

မောင်ယဿ ( ဇူလိုင် ၁၃ )

ကိုဗစ်ကိုကုသနေတဲ့ ဆေး၂မျိုးလုံး သက်ရောက်မှု မရှိဘူးလို့ WHO ဆို1





ကိုဗစ်ကိုကုသနေတဲ့ ဆေး၂မျိုးလုံး သက်ရောက်မှု မရှိဘူးလို့ WHO ဆို


REF: UPI
Photo: UPI

unicode

ကိုဗစ်ကိုကုသနေတဲ့ ဆေး၂မျိုးလုံး သက်ရောက်မှု မရှိဘူးလို့ WHO ဆို

မောင်ယဿ ( ဇူလိုင် ၁၃ )
ကိုဗစ်-၁၉ နဲ့ ဆေးရုံတက်လာတဲ့ လူနာတွေကို ကုသပေးနေတဲ့ ရမ်ဒီဆီးဗား နဲ့ ဟိုက်ဒရိုအောက်စီ ကလိုရိုကွင်း ဆေး ၂မျိုးလုံးက လူနာတွေကို ပြန်လည်နေကောင်းလာဖို့အတွက် မဖြစ်နိုင်ဘူးလို့ WHO က ပြုလုပ်တဲ့ စမ်းသက်ချက်ရလဒ်ကို တနလာင်္နေ့ထုတ် Annals of internal medicine မဂ္ဂဇင်းမှာ ဖော်ပြထားပါတယ်။

စမ်းသက်ချက်ရလဒ်တွေအရ ဟိုက်ဒရိုအောက်စီကလိုရိုကွင်းနဲ့ ကုတဲ့ လူနာ ၈% နဲ့ ရမ်ဒီဆီးဗားနဲ့ ကုတဲ့ လူနာ ၇% တို့ဟာဆေးရုံမှာပဲ အသက်ဆုံးရှုံးလိုက်ရပါတယ်လို့ ဆိုပါတယ်။

အဲ့ဒိဆေးတွေနဲ့ မကုဘဲ အသက်ရူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏါ ကိုထိန်းချုပ်တဲ့ ဆေးတွေ ရယ်၊ ရောင်ရမ်းမှု ကိုလျှော့ချတဲ့ အခြားဆေးဝါးတွေနဲ့ စတီရွိုက်ဆေးတွေကို ရောပြီးကုသတဲ့ နည်းက သေဆုံးသူ ၄% ကနေ ၇% အထိပဲရှိပါတယ်။

အောက်စီဂျင်ပေးနေရတဲ့ ကိုဗစ်လူနာတွေမှာ ရမ်ဒီဆီးဗားနဲ့ ကုရင် ၁၀% အသေအပျောက်ရှိပြီး ဟိုက်ဒရိုအောက်စီကလိုရိုကွင်းနဲ့ ကုရင် ၁၅% အသေအပျောက်ရှိပါတယ်။ အခြား ဆေးတွေနဲ့ ကုရင်တော့ ၇% ကနေ ၁၁ % အတွင်းပဲသေပါတယ်။

“ ကျနော်တို့ အရင်က ရမ်ဒီဆီးဗားတို့ ဟိုက်ဒရိုအောက်စီ ကလိုရိုကွင်း တို့နဲ့ ကုရင် ကိုဗစ်လူနာတွေကို မြန်မြန် သက်သာစေတယ်လို့ သိထားတာပါ။ ဒါပေမဲ့ ဆေးရုံတင်လာရတဲ့ လူနာတွေကို အဲ့ဒိဆေးတွေက ထိထိရောက်ရောက် သက်သာအောင် မလုပ်ပေးနိုင်ဘူး ဆိုတာကို တွေ့လာရပါတယ်။ ကျနော်တို့ရဲ့ တွေ့ရှိချက်က အဲ့ဒိဆေးတွေ တကယ်အလုပ်ဖြစ်မဖြစ်ကို မေးခွန်းထုတ်လိုက်တာပါ” လို့ သုတေသီ ခေါင်းဆောင် နော်ဝေသားက ဆိုပါတယ်။

ရမ်ဒီဆီးဗားကို အီဗိုလာဗိုင်းရက်စ် ပိုးသတ်ဖို့အတွက် အမေရိကန်FDAက ခွင့်ပြုချက်ပေးလိုက်တာကို WHO က ကိုဗစ်အရေးပေါ်လူနာအတွက် သုံးဖို့ ခွင့်ပြုခဲ့တာပါ။

လက်ရှိတွေ့ရှိချက်အရ ရမ်ဒီဆီးဗားရော ဟိုက်ဒရိုအောက်စီ ကလိုရိုကွင်း ဆေး၂မျိုးလုံးကို ဆေးရုံတင်ရတဲ့ ကိုဗစ်လူနာတွေအပေါ် ကုသမှုပေးတဲ့အပိုင်းက အခြားနည်းတွေထက် ပိုမကောင်းဘူးဆိုတာကို သိရတယ်လို့ ဆိုလိုတာပါ။
REF: UPI
Photo: UPI

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

လေထဲက ကာဗွန်တွေကိုစုပ်ဖို့ အစ္စရေးက နည်းပညာမြင့် မိုးပျံပူဖောင်းကြီးတွေ လွှတ်တင်ဖို့ စီစဉ်နေ
International-news
လေထဲက ကာဗွန်တွေကိုစုပ်ဖို့ အစ္စရေးက နည်းပညာမြင့် မိုးပျံပူဖောင်းကြီးတွေ လွှတ်တင်ဖို့ စီစဉ်နေ

လေထဲက ကာဗွန်တွေကိုစုပ်ဖို့ အစ္စရေးက နည်းပညာမြင့် မိုးပျံပူဖောင်းကြီးတွေ လွှတ်တင်ဖို့ စီစဉ်နေ မောင်ယဿ ( နိုဝင်ဘာ ၅ ) ကမ္ဘာကြီး ပူနွေးလာစေရန် လုပ်နေတဲ့ ကမ္ဘာ့လေထုအပေါ်လွာမှာ ရှိတဲ့ ကာဗွန်တွေကို စုပ်ယူဖို့အတွက် နည်းပညာ မြင့်မိုးပျံပူဖောင်း ကြီးတွေကို လွှတ်တင်ဖို့ အစ္စရေးက စမ်းသက်မှုတွေလုပ်နေပါတယ်။ ကမ္ဘာ့လေထုထဲကို ကာဗွန်တွေကို စုတ်ယူပြီး ပြန်လည် အသုံးပြုလို့ရတဲ့ နည်းပညာတစ်ရပ်ကို တီထွင်နိုင်ပြီ ဖြစ်ပေမဲ့ စမ်းသက်မှုတွေ လုပ်ရဦးမှာပါ။ လောလောဆယ် ပထမဦးဆုံး တစ်လုံးကို စမ်းသက်လွှတ် တင်ထားပါတယ်။ ကမ္ဘာ့လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုက်ကို စိုက်ပျိုးရေး စက်မှုလုပ်ငန်းတွေနဲ့ ရုပ်ကြွင်းလောင်စာ အသုံးပြုမှုကနေ ထုတ်လွှတ်ပေးလိုက်တာပါ။ လက်ရှိ ကမ္ဘာမှာဖြစ်ပေါ်နေတဲ့ ပူနွေးလာမှုရဲ့ …

သူပုန်တွေ ချီတက်လာလို့ အီသီယိုပီးယားမှာ အရေးပေါ်အခြေအနေကြေညာ
International-news
သူပုန်တွေ ချီတက်လာလို့ အီသီယိုပီးယားမှာ အရေးပေါ်အခြေအနေကြေညာ

သူပုန်တွေ ချီတက်လာလို့ အီသီယိုပီးယားမှာ အရေးပေါ်အခြေအနေကြေညာ မောင်ယဿ ( နိုဝင်ဘာ ၃ ) တိုက်ဂရေးဒေသ မြောက်ပိုင်းမှာနေတဲ့ သူပုန်တွေတပ်က မြို့ တော်နားအထိ ချီတက်လာတဲ့ အတွက် တိုင်ပြည်အရေးပေါ်အခြေအနေ ကြေညာကြောင်း အီသီယိုပီးယား အစိုးရက မနေ့က ကြေညာလိုက်ပါတယ်။ တိုက်ဂရေးပြည်သူ့လွတ်မြောက်ရေး တပ်ဦး (TPLF) ရဲ့ တပ်တွေက မြို့တော် အက်ဒစ်အာဘာဒါ ကို သွားတဲ့ လမ်းကြောင်းပေါ်မှာရှိတဲ့ ဒက်ဆီနဲ့ ကွန်ဘော်ချာမြို့တွေကို သိမ်ပိုက်ထားလိုက်ပါပြီ။ သူပုန်တပ်တွေ ချီတက်လာပြီဖြစ်လို့ မြို့တော်အနီးတဝိုက် နဲ့ မြိုကတော်နေ ပြညသူများ ရရာလက်နက်စွဲကိုင်ပြီး သူပုန်တွေ ကို ပြန်လည်တိုက်ခိုက်ဖို့ ပြင်ဆင်ကြပါဆိုပြီး ဝန်ကြီးချုပ် အာဘီယီအာမက် က သတိပေးနှိုးဆော်ထားပါတယ်။ …

ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ
International-news
ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ

ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ ရင်ငြိမ်းနွေ ( အောက်တိုဘာ ၂၆ ) အချစ်ဆိုတဲ့အရာဟာ တော်တော်ထူးဆန်းတဲ့အရာပါ။ အသက်အရွယ် ရုပ်ရည် အဆင့်အတန်းတွေကို ကျော်ဖြတ်ပြီး သူချစ်ချင်တဲ့ အရာကိုချစ်အောင် လုပ်ပစ်လိုက်တာချည်းပါပဲ။ ဒီကနေ့ ဂျပန်တော်ဝင်မင်းသမီးမာကို ( ၃၀ နှစ်) က သူမရဲ့ချစ်သူ သာမန်အရပ်သား ကိုင်းကိုမူရိုနဲ့ စည်ပင်ရုံးမှာ လက်ထပ်လိုက်ပါပြီ။ ကိုမူရိုက နယူးယောက်ခ်ဥပဒေကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်တဲ့ဝန်ထမ်းတစ်ယောက်ပါ။ တော်ဝင်မိသားစုဝင် တစ်ဦးဖြစ်တဲ့ မာကိုက အရပ်သားကိုမူရိုကို လက်ထပ်လိုက်တဲ့အတွက်ကြောင့် သူမရဲ့ တော်ဝင်နန်းမွေကို စွန့်လွှတ်လိုက်ရပါတယ်။ ဂျပန်ဘုရင် နာရူဟီတို ရဲ့တူမဖြစ်သူ မင်းသမီးမာကိုက အကြီးဆုံးနန်းမွေခံမင်းသမီး ဖြစ်ပါတယ်။ သူမက နန်းတော်အဆောင်မှူးတွေအကူအညီနဲ့ စည်ပင်ရုံးမှာ လက်ထပ်ခဲ့တာပါ။ …