
International-news







မောင်ယဿ REF: daily mail

Unicode

ကားမောင်း လိုင်စင်ရဖို့ အခက်ဆုံးက အင်္ဂလန်

ယာဉ်မောင်း လိုင်စင် ယူတယ်ဆိုတာ လမ်းပေါ်မှာ မင်းကို သွားခွင့်ပြု လိုက်တာ ပါပဲ ။ အများသူငါ နဲ့အတူ လမ်းပေါ်ကို သွားရမှာ ဖြစ်တဲ့ အတွက် လမ်းစည်းကမ်း တွေ ကိုယ် အသုံးပြု နေတဲ့ ယာဉ်ရဲ့အထာတွေ ကို နားလည် ထားမှ အဆင်ပြေ မှာပါ ။ အဲ့ဒိ အတွက် လိုင်စင် ထုတ်ပေးတဲ့ သူတွေက တိတိ ကျကျ စစ်ဆေးရ ပါတယ် ။ နောက်ဆုံး လူတစ်ယောက်ရဲ့ စိတ်ကျန်းမာရေး ပြည့်စုံ မပြည့်စုံတောင် စစ်ဆေးဖို့ လိုအပ်ပါက စစ်ဆေးရ ပါတယ် ။

အင်္ဂလန် မှာကတော့ လိုင်စင် စာမေးပွဲ လာဖြေ သူတွေ ပထမ အကြိမ်နဲ့ အောင်တယ် ဆိုတာ ၄၀ ရာခိုင်နှုန်း လောက်ပဲ ရှိပါတယ် ။ လူတစ်သန်းကျော် က ၆ ကြိမ် ဖြေတာတောင် မအောင် ပါဘူး ။ အင်္ဂလန်မှာက မန်ချက်စတာ လီဗာပူး ဘာမင်ဂမ် လန်ဒန် က လိုင်စင်ရုံး တွေမှာ လိုင်စင် လာလုပ်တဲ့သူကများပါတယ် ။ “ကိုယ်နေတဲ့ အရပ်ဒေသကို ဖောင်မှာ ဖြည့်ကတည်းက ကျဖို့က များသွားတာပါ ။

နယ်ဖက် လူတွေက မြို့ပေါ်က လမ်းတွေမှာ ဘယ်လို လုပ်ပြီး မောင်းမလဲ မြို့ပေါ်က လမ်းအထာ တွေကို မသိတော့ ပထမ အခေါက်မှာတင်ပဲ ကျကုန် တာပေါ့လို့” ကား ကုမ္ပဏီတစ်ခုက ပီတာဗာဒီကဆိုတယ်။ ယာဉ်မောင်း လိုင်စင်ဖြေသူတွေက ကွန်ပြူတာ ထဲမှာတော့ ကားမောင်း တော်ကြပါတယ် ။ တကယ်လဲ မြေကြီးပေါ်ကိုချ မောင်းခိုင်း လိုက်ရင် ၃၀% လောက်ပဲ အဆင်ပြေပါတယ် ။

လူ ၁၀၀ မှာ ၇၀ လောက်က မအောင်မြင်ဘူးလို့ ဆိုရမှာပါ ။ လိုင်စင်ရုံး တော်တော် များများမှာ ရွေ့ပြောင်းလုပ်ဖူးတဲ့ အီရစ်က “ မြို့ပေါ်မှာရော နယ်ဖက် မှာပါ လိုင်စင် ဖြေတဲ့သူတွေက အမှားတွေကို လုပ်နေ လေ့ရှိတယ် ။ အဲ့ဒီ အမှားတွေက ပုံမှန် လုပ်ရိုးလုပ်စဉ်ပဲလို့ သူတို့ ထင်ထားတာ ။ အမှန်က စာအုပ်ထဲက နည်းစနစ် တွေနဲ့ အပြင်မှာ လုပ်နေတဲ့ စနစ်တွေက နည်းနည်းကွဲနေတာ ပါတယ် ။

သူတို့က အပြင်ကစနစ် တွေနဲ့ ယာဉ်မောင်း လာစစ်ခံတော့ ကျတာပဲပေါ့” လို့ပြောတယ် ။ ၂၀၁၇ ဒီဇင်ဘာကနေ ၂၀၁၈ ဒီဇင်ဘာလ တစ်နှစ်အတွင်းမှာ လိုင်စင်ဖြေလို့ ကျသူ ၃သိန်းခွဲ ကျော် ရှိပါတယ် ။ အားလုံးက လမ်းဆုံ တွေမှာ ဦးစားပေး ယာဉ်ကြော စနစ်ကို နားမလည်လို့ ကျကြတာပါ ။နောက်တစ်ခုက အင်္ဂလန်မှာ ကားရပ်ရင် အပြိုင် ရပ်တဲ့ စနစ် ရှိတယ် ။ ကားတွေကိုအပြိုင်ပဲ ထားကြတယ် ။ အပြိုင် ထားဖို့ အတွက် ကားနောက်ဆုတ်တဲ့ နေရာမှာ လာရောက် ဖြေသူတွေ အားလုံးနီးပါး ကျကြပါတယ် ”လို့ ဗာဒီက ဆိုတယ် ။

မောင်ယဿ REF: daily mail

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

ဆိုက်ဘေးရီးယားမှာ ဒီဇယ် တန်၂၀၀၀၀ ယိုစိမ့်မှု ဖြစ်လို့ ရုရှားမှာ အရေးပေါ် အခြေအနေကြေညာ
International-news
ဆိုက်ဘေးရီးယားမှာ ဒီဇယ် တန်၂၀၀၀၀ ယိုစိမ့်မှု ဖြစ်လို့ ရုရှားမှာ အရေးပေါ် အခြေအနေကြေညာ

