
International-news







မောင်ယဿ


Unicode

ကိုဗစ်ကင်းစင်ပြီလို့ ကြေငြာပြီး နောက်တစ်ရက်အကြာမှာ ပိုးတွေ့ လူနာ၂ဦး တွေ့တဲ့ နယူးဇီလန်

ကိုဗစ်-၁၉ ရောဂါပိုးက မျက်လှည့် ဆန်တဲ့ ပုံစံမျိုးရှိတတ်ပါတယ် ။ ရောဂါပြန့်နှံ့ ကာစ အချိန်က အာရှက ရောဂါပိုး ဖြန့်ဝေတဲ့ ဗဟိုဌာနဖြစ်လိမ့်မယ်လို့ ခန့်မှန်းကြ ပေမဲ့ တကယ် ရောဂါပိုး တွေ့ရှိသူ အများဆုံး ဖြစ်ခဲ့တာက ဥရောပတိုက် ဖြစ်ခဲ့ပါတယ် ။ အဲ့ဒိနောက် ကျန်းမာရေးနဲ့ ပတ်သက်လို့ လုံခြုံမှု မရှိတဲ့ အာဖရိက က ရောဂါပြန့် ပွားမှု အများဆုံး ဖြစ်လိမ့်မယ်လို့ ခန့်မှန်းချိန်မှာ ကျန်းမာရေး စောင့်ရှောက်မှု ကောင်းပါတယ် ဆိုတဲ့ မြောက်အမေရိကားမှာ ကော်ရိုနာ ဗိုင်းရက်က ကမ္ဘာ့ပထမဆုံး ရောဂါပိုးပြန့်ပွားမှု အများဆုံး ဖြစ်ခဲ့ပါတယ် ။

နောက်ပိုင်းမှာတော့ လက်တင် အမေရိကားနိုင်ငံတွေနဲ့ ကိုဗစ်-၁၉စတင်ဖြစ်တဲ့ တရုတ်နိုင်ငံသားတွေ အထိအတွေ့ နည်းတဲ့ တောင်အမေရိကား နိုင်ငံတွေမှာ ရောဂါပို့တွေ့ ရှိသူတွေကို အမြောက်အများ တွေ့ခဲ့ရပြီး သေဆုံးမှုနှုန်းလည်း မြင့်မား နေပါတယ် ။

ပြီးခဲ့တဲ့ ရက်က နယူးဇီလန် နိုင်ငံက သူတို့ရဲ့နောက်ဆုံး လူနာ ဆေးရုံက ဆင်းပြီး နောက်မှာတော့ ကမ္ဘာ့ပထမ ဆုံး ကိုဗစ် ကင်းစင် နိုင်ငံဖြစ်ခဲ့ပြီလို့ ကြေငြာခဲ့ပါတယ် ။ သူတို့အနေနဲ့ ကော်ရိုနာဗိုင်းရက် ကိုကောင်းစွာ ထိန်းချုပ် နိုင်ခဲ့ပြီလို့ ဟစ်ကြွေးခဲ့ပါတယ် ။ ကံမကောင်းချင်တော့ သူတို့ရဲ့ ဟစ်ကြွေးမှု က ၂၄နာရီ သာသာမှာပဲ ကိုဗစ်-၁၉ ပိုးတွေ့ လူနာ၂ ယောက်ကို တွေ့ရှိခဲ့ပါတယ် ။ သူတို့၂ ယောက်ရဲ့ ခရီးသွား ရာဇဝင်စစ်ကြည့်တော့ သူတို့က မကြာသေးခင်ကမှ ယူကေ(အင်္ဂလန်) ကိုသွားခဲ့တယ်လို့ သိရပါတယ် ။

အဲ့ဒိ ကူးစက်မှုအသစ်က ပိုးကင်းပြီးဆိုပြီး ပြန်ဖွင့်ခဲ့တဲ့ နယူးဇီလန်ရဲ့ စီးပွားရေးလုပ်ငန်းတွေ လူမှုရေးလုပ်ငန်း တွေကို နောက်ပြန်ဆုတ် သွားစေပါတယ် ။ ကပ်ရောဂါ ဖြစ်ပြီးမှ မူလအခြေအနေကို ပြန်လည် ရောက်လာတဲ့ ကမ္ဘာ့ နိုင်ငံအနည်းစု စာရင်းမှာပါတဲ့ နယူးဇီလန်က အခုတော့ ဆိုရှယ်ဒစ္စတန့် တွေပြန်လုပ်ဖို့ တိုက်တွန်း နေရပါတယ် ။ ပိုးတွေ့လူနာအမျိုးသမီး ၂ဦးက နယူးဇီလန်က ဆွေမျိုးတစ်ဦး သေလုမျောပါး အရေးပေါ် ဖြစ်နေလို့ အင်္ဂလန်ကနေ နယူးဇီလန်ကို အလာမှာ ကွာရင်တိုင်း မဝင်လိုက်ရဘဲ နိုင်ငံတွင်း ခရီးသွားလာခွင့်ကို ရလိုက်တာပါ ။ အဲ့လိုဖြစ်ပြီးနောက်မှာတော့ ဝန်ကြီးချုပ်က နယ်စပ်ဝင်ပေါက်တွေကို သေသေချာချာ စောင့်ကြည့်ဖို့ အတွက် စစ်တပ်ကို အမိန့်ပေးလိုက်ရပါတယ် ။

နယူးဇီလန်က နယ်စပ်တွေကို ဖွင့်ပေးပြီးနောက်မှာ နိုင်ငံသားတွေနဲ့ သူတို့ရဲ့ မိသားစုတွေကို ပြန်ဝင်ခွင့် ပေးခဲ့ပါတယ် ။ နောက်ပြီးချွင်းချက်အနေနဲ့ နိုင်ငံခြားသား စီးပွားရေးသမားတွေနဲ့ ဂရုဏါကိစ္စတွေ အတွက် ကွာရင်တိုင်း ၁၄ရက် ဝင်ပြီး တိုင်းပြည်တွင်း ဝင်ရောက်ခြင်း ကိုခွင့်ပြုခဲ့ပါတယ် ။ အခုတော့ အရေးပေါ်ကိစ္စ အတွက် ကွာရင်တိုင်း လွတ်ခွင့် ပေးလိုက်တာက အခြေအနေ ဆိုးတစ်ရပ်ဆီကို ပြန်လည် ဦးတည်သလို ဖြစ်သွားပါတယ် ။

မောင်ယဿ

REF: world of buzz photo : lokmat

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ
International-news
မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ

မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ မလေးရှားနိုင်ငံမှာ ၂၀၁၈ ခုနှစ် နောက်ပိုင်းကနေ စပြီးတော့ စာသင်ကျောင်းတွေမှာ ကျောင်းသား အချင်းချင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်မှုတွေက တဖြည်းဖြည်း တိုးတက်လာပါတယ် ။ အရင်က ကလေးအချင်ချင်းပဲဆို တဲ့စိတ် နဲ့ ဖြေသာကြပေမဲ့ နောက်ပိုင်းမှာ နှိပ်စက်ခံရတဲ့ကလေးတွေက ကျောင်းသွားဖို့ အတွက် ငြင်းဆန် လာကြတဲ့ အခါမှာတော့ ကျောင်းသားမိဘတွေက အဲ့ဒိကိစ္စပေါ်ကို အာရုံစိုက်လာကြပါတယ် ။ ကျောင်းသားအချင်းချင်း ညှင်းပန်းနှိပ်စက်မှုတွေက အမျိုးမျိုးရှိပါတယ် ။ အချို့ သေသွားတဲ့ဖခင်ရဲ့ နာမည်နဲ့ နာမည်ပြောင်ကို လူကြားထဲမှာ ဝိုင်းအော်ခေါ်ပြီး အရှက်ခွဲ တဲ့ ကိစ္စမျိုးကစပြီး အတန်းထဲမှာ ကိုယ်ထိ …

ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား
International-news
ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား

ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား အခြေခံ ဥပဒေကို အပြောင်းအလဲ လုပ်မယ်ဆိုပြီး ရုရှားသမ္မတ ပူတင်က မဲဆန္ဒ ခံယူပွဲလုပ်တဲ့အပေါ်ကို အတိုက်အခံ သမားတွေက ဟာသတစ်ခု လုပ်နေတာလို့ ဝိုင်းပြီး ရှုံ့ ချနေကြပါတယ် ။ မော်စကို စာအုပ်ဆိုင်တွေ စာအုပ်ရောင်းကောင်းအောင်လို့ မူရင်း ဥပဒေစာအုပ်ကို ဟိုနားနည်းပြင် ဒီနားနည်းနည်းပြင်လုပ် အခြေခံ ဥပဒေပြင်ပါတယ်ဆိုပြီး လူကြားကောင်းအောင် လုပ်နေပါတယ်လို့ ဆိုကြတယ် ။ ကွန်မြူနစ်လစ်ဘရာယ် ပြုပြင်ပြောင်းလဲရေး သမားတွေက ကရင်းမလင်း အစိုးရက အသက် ၆၇ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ပူတင်ကို သမ္မတ သက်တမ်းရှည်အောင် လုပ်ဖို့ ကြိုးစားနေတာပါလို့လည်း ဝေဖန် နေကြပါတယ် ။ …

ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ
International-news
ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ

ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ ဂျပန်နိုင်ငံ က ဂျေလိဂ် တတိယတန်းမှာ ကစားနေတဲ့ ဖူကူရှီမား ဘောလုံး အသင်းက ကော်ရိုနာဗိုင်ဗိုင်းရက် ပြန့်နှံ့စဉ် ကာလအတွင်းမှာ ကလပ်အသင်း ပိုင်ရှင်အနေနဲ့ သူတို့ကို ငွေကြေး မပေး နိုင်တော့လို့ အသင်းသားတွေက အသင်း ဆက်လက် တည်မြဲအောင် သီးပင်စားပင်တွေ စိုက်ပျိုးပြီး ဝင်ငွေရှာခဲ့ကြပါတယ် ။ ဂျပန်မှာ ကော်ရိုနာဗိုင်းရက်တွေ စပြန့်လို့ ဖေဖော်ဝါရီလမှာ ကလပ်အသင်း ပြိုင်ပွဲ တွေ ရပ်လိုက် ကတည်းက သူတို့က နယ်ဖက်က သူတိုရဲ့ လေ့ကျင့်ရေး ကွင်းတစ်ဝိုက်မှာ သီးပင်စားပင်တွေနဲ့ အဓိကကတော့ ဟင်းသီးဟင်းရွက် တွေကို …