
International-news







မောင်ယဿ

REF: upi / Photo; upi

Unicode

ကိုဆိုဗို သမ္မတ ဟာရှင်သာစီ ကို စစ်ရာဇဝတ်မှုနဲ့ တရားစွဲပြီ

လွန်ခဲ့တဲ့ နှစ်၂၀ကျော်က ဆာဗီးယား လွတ်လပ်ရေး စစ်ပွဲမှာ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့တယ်ဆိုတ ဲ့ စွပ်စွဲချက်နဲ့ ကိုဆိုဗိုအရေး ကျွမ်းကျင်သူ ရှေ့နေတွေက ကိုဆိုဗို သမ္မတကို တရားစွဲဆိုလိုက်ပါတယ် ။

သမ္မတ သာစီ ၊နိုင်ငံရေးသမားဗီဆီလီ နဲ့ အခြားသူတွေကို ရာဇဝတ်မှု ၁၀ ခုနဲ့ တရားစွဲ ထားပါတယ် ။ သူတို့က စစ်ပွဲ အတွင်းမှာ အရပ်သားတွေကို သတ်ဖြတ်မှု ၊ လူမျိုးတုန်း အပြောင်ရှင်းမှု ၊ညှင်းပန်းနှိပ်စက်မှု တို့အပါအဝင် စစ်ရာဇဝတ်မှုနဲ့ လူသား မဆန်မှု တွေအတွက် ရှေ့နေတွေက တရားစွဲ ရတာပါလို့ ကြေငြာခဲ့ပါတယ် ။

ကိုဆိုဗိုက အယ်ဘေးနီးယားသားတွေ ၊ ဆာ့ဘ်တွေ ရိုမားတွေနဲ့ အခြားသော တိုင်းရင်းသားမျိုးနွယ်စုတွေ အပြင် နိုင်ငံရေး ဆန့်ကျင်ဘက် အင်အားစုတွေကို သာစီနဲ့ သူတပ်ဖွဲ့တွေက အပျောက်ရှင်း ခဲ့ကြပါတယ် ။ သူတို့ရဲ့ သတ်ဖြတ်မှုကို ခံရသူတွေထဲမှာ လူသိထင်ရှား မျိုးနွယ်စုခေါင်းဆောင်တွေ ရာနဲ့ချီပြီး ပါဝင်ပါတယ် ။ သာစီတို့ရဲ့ အဖွဲ့တွေက ဥပဒေမဲ့ လှို့ဝှက်လုပ်ကြံမှုတွေကို လည်း လုပ်ခဲ့တယ်ဆိုတာကို ရှေ့နေအဖွဲ့က ၂၀၁၀ တုန်းက အထောက်အထားနဲ့ စစ်ခုံရုံးကို တင်ပြခဲ့ဖူးပါတယ် ။

အဲ့ဒိတုန်း ကလည်း ဥရောပသမဂ္ဂနဲ့ ကိုဆိုဗိုကြား ပြုလုပ်ထားတဲ့ သဘောတူညီမှု တစ်ခုကြောင့် သာစီတို့ အခွင့်အရေး တစ်ခုရခဲ့ပါတယ် ။ ရှေ့နေတွေကတော့ သာစီတို့ အဖွဲ့ တရားရေးလမ်းကြောင်း အတိုင်းကို ရင်ဆိုင်ဖို့အတွက် အစွမ်းကုန် ကြိုးစားခဲ့ပါတယ် ။ သူတို့ရဲ့ အကျိုးစီးပွားအတွက် စစ်ကို ခုတုံးလုပ်ပြီး သတ်ဖြက်မှုတွေကို လုပ်ခဲ့ကြပါတယ်လို့ ရှေ့နေတွေက ယုံကြည်ခဲ့ကြပါတယ် ။

ဆာဗီးယားကနေပြီး တော့ လွတ်လပ်ရေရယူဖို့အတွက် တိုက်ပွဲ ဖြစ်ခဲ့တဲ့ ၁၉၉၈ -၉၉ ကာလအတွင်းမှာ ကိုဆိုဗိုလွတ်မြောက်ရေးစစ်တပ်ထဲမှာ အမှုထမ်းခဲ့တဲ့ စစ်သား၁၀၀ ကျော်ကို တွေ့ဆုံမေးမြန်းမှုတွေကို လုပ်ခဲ့ပါတယ် ။ အဲ့ဒိစွပ်စွဲမှုတွေကို ကိုဆိုဗို လွတ်မြောက်ရေး စစ်တပ်က တပ်မှူး ဟောင်းဖြစ်တဲ့ သာစီက ငြင်းဆိုထားပါတယ် ။ ပြီးခဲ့တဲ့ စနေနေက သာစီက အမေရိကန်နိုင်ငံက သမ္မတ အိမ်ဖြူတော်မှာ ဆာဗီယား သမ္မတနဲ့တွေ့ဆုံမှု ပြုဖို့အတွက် ခရီးထွက်ပြီးနောက်မှာတော့ သည်ဟေ့ဂ်ကို ရှေ့နေတွေက ဗုဒ္ဓဟူးနေ့မှာ စွပ်စွဲမှု တင်ခဲ့တာပဲဖြစ်ပါတယ် ။

မောင်ယဿ

REF: upi / Photo; upi

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ
International-news
မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ

မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ မလေးရှားနိုင်ငံမှာ ၂၀၁၈ ခုနှစ် နောက်ပိုင်းကနေ စပြီးတော့ စာသင်ကျောင်းတွေမှာ ကျောင်းသား အချင်းချင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်မှုတွေက တဖြည်းဖြည်း တိုးတက်လာပါတယ် ။ အရင်က ကလေးအချင်ချင်းပဲဆို တဲ့စိတ် နဲ့ ဖြေသာကြပေမဲ့ နောက်ပိုင်းမှာ နှိပ်စက်ခံရတဲ့ကလေးတွေက ကျောင်းသွားဖို့ အတွက် ငြင်းဆန် လာကြတဲ့ အခါမှာတော့ ကျောင်းသားမိဘတွေက အဲ့ဒိကိစ္စပေါ်ကို အာရုံစိုက်လာကြပါတယ် ။ ကျောင်းသားအချင်းချင်း ညှင်းပန်းနှိပ်စက်မှုတွေက အမျိုးမျိုးရှိပါတယ် ။ အချို့ သေသွားတဲ့ဖခင်ရဲ့ နာမည်နဲ့ နာမည်ပြောင်ကို လူကြားထဲမှာ ဝိုင်းအော်ခေါ်ပြီး အရှက်ခွဲ တဲ့ ကိစ္စမျိုးကစပြီး အတန်းထဲမှာ ကိုယ်ထိ …

ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား
International-news
ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား

ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား အခြေခံ ဥပဒေကို အပြောင်းအလဲ လုပ်မယ်ဆိုပြီး ရုရှားသမ္မတ ပူတင်က မဲဆန္ဒ ခံယူပွဲလုပ်တဲ့အပေါ်ကို အတိုက်အခံ သမားတွေက ဟာသတစ်ခု လုပ်နေတာလို့ ဝိုင်းပြီး ရှုံ့ ချနေကြပါတယ် ။ မော်စကို စာအုပ်ဆိုင်တွေ စာအုပ်ရောင်းကောင်းအောင်လို့ မူရင်း ဥပဒေစာအုပ်ကို ဟိုနားနည်းပြင် ဒီနားနည်းနည်းပြင်လုပ် အခြေခံ ဥပဒေပြင်ပါတယ်ဆိုပြီး လူကြားကောင်းအောင် လုပ်နေပါတယ်လို့ ဆိုကြတယ် ။ ကွန်မြူနစ်လစ်ဘရာယ် ပြုပြင်ပြောင်းလဲရေး သမားတွေက ကရင်းမလင်း အစိုးရက အသက် ၆၇ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ပူတင်ကို သမ္မတ သက်တမ်းရှည်အောင် လုပ်ဖို့ ကြိုးစားနေတာပါလို့လည်း ဝေဖန် နေကြပါတယ် ။ …

ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ
International-news
ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ

ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ ဂျပန်နိုင်ငံ က ဂျေလိဂ် တတိယတန်းမှာ ကစားနေတဲ့ ဖူကူရှီမား ဘောလုံး အသင်းက ကော်ရိုနာဗိုင်ဗိုင်းရက် ပြန့်နှံ့စဉ် ကာလအတွင်းမှာ ကလပ်အသင်း ပိုင်ရှင်အနေနဲ့ သူတို့ကို ငွေကြေး မပေး နိုင်တော့လို့ အသင်းသားတွေက အသင်း ဆက်လက် တည်မြဲအောင် သီးပင်စားပင်တွေ စိုက်ပျိုးပြီး ဝင်ငွေရှာခဲ့ကြပါတယ် ။ ဂျပန်မှာ ကော်ရိုနာဗိုင်းရက်တွေ စပြန့်လို့ ဖေဖော်ဝါရီလမှာ ကလပ်အသင်း ပြိုင်ပွဲ တွေ ရပ်လိုက် ကတည်းက သူတို့က နယ်ဖက်က သူတိုရဲ့ လေ့ကျင့်ရေး ကွင်းတစ်ဝိုက်မှာ သီးပင်စားပင်တွေနဲ့ အဓိကကတော့ ဟင်းသီးဟင်းရွက် တွေကို …