ကိုဗစ္ကာလ လြန္ က်ေနာ္တို႔ရဲ႕လူေနမႈ ပုံစံသစ္မွာ လိုအပ္ခ်က္

ကိုဗစ္ကာလ လြန္ က်ေနာ္တို႔ရဲ႕လူေနမႈ ပုံစံသစ္မွာ လိုအပ္ခ်က္
International-news

ကိုဗစ္ကာလ လြန္ က်ေနာ္တို႔ရဲ႕လူေနမႈ ပုံစံသစ္မွာ လိုအပ္ခ်က္

အာရွ နဲ႔ ဥေရာပပိုင္းမွာေတာ့ ကိုဗစ္-၁၉ ေရာဂါပိုး ျပန္ႏွံ႔မႈကို တျဖည္းျဖည္း နဲ႔ ထိန္းခ်ဳပ္ လာႏိုင္ၿပီ ျဖစ္ပါတယ္ ။ က်ေနာ္တို႔က နဂို လူေနမႈပုံစံထဲကို ျပန္ေရာက္လာေတာ့မွာ ျဖစ္ပါတယ္ ။ ဒါေပမဲ့ နဂိုလိုေတာ့ က်ေနာ္တို႔ေတြ ျပန္ျဖစ္ လာႏိုင္စရာမရွိေတာ့ပါဘူး ။ က်ေနာ္တို႔ေတြရဲ႕ က်န္းမာေရးအတြက္ က်ေနာ္တို႔ရဲ႕ လူေနမႈ ပုံစံကို ေျပာင္းလဲေပးရ ေတာ့မွာပါ ။ အဲ့ဒိမွာ က်ေနာ္တို႔ မျဖစ္မေန လိုက္နာရမယ့္ အခ်က္ေတြ ရွိပါတယ္ ။ က်ေနာ္တို႔ ဘယ္သြားသြား မက္စ္တပ္ရေတာ့မွာပါ ။

ေဟာင္ေကာင္လို ဂ်ပန္လို ႏိုင္ငံေတြကေတာ့ မက္စ္တပ္တာက အထူးအဆန္း မဟုတ္ေတာ့ပါဘူး ။ သူတို႔ ေတြက ေရာဂါ မျပန႔္ႏွံ႔ခင္ကတည္းက မက္စ္တပ္တဲ့ အေလ့ရွိပါတယ္ ။ ကိုဗစ္-၁၉ ေနာက္တစ္ႀကိမ္ မျပန႔္ ႏွံ႔ဖို႔ကေတာ့ က်ေနာ္တို႔လို ႏိုင္ငံေတြမွာ တပ္ေလ့တပ္ထ မရွိတဲ့ မက္စ္ကို ဆက္ၿပီး တပ္ရေတာ့မွာပါ ။ လက္သန႔္ေဆးကို လည္း ဆက္သုံး ေနရဦးမွာပါ ။ က်ေနာ္တို႔ အျပင္ကို သြားတဲ့အခါ အၿမဲ ယူေဆာင္သြား ေလ့ရွိတဲ့ လူ႔ အသုံးအေဆာင္ေတြကို လက္သန႔္ေဆးသုံးၿပီး သုတ္သင္ ေပးရတဲ့ အလုပ္တစ္ခု ပိုလာပါတယ္ ။

လက္ေဆးရတဲ့ ကိစၥကလည္း မျဖစ္မေန လုပ္ေနရဦးမွာပါ ။ က်ေနာ္တို႔ တစ္ခုခုကို ကိုင္တြယ္ၿပီးေနာက္မွာေတာ့ လက္ေဆးတာကို အက်င့္ ျဖစ္ေအာင္ ဆက္လုပ္ေနရဦးမွာပါ ။ လက္ကို ဆပ္ျပာနဲ႔မၾကာခဏ ေဆးေပးတာကို က ေရာဂါကို ထိန္းခ်ဳပ္တဲ့ နည္းလမ္းေကာင္းတစ္ခုပါပဲ ။ ဆိုရွယ္ဒစၥတန႔္ကလည္း လုပ္ရဦးမယ့္ ကိစၥပါပဲ ။ တတ္ႏိုင္ သေလာက္လူစုလူေဝး ေတြကို ေရွာင္တဲ့ အက်င့္ကို လုပ္ရမွာပါ ။

မေတာ္တဆဆိုတဲ့ ကိစၥ ဆိုတာ လူစုလူေဝး ကိစၥေတြမွာပဲ ျဖစ္တတ္တဲ့ အတြက္ တတ္ႏိုင္ သေလာက္ အိမ္မွာ ေနတာက အေကာင္းဆုံး ကာကြယ္ ႏိုင္ျခင္းပါပဲ ။ မလိုအပ္ဘဲ ႏိုင္ငံျခား ခရီးစဥ္ ေတြကို မထြက္တာ အေကာင္းဆုံးပါပဲ ။ ျဖစ္ႏိုင္ရင္ ေလေၾကာင္း ခရီးေတြကို မသြားတာအေကာင္းဆုံးပဲ ။ မီးရထားခရီးစဥ္ေတြ ကားေတြနဲ႔ ခရီးစဥ္ေတြမွာ ဆိုရွယ္ဒစၥတန႔္ ေတြကို လုပ္ႏိုင္ေအာင္စီစဥ္ ေပးရေတာ့မွာပါ ။

အိမ္မွာ လုပ္လို႔ရတဲ့အလုပ္ေတြကို အိမ္မွာပဲ လုပ္ရေတာ့မွာပါ ။ ျဖစ္ႏိုင္ရင္ အလုပ္ေတြကို လုပ္ငန္းရွင္ေတြက အိမ္မွာ အလုပ္လုပ္ဖို႔ အတြက္ အိမ္စာေတြကို ေပးၿပီး လူစုလူေဝးမျဖစ္ေအာင္ လုပ္ေပးရေတာ့မွာပါ ။ လက္ဆြဲ ႏႈတ္ဆက္တာေတြ ေပြ႕ဖက္ ႏႈတ္ဆက္တာေတြ က အရင္လို လုပ္လို႔ မရေတာ့ပါဘူး ။ သတိထားႏိုင္တာ ကေတာ့ အေကာင္းဆုံးပါပဲ ။

မျဖစ္မေန လုပ္ရမယ့္ ကိစၥကေတာ့ အီလက္ထ႐ြန္းနစ္ပစၥည္းေတြကို ကိုင္တြယ္တက္ေအာင္နဲ႔ အြန္လိုင္းေပၚကေန ေလ့လာသင္ယူမႈေတြကို လုပ္တတ္ေအာင္ သင္ရေတာ့မွာပါ ။ လူတိုင္း နီးပါးေလာက္က အြန္လိုင္းကိစၥေတြကို လုပ္တတ္ေအာင္ လုပ္ရ ေတာ့မွာပါ ။ ေနာက္အရာေတြကေတာ့ အရာရာကို စိတ္ရွည္ သည္းခံတတ္ေအာင္ ေနတတ္ဖို႔ရယ္ နဲ႔ မလိုအပ္ဘဲနဲ႔ အပိုပစၥည္းေတြကို ဝယ္မထားျခင္း တို႔ပါပဲ ။

ေမာင္ယႆ

REF; world of buzz / Photo; the jakatar post

Unicode

ကိုဗစ်ကာလ လွန် ကျနော်တို့ရဲ့လူနေမှု ပုံစံသစ်မှာ လိုအပ်ချက်

အာရှ နဲ့ ဥရောပပိုင်းမှာတော့ ကိုဗစ်-၁၉ ရောဂါပိုး ပြန်နှံ့မှုကို တဖြည်းဖြည်း နဲ့ ထိန်းချုပ် လာနိုင်ပြီ ဖြစ်ပါတယ် ။ ကျနော်တို့က နဂို လူနေမှုပုံစံထဲကို ပြန်ရောက်လာတော့မှာ ဖြစ်ပါတယ် ။ ဒါပေမဲ့ နဂိုလိုတော့ ကျနော်တို့တွေ ပြန်ဖြစ် လာနိုင်စရာမရှိတော့ပါဘူး ။ ကျနော်တို့တွေရဲ့ ကျန်းမာရေးအတွက် ကျနော်တို့ရဲ့ လူနေမှု ပုံစံကို ပြောင်းလဲပေးရ တော့မှာပါ ။ အဲ့ဒိမှာ ကျနော်တို့ မဖြစ်မနေ လိုက်နာရမယ့် အချက်တွေ ရှိပါတယ် ။ ကျနော်တို့ ဘယ်သွားသွား မက်စ်တပ်ရတော့မှာပါ ။

ဟောင်ကောင်လို ဂျပန်လို နိုင်ငံတွေကတော့ မက်စ်တပ်တာက အထူးအဆန်း မဟုတ်တော့ပါဘူး ။ သူတို့ တွေက ရောဂါ မပြန့်နှံ့ခင်ကတည်းက မက်စ်တပ်တဲ့ အလေ့ရှိပါတယ် ။ ကိုဗစ်-၁၉ နောက်တစ်ကြိမ် မပြန့် နှံ့ဖို့ကတော့ ကျနော်တို့လို နိုင်ငံတွေမှာ တပ်လေ့တပ်ထ မရှိတဲ့ မက်စ်ကို ဆက်ပြီး တပ်ရတော့မှာပါ ။ လက်သန့်ဆေးကို လည်း ဆက်သုံး နေရဦးမှာပါ ။ ကျနော်တို့ အပြင်ကို သွားတဲ့အခါ အမြဲ ယူဆောင်သွား လေ့ရှိတဲ့ လူ့ အသုံးအဆောင်တွေကို လက်သန့်ဆေးသုံးပြီး သုတ်သင် ပေးရတဲ့ အလုပ်တစ်ခု ပိုလာပါတယ် ။

လက်ဆေးရတဲ့ ကိစ္စကလည်း မဖြစ်မနေ လုပ်နေရဦးမှာပါ ။ ကျနော်တို့ တစ်ခုခုကို ကိုင်တွယ်ပြီးနောက်မှာတော့ လက်ဆေးတာကို အကျင့် ဖြစ်အောင် ဆက်လုပ်နေရဦးမှာပါ ။ လက်ကို ဆပ်ပြာနဲ့မကြာခဏ ဆေးပေးတာကို က ရောဂါကို ထိန်းချုပ်တဲ့ နည်းလမ်းကောင်းတစ်ခုပါပဲ ။ ဆိုရှယ်ဒစ္စတန့်ကလည်း လုပ်ရဦးမယ့် ကိစ္စပါပဲ ။ တတ်နိုင် သလောက်လူစုလူဝေး တွေကို ရှောင်တဲ့ အကျင့်ကို လုပ်ရမှာပါ ။

မတော်တဆဆိုတဲ့ ကိစ္စ ဆိုတာ လူစုလူဝေး ကိစ္စတွေမှာပဲ ဖြစ်တတ်တဲ့ အတွက် တတ်နိုင် သလောက် အိမ်မှာ နေတာက အကောင်းဆုံး ကာကွယ် နိုင်ခြင်းပါပဲ ။ မလိုအပ်ဘဲ နိုင်ငံခြား ခရီးစဉ် တွေကို မထွက်တာ အကောင်းဆုံးပါပဲ ။ ဖြစ်နိုင်ရင် လေကြောင်း ခရီးတွေကို မသွားတာအကောင်းဆုံးပဲ ။ မီးရထားခရီးစဉ်တွေ ကားတွေနဲ့ ခရီးစဉ်တွေမှာ ဆိုရှယ်ဒစ္စတန့် တွေကို လုပ်နိုင်အောင်စီစဉ် ပေးရတော့မှာပါ ။

အိမ်မှာ လုပ်လို့ရတဲ့အလုပ်တွေကို အိမ်မှာပဲ လုပ်ရတော့မှာပါ ။ ဖြစ်နိုင်ရင် အလုပ်တွေကို လုပ်ငန်းရှင်တွေက အိမ်မှာ အလုပ်လုပ်ဖို့ အတွက် အိမ်စာတွေကို ပေးပြီး လူစုလူဝေးမဖြစ်အောင် လုပ်ပေးရတော့မှာပါ ။ လက်ဆွဲ နှုတ်ဆက်တာတွေ ပွေ့ဖက် နှုတ်ဆက်တာတွေ က အရင်လို လုပ်လို့ မရတော့ပါဘူး ။ သတိထားနိုင်တာ ကတော့ အကောင်းဆုံးပါပဲ ။

မဖြစ်မနေ လုပ်ရမယ့် ကိစ္စကတော့ အီလက်ထရွန်းနစ်ပစ္စည်းတွေကို ကိုင်တွယ်တက်အောင်နဲ့ အွန်လိုင်းပေါ်ကနေ လေ့လာသင်ယူမှုတွေကို လုပ်တတ်အောင် သင်ရတော့မှာပါ ။ လူတိုင်း နီးပါးလောက်က အွန်လိုင်းကိစ္စတွေကို လုပ်တတ်အောင် လုပ်ရ တော့မှာပါ ။ နောက်အရာတွေကတော့ အရာရာကို စိတ်ရှည် သည်းခံတတ်အောင် နေတတ်ဖို့ရယ် နဲ့ မလိုအပ်ဘဲနဲ့ အပိုပစ္စည်းတွေကို ဝယ်မထားခြင်း တို့ပါပဲ ။

မောင်ယဿ

REF; world of buzz / Photo; the jakatar post

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

အစ္စရေး-ပါလက်စတိုင်း ၁၁ ရက်စစ်ပွဲမှာ အစ္စရေးတို့ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တယ်လို့ ဆို
International-news
အစ္စရေး-ပါလက်စတိုင်း ၁၁ ရက်စစ်ပွဲမှာ အစ္စရေးတို့ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တယ်လို့ ဆို

အစ္စရေး-ပါလက်စတိုင်း ၁၁ ရက်စစ်ပွဲမှာ အစ္စရေးတို့ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တယ်လို့ ဆို မောင်ယဿ (ဇူလိုင် ၂၇ ) ပြီးခဲ့တဲ့ မေလအတွင်းက ၁၁ ရက်ကြာဖြစ်ပွားခဲ့တဲ့ အစ္စရေး- ပါလက်စတိုင်း စစ်ပွဲမှာ အစ္စရေးတို့ဖက်က စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ရဲ့ ဒီကနေ့ အစီရင်ခံစာမှာ ပါလာပါတယ်။ ဂါဇာကမ်းမြှောင်ဒေသက ဟားမတ်သူပုန်တွေကို လေကြောင်းကနေ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၂၃၀ကျော် သေခဲ့ရသလို ဟားမတ်တွေရဲ့ ရောကတ်နဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အစ္စရေး ၁၂ဦး သေဆုံး ခဲ့ရပါတယ်။ အဲ့ဒိသေဆုံးမှုတွေကို လူ့အခွင့်အရေးအဖွဲ့ က ပြန်လည်စစ်ဆေးတဲ့ နေရာမှာ စစ်တပ်ရဲ့ ပစ်မှတ် မဟုတ်ဘဲ အရပ်သားချည်းပဲရှိတဲ့ နေရာကို အစ္စရေးတို့ ဗုံးကျဲတိုက်ခိုက်ခဲ့လို့ …

တောင်-မြောက် ကိုရီးယား အရေးပေါ်ဖုန်းလိုင်းတွေ ပြန်ရပြီ
International-news
တောင်-မြောက် ကိုရီးယား အရေးပေါ်ဖုန်းလိုင်းတွေ ပြန်ရပြီ

  မောင်ယဿ ( ဇူလိုင် ၂၇ ) မနှစ်က ဇွန်လကနေစပြီးတော့ ဖြတ်တောက်ထားတဲ့ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားတို့ရဲ့ အရေးပေါ် ဖုန်လိုင်းတွေ အားလုံး နီးပါ ဒီနေ့မနက်မှာပြန်ပြီးတော့ အဆက်အသွယ်ရပြီဖြစ်လို့ ကိုရီးယား ကျွန်းဆွယ်ပေါ်က တင်းမာမှုတွေ တစ်စိတ်တစ်ပိုင်း လျှော့ ကျသွားပါပြီ။ ဒီနေ့ မနက် ၁၀ နာရီလောက်မှာ တောင်ကိုရီးယား ဆက်ဆံရေး ရုံး နဲ့ စစ်တပ်အချင်းချင်းဆက်သွယ်တဲ့ ဖုန်းလိုင်းတွေ ပြန်ပွင့်သွားကာ မြောက်ကိုရီးယာဖက်က ဖုန်းခေါ်သံတွေ နဲ့ နှုတ်ဆက်သံတွေ ထွက်ပေါ် လာခဲ့ပါတယ်။ မြောက်ကိုရီးယားဖက်က ဖုန်းလိုင်းစမ်းတဲ့အနေနဲ့ တောင်ကိုရီးယားဖက်ကို ဖုန်းခေါ်လို့ တာဝန်ကျအရာရှိတွေနဲ့ အထက်အဆင့်ဆင့် တင်ပြမှုတွေ လုပ်ရလို့ တောင်ကိုရီးယားစစ်တပ် အလုပ်ရှုတ်သွားပါတယ်။ …

အိန္ဒိယသား မယူရလို့ လူမျိုးရေးခွဲခြား စာတမ်းထိုးလို့ မလေးအွန်လိုင်းပေါ်မှာ ပွထသွား
International-news
အိန္ဒိယသား မယူရလို့ လူမျိုးရေးခွဲခြား စာတမ်းထိုးလို့ မလေးအွန်လိုင်းပေါ်မှာ ပွထသွား

အိန္ဒိယသား မယူရလို့ လူမျိုးရေးခွဲခြား စာတမ်းထိုးလို့ မလေးအွန်လိုင်းပေါ်မှာ ပွထသွား မောင်ယဿ ( ဇူလိုင် ၂၇ ) လူမျိုးရေးခွဲခြားတဲ့ အသုံးအနှုန်းနဲ့ အလှူလုပ်လို့ မလေးရှား အွန်လိုင်းပေါ်မှာ ပြစ်တင်ရှုံ့ချမှုတွေ ပွထသွားပါတယ်။ မလေးရှားမှာ ကိုဗစ်ကြောင့် လုပ်ငန်းတွေ လုပ်ဆိုင်းထား ၊ အသွားအလာတွေ ကန့်သတ်ထားလို့ ပြည်သူတော်တော်များများ စားရေးသောက်ရေး အကျတ်အတည်း နဲ့ ကြုံတွေ့နေ ရပါတယ်။ တတ်နိုင်တဲ့ ပြည်သူတွေက မတတ်နိုင်တဲ့ ပြည်သူတွေကို ကူညီဖို့အတွက် အစားအသောက်ဘဏ်လေးတွေက နိုင်ငံနဲ့ အနှံ့အပြားမှာ မှိုလိုပေါက်လာကြပါတယ်။ အဲ့ဒိမှာ ပြဿနာလေးရှိတာက လူမျိုးရေးခွဲခြားတဲ့ အလှူ အစားအသာက် ဘဏ်တွေကြောင့် ဆွမ်းဆန်ထဲကို ကြက်ချေးရောနေသလို ဖြစ်နေပါတယ်။ ဂျိုဟိုး …