
ကားတာယာကို ဆွဲကြိုးလို့ ထင်နေတဲ့ သမင် ကို အရဖမ်းပြီး ချွတ်ပေးခဲ့ရ
ကော်လိုရာဒိုက ဘေးမဲ့သစ်တော ကြိုးဝိုင်းထဲမှာ ဖြစ်တဲ့ အဖြစ်အပျက် တစ်ခုပါ ။ ထူးပေ ဆန်းပေ ဆိုတာထက်ကို ပိုတယ်လို့ ပြောရမှာပါပဲ။ သစ်တော်ကြိုးဝိုင်း အရာရှိတွေက သစ်တောထဲမှာ တောကောင်တွေကို စောင့်ရှောက် ဖို့ အတွက် စီစီတီဗီတွေ တပ်ထား ပါတယ်။
ဇူလိုင်လ အစပိုင်းလောက်က သူတို့ရဲ့ စီစီတီဗီထဲမှာ ပေါ်လာတဲ့ ပုံ တစ်ပုံကြောင့် အားလုံး အံ့အား သင့်ခဲ့ရပါတယ်။ အဲ့ဒိပုံကတော့ သမင်တစ်ကောင်က ကားတာယာ တစ်ခုကို စွတ်ထားပြီး အစာစားကာ လမ်းလျှောက် သွားနေတဲ့ ပုံပါပဲ။
သစ်တောအရာရှိတွေက အဲ့ဒိသမင်မှာ ကားတာယာကြီး လည်ပင်မှာ စွတ်နေတော့ နေရ ထိုင်ရ စားရ သောက်ရတာ အခက်အခဲ ဖြစ်မှာပဲ ဆိုပြီး သနားသွား ကြပါတယ်။ အဲ့တာနဲ့ ကင်မရာတွေမှာ ပေါ်တဲ့ ပုံရပ်ကို လိုက်ပြီး သမင်ကို ဖမ်းဖို့ ကြိုးစားကြ ပါတယ်။
အခြေအနေ အခက်အခဲကြောင့် တစ်လနီးပါး လောက်ကြာ သွားပါတယ်။ နောက်ဆုံးတော့ သူတို့တွေ ဇူလိုင်လကုန်ရက် မတိုင်မီမှာပဲ အဲ့သမင်ကို သူတို့ ဖမ်းမိသွား ကြပါတယ်။ အဲ့ဒါနဲ့ သူတို့က သမင်ရဲ့ လည်ပင်းမှာ ရှိတဲ့ မော်တော်ကား တာယာကို ချွတ်ပေး နိုင်ခဲ့ကြပါတယ်။
အဲ့ဒိသူတို့ရဲ့ ကြိုးပမ်းမှု အတွက် အားလုံး အောင်ပွဲခံ ခဲ့ကြပါတယ်။ ဒါပေမဲ့ သူတို့ အပျော်က သိပ်ကြာကြာ မခံလိုက်ပါဘူး။ နောက် ၂ရက်လောက် အကြာမှာ သူတို့ရဲ့ စီစီတီဗီမှာ သမင်တစ်ကောင်က မော်တော်ကား တာယာ ကွင်းကြီး လည်ပင်း စွတ်ထားတဲ့ပုံ ပေါ်လာ ပြန်ပါတယ်။
တောခေါင်း ရုံးခန်းထဲမှာ တာဝန်ကျနေတဲ့ သစ်တော အရာရှိတွေ ဘာပြောလို့ ပြောရမှန်းတောင် မသိဘူး ဖြစ်သွားကြ ပါတယ်။
မော်တော်ကား တာယာ စွတ်ထားတဲ့ သမင်က သူတို့ လွှတ်ပေးလိုက်တဲ့ သမင်ဆိုတာကို သူတို့ သိရတဲ့ အချိန်မှာ သူတို့အနေနဲ့ အံ့အားသင့်ရုံမှ တစ်ပါး ဘာမှ မတတ်နိုင် တော့ပါဘူး။ သူတို့မှာ တောရိုင်းတွေနဲ့ ပတ်သက်ပြီး အတွေ့အကြုံ ရှိပါတယ်။
အချို့ အကာင်တွေဆိုရင် လည်းပင်မှာ ဖြစ်ဖြစ် ဦးချိုမှာ ဖြစ်ဖြစ် ခရစ္စမတ်မှာ အလှဆင်တဲ့ မီးကြိုးတွေ ညှိ နေတာတွေကို ဖြုတ်ပေးခဲ့ ရပါတယ်။ အချို့ ဆိုရင် ဦးခေါင်းမှာ ရေအိုးစွတ် နေတာတွေ ခြေလက်တွေမှာ ကြိုးတွေ ညှိနေတာတွေကို ရှင်းပေးခဲ့ ရပါတယ်။
Remember this poor bull elk with the tire around his neck? About one month later and he was detected once again on the #trailcam.
We would love to catch up with him and free him of that tire.
Video camera courtesy of @lookatthedeej near Coniferhttps://t.co/5sGnO2mrnl pic.twitter.com/BLxjGRhpEG
— CPW NE Region (@CPW_NE) August 10, 2020
အများစုကတော့ သမင်တွေနဲ့ တောဝက်တွေ လို အကောင် အလတ်စား အရွယ်ရှိတဲ့ အကောင်တွေပါပဲ။ ဒါပေမဲ့ ဒီလို ၂ ခါပြန် ကားတာယာ စွတ်တဲ့ အကောင်မျိုး ကိုတော့ သူတို့ မမြင်ဖူးခဲ့ကြပါဘူး။ ဘာပဲဖြစ်ဖြစ် ရအောင် ချွတ်ပေးရမယ် ဆိုပြီး အဲ့ဒိအကောင်ကို နောက်တစ်ကြိမ် ဖမ်းက ချွတ်ပေး ခဲ့ရပါတယ်။
မောင်ယဿ, REF: UPI, photo : UPI
No Comments