်

ဂျာမန်နဲ့ ပြင်သစ် အသင်းတွေ အားပြိုင်မယ့် သြဂုတ် ၁၈၊ ၁၉ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဥရောပ ချန်ပီလိဂ် ဖလားပြိုင်ပွဲ က နတ်ကြီး ပါတယ်။ ထင်ထားသလို ဖြစ်ဖို့က ခက်ခဲတယ် ဆိုပေမဲ့ ချန်ပီယံလိဂ် ဖိုင်နယ်ပွဲတွေကို ကြီးစိုးနေတာကတော့ စပိန်နဲ့ အင်္ဂလန်အသင်းတွေ ပါပဲ။ ၂၄နှစ်ကြာ ကြီးစိုးထားတဲ့ စပိန်နဲ့ အင်္ဂလန်အသင်းတွေရဲ့ အုပ်စီးထားမှုကိုတော့ ဒီနှစ်မှာ ရပ်တန့် ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အင်္ဂလိပ် နဲ့ စပိန်တွေ မပါပဲ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်က ၁၉၉၆ ခုနှစ် မှာပါ။ မနေ့ညက မန်စီတီးအသင်းကို ပြင်သစ်အသင်း လိုင်းယွန်းက ၃ဂိုး ၁ဂိုးနဲ့ …