ဆိုက်ဘေးရီးယားမှာ ဒီဇယ် တန်၂၀၀၀၀ ယိုစိမ့်မှု ဖြစ်လို့ ရုရှားမှာ အရေးပေါ် အခြေအနေကြေညာ ရုရှားသမ္မတ ဗလာဒီမာပူတင်က ဆိုက်ဘေးရီးယားမှာရှိတဲ့ လျှပ်စစ်ဓာတ်အားပေး စက်ရုံရဲ့ လောင်စာကန် ကနေ ဒီဇယ်ဆီ ခန့်မှန်းချေ တန်၂ သောင်းလောက် ယိုစိမ့်မှု ဖြစ်ခဲ့လို့ တိုင်းပြည်အရေးပေါ် အခြေအနေ အဖြစ် ကြေညာ ခဲ့ပါတယ် ။ ဒီဇယ်ကွက်ကြီးက ပြီးခဲ့တဲ့ သောကြာနေ့ကတည်းက အနီးအနားက မြစ်ချောင်းတွေထဲကို စီးဆင်း သွားခဲ့တယ် ။ လောင်စာဆီ ပေါက်ကျမှု က မော်စကိုမြို့မှ မိုင် ၁၈၀၀ ဝေးတဲ့ နော်အစ် မြို့စွန်မှာ ပြီးခဲ့တဲ့ သောကြာနေ့က ဖြစ်ပွား ခဲ့တာပါ ။ …

ရူမေးနီးယား ပလေးဘွိုင်းမော်ဒယ်ဟောင်းက ဘောလုံးကလပ်ကိုဝယ်ယူ
International-news
ရူမေးနီးယား ပလေးဘွိုင်းမော်ဒယ်ဟောင်းက ဘောလုံးကလပ်ကိုဝယ်ယူ

ရူမေးနီးယား ပလေးဘွိုင်းမော်ဒယ်ဟောင်းက ဘောလုံးကလပ်ကိုဝယ်ယူ မကြာသေးခင်က ရူမေးနီးယားဘောလုံးလောကမှာ အအောင်မြင်ဆုံးအေးဂျင့် ဖြစ်လာတဲ့ ပလေးဘွိုင်း မော်ဒယ် ဟောင်းက အကြွေးတွေဝိုင်းနေတဲ့ ရူမေးနီးယားထိပ်တန်းဘောလုံး ကလပ်တစ်ခု ဟာမန်စ်တက် ဘောလုံး ကလပ်ကို ဝယ်ယူနိုင်ခဲ့ပါတယ်။ အန်နာမာရီယာပရိုဒန်ရက်ဂရီကမ့်(၄၇နှစ်) က ဆီဘူးမြို့ အခြေစိုက် ဘောလုံးအသင်းကို အောင်မြင်စွာ ဝယ်ယူပြီးနောက် မှာတော့ ဟာမန်စ်တက်က ကျမနဲ့ အတူ ဘဝအသစ်တစ်ခုကို ဖန်တီးနိုင်တော့မှာ ပါလို့ဆိုတယ်။ ငွေကြေးဆိုင်ရာကိစ္စကိုတော့ထုတ်ပြန်ခြင်းတော့ မရှိပါ။ ရိုမေးနီးယား မီဒီယာတွေကတော့ ၂၀၁၅ ခုနှစ်မှာ တည်ထောင်ထားတဲ့ အဲ့ဒိကလပ်က ၂၀၁၈မှာ အဆင့်မြင်တန်းမှာစကန်နိုင်ခဲ့ပေမဲ့ ခန့်မှန်းခြေ အကြွေး ကန်ဒေါ်လာ၁သန်းလောက်ရှိမယ်လို့ သုံးသပ်ကြပါ တယ်။ ပလေးဘွိုင်းမော်ဒယ်ဟောင်းက ရူမေးနီးယားကနေ အန်ဒါလက်ခ်ျ အသင်းကိုကန်ဒေါ်လာ …

မာယာများတဲ့ နယူးယောက်ခ်ရဲတွေကြောင့် တွစ်တာပေါ်မှာ ရန်တွေဖြစ်ကုန်
International-news
မာယာများတဲ့ နယူးယောက်ခ်ရဲတွေကြောင့် တွစ်တာပေါ်မှာ ရန်တွေဖြစ်ကုန်

မာယာများတဲ့ နယူးယောက်ခ်ရဲတွေကြောင့် တွစ်တာပေါ်မှာ ရန်တွေဖြစ်ကုန် ဆန္ဒပြ မှုများကို မနိမ်နှင်းခင်မှာ နယူးယောက်ခ် ရဲတွေက ဆန္ဒပြသူ တွေနဲ့ တစ်သားထဲ ရှိကြောင်း ဆန္ဒပြသူ တွေရဲ့ ရှေ့မှာ ရဲအချို့က ဒူးထောက်ပြီး နေပြတဲ့ပုံတွေရယ် ဆန္ဒပြသူတွေကို အကြမ်း ဖက်နေ တဲ့ပုံတွေက လိုင်းပေါ်မှာ ပလူပျံလာတော့ ရဲတွေက ငြိမ်းချမ်းရေးကို အလိုရှိတယ် ။ ရဲတွေက အကြမ်းဖက်တယ် ဆိုတဲ့ သဘောထားတွေ ကွဲလွဲမှု ဖြစ်လာပါတယ် ။ တစ်ဘက်နဲ့ တစ်ဘက် မင်းတို့ ပုံတွေက သက်သက် ဝါဒဖြန့် တာဆိုပြီး အငြင်းပွားမှု တွေဖြစ်ကာ စကားလုံးတွေနဲ့ ရန်ဖြစ် ကုန်ကြပါတယ် ။ ပုံမှာပါတာက